Friday 27 July 2012

အာဖရိကမှ နောက်ဆုံးပေါ် အစားအစာ

တရုတ်ပြည်က အကောင်ပလောင်တွေကို ပေါက်ကရလုပ်စားတာလောက်တော့ အာဖရိက က ပျင်းသေးတယ်။ ကြွက်တွေကို လုပ်စားလိုက်တာများ BBQ ကျနေတာပဲ ။ အမွှေးတောင် နှုတ်ရဲ့လားမသိ :D
ကဲ....ဘယ်သူစားရဲလဲ....ဘယ်နိုင်ငံမှာမှ မရှိဘူးသေးတဲ့ အစားအစာလေးပေါ့

ကြွက် ရေလုံပြုတ်လေးလား......ကြွက်ကင် လေးလား.......

ချောကလေက်လေးတွေတန်းစီ.....အဲ...ကြွက်ကလေးတွေတန်းစီ :D

ဘယ်ပြေးမလဲ မိရွှေကြွက်

Sunday 22 July 2012

မှတ်သားဖွယ် တန်ဘိုးရှိသော စကားလုံးလေးများ


(1)The most selfish one-letter world is' I ' . Avoid it.
အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ 'ငါ' ပါ။ အဲဒါကို ရှောင်ကျဉ်ပါ။

(2)The most satisfying two-letter world is' We ' . Use it.
အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ `ငါတို့´ ပါ။အဲဒါကို အသုံးပြုပါ။

(3)The most poisonous three-letter world is' Ego ' . Kill it.
အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ `အတ္တ´ ပါ။ အဲဒါကို သတ်ပစ်ပါ။

(4)The most used four-letter world is' Love ' . Value it.
အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ `ချစ်ခြင်းမေတ္တာပါ။ အဲဒါကို တန်ဖိုးထားပါ။

(5)The most pleasing five-letter world is' Smile '. Keep it.
အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာအကောင်းဆုံးစကားလုံးကတော့ `အပြုံး´ ပါ။အဲဒါကို ဆောင်ထားပါ တဲ့။

(6)The fastest spreading six-letter world is' Rumor '. Ignore it.
အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံးပျံ့နှံ့လွယ်တဲ့စကားလုံးကတော့ `ကောလဟာလ´ ပါ။ အဲဒါကို လျစ်လျှူရှုပါ။

(7)The hardest working seven-letter world is' Success '. Achieve it.
အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ ' အောင်မြင်မှု' ပါ။ အဲဒါကို အရယူပါ။

(8)The most troublesome eight-letter world is ' Jealousy '. Distance it.
အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့
`မနာလိုဝန်တိုမှု´ ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ။

(9)The most powerful nine-letter world is ' Knowledge '. Acquire it.
အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံးစကားလုံးကတော့
`အသိပညာဗဟုသုတ´ ပါ။ အဲဒါကို ကြိုးစားရယူပါ။

(10)The most essential ten-letter world is ' Confidence '. Build it
အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့`ယုံကြည်မှု´ ပါ။
အဲဒါကို တည်ဆောက်ယူပါ။
@ fwd mail

