Monday 21 November 2011

သွေးကင်ဆာ ရောဂါ ကုသရန် ဆေးဝါး အသစ် တစ်မျိုးကို အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဌာနမှ ထောက်ခံချက်ပေး

အမေရိကန် အစားအစာနဲ့ ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဌာန FDA ဟာ သွေးကင်ဆာ ရောဂါသည်တွေကို ကုသဖို့ Erwinaze ဆေးဝါးကို  ပြီးခဲ့တဲ့ သောကြာနေ့က အတည်ပြုေ ပးခဲ့တယ်လို့ သိရပါတယ်။
သွေးကင်ဆာ ရောဂါဟာ ရိုးတွင်း ချဉ်ဆီ ထဲမှာ သွေးဖြူဥတွေ များစွာ ဖြစ်ပေါ်စေ တဲ့ ကင်ဆာ ရောဂါမျိုး ဖြစ်ပါတယ်။

သွေးဖြူဥ တွေဟာ ခန္ဓာကိုယ် အတွင်း ရောဂါ ကူးစက်မှုကို တိုက်ဖျက်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ ဆဲလ်တွေပဲ ဖြစ်ပါတယ်။ Erwinaze ထိုးဆေးကို တစ်ပတ်မှာ ၃ ကြိမ်
ကြွက်သားထဲ ထိုးသွင်းရမှာ ဖြစ်ပြီး အဲ့ဒီဆေးဟာ သွေးထဲရှိ ဆဲလ်ကြီးထွားမှု အတွက် လိုအပ်တဲ့ ပရိုတိန်း တည်ဆောက်မှုတွေကိုပြိုကွဲစေမှာ ဖြစ်ပြီး သွေးကင်ဆာ ရောဂါသည်တွေကိုဒီထိုးဆေးနဲ့ ကုသတဲ့
အခါမှာ သွေးကင်ဆာ ဆဲလ်တွေ သေဆုံး သွားပြီး ပုံမှန် ဆဲလ်တွေကိုတော့ ထိခိုက်မှု မဖြစ်ပေါ်စေပဲ ပုံမှန် လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။

အဆိုပါ Erwinaze ဆေးမှာ ဘေးထွက် ဆိုးကျိုးတွေ ရှိပြီး အဲ့ဒီ ဘေးထွက် ဆိုးကျိုးတွေကတော့ ပြင်းထန်တဲ့ ဓါတ်မတည့်မှု ဖြစ်ပေါ်ခြင်း ပန်ကရိယ ရောင်ရမ်းခြင်း ၊ သွေးခဲခြင်း ၊ သွေးယိုစီးခြင်း ၊ မူးဝေခြင်း၊
အော့အန်ခြင်းနဲ့ သွေးတွင်း သကြားဓါတ် မြင့်မားခြင်း အစရှိတဲ့ ဆိုး ကျိုးတွေကို ခံစား ရနိုင်ကြောင်း  သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်