Saturday 19 November 2011

ကမ္ဘာ့စံချိန်တင် ဆေးပြင်းလိပ် In Cuba

ပြီးခဲ့တဲ့အင်္ဂါနေ့ကကျူးဘား နိုင်ငံသားအသက်(၆၇)နှစ် အရွယ်ဆေးပြင်းလိပ်သမား “ဂျိုးဆေး ကက်(စ်)တလာ”ဟာ အရှည်(၈၁.၈)မီတာ၊ အချင်း(၄)စင်တီမီတာရှိတဲ့ ဆေးပြင်း လိပ်ကြီးကို အပြီးသတ်ပြုလုပ်ပြီး ဂင်းနစ် စံချိန်သစ်တင်လိုက် နိုင်ပါတယ်။ အဆိုပါ ဆေးပြင်း လိပ်ကြီးကို မေလ(၃)ရက်နေ့ကနေ (၇)ရက်နေ့အထိကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းပြပွဲ “အက်ဖ် အိုင်တီ ကျူးဘားတူးသောင်ဆင်အယ်လဲဗင်း”မှာ
ပြသထားပါတယ်။  “ကက်(စ်)တလာ”က သူဟာ မီတာ(၁၀၀)ရှည်လျားတဲ့ နောက်ထပ်
ဆေးပြင်းလိပ်တစ်လိပ်ကိုလည်း ပြုလုပ်နေကြောင်း၊ ကျူးဘားနိုင်ငံဟာ အကောင်းဆုံး ဆေးရွက်ကြီးများ ထွက်ရှိရာနေရာဖြစ်တဲ့ အတွက် အရှည်လျားဆုံး ဆေးပြင်းလိပ်ကိုလည်း ဒီဒေသမှာ ပြုလုပ်နိုင်ရမှာ
ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ယခုတစ်ကြိမ် စံချိန်သစ်တင်တဲ့ ဆေးပြင်းလိပ်ကို ပြုလုပ်ခဲ့တဲ့ “ကက်(စ်)တလာ” ဟာ (၂၀၀၉) ခုနှစ် ကလည်း မီတာ(၆၀)ရှည်လျားတဲ့ ဆေးပြင်းလိပ်ပိုင်ရှင်အဖြစ် စံချိန်တင်ခဲ့ သူဖြစ်ပါတယ်။ ဆေးပြင်းလိပ်နဲ့ သက်ဆိုင်တဲ့ သမိုင်းကြောင်း တလျှောက် မှာ “ကက်(စ်)တလာ”ဟာ (၂၀၀၁)ခုနှစ်မှာ (၁၁.၀၄) မီတာရှည်တဲ့ ဆေးပြင်းလိပ်ပြုလုပ်ပြီး ပထမဆုံး စံချိန်တင်လာခဲ့သလို (၂၀၀၃)၊(၂၀၀၅)နဲ့ (၂၀၀၈)ခုနှစ်တို့မှာလည်း ဂင်းနစ်စံချိန်ချိုးခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက်(၁၄)နှစ် အရွယ်ကတည်းက စတင်ပြီး ဆေးပြင်းလိပ်လိပ်လာခဲ့သူဖြစ်ပြီး ဒါကို အနုပညာတစ်ရပ် အဖြစ် လေ့လာလိုက်စားလိုသူဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်