Monday 31 October 2011

အချစ်ရေးကံမကောင်းသော ဝန်ထမ်းတွေအတွက် ရည်းစားကြောင့် အသည်းကွဲရင်ခွင့်(၂)ရက်၊ လင်မယားကွာရှင်းရင် ခွင့် (၃)ရက် ပေးသတဲ့

ကမ္ဘာ့အလုပ်သမားလောကမှာ နာမကျန်းခွင့်၊ ကိုယ်ဝန်ဆောင်ခွင့်၊ လုပ်သက်ခွင့် စတာတို့သာ ကျုပ်ကြားဖူးခဲ့ပေမဲ့ ခု ၂၀၀၉ခုနှစ်
ထဲမှာတော့ ကမ္ဘာ့အလုပ်သမားလောကမှာ အဆန်းဆုံးခွင့်တွေကို တရုတ်နိုင်ငံရှန်ဟိုင်းမြို့ရှိ ကုမ္ဗဏီတခုက စတင်လိုက်ပြီလို့ပဲ
ပြောလိုက်ပါရစေ။ အဲဒါကဘာလဲဆိုတော့ အဲဒီ့ကုမ္ဗဏီကြီးက အချစ်ရေးကံမကောင်းကြတဲ့ ဝန်ထမ်းတွေအတွက် အထူးအဆန်းပဲဆိုပါတော့။ Xinaus 18-11-2009 ထဲမှာ ဘယ်လိုပါသလဲဆိုတော့ အဲဒီရှန်ဟိုင်းမြို့မှာ ခုလို ဝန်ထမ်းသက်သာချောင်ချိရေးပရိုမိုးရှင်း အစီအစဉ်ကြီး လုပ်လိုက်တဲ့
ကုမ္ဗဏီကြီးရဲ့ အကြံပေးပုဂ္ဂိုလ် မစ္စတာဖောင်ဆိုသူက ဘာပြောသလဲဆိုတော့ သူတို့ ကုမ္ဗဏီက ဝန်ထမ်းတွေအနေနဲ့ သက်သေပြစရာမလိုဘူး။ ကျွန်တော် ဒါမှမဟုတ် ကျွန်မကတော့ ရည်စားပစ်သွားလို့ ရည်းစားပျက်လို့ စိမ်းကားသွားရင် အသည်းကွဲရောဂါခံစားရပါပြီလို့ ပြောလိုက်တာနဲ့ ကုမ္ဗဏီက ခွင့်(၂)ရက်တခါတည်း ပေးလိုက်မှာပဲ။ ဒါပေမဲ့ ဝန်ထမ်းတယောက်က ခဏခဏအသည်းကွဲလို့တော့ မရဘူး။ တနှစ်ကို တကြိမ်ပဲ အသည်းကွဲခွင့်ရှိသတဲ့။ ပြီးတော့ လင်မယားတွေအဆင်မပြေလို့ ကွဲကွဲ၊ ဘယ်လိုပဲ ကွဲကွဲ ကျွန်တော် ဒါမှမဟုတ် ကျွန်မတို့ လင်မယားကွဲသွားပြီဆိုတာနဲ့ ကုမ္ဗဏီက ခွင့်(၃)ရက်ရမှာ ကြိမ်းသေပါပဲ။ ကုမ္ဗဏီဝန်ထမ်းတဦးဖြစ်တဲ့ ဂျောင်ဆိုတဲ့လူက အဲဒီအမိန့်လည်းထွက်ရော ဒီခွင့်ပေးတာဟာ အလုပ်ခွင်မှာ တွေဝေနေစရာ မလိုတော့ဘူး။ နွေးထွေးစွာအလုပ်ကို
ပျော်ရွှင်သွားလုပ်လို့ရပြီး ခုလို လုပ်ငန်းခွင်မှာ နွေးထွေးမှုရှိတဲ့ ပါတ်ဝန်းကျင် ဖြစ်အောင် စီစဉ်ပေးတာဟာ လစာ တိုးပေးတာထက်တောင် စိတ်ချမ်းသာစေပါသတဲ့။ ဒီလိုအခွင့်အရေးမျိုးက ကမ္ဘာမှာ ဒါဟာပထမဆုံးပဲ
ထင်လိုက်သလို အဲဒီအခွင့်အရေးအတွက်လည်း လက်ခုပ်တီးပေးလိုက် ပါတယ်။
မောင်ယဉ်ကျော်
FWD Mail

Motto

အင်္ဂလိပ် ဆရာမ နဲ့ ဆရာကြီး တို့ ကရင်သီချင်းကို ဆိုသွားလိုက်တာ တစ်ကယ့် ကရင်လိုပါပဲလား !

