Friday 25 November 2011

ကင်ဆာ ဆဲလ်များကို အရောင် တောက်လာစေသည့် ဓါတ်စမ်းပစ္စည်း တစ်မျိုး ဖန်တီး နိုင်ခဲ့

ဂျပန် နိုင်ငံမှ သုတေသီ အဖွဲ့ တစ်ခုဟာ ကင်ဆာ ဆဲလ်တွေကို မိနစ်ပိုင်း အတွင်း အရောင် တောက် လာစေ တဲ့ ဓါတ်စမ်း ပစ္စည်း တစ်မျိုးကို ဖန်တီး နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကင်ဆာဆဲတွေ ကို မြန်မြန် သိရှိနိုင်တဲ့ အတွက် အခုလက်ရှိ ကင်ဆာ စစ်ဆေးရာမှာ အသုံးပြုတဲ့ စီတီစကင် ဖတ်ခြင်းနဲ့ အခြားနည်းတွေနဲ့ စစ်ဆေး သိရှိဖို့ ခက်ခဲတဲ့ ကင်ဆာ အကြိတ်တွေကို ရှာဖွေရာမှာ အထောက်အကူ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဂျပန် သုတေသီတွေဟာ ကင်ဆာ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်က GGT ခေါ် အမ်ဇိုင်း တစ်မျိုးကို အာရုံစိုက် လေ့လာခဲ့ပြီး အဲ့ဒီ အမ်ဇိုင်းနဲ့ ထိတွေ့ချိန်မှာ ဓါတု တုန့်ပြန်မှု ဖြစ်ကာ အစိမ်းရောင် တောက်လာမယ့် ဓါတ်စမ်း ပစ္စည်း တစ်မျိုးကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်စမ်း ပစ္စည်းကို သားအိမ် ကင်ဆာဆဲလ်ရှိတဲ့ ကြွက်ရဲ့ ၀မ်းဗိုက်ကို ဖျန်းပြီး စမ်းသပ်ကြည့်တဲ့ အခါမှာ အချိန် တစ်မိနစ် အတွင်း ကင် ဆာ အကျိတ်တွေဟာ သာမန် မျက်စိနဲ့ ကြည့်လို့ မြင်နိုင်တဲ့ အစိမ်းရောင် တောက်လာတာကို တွေ့ခဲ့ကြရပါတယ်။

အခုလက်ရှိ အချိန်မှာ သားအိမ်ကင်ဆာ ဖြစ်ပွားရဲ့ ၃ ပုံ ပုံ ၂ ပုံကို စောစီးစွာ သိရှိနိုင်ပေမယ့် အခုဓါတ်စမ်း ပစ္စည်းနဲ့ဆိုရင် ၁၀၀ ရာခိုင်နှုန်း အပြည့် သိရှိနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်ထားပါတယ်။ အခု ဖန်တီးလိုက် တဲ့ ဓါတ်စမ်း ပစ္စည်းကို အဆုတ် ၊ အသည်း ၊ ရင်သား ကင်ဆာနဲ့ ဦးနှောက် ကင်ဆာတို့ အတွက်ပါ စမ်းသပ်သွားမှာ ဖြစ်ပြီး ခွဲစိတ်မှု ပြုလုပ်နေစဉ် အတွင်း ကင်ဆာ ဆဲလ်တွေကို စစ်ဆေး သိ ရှိနိုင်တော့မှာ ဖြစ်တယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်