Showing posts with label funny. Show all posts
Showing posts with label funny. Show all posts

Tuesday, 9 July 2013

အင်ဂျင်နီယာ ပုံပြင်

တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်။
ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့်
နတ်ပြည် - ငရဲပြည် အမြန်လမ်းမကြီးကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…။

ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… ။

အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို

တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်…။

.တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…။

သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…။

သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… ။

အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… ။

သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… ။

သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…။

.အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… ။

သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… ။

နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ။

ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….။

အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… ။

သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…။

ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ…

ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…။

သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…။

ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…။
“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ်

ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”

ဟု တိုင်ကြားလိုက်လေသည်…..…။

ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….။

သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း

ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..။

နတ်မင်းကြီးရဲ့ အဖြေစကားကတော့….

“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး

စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်…

ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး….

ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက

အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်…

ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်…

ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို

ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့

နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”

ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..။

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်….။

ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……။

(အင်ဂျင်နီယာ ဦးလေးကြီး တစ်ယောက်ပြောပြသော ပုံပြင်ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်…

ကိုယ်ပိုင်အတွေးမဟုတ်ပါ… ကော်ပီသာဖြစ်ပါသည်…

မည်သို့ပင် ဆိုစေကာမူ ငရဲမင်းကြီးအား မျက်နှာရစေသော အင်ဂျင်နီယာများ ကိုယ်စား ဂုဏ်ယူမိပါသည်…

အင်ဂျင်နီယာ လူဆိုးများ လိမ္မာကြကုန်လော့…)

ဖိုးဇော်(၂၂-၂-၂၀၁၃)

 fwd mail မှ


Wednesday, 19 December 2012

အရက်သမားတို့ အသက်ရှည်ရခြင်း၏ လျှို့ဝှက်ချက်

အရက်သမားတွေ ဘာလို့ အသက်ရှည်ရလဲ ဆိုတာ ဒီပုံတွေကို ကြည့်ရင် သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။ အသက်ရှည်ချင်လို့ဆိုပြီး သွားမစမ်းရဘူးနော် :D
မည်သူ့ကိုမျှ မရည်ရွယ်ပါ :P









Thursday, 26 January 2012

ဘဝအမောတွေ ပြေစေဖို့ (အပိုင်း - ၂)

ဒီစည်းကမ်းမျိုး မွေးကတည်းက မကြားဖူးဘူး....ဒါကြောင့် ဗဟုသုတအနေနဲ့တင်လိုက်သည်။

ကလေးငယ်များ ဘာလုပ်လုပ်ချစ်ဖို့ကောင်းပါ၏

ငယ်ငယ်ကတည်းက ဒီလောက်ကြိုးစားနေရင် ကြီးလာတဲ့အခါ ဘေလ်ဂိတ်ကို ကောင်းကောင်းယှဉ်လို့ရတယ်။

ဘယ်သူိ့ကို သနားရမှန်းတောင်မသိတော့ဘူး

ငယ်ငယ်ကတည်းက ဇ နဲ့ဆိုတာ ဒါမျိုးထင်ပါ့

သူနဲ့ကျမှ စူပါမင်း လဲ ဘဝပျက်ရတော့တယ် LoL

တစ်ယောက်သာယာဖို့အတွက် တစ်ကောင်က ရင်းပေးရတယ်

ခေတ် ကလေးတွေများ မလွယ်ဘူး :D

ဘာရှာနေလဲ မသိ

ချစ်ဖို့ကောင်းလို့ပါ
ကမ္ဘာ့ အပီပြင်ဆုံး ကလေးသရုပ်ဆောင် LoL
အိမ်သာသွားရမှာဝေးလို့နဲ့တူတယ်

ဂလဲ့စား

လျှပ်တစ်ပြက် ရိုက်ချက်
ဟင်း ဖြစ်သွားလဲ အေးရာအေးကြောင်းပဲ

Wednesday, 25 January 2012

ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား အလွဲ များ

ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ

- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

 - အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့
တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။

- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။
 အဲဒီလိုလုပ်နေရင်းနဲ့ပဲ

Sunday, 22 January 2012

ဘဝအမောတွေ ပြေစေဖို့ (အပိုင်း - ၁)

ချက်ကောင်းထိတယ်ဆိုတာ ဒါမျိုးထင်ပါ့

ယိစ်...... ဂျွမ်းဘားမယ်တွေ အကြောပျော့တာလောက်တော့ ပျင်းသနားတယ် ။

တော်လိုက်တဲ့ ကန်ထရိုက် ဗျာ  LoL

မျက်နှာချင်းဆိုင်ဆိုတာ ဒါမျိုးထင်ပါ့

အဆင်မပြေတော့လဲ .... အဆင်ပြေသလို ကြည့်လုပ်ရတာပေါ့

ကလေးတွေများ ငယ်ငယ်တည်းက မလွယ်ဘူး

ခပ်တည်တည်နဲ့ Faw နေတာ LoL

သူတို့ ဒေါသထွက်တာလဲ အထာကျတယ်နော် :)

ဖခင်မေတ္တာဆိုတာ ဒါမျိုးထင်ပါ့
သိနေပေမယ့်လဲ သမီးလေးကို ငဲ့ညာပြီး.....
ဘယ်ကောင်တွေ ပူပေါင်းကို ဘယ်လိုမှုတ်မှုတ် နာကတော့ နှာခေါင်းနဲ့ မှုတ်တယ်ကွာ !

ဒို့ အဆိုတော် ဒေါက်တာကြီး ငယ်ငယ်တုန်းက ဒီလိုပုံစံပဲ နေမယ်ထင်တယ်နော်


















ဘ၀အမောတွေ ပြေကြပါစေဗျာ....
                                              925

Wednesday, 4 January 2012

လက်ထပ်ခွင့်

                                                            လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်

အမျိုးသား - အင်း...နောက်ဆုံးတော့လဲ အကြာကြီးစောင့်ရကျိုးနပ်ပါတယ်။
အမျိုးသမီး - ဟင်းနော်....ထားသွားလိုက်ရမလား ??
အမျိုးသား - အမယ်လေး....စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့ ။
အမျိုးသမီး - တစ်ကယ်ချစ်ရဲ့လားဟင်  ??
အမျိုးသား - ဒါပေါ့ ... ဒီထက်တောင်ပိုသေးတယ်။
အမျိုးသမီး - ကျွန်မကို အရူးလုပ်မှာလား ??
အမျိုးသား - ဘုရားစူးရပါစေရဲ့....ဒီမေးခွန်းမျိုး မေးတောင် မမေးပါနဲ့လား။
အမျိုးသမီး - ကျွန်မကို နမ်းချင်လားဟင် ???
အမျိုးသား - အချိန်မရွေးပဲ။
အမျိုးသမီး - နှိပ်ကော နှိပ်စက်မှာလား ??
အမျိုးသား - မင်း ရူးများ ရူးနေလားကွာ။
အမျိုးသမီး - ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်။
အမျိုးသား - အင်း။
အမျိုးသမီး - မောင်ရယ်.....
                    လက်ထပ်ပြီးတဲ့ အခါ .....
အပေါ်က စာသားလေးတွေကို အောက်ကနေသာ ပြန်ဖတ်လိုက်ပါ။

Why do you click LIKE button @ Facebook ?

Sunday, 1 January 2012

Hacker တို့ ရဲ့ဆရာ Super Hacker !

တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ ဟက်ကာ ဆရာကြီး
လို့ ခံယူတားကြတဲ့သူတွေ စုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို့ခေါ်တဲ့ ဟက်ကာဖိုရမ်ကြီး တစ်ခုရှိပါတယ်။
အဲ့ဒီမှာကတော့မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ။
ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့ ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။
တစ်နေ့ လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်
အဲ့ဒါကတော့။

ဟေ့ကောင်တွေအရူးတွေမင်းတို့ ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တာလဲ။
ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်။

ငါ့နာမည် - ပီတာကွ။ငါ့ဂျီမေးလ်က peter12345@gmail.com ကွ

မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။

အဲ့ဒီမှာဟက်ကာ ဖိုရမ်မော်ဒီရေတာတွေကောအက်ဒမင်တွေပါ တော်တော်တင်းသွားတယ်။

ကဲဒီလောက်တောင်ကွာငါတို့ ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ့ မအိပ်ညမအိပ်အဲဒီ ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ့ပဲ အဲဒီဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင် ငါတို့ ကိုလာစော်ကားသွားတာ။
ဆိုပြီး peter12345@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာ User Name ရော Passwords ရော
ကိုအောင်မြင်စွာနဲ့ တင်ထားကြပါတယ်။နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက်ထပ်ရေးသွားတာ
တွေ့ ရပါတယ်။

ဟီးငါ့နာမည်တကယ်တော့ နေမင်းထွန်း ကွ။

ငါအဲဒီ ပီတာ ဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ့ ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီဒါကြောင့်ငါမဟက်တတ်လို့ 
မင်းတို့ ကိုဟက်ခိုင်းတာ။
မင်းတို့  ဟက်ကာပညာတော်ပါတယ်ကွာ။

ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲဒါကြောင့်
ငါကစူပါဟက်ကာပေါ့နော်.
အခုငါလိုချင်နေတဲ့ဒီကောင့် Passwords ယူသွားပြီတဲ့။
                                            မှတ်သားလောက်ပါပေတယ် :D

Monday, 24 October 2011

ရွှေဖြစ်အောင် ဖိုအထိုးကောင်းလို့ ထောင်ကျသွားတဲ့လူ

ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝဆိုတဲ့ စကားပုံလေးကိုလည်းကြားဖူးကြမှာပါ။ ပုဂံပြည်ကြီးမှာ အရှင် ရှင်အဇ္ဇဂေါဏ က ပြဒါးဓာတ်လုံးထိုးတာ မအောင်လို့ စိတ်ပျက်ပြီး နောက်ဆုံး ချေးတွင်းထဲကို ပစ်ချလိုက်တော့မှ ဓာတ်အောင်ကာ ဓာတ်လုံးနဲ့တို့သမျှ ရွှေဖြစ်ပြီး ပုဂံပြည်ကြီးမှာ မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဆိုတဲ့ ပုံပြင်ဆန်ဆန် လေးတွေကိုလည်း ကြားဖူးမှာပါ။
ခုတော့ အိုင်ယာလန်နိုင်ငံက အသက် ၃၀ အရွယ်ရှိ ပေါလ်မော်ရန် ဆိုတဲ့ လူကတော့ သဋ္ဌေးဖြစ်မြန်အောင် သူ့ရဲ့ အီအီး(မစင်)တွေကို ရွှေဖြစ်အောင် ဖိုထိုးပါသတဲ့။ ဒါပေမယ့် သူ့ရဲ့ ရွှေရောင်အိပ်မက်ကြီးကတော့ အခု ပြိုကျပျက်စီးခဲ့ရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အခန်းမှာ သူ့ရဲ့ အီးတွေကို လျှပ်စစ်မီးဖိုကြီးနဲ့ ရွှေဖြစ်အောင်ထိုးနေတုန်း မီးထလောင်လို့ပါတဲ့။ အဲ့ဒီအတွက် သူ့အခန်းဟာ ဒေါ်လာ ၄၈၀၀ ဖိုးလောက် ပျက်စီးသွားခဲ့ရသလို အခြားသော လူတွေအတွက်လည်း အန္တရာယ်ရှိတဲ့အတွက် သူ့ကို တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေခဲ့ပါတယ်။ ဒီ အပြစ်အပြင် ၁ နှစ်အထိ သူ့ကို စောင့်ကြည်နေဦးမယ်လို့ဆိုပါတယ်။

