Monday 14 November 2011

ဆေးခြောက်ပင်အား တရားဝင် ဆေးအဖြစ် သတ်မှတ်ရန် အမေရိကန်တို့ လိုလား

ငါးဆယ် ရာနှုန်းသော အမေရိကန် နိုင်ငံသား များမှာ ဆေးခြောက်ပင် ကို တရားဝင် ဆေးဝါး တစ်မျိုး အဖြစ် အသိ အမှတ်ပြုရေးကို လိုလားနေ ကြသည်ဟု စစ်တမ်း တစ်ခုအရ သိရကာ လွန်ခဲ့သည့် ဇွန်လတွင်
ကောက်ခံခဲ့သည့် ၄၆ ရာနှုန်းထက် စာပါက လေးရာနှုန်း ပိုမို မြင့်တက်ခဲ့ကြောင်း သိရသည်။ ယခုလို ကောက်ခံရရှိမှုမှာ ဆေးခြောက်အား တရားဝင် ဆေးဝါး တစ်မျိုးအဖြစ် အသိအမှတ်ပြုရေး အတွက် အများဆုံး ကောက်ခံရရှိသည့် စစ်တမ်း တစ်ခုလည်း ဖြစ်သည်။
ယခုလို ဆေးခြောက်အား တရားဝင် ဆေးဝါး တစ်ခုအဖြစ် အသုံးပြုရေးနှင့် ပတ်သက်ပြီး new Gallup poll အဖွဲ့မှ လွန်ခဲ့သည့် ၁၉၆၉ ခုနှစ်က စတင် စစ်တမ်း ယူစဉ်ကပင် ယခုအချိန်အထိ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ထိုစဉ်က အမေရိကန် ပြည်သူများ၏ ၁၂ ရာနှုန်းခန့်သာ သဘောတူခဲ့ပြီး ၈၄ ရာနှုန်းမှာ ကန့်ကွက်ခဲ့ကြသည်။ လွန်ခဲ့သည့် ၁၉၇၀ ပြည့်လွန် နှစ်များမှ ၁၉၉၀ ပြည့်လွန် နှစ်များ အတွင်းတွင်မူ ၂၀ ရာနှုန်း ဝန်းကျင်သို့ တက်လာခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ၃၀ ရာနှုန်းနှင့် ၂၀၀၉ ခုနှစ်တွင် ၄၀ ရာနှုန်းသို့ တိုးတက်ခဲ့သည်။ ယခု အသစ် ပြုလုပ်ခဲ့သည့် ဆန်းစစ်မှုတွင် အနောက်ပိုင်း ဒေသများမှ ၅၅ ရာနှုန်းဖြင့် အမြင့်ဆုံးသို့ လည်းကောင်း ၊ လစ်ဘရယ် အသိုင်းအဝိုင်းတွင် ၆၉ ရာနှုန်းဖြင့် လည်းကောင်း၊ ငယ်ရွယ်သူ အမေရိကန် လူငယ်များ ကြားတွင် ၆၂ ရာနှုန်းဖြင့် လည်းကောင်း ၊ လူကြီးများ အကြားတွင် ၅၅ ရာနှုန်းဖြင့် လည်းကောင်း အသီးသီး မဲပေးခဲ့ကြသည်။

ယခုလို စစ်တမ်းကို Gallup အဖွဲ့မှ တယ်လီဖုန်း ဆက်သွယ်မှုမှ တစ်ဆင့် မေးမြန်းခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်မှ ၉ ရက် အထိ ပျံကျ မေးမြန်းမှုပေါင်း ၁၀၀၅ ခုမှ တစ်ဆင့် ယခုလို အဖြေထုတ်ခဲ့ခြင်းပင် ဖြစ်သည်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ် ၁၆ ခုတွင် ဆရာဝန် ညွန်ကြားမှုဖြင့် သုံးစွဲနိုင်သော်လည်း ဗဟို အစိုးရ ဥပဒေ အရ တရားဝင် မဟုတ်သေးပေ။ လွန်ခဲ့သည့် အပတ်ကလည်း အစိုးရမှ ကယ်လီ ဖိုးနီးယား ပြည်နယ် အတွင်းတွင် ဆေးခြောက် ရောင်းချမှုများကို တိုက်ဖျက်ရန် ကတိပြုခဲ့ကြောင်းနှင့် ယင်းဒေသတွင် ရောင်းချ သည့်  နေရာပေါင်းေ ထာင်ပေါင်းများစွာ ရှိကြောင်းလည်း သိရသည်။
ဆေးခြောက်ပင်ကို မတွေ့ဖူးသူများအတွက် ဗဟုသုတ အနေနဲ့ တင်ပြလိုက်ပါတယ်။

1 comment:

  1. ဒီလိုဆို အဲဒီဆေးကို ကျွန်တော် အရင်သုံးမှာဂျ

    ReplyDelete

အပြင်းပြေ Drum တီးရအောင်