Monday 21 November 2011

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လုပ်ငန်းများ အတန်သင့် ခရီးရောက်လျှက်ရှိ

ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာနတို့ ပူးပေါင်းဦးဆောင်ကာ မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရန် ဆောင်ရွက်မှုများ စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိ၌ အဖွဲ့ဝင် ၅ ဦးပါသော ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် အဖွဲ့ဝင် ၇ ဦးပါရှိသော လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၏ ပထမဆုံး
ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံမှ Thaicom ကုမ္ပဏီနှင့် ဂြိုဟ်တုလွှတ်တင်ရေး နည်းပညာဆိုင်ရာ နားလည်မှု စာချွန်လွှာကို နေပြည်တော်၌ လက်မှတ်ရေးထိုး အောင်မြင်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ရှိ MRTV, MRTV-3, MRTV-4, MWD, MITV စသည့် အစိုးရပိုင် ရုပ်သံလိုင်း ၅ ခုနှင့် အခပေး ရုပ်သံလိုင်း Sky Net တို့ ရှိကြပြီး အဆိုပါ ရုပ်သံလိုင်းများ အတွက် ဆက်သွယ်ရေးဂြိုဟ်တု ငှားရမ်း အသုံးပြု နေရသဖြင့် နှစ်စဉ် နိုင်ငံခြားဝင်ငွေ ယိုဖိတ်မှု ရှိနေသောကြောင့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကြားသိရသည်။
@ MDSNG

1 comment:

  1. အင်း....တိုးတက်လာတာပေါ့

    ReplyDelete

အပြင်းပြေ Drum တီးရအောင်