ဟာသမှတ်စု (၄)

အတိုဆုံးဝတ္တုတိုပြိုင်ပွဲ

ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။
*“ဆုရသွားသောဝတ္တုတို”
“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။

ပေါ်တင်လိမ်
၉/၁၁ ဝေါ်ထရိတ်စင်တာ အကြမ်းဖက်မှု့နဲ့ပါတ်သတ်ပြီးတော့ ပထမဆုံး ကွာရှင်းဖြစ်တဲ့ စုံတွဲအကြောင်းက ဒီလိုပါတဲ့။  ယောက်ျားဖြစ်သူဟာ WTC ကြီးရဲ့ ၁၀၃ထပ်မှာ အလုပ်လုပ်နေတာ။ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ဒီသကောင့်သားဟာ ရုံးမတက်ဘဲနဲ့ သူ့ဇယားကလေးရဲ့ အခန်းထဲမှာ နှပ်နေပါသတဲ့။  ကံဆိုးချင်တော့ ဒီသကောင့်သားဟာ TV လဲမကြည့် ဖုန်းလဲ ပိတ်ထားလေသတဲ့။ 
          ဒီလိုနဲ့ မနက် ၁၁နာရီလောက်ကျတော့ ဖုန်းကို ကောက်ဖွင့်လိုက်ချိန်မှာဘဲ သူ့ ချစ်မယားလေးဆီက ဖုန်းက၀င်လာပါလေရော။
          ဇနီး “ရှင့် အခြေအနေဘယ်လိုလဲ၊ အခုရှင် ဘယ်မှလဲ” လို့ စိုးရိမ်တစ်ကြီးမေးသံကို ကြားလိုက်ရပါသတဲ့။
          အဲ့ဒီအချိန်မှာ ကံဆိုးသူမောင်ရှင်ပြန်ဖြေလိုက်ပုံက “ချစ်ရယ် မင်းဘာတွေပြောနေတာလဲ၊ ကိုရုံးမှာပေါ့ ချစ်ရဲ့” တဲ့။

ပိုချစ်အောင်လို့
အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတယ်… အမြဲတမ်းသူ့ကိုဦးစားပေးတယ်…သူက
သားဦးကို… နောက်တော့ သူလည်းညီလေးတစ်ယောက် ထပ်ရလာပါရော.. အဲဒီအချိန်က
စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တရယ်… တနေ့ညမှာ
သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတယ်… ညကျတော့
ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း သူ့အမေရဲ့ နို့ကို
သွားပက်ထားလိုက်တယ်… အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင်
သေသွားရောဗျာ.

သတင်းခေါင်းစဉ်

၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါကလေကောင်းလေသန့်ရနိုင်၊ !!!!!!!!!!!!!