Sunday 30 October 2011

ကမ္ဘာ့ ပထမဆုံး အာကာသ Beer

ဘီယာလို့ပြောလိုက်ရင် လူလတ်ပိုင်းတွေ အများစု အနှစ်သက်ဆုံး အရည်တစ်ခုဖြစ်ပါတယ်။ အချို့သောဘုန်းကြီးတွေဆိုလဲ ဘီယာသောက်ပြီး အစာရှောင်ရင် (အဖတ်မစား) ပုံမှန်ထက် အချိန်ကြာကြာပိုပြီး နေနိုင်ကြလို့ ဘုန်းကြီးတွေအတွက်လဲ အဆင်ပြေသပေါ့။ သင်္ဘောသားတွေ အတွက်ကျတော့ လနဲ့ချီပြီး ပင်လယ်ထဲမှာ နေရတဲ့အတွက် ဟင်းသီးဟင်းရွက်တွေ မစားရလို့ ဖြစ်တတ်တဲ့ရောဂါတွေဆိုရင်လဲ ဘီယာလေးသာသောက်လိုက် ဖြစ်ပါဆိုရင်တောင်မဖြစ်တော့ဘူး။ တရက်ကို နှစ်ခွက်လောက်သောက်ရင်လဲ သွေးလေလည်ပါတ်မှု့ကလည်း ကောင်းပြန်ရော။ နောက်ပြီးတော့ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် ၆ (B6)၊ ဗီတာမင် ၁၂ (B12) အပြင်အခြား ဗီတာမင်ဓါတ်တွေကိုလည်း ဘီယာသောက်ခြင်းဖြင့် ရရှိနိုင်ပါတယ်။ ထို့အပြင် အသက်ကြီးလာလို့ ဦးနှောက်မှတ်ဥာဏ်တွေကျဆင်းမှု့ကိုလည်း ၄ဝ ရာခိုင်နှုန်းလောက်ကို ကာကွယ်ပေးတယ်လို့ Clinical & Experimental သုတေသနအဖွဲ့ကြီးက ၂ဝဝ၁ ဒီဇင်ဘာလမှာ ဖော်ပြခဲ့ဘူးပါတယ်။ အသဲလုပ်ဆောင်မှုကို ကောင်းစေသလို Insomnia ဆိုတဲ့ အိပ်မရတဲ့ ရောဂါကိုလည်း ကုသနိုင်တယ်လို့သိရပါတယ်။ နယူးကာဆယ် တက္ကသိုလ်ကပါမောက္ခကြီးOliverJamesကလည်းဘီယာသောက်ခြင်းအားဖြစ်ဆီးအိမ်မှာကျောက်တည်ခြင်းနှင့်
ကျောက်ကပ်မှာ ကျောက်တည်ခြင်းများကို ကာကွယ်စေနိုင်ပါတယ်တဲ့ဗျာ။

အခုတော့ ဘီယာကိုလူတွေဘယ်လောက် ရူးမူးတန်ဖိုးထားကြလဲဆိုရင်တော့ 4 Pines စားသောက်ကုန် ကုမ္ပဏီက သြစတေးလျမှ Saber အာကာသယာဉ်မှူးများနဲ့ ပူးပေါင်း အကာသထဲမှာထုပ်လုပ်လိုက်တဲ့ ကမ္ဘာပထမဆုံး အာကာသဘီယာ ကို ထုတ်လိုက်ပြီးဖြစ်ပါတယ်။
ဒီမှာလာဖတ်တဲ့သူတွေထဲမှာလည်း အိမ်ရှင်မတွေ ပါမှာပါ။ ကိုယ်ခင်ပွန်းသယ်ယောက်ျားကို ချစ်တယ် ဆိုရင် ကိုယ့်ခင်ပွန်းသယ်ဘီယာသောက်တာ ကျန်းမာရေးအတွက်သောက်တာလို့ နားလည်ပေးလိုက်ပြီး မကန့်ကွက်ကြနဲ့ပေါ့နော်.. :D
We Are the World (25 FOR HAITI) - Instrumental