သေဆုံးပြီဟု ထင်မှတ်ထားသည့် ကလေးငယ် ထထိုင်ပြီး ရေတောင်းသောက်

ဘရာဇီးနိုင်ငံမှ အသက် နှစ်နှစ်အရွယ်ကလေးငယ် Kelvin Santos သည် နမိုးနီးယား ရောဂါ ခံစားနေရပြီး ဝေဒနာမှ သက်သာခြင်းမရှိသဖြင့် ဘရာဇီးနိုင်ငံ ဘီလမ်မြို့ ဆေးရုံရှိဆရာဝန်များက လက်လျှော့ခဲ့ပြီးနောက် မကြာမီ သေဆုံးသွားခဲ့သည်။
 ဆေးရုံမှလည်း စစ်ဆေးမှုများပြုလုပ်ပြီးနောက် Kelvin လေးမှာ သေဆုံးခဲ့ရပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
           ထို့နောက် ထိုကလေး၏ အသုဘတွင် အလောင်းအားမြေမချမီ ၁ နာရီခန့်အလိုတွင် Kelvin လေးသည် သေရာမှ ထထိုင်ခဲ့ပြီး၎င်း၏ အဖေဖြစ်သူထံမှ ရေတောင်းသောက်ခဲ့ကြောင်းသိရသည်။
ယင်းကဲ့သို့ ထူးခြားလှသည့် ဖြစ်ရပ်ကြောင့် မိသားစုဝင်များအားလုံးက အံ့သြဝမ်းသာဖြစ်ခဲ့ရပြီး Kelvin အနေဖြင့် သေကံမရောက်ပဲ သေရွာမှပြန်လာခဲ့သည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း ဝမ်းသာမှုများပင် မဆုံးလိုက်ရပဲ Kelvin လေးသည် ရေတောင်းသောက်ပြီး စက္ကန့်ပိုင်းအနည်းငယ်အကြာတွင် အခေါင်းထဲသို့ ပြန်လဲကျသွားပြီးအသက်ပြန်ရှင်လာခြင်းမရှိတော့ပေ။ ထို့နောက်တွင် Kelvin လေးအား ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်သွားပြီး ဆရာဝန်များက ပြန်လည်စစ်ဆေးခဲ့ပြီးနောက် သေဆုံးခဲ့ပြီဟု ဒုတိယအကြိမ်မြောက် အတည်ပြု ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်နှင့်စပ်လျဉ်းပြီး Kelvin ၏ အဖေဖြစ်သူက  "သေပြီးတဲ့လူတစ်ယောက်က ထထိုင်ပြီးစကားပြောတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ....ဖြစ်ရပ်မှန်ကို ဖော်ထုတ်ဖို့ ကျွန်တော်တို့ ဆန္ဒပြင်းပြနေပါတယ်။" ဟုဆိုခဲ့သည်။
အလားတူဖြစ်ရပ်တစ်ခုလည်း အာဂျင်တီးနားနိုင်ငံတွင် ယခုနှစ်အစောပိုင်းကဖြစ်ပွားခဲ့သည်။ သို့သော်လည်း ထိုစဉ်ကမူ မိသားစုအနေဖြင့်ကောင်းမွန်သောအဆုံးသတ်ဖြင့် ကြုံတွေ့ခဲ့ရသည်။
Analia Bouter ဟု အမည်ရသည့် မိခင်တစ်ယောက်ဖြစ်သူသည် ၄င်း၏ ရင်သွေးဖြစ်သူအားလမစေ့မှီ ၃ လ
ကြိုတင်မွေးဖွားခဲ့သည်။ ဆေးရုံမှ ဆရာဝန်များက သူမ၏ ရင်သွေးလေးသည် အသေမွေးဖွားခဲ့ကြောင်းပြောကြားခဲ့ပြီး သေစာရင်းရေးသားပေးခဲ့သည်။ ထို့နောက် မွေးကင်းစကလေးအား အခေါင်းထဲထည့်ကာ ရေခဲတိုက်သို့ ပို့ဆောင်ခဲ့လေသည်။
ထို့နောက် ၁၂ နာရီခန့်အကြာတွင်မိသားစုဝင်များက နောက်ဆုံးအနေဖြင့်နှုတ်ဆက်ရန်ရေခဲတိုက်သို့
ရောက်လာပြီး အခေါင်းအားဖွင့်လိုက်ရာ လှုပ်ရှားနေသည့်ကလေးအားတွေ့ခဲ့ရသည်။ မိခင်ဖြစ်သူက "ကျွန်မ အခေါင်းကိုဖွင့်ပြီး သူ့ရဲ့လက်ချောင်းလေးတွေကို ကိုင်ကြည့်ခဲ့ပါတယ်။ သေးသေးလေးတွေပါရှင်....သူ့လက်ကလေးတွေကိုကိုင်ပြီး ခေါင်းကိုဖုံးထားတဲ့
အ၀တ်ကိုဖယ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ငိုသံလေးကို ကြားလိုက်ရပါတယ်။ ကျွန်မကတော့ စိတ်ထဲမှာ ဂယောင်ချောက်ခြားဖြစ်ပြီး ကြားနေတယ်လို့ စိတ်ထဲမှာမှတ်နေခဲ့တာပါ။နောက်ဆုတ်ပြီး သေသေချာချာ
ကြည့်တော့မှ ကျွန်မသမီးလေး နိုးလာတာကို ကို တွေ့ခဲ့ရပါတယ်။ ' မေမေရေ ...သမီးလေးဆီ ရောက်လာခဲ့ပြီနော်' လို့ပြောနေတဲ့အတိုင်းပါပဲ။" ဟု AP သတင်းဌါနသို့ ၀မ်းနည်းဝမ်းသာ
ပြောပြသွားခဲ့သည်။
၎င်းတို့အနေဖြင့် ထိုဆေးရုံအား ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။
ref : thesun.co.uk

Wednesday 18 July 2012

ဆေးထိုးအပ်ကြောက်သူများအတွက် အပ်မပါသောဆေးထိုးပြွန်ကို သုတေသီများမှ တီထွင်လိုက်ပြီ

အပ်မပါသော ဆေးထိုးပြွန်အတွက် အကျိုးရှိစေကြောင်း လေ့လာတွေ့ရှိမှုတစ်မျိုးကို မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် (MIT) မှ သုတေသီိများက ဖန်တီးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ဂျက်ပြွန်ဟုခေါ်ရမည့် ဆေးထိုးပြွန်တွင် သေးငယ်ပြီး အားကောင်းသော သံလိုက်ငယ်နှင့် လျှပ်စီးကြောင်းကို သုံးထားပြီးဆေးဝါးများကို အသံ၏အမြန်နှုန်းနီးပါးဖြင့် ထိုးသွင်းနိုင်သည်။

လျှပ်စစ်စီးကြောင်း၏ အမြန်နှုန်းမှာ နှစ်ဆင့်ရှိပြီး ပထမအဆင့်တွင် အရေပြားကို ဖောက်ဝင်ပြီး လိုအပ်သည့် နေရာအထိရောက်ရန် အမြန်နှုန်းဖြင့် ဝင်သွားမည်ဖြစ်ကာ ဒုတိယအဆင့်နေဖြင့် ခန္ဓာကိုယ်က စုပ်ယူဖြန့်ဝေနိုင်ဖို့ ဆေးကို တဖြည်းဖြည်းဖြန့်ဝေပေးရာတွင် ပထမအဆင့်လောက် မမြန်ပဲ အရှိန်နှုန်းနှေးကွေးသွားမည်ဖြစ်သည်။

ဆေးဝင်သွားမည့်အပေါက်အရွယ်ပမာဏမှာ ခြင်ကိုက်ရာတွင်ဖြစ်သောအပေါက်အငယ်အရွယ်မျှသာဖြစ်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ယင်းသို့သောဆေးထိုးပြွန်အချို့ရှိနေပြီး ဖြစ်သော်လည်းယင်းတို့ထက် အားသာသည့်အချက်မှာ ထိုးသွင်းသည့်အမြန်နှုန်းသည် အထက်တွင်ဖော်ပြထားသည့်အတိုင်း
 နှစ်ဆင့်ခွဲနိုင်သောကြောင့်ထိုးသွင်းလိုက်သည့် ဆေးရည်ကို ကောင်းမွန်စွာ ပြန့်နှံ့စေနိုင်ခြင်းဖြစ်သည်။

ကလေးငယ်များကို ထိုဆေးထိုးအပ်အသုံးပြုပြီး ဆေးထိုမည်ဆိုပါက လူကြီးတွင်ထိုးသည့် အမြန်နှုန်းအတိုင်မဟုတ်ပဲ လျှော့ချ၍ရနိုင်မည်ဟုလည်းဆိုပါသည်။အနာဂတ်တွင် အပ်မပါသော
ဆေးထိုးပြွန်များသည် မနာကျင်စေရန်အတွက်မဟုတ်တော့ပဲ ဆေးမှုန့်ကို အရည်အနေအထားပြောင်းပြီး အရေပြားအတွင်းဝင်ရောက်စေခြင်းကဲ့သို့အားသာချက်များပါရှိလာရန်
ကြိုးပမ်းနေကြသည်ဟု ဆိုပါသည်။

ယင်းအားသာချက်ကြောင့် ထိုးဆေးအရည်များကဲ့သို့ပျက်စီးလွယ်ခြင်း၊ အအေးခံထားရခြင်းမရှိသည့်
ဆေးမှုန့်များကို အလွယ်တကူယူဆောင်သုံးစွဲနိုင်ခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့်
အကျိုးကျေးဇူးကိုပါ ရရှိလာရန်မျှော်လင့်ထားကြသည်။

Ref:Live science

လူသားတို့၏ မျက်ရည်များဖြင့်ထုတ်လုပ်ထားသော ဆားများကို အင်္ဂလန်တွင် ရောင်းချနေ


လန်ဒန်မြို့တွင် လူသား၏မျက်ရည်များဖြင့်ပြုလုပ်ထားသည့် ဆားပွင့်များကို ရောင်းချလျက်ရှိကြောင်း သတင်းများက ဖော်ပြသွားပါတယ်။
အဆိုပါမျက်ရည်ဆားများကို လန်ဒန်မြို့ ဟော့စ်တန်လမ်းပေါ်ရှိမွန်းစတား ကုန်ပစ္စည်းဖြန့်ချိရေးက ထုတ်လုပ်ခဲ့ပြီး ဆားပွင့်များတွင်ပါဝင်သော မျက်ရည်များအား စိတ်ခံစားမှုနှင့်အလိုက် စုစည်းထားကာ ပမာဏကွဲပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါဆားပွင့်များမှာ မျက်ရည်ပမာဏ အနည်းအများပေါ်မူတည်ပြီး လူသား၏ လတ်ဆတ်သောမျက်ရည်များကို နည်းပညာများအသုံးပြုကာ စုစည်းခြင်းဖြစ်ကြောင်းလည်းဖော်ပြသွားခဲ့သည်။
အဆိုပါ ဆားမျက်ရည် ထုတ်လုပ်ရေးက မျက်ရည်များအားပုံဆောင်ခဲပြုလုပ်သည့်ခွက်ထဲသို့ထည့်ကာ အနည်းငယ်ဆူနေသော ရေနွေးထဲတွင်စိမ်ပြီး ဆားမျက်ရည် ပုံဆောင်ခဲကို ရယူခဲ့ခြင်းဖြစ်သည် ဟု ဖော်ပြထားသည့်အတွက် ယင်းဆားပုံဆောင်ခဲမှာ လူသား၏ မျက်ရည်ဖြင့်ပြုလုပ်ခဲ့ခြင်း ဟုတ် မဟုတ်ကို လတ်တလောတွင် အငြင်းပွားနေဆဲဖြစ်ကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။
Ref: Techno Newspaper

Tuesday 3 July 2012

ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett ဘ၀ကို ရှုမြင်သုံးသပ်ပုံများ

“အရိုးဆုံးက အဆန်းဆုံးလို့ လူတွေပြောလေ့ရှိကြပါတယ်။ ရိုးရှင်းစွာနေထိုင်ခြင်းကလည်း ဘ၀အတွက် အကောင်းဆုံး ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။)
၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)


၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။ သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)
၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။ စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။


၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။ (မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။ တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . . .
(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။
(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

@ fwd mail from htoo nay mu

အပြင်းပြေ Drum တီးရအောင်