Tuesday 8 November 2011

တစ်လသား နိုက်ဂျီးရီးယား ကလေးငယ် အစိုးရ လစာရရှိ

အသက် တစ်လသားသာ ရှိသေးသည့် နိုက်ဂျီးရီးယား နိုင်ငံသား ကလေးငယ်မှာ အစိုးရ လခကို ခံစားနေရကြောင်း သိရပြီး အာဖရိကတိုက်ရှိ လာဘ်စားမှုဖြင့် ပြည့်နေသည့် နိုင်ငံတစ်ခု အနေဖြင့် အစိုးရ ဘဏ္ဍာငွေများကို လိမ်လည် လှည့်ဖျားပြီး အသုံးချနေသည့် အခြေအနေကို တာဝန်ရှိသူများမှ
ဖော်ထုတ် လိုက်နိုင်ပြီးနောက် ယခုလို သိရှိရခြင်း ပင် ဖြစ်သည်။

ယခုလို ကလေးငယ်၏ အမည်ကို နိုင်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းရှိ ဒေသခံ အစိုးရ ကောင်စီတစ်ခု ၏ ငွေေ ပး ဘောက်ချာမှ တစ်ဆင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကာ အစိုးရ အလုပ်သမားများ အနေဖြင့် အလုပ်အမှန်တကယ် လုပ်ကိုင်ခြင်းရှိ ၊ မရှိ နှင့် တရားမဝင် အလုပ်သမားများ ရှိ ၊ မရှိ ကို ရှောင်တခင် စစ်ဆေးသည့်  အချိန်အတွင်း ယခုလို သိခဲ့ရခြင်း ဖြစ်သည်ဟု Zamfara State မှ တရားရေး ကော်မစ်ရှင်နာ ဖြစ်သူ Garba Gajam မှ AFP သတင်းဌာနသို့ ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်သည်။
အစိုးရ လခများနှင့် ပတ်သက်ပြီး ပြန်လည် ဆန်းစစ်သည့် လုပ်ရပ်ကို လုပ်ဆောင်နေစဉ် ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး တစ်လသာ ရှိသေးသည့် ကလေးငယ်မှာ ဒေသခံ အစိုးရ၏ လခကို ခံစားနေသည့် အလုပ်သမား နေရာတွင် ရှိနေသည်ကို ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ် သည်ဟု ၎င်းမှ ပြောကြား လိုက်သည်။ ထို့အပြင် ယခုလို ပေးရာတွင်လည်း ယင်းကလေးငယ် အနေဖြင့် ဒီပလိုမာ ရရှိထားသည့် ပညာရေး ရှိထားကြောင်းလည်း လိမ်လည် ဖော်ပြထားသည်ဟု ၎င်းမှ ပြောသည်။ အလားတူပင် လွန်ခဲ့သည့် သြဂုတ်လ ကလည်း နိုက်ဂျီးရီး ယား နိုင်ငံရှိ ငါးလသား အရွယ် ကလေးတစ်ယောက်မှာ ဒေသခံ မြူနီစီပါယ် ဌာနတွင် အစိုးရ လခစားတစ်ဦး အဖြစ် ပါဝင်နေကြောင်း ကို တွေ့ရှိခဲ့သေးကြောင်း လည်း သိရသည်။

ယခုလို ဖြစ်ရပ်မှာ ယင်းကဲ့သို့သော ဒေသခံ ဝါရင့် အမှုထမ်းများမှ ၎င်းတို့၏ သားသမီးများနှင့် ဆွေမျိုးများ၏ အမည်ကို အသုံး ချပြီး ငွေကြေးများ ရယူရန် ကြိုးစားခြင်း ဖြစ်ကြောင်း Gajam မှပြောသည်။ ယခုလို တွေ့ရှိမှု နှင့်အတူ လိမ်လည် သူများမှာ အစိုးရ လခငွေများကို ပြန်လည် ပေးကြရမည် ဖြစ်ပြီး တရားစွဲဆို ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခု ဖမ်းမိခဲ့သည့် ပြည်နယ် ဖြစ်သော Aamfara ပြည်နယ်မှာ မူဆလင် ဥပဒေကို ကိုင်စွဲသည့် ပြည်နယ် တစ်ခု ဖြစ်ပြီး ခိုးယူသူများအား လက်ဖြတ်ပစ်သည့် ဆုံးဖြတ်ချက်ကို ချမှတ်သည့် ဒေသတစ်ခုလည်း ဖြစ်ကာ လွန်ခဲ့သည့် ၂၀၀၁ ခုနှစ်ကလည်း နွားသူခိုးနှစ်ဦးအား လက်ဖြတ်ပစ်ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အံ့သြမှုကို ရရှိခဲ့သည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်