လူမှားတာ တဲ့

လူငယ်တစ်ယောက်ပိုက်ဆံပြတ်သဖြင့်ရုပ်ဖျက်ပြီးတောင်းစားရန်ဆုံးဖြတ်လိုက်သည်။
ဟောင်းနွမ်းစုတ်ပြတ်သောအ၀တ်အစားကိုဝတ်ပြီးကုန်းကျော်တံတားသို့ သွားသည်။ အားလုံးမြင်သာသည့်နေရာတွင်ထိုင်ချလိုက်သည်။
ထို့ နောက်ဦးထုပ်ကိုပက်လက်အနေအထားဖြင့်မိမိရှေ့ တွင်ချကာစတောင်းရန်ပြင်သည်။
ထိုအချိန်တွင်ခပ်လှမ်းလှမ်းမှအမျိုးသမီးငယ်တစ်ယောက်လျှောက်လာသည်ကိုမြင်ရသည်။ ဈေးဦးပေါက်တော့မည်ဟုတွေးကာအားတက်သွားသည်။
သို့သော်အနားရောက်လာတော့မှမိမိချစ်သူမှန်း သိကာခြေဖျားလက်ဖျားတွေအေးစက်သွားသည်။ ထပြေးချင်သည်။အချိန်မရှိတော့…
အမျိုးသမီးသည်လူငယ်ရှေ့တွင်လာရပ်ပြီးသူ့မျက်နှာကိုသေသေချာချာစိုက်ကြည့်သည်။
ထို့ နောက်အံ့သြသံဖြင့်ပြောသည်။
…..ရှင့်ကိုကြည့်ရတာကျွန်မရဲ့ အမျိုးသားနဲ့ အရမ်းတူတာပဲ..တူတာမှချွတ်စွတ်ပါပဲရှင်…. Wo
အသံကိုထိန်းပြီးလူငယ်ပြန်ပြောသည်..
…..ခင်ဗျားလူမှားလို့ ဖြစ်ပါလိမ့်မယ်….
…..ဖြစ်နိုင်ပါတယ်..ဒါပေမယ့်သေချာအောင်သူ့ အိမ်မှာရှိမရှိသွားကြည့်လိုက်ပါဦးမယ်….
အမျိုးသမီးထွက်သွားသည်နှင့်လူငယ်သည်အရင်ဦးအောင်အိမ်သို့ ပြေးသည်။ ရောက်ရောက်ချင်းကမန်းကတမ်းရေချိုးပြီးအ၀တ်အစားလဲသည်။
မကြာမီအမျိုးသမီးရောက်လာသည်။
လူငယ်ကိုတွေ့ သောအခါသံသယရှိသေးသောအသံဖြင့်ပြောသည်။
…..ရှင်နဲ့ အင်မတန်တူတဲ့သူတောင်းစားတစ်ယောက်ကိုကုန်းတံတားမှာ ကျွန်မခုပဲတွေ့ ခဲ့တယ်ရှင့်…..
……ခင်ဗျားလူမှားတာပါလို့ မင်းကိုကိုယ်ပြောပြီးပြီပဲ…..

သတင်းကောင်း
          မိန်းမဖြစ်သူ အလုပ်က ပြန်လာတော့ စောပြီးပြန်ရောက်နေတဲ့ သူယောင်္ကျားကို လှမ်းပြောလိုက်တယ်…
“မောင်ရေ…  ရှင့်ကို သတင်းကောင်းတစ်ခုပြောစရာရှိတယ်။  ဒီနေ့ကစပြီး ကျွန်မတို့ အိမ်လေးမှာ ကျွန်မတို့ နှစ်ယောက်ထဲမဟုတ်တော့ဘူး။  မကြာခင်မှာ ၃ ယောက်ဖြစ်လာတော့မယ်။ သိလား”
“ချစ်ရယ် တကယ်ဘဲလားကွာ” ယောင်္ကျားဖြစ်သူဟာ သူမိန်းမကို ရွှန်းရွှန်းစားစားကြည့်ပြီးတော့ ကြည်နူးစွာနဲ့ အနမ်းလေး ပေးလိုက်ပါတယ်။
“ဟုတ်တယ်မောင်ရဲ့ မနက်ဖြန်ကျရင် မေမေက ကျွန်မတို့ အိမ်ကို အပြီး ပြောင်းလာတော့မှာ”

မေမေစားပစ်လိုက်ပြီ 
          တော်မီလေးဟာ သူငယ်တန်းက သူ့ဆရာမကို မကြာခဏ ကြွားလေ့ရှိပါတဲ့။  ဆရာမ ကျွန်တော်မှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ့်တယ်။
          ဒီလိုနဲ့ နောက်ထပ် ၄လလောက်ကြာလာတော့ တော်မီ မေမေက တော်မီကို သူ့ရဲ့ ညီတော်မောင်ကလေး ဗိုက်ထဲမှာ လှုပ်နေတာကို ခေါ်ပြီး ပြပါသတဲ့။  အဲ့ဒီ အချိန်ကစပြီးတော့ တော်မီဟာ သူ့ ဆရာမကို ဘယ်တော့မှ ညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်လို့ မကြွားတော့ဘူးတဲ့။
          ဒါနဲ့ဘဲ ဆရာမက နောက်ဆုံးတော့ တော်မီလေးဆီလာပြီတော့ “တော်မီ၊ မင်းပြောတော့ မင်းမှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ်ဆို၊ အခုရော ရပြီလား ဘယ်လိုလဲ”
          အဲ့ဒီမှာတင် တော်မီလေးက ရှိုက်ကြီး တငင်ငင်ကို ငိုယိုပြီးတော့ ဆရာမကို ပြောပါသတဲ့
          “ဆရာမ ကျွန်တော်ထင်တာကတော့ မေမေ ညီလေး ကို စားပစ်လိုက်ပြီ”

အချိန်တိုအတွင်း အောင်မြင်နည်း
အဖေ : “ငါ့သား မင်းကို အဖေ့စိတ်တိုင်းကျ ကောင်မလေးနဲ့ အိမ်ထောင်ချပေးချင်တယ်ကွယ်”
သား : “အဖေ ဒါတော့ မဖြစ်နိုင်ဘူး၊ သားစိတ်တိုင်းကျ မိန်းကလေးကိုဘဲ အိမ်ထောင်ပြုချင်တယ်”
အဖေ : “ငါ့သား ဒါပေမယ့် ငါ့သားနဲ့ အိမ်ထောင်ချထားပေးချင်တာက ဘီလ်ဂိတ်ရဲ့ သမီးနဲ့ သားရဲ့”
သား : “သြော်… ဒါဆိုရင်တော့ အိုကေ အဖေ”
နောက်တစ်နေ့ ဖခင်ဖြစ်သူက ဘီလ်ဂိတ်ထံသို့ သွားသည်
ဖခင်ဖြစ်သူ : “ဘီလ်ဂိတ်ရေ ငါမင်းသမီး သင့်တော်မယ့် သားမက်တစ်ယောက်ကို တွေ့ထားတယ်ကွ”
ဘီလ်ဂိတ် : “ဒါပေမယ့် ကျွန်တော့် သမီးက ငယ်သေးတယ်ဗျ၊ လက်ထပ်ဖို့ စောလွန်းအားကြီးမနေဘူးလား”
ဖခင်ဖြစ်သူ : “စဉ်းစားပါဦးဗျာ ဒီသူငယ်လေးက ကမ္ဘာ့ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဗျ”
ဘီလ်ဂိတ် : “သြော်.. ဒါဆိုရင်တော့ အိုကေ”

နောက်ဆုံးမှာတော့ ဖခင်ဖြစ်သူဟာ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌဆီကိုသွားသတဲ့
ဖခင်ဖြစ်သူ : “ကျွန်တော် ခင်ဗျားတို့ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌရာထူး အတွက် တော်တော့်ကိုသင့်တော်မယ့် လူငယ်လေးတွေ့ထားသဗျ”
ဥက္ကဋ္ဌ : “ကျွန်တော့်ဆီမှာ ဒုဥကဋ္ဌတွေများ ရိုက်သတ်လို့တောင်မကုန်ဘူး၊  နောက်ထပ်မလိုချင်ပါဘူးဗျာ”
ဖခင်ဖြစ်သူ : “ဒါပေမယ့် ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သမက်ခင်ဗျ”
ဥက္ကဋ္ဌ : “သြော်… ဒါဆိုရင်တော့ အိုကေ”


ဖောက်ပြန်တဲ့ယောက်ကျား နှင့် သ၀န်တိုတဲ့မိန်းမ

အချိန်ပိုဆင်းရတဲ့အတွက်..ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...ဇနီးဖြစ်သူဟာ အိပ်ခန်းတံခါးကို ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ်

သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က စောင်အောက်မှာ ခြေထောက်တွေဟာ (၂)ချောင်းဖြစ်နေရမယ့်အစား
(၄)ချောင်းတိတိဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့
သေချင်းဆိုးကြီး
ဖောက်ပြန်တဲ့ယောက်ကျား
သစ္စာမရှိတဲ့အကောင်....
.....................................    စတဲ့အတွေးတွေနဲ့အတူ
အနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီး
စောင်ပေါ်ကို ရှိသမျှအားအကုန်သုံးပြီး ဆက်တိုက်ဆိုသလို..ရိုက်ပြီးရင်းရိုက်ပါလေရော
စိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့အခါမှာတော့.....
ယောက်ကျားဖြစ်သူရဲ့မျက်နှာရော..ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့အတွက်
မီးဖိုချောင်အခန်းထဲကို ရေသောက်ဖို့အတွက် ၀င်လိုက်တဲ့အခါမှာတော့...
မဂ္ဂဇင်းတစ်စောင်ကိုဖတ်နေတဲ့ယောက်ကျားဖြစ်သူကို တွေ့လိုက်ရပါတယ်...
ဟေး...မိန်းမ...ပြန်လာပြီလားကွ
မင်းမိဘတွေ..ငါတို့ဆီကိုလာလည်တယ်ကွ...
အဲ့ဒါကြောင့်...ငါတို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်...
သွားနှုတ်ဆက်လိုက်ပါအုံး......

Saturday, 15 October 2011

တော်တော်အခွက်ပြောင်တဲ့ Interview :D

ဟိုတယ်ဧည့် သည်များရဲ့ ထူးထူးခြားခြားတောင်းဆိုမှုများ...

မိမိကိုယ်တိုင် ဟိုတယ်ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ တာမို့ 
လာရောက်တည်းခိုသူ အပေါင်းရဲ့ အမျိုးမျိုး
အဖုံဖုံသော တောင်းဆိုဂျီကျမှုတွေနဲ့ ကြုံတွေ့ ခဲ့ ရပါတယ်...
တစ်ခါတစ်ရံတော့ ဟိုတယ်ဝန်ဆောင်မှုအပိုင်းမှချို့ ယွင်းချက်ကြောင့် တည်းခိုသူ ဧည့် သည်
အနေနဲ့ တောင်းဆိုရတာဖြစ်ပေမယ့်  အများအားဖြင့် တော့ ငွေကြေးချမ်းသာသူတွေဟာ ဥစ္စာ
ဓနမာန်တွေနဲ့ ကိုယ်လိုချင်တာကိုသာ ဇွတ်အတင်းတောင်းဆိုတတ်ကြတာပါပဲ...
တစ်ခါတော့ အရက်သေစာသောက်စားမှုကိုဘာသာရေးအရတရားဝင်တားဆီးထားတဲ့ နိုင်ငံ
ဖြစ်တဲ့ ဒူဘိုင်းမှာ အာရပ်အမျိုးသမီးများတည်းခိုတဲ့ အခန်းကနေ အရက်မူးနေတဲ့ အမျိုးသမီး
တစ်ဦးက သူနဲ့ လာရောက်အိပ်ပေးဖို့ တောင်းဆိုတာလည်း ကြုံခဲ့ ရဖူးပါရဲ့ ...
( ကြောက်လို့ တစ်ခြားဌာနကို ဖုန်းလွှဲပေးလိုက်ပါတယ်ဗျာ...)

Tuesday, 11 October 2011

မင်းကို ချစ်တယ်.....ဒါပေမယ့် တော်ကီမပွါးနဲ့ !

တိရိစ္ဆာန်တွေတောင် တော်ကီပွားတာ မခံနိုင်ဘူးဆိုရင်တော့.......

အပြင်းပြေ Drum တီးရအောင်