စင်ကာပူက သန်းကြွယ်သူဌေး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ သူ့ဇနီး၊ သူ့ကလေးနှစ်ယောက်နဲ့ အတူ လူလေးယောက်စာ အာကာသခရီးအတွက် အမေရိကန်ဒေါ်လာ တစ်သန်းဖြင့် ပထမဆုံး အာကာသခရီးသွား ကုမ္ပဏီဖြစ်မယ့် ဗာဂျင်း ဂလပ်စ်တစ်(Virgin Galactic)မှ ဘွတ်ကင်လုပ်လိုက်ကြောင်း ထိုအာကာသခရီးသွား ကုမ္ပဏီက ကြေငြာလိုက်ပါတယ်။
ပထမ စီးပွားဖြစ် အာကာသခရီးသွား ကုမ္ပဏီ ဗာဂျင်းဂလပ်စ်တစ်က ဒါရိုက်တာ Stephen Attenborough က မနေ့က ထိုသူဌေးနဲ့ နေ့လည်စာစားရင်း ဘွတ်ကင်လုပ်တဲ့ စာချူပ်ကိုလက်မှတ်ထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ ဘွတ်ကင်လုပ်တာ တစ်ခုံစာတင် မဟုတ်ဘဲ လေယာဉ်တစ်ခုလုံးစာ ဘွတ်ကင်လုပ်လိုက်တယ်လို့လည်း သူကပြောပါတယ်။
သူဌေးက သူ့ဇနီးကို ဒီအကြောင်း မပြောပြရသေးလို့ မီဒီယာတွေကို သူ့နာမည် ထုတ်မပြောခိုင်းသေးပါဘူး။ သူတို့ဟာ အာရှမှာ ပထမဆုံး အာကာသခရီးသွားမယ့် မိသားစုဖြစ်လာနိုင်ကြောင်း စတီဗင်က ပြောပြပါတယ်။
ဗားဂျင်းဂလာတစ် ကုမ္ပဏီဟာ ၂၀၀၅ခုနှစ်ကတည်း ဒီလို စီးပွားဖြစ် အာကာသခရီးစဉ်များအတွက် လက်မှတ်များကို ထိုင်ခုံတစ်ခုံကို အမေရိကန်ဒေါ်လာ နှစ်သိန်းဖြင့် စတင်ရောင်းချလာခဲ့တာပါ။ ၂၀၀၄ခုနှစ်က ကုမ္ပဏီကို စတင်တည်ထောင်သူ ဘရန်ဆန်(Branson)ဟာ စီးပွားဖြစ် အာကာသခရီးစဉ်နဲ့ ပက်သက်ပြီး နောင်သုံးနှစ်အခန့်မှာ ခရီးစဉ်များ စတင်နိုင်မည်ဟု ကြော်ငြာခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မစတင်ဖြစ်ခဲ့ဘဲ အခု ၂၀၁၃မှာ စတင်မည်ဟု ရည်မှန်းထားခဲ့ပါတယ်။
ဒီစင်ကာပူ မိသားစုဟာ သူတို့ မိသားစု သီးသန့် အနေဖြင့် ထိုင်ခုံ ၆ခုံပါတဲ့ Aircraft SpaceShipTwo ဆိုတဲ့ အာကာသယဉ် တစ်စင်းလုံး ငှားပြီး အာကာသကို ခရီးဆန့်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ခရီးစဉ်တွေ စတင်တဲ့ ပထမဆုံး နှစ်ထဲမှာ သွားနိုင်ဖို့ အခွင့်အရေး ရှိပါတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Aircraft SpaceShipTwo အာကာသယဉ်ဟာ ယာဉ်မှုးနှစ်ယောက် မောင်းနှင်ရပြီး၊ ကမ္ဘာမြေကနေထွက်ဖို့ White KnightTwo လို့ ခေါ်တဲ့ လေယာဉ်နဲ့ပံ့ပိုးပေးတဲ့ နည်းနဲ့ ဒီဇိုင်းပြုလုပ်ထားပြီး ကမ္ဘာမြေထဲကို
ပြန်ဝင်တဲ့ အချိန်မှာတော့ သူ့မှာပါတဲ့ ရော့ဂတ်မော်တာနဲ့ မောင်းနှင်ပြီး ပြန်ဝင်ဖို့ ပုံစံ လုပ်ထားပါတယ်။ ခါတိုင်း အာကာသယာဉ်တွေနဲ့ ကွာတာက ရော့ကတ်နဲ့ လွှတ်တင်ခြင်းမဟုတ်ဘဲ အထူးပြုလုပ်ထားတဲ့ White KnightTwo လေယာဉ်နဲ့ လွှတ်တင်ခြင်းပါပဲ...
ဗာဂျင်းဂလပ်စ်တစ်ကုမ္ပဏီရဲ့ လက်ရှိ ရောင်းထားပြီးတဲ့ လက်မှတ် ၅၀၀ထဲမှာ စင်ကာပူက လက်မှတ် ၉စောင် ၀ယ်ထားပြီးပြီလို့ ဆိုပါတယ်။ လက်မှတ်အရောင်းရဲ့ ၃၅ ကနေ ၄၀ရာခိုင်နှုန်းခန့်ဟာ အမေရိကန်က ဖြစ်ပြီး ၁၅ရာခိုင်နှုန်းခန့်ဟာ ဗြိတိန်က ဖြစ်ပါတယ်။ အားလုံးပေါင်း နိုင်ငံအနေနဲ့ ၄၆နိုင်ငံက လူတွေဟာ ဒီအာကာသခရီးစဉ်အတွက် လက်မှတ်တွေ ၀ယ်ယူထားကြပြီး၊ သူတို့တွေဟာ သူတို့နိုင်ငံမှာဆိုရင် ပထမဆုံး အာကာသခရီးသွားတွေ ဖြစ်ကြတော့မှာပါ။ တရုတ်နိုင်ငံမှာတော့ ဒီလက်မှတ်ရောင်းခွင့် ပိတ်ထားပါတယ်။ အဲဒီအတွက် တရုတ်နိုင်ငံသားတွေတော့ ပါနိုင်ကြမှာ မဟုတ်ပါဘူး။ အရာအားလုံး အဆင်ပြေပြေနဲ့ဖြစ်ခဲ့ရင် ၂၀၁၃မှာ ဒီလူတွေ စတင်ပြီး အာကာသကို ခရီးသွားခွင့်တွေ ရတော့မှာပါလို့ ထိုကုမ္ပဏီက ဆိုပါတယ် ခင်ဗျာ။
@ http://www.mgthant.me
ဝေးသူငယ်ချင်းရေ.. ငါတို့များလဲ ရောက်ဖူးတယ်ရှိအောင် သွားရအောင်လေ .ဘလော့ဂါတွေစုပြီး လေယာဉ်ဆင်းလုံးငှားမလားလို့..း)
ReplyDeleteအိမ်မက်ထဲမှာပြောပါတယ်..ဟဲဟဲ..
စိတ်ဝင်စားစရာလေးတွေ အသစ်တင်တိုင်းလာဖတ်ဖြစ်တယ်..
ခင်တဲ့
အိမ်မက်