Powered by mp3skull.com

Saturday 29 October 2011

ထရပ်ကားဖြင့် တိုက်မိသည့် ကလေးငယ်အား ဆေးကုသစရိတ် မပေးလို၍ ထပ်မံကြိတ်သတ်

တရုတ်နိုင်ငံသားတို့၏ လူသားချင်း စာနာစိတ်နှင့် ပတ်သက်ပြီး
မေးခွန်းထုတ်စရာ အခြေအနေမျိုးသည် တဖြည်းဖြည်း ကြီးထွားလာနေပြီ ဖြစ်သည်။  ပြီးခဲ့သည့် လပိုင်းက (၂) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ကားနှစ်စင်းက ဖြတ်ကြိတ်သွားပြီး ထွက်ပြေးခဲ့သလို လမ်းသွားလမ်းလာ များကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည့် ကလေးမလေးကို မိမိတို့နှင့် မဆိုင်သလို
ဖြတ်ကျော်သွားကြသဖြင့် အင်တာနက်တွင် အုတ်အော်သောင်းနင်း
ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယခုအခါ ပိုဆိုးသော ကိစ္စတစ်ခုအဖြစ် ထရပ်ကားသမားသည် (၅) နှစ်အရွယ် ယောက်ျားလေး တစ်ဦးကို ဝင်တိုက်ခဲ့ပြီးနောက် ဆေးကုသစရိတ် မပေးလိုသဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်သေအောင် တက်ကြိတ်ခဲ့ကြောင်း သိရှိရသည်။ ကြောက်မက်စက်ဆုပ်ဖွယ် အဆိုပါ လုပ်ရပ်ကို လုပ်ဆောင်ခြင်းသည် မိမိအနေနှင့် ကလေးအတွက် ဆေးရုံစရိတ်ထက် စာပါက သေစရိတ် ပေးရခြင်းက ပိုမို သက်သာမည်ဟု ဈေးတွက် တွက်မိခြင်းကြောင့်ဟု ထရပ်ကား ဒရိုင်ဗာ အိုယွန်းက ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ အနောက်ပိုင် လူဇူးတွင် ကျောင်းတက်ရန် အိမ်မှ ထွက်လာသည့် ချာတိတ်လေး ဇောင်မိုကီကို ကားဖြင့် ဝင်တိုက်ပြီးနောက် ရည်ရွယ်ချက်ရှိရှိ သတ်ပစ်ခဲ့ခြင်းဖြစ်သည်။
(ထရပ်ကားအနီးတွင် တွေ့ရသည့် ကြိတ်သတ်ခံထားရသော ကလေးငယ်၏မိခင်)
 မျက်မြင်သက်သေ တစ်ဦးဖြစ်သော ဇန်ရှီဖန်းက “ကားတိုက်မှု ဖြစ်ပြီးတော့ ထရပ်ကားက နည်းနည်း နောက်ဆုတ်လိုက်တာ ကျွန်တော် သတိထားမိတယ်။ ပြီးမှ ရှေ့ကို ပြန်တိုးလိုက်တာပါ။

အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နိုင်သောကား

Tomorrow Never Dies ဇာတ်ကား ထဲမှာ ဂျိန်းစဘွန်း အခက်အခဲတွေကို ကျော်ခဲ့တာတွေကို မှတ်မိကြသေးလား၊ သူ့ရဲ့ကားကို အဝေးထိန်း စက်ခလုပ် (remote-controlled)နဲ့ ထိန်းချူပ်သွားတာကိုလေ၊ ကဲ့အခုတော့ ရုပ်ရှင်မဟုတ်တော့ဘူး စိတ်ကူးယဉ်ပြီး ရိုက်ကူးခဲ့တဲ့ အကြောင်းတရားတွေဟာ ယနေ့တော့ကမ္ဘာပေါ်မှာ လက်တွေ့တွေရှိလာကြတာကိုအားလုံးအသိဘဲဖြစ် ပါတယ်။ ဂျာမဏီနိုင်ငံက ကွန်ပြူတာ သိပ္ပံပညာရှင်တစ်ယောက်ဟာ iPhone ကို smartphone အဖြစ်သို့ပြောင်းလဲက မိမိကိုယ်တိုင်တီထွင်ထားတဲ့ ကားကို အဝေးမှ ထိန်းချူပ်နိုင်တဲ့ နည်းပညာတစ်ခုကို ထည့်သွင်းတီထွင်ခဲ့ပါတယ်။ ထိုကားကို အဝေးထိန်း စနစ်ဖြင့် စီယာတိုင် နှင့်လီဗာ တို့ကို iPhone ရဲ့
ခလုပ်များနှင့် ကားအနှေးအမြန်နှင့် ကွေ့ဝိုက်မှု့များကို ထိန်းချူပ်နိုင်မှာ ဖြစ်ပါတယ်။ ထိန်းချူပ်ထားတဲ့ iPhone ရဲ့ မျက်နှာပြင် (screen) မှာတော့ ကားရဲ့ အရှေ့မှာ ရှိတဲ့အရာဝတ္တုများ ကို
တွေ့မြင်နိုင်သလို ရေဒီယို လဲဖွင့်လို့ရပါတယ်။

Friday 28 October 2011

Best Bus Driver In The World

သတ်မှတ်သင့်ပါတယ်...တော်တော်ကတ်သီးကတ်သတ်ကို ကြိုးစားခဲ့ရတာပဲ။
ဒါပေမယ့် သမ္ဘာက စကားပြောတယ်ထင်ပါ့ ။ ဘိုးတော်ကြီး အေးရာအေးကြောင်း လုပ်သွားခဲ့တယ်။

မူ နဲ့ လူ

မူ နဲ့ လူ ဘယ်ဟာက အရေးကြီးလဲ? လူတွေတော်တော်များများငြင်းခုန်းနေကြတဲ့ အကြောင်းအရာလေးပါ။ ကျွန်တော့်အမြင်ကတော့ အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး အရေးကြီးတာ မတူဘူးလို့ထင်ပါတယ်။ မူကောင်းပြီး လူမကောင်းရင် မအောင်မြင်နိုင်သလို၊ လူကောင်းပြီး မူမကောင်းရင်လည်း မအောင်မြင်နိုင်ပါဘူး။ အဲဒီ ၂ ချက်ဟာ ဟန်ချက်ညီ တည်ရှိပြီး ၂ ခုလုံးအရေးပါပုံကို ကမ္ဘာ့ရာဇ၀င် ကို လေ့လာရင် သိရှိနိုင်ပါတယ်။

ဥပမာ (၁)
ပြင်သစ်ဘုရင် နပိုလီယံသည် ရုရှားနှင့် မဟာမိတ်စာချုပ်အတွက် စကားဆိုမည်ဟု ဥပါယ်တမျဉ်းသုံး ကာ ဖိတ်ခေါ်ခဲ့သည်။ ၁၈၀၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် တလ်စစ်မြို့  အနီး (Tilsit) နီမာမြစ်ကမ်းတွင် တွေ့ ဆုံ မည်ဟု ဖိတ်ခေါ်လိုက်လေသည်။ ထိုအချိန်က ရုရှားဘုရင် အလက်စန္ဒာသည် နန်းတက်နှစ် ၇ နှစ်သာ ရှိသေးသည်။ ရုပ်ရည် ချောမော လှပပြီး အတွေ့  အကြုံ နုနယ်သည့် ဘုရင်တစ်ပါးဖြစ်သည်။ ထိုဘုရင်၏ အတွေ့  အကြုံ နုနယ်မှုကို အသုံးချပြီး ရုရှားနိုင်ငံကို လက်ခံနိုင်ငံအဖြစ် ဖြစ်လာစေရန် စီမံကိန်းတစ်ခု ချမှတ်ကