Friday 18 November 2011

ကမ္ဘာ့ဈေး အကြီးဆုံး မုတ်ဆိတ်ရိတ်တံ ထွက်ပေါ်

အမေရိကန် ဒေါ်လာ ငွေတစ်သိန်းဟာ များပြားလှတဲ့ ပိုက်ဆံဖြစ်ပြီး အဲဒီငွေက တစ်ဆင့် ပြိုင်ကားအသစ် တစ်စီးစာ ဒါမှမဟုတ် လှေတစ်စင်း ဒါမှမဟုတ် အခြားအကောင်းဆုံး ဆိုတဲ့ အရာတွေကို ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Audi ကားသစ်ကို ထည်လဲစီးပြီး ကိုယ်ပိုင် ဇိမ်ခံရွက် လှေကို ပိုင်ဆိုင်သူ သူဌေးတစ်ယောက် အတွက် ပြောပလောက်တဲ့ ပမာဏ တစ်ခု မဟုတ်ပါဘူး။ မကြာသေးမီ ကာလက နာမည်ကြီး မုတ်ဆိတ်ရိတ်ဓါး ထုတ်လုပ်သူ ကုမ္ပဏီဖြစ်တဲ့ Zafirro က ကန့်သတ် ထုတ်လုပ် လိုက်တဲ့ Zafirro Iridium မုတ်ဆိတ်ရိတ်ဓါးရဲ့ တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ တစ်သိန်းပဲ ဖြစ်ပါတယ်။

ဒီဓါးဟာ ကန့်သတ် ထုတ်ဝေတဲ့ ဓါးတစ်လက် ဖြစ်ပြီး စုစုပေါင်း ၉၉ လက်ပဲ ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။ ဒီမုတ်ဆိတ် ရိတ်တံကို အရီဒီယံဒြပ်စင်လို့ ခေါ်တဲ့ ကမ္ဘာ့အမာဆုံး သတ္တုတစ်မျိုးနဲ့ ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။ အဲဒီသတ္တုရဲ့ ခိုင်မာမှုဟာ ချော်ရည်ပူထဲကို ပစ်ချရင်တောင် ခံနိုင်ရည် ရှိပါတယ်။ ဒီသတ္တု အများစုကို ဂြိုဟ်ပဲ့တွေက တစ်ဆင့် ရရှိတာ ဖြစ်ပြီး ဒီမုတ်ဆိပ်ရိတ်တံရဲ့ ဓါးသွားကိုတော့ နီလာသွေးနဲ့ ပြုလုပ် ထားတာပါ။

ဒါကြောင့် အထူးဓါတ် မတည့်သူတွေ အတွက်တောင် အဆင်ပြေပြေ သုံးနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဓါးသွားရဲ့ ချွန်ထက်မှုဟာ သာမန် ဆံပင်တစ်ချောင်းရဲ့ အပုံငါးထောင်ပုံ တစ်ပုံသာ ဖြစ်ပြီး ဓါးရဲ့ ထက်မြက်မှုကို ၁၀ နှစ်အထိ အာမခံ ပေးထားတာ ဖြစ်ပါတယ်။ အရီဒီယမ် သတ္တုဟာ ပလက်တီနံ သတ္တုထက် ဆယ်ဆ ပိုမိုရှားပါးပြီး ခိုင်ခံ့ မာကျော လှတဲ့အတွက် မျိုးဆက်ပေါင်း များစွာ သုံးစွဲနိုင်မှာမို့ ဇိမ်ခံပစ္စည်း အကောင်းဆုံး ဆိုတာကိုမှ နှစ်သက်သူတွေ အတွက် ဝယ်ယူ သိမ်းထားသင့်တဲ့ အမှတ်တရ ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်