Monday 14 November 2011

ရှေးဟောင်း မွန်ဂို သဘောင်္ပျက် တစ်စီးကို ဂျပန် အနီးတွင် ရှာဖွေ တွေ့ရှိ

ဂျပန်နိုင်ငံ အနောက် တောင်ပိုင်းရှိ ကျွန်းတစ်ခု အနီးမှာ (၁၃)ရာစုနှစ် အတွင်းက မွန်ဂို သင်္ဘောပျက် တစ်စီးကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဂျပန် ရှေးဟောင်း သုတေသီတွေက ပြောကြားခဲ့ပါတယ်။ အဲဒီ သင်္ဘောပျက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀၀)ကျော်က ဂျပန် နိုင်ငံကို ကျူးကျော်ဖို့ ကြိုးစားခဲ့တဲ့ မွန်ဂို သင်္ဘော တပ်ဖွဲ့မှ သင်္ဘောတစ်စီး
ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။
အဲဒီ သင်္ဘောပျက်ကို နာဂါဆာကီစီရင်စုရဲ့ တာကာရှီးမား ကျွန်းနဲ့ မီတာ(၂၀၀)အကွာ ကမ်းလွန် ပင်လယ်ပြင် ရေအောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သင်္ဘောဟာ ပင်လယ်ရေအောက် ကြမ်းပြင် အနက် မီတာ(၂၀) ခန့်မှာ တ၀က်တပျက် နစ်မြုပ်နေတာ ဖြစ်ပြီး သင်္ဘောရဲ့ ၀မ်းဗိုက်ကိုသာ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သုတေသီ တစ်ဦးရဲ့ပြောကြားချက် အရ သင်္ဘောဝမ်းဗိုက် ဗဟိုချက်ရဲ့ တဖက် တချက်စီကို တစ်မီတာကေ န(၁၀)မီတာအထိ အရှည်ရှိတဲ့ ပျဉ်ပြားတွေ ခင်းထားပြီး သင်္ဘောရဲ့ အရှည်ဟာ မီတာ(၂၀)ခန့် ရှိနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

သင်္ဘောရဲ့ ဖွဲ့စည်း တည်ဆောက်ပုံနဲ့ အနီးအနားမှာ တွေ့ရတဲ့ ကြွေထည် ပစ္စည်းတွေနဲ့ အုတ်ခဲတွေက အဲဒီ သင်္ဘောဟာ (၁၂၀၀) ပြည့်နှစ်များ နှောင်း ပိုင်းက မွန်ဂို ဧကရာဇ် ကူဗလိုင်ခန် စေလွှတ်ခဲ့တဲ့ ရေတပ်မှ သင်္ဘောတစ်စီး ဖြစ်နိုင်ကြောင်း ဖော်ညွှန်းနေတယ်လို့ အဆိုပါ သုတေသီက ပြောကြား ခဲ့ပါတယ်။ ယခင်ကလည်း အဲဒီလို မွန်ဂို ရေတပ်မှ လက်နက် ပစ္စည်းတွေ၊ ကြွေထည်တွေကိုလည်း တာကာရှီးမား ကျွန်းကမ်းခြေမှာ တွေ့ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ အခု ရှာဖွေတွေ့ရှိမှုဟာ မွန်ဂိုခေတ်က သင်္ဘော တည်ဆောက်မှု အတတ်ပညာကို လေ့လာရာမှာ အသုံးဝင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ မွန်ဂို ဧကရာဇ် ကူဘလိုင်ခန်ဟာ ဂျပန် နိုင်ငံကို ကျူးကျော် တိုက်ခိုက်ဖို့ တပ်ဖွဲ့များ နှစ်ကြိမ်တိုင်တိုင်စေလွှတ်ခဲ့ပေမယ့်
နှစ်ကြိမ် စလုံးမှာ ရေတပ် သင်္ဘောတွေ ဟာ လေပြင်း တိုက်ခတ် မှုကြောင့် နစ်မြုပ် ပျက်စီးသွားခဲ့ရကြောင်း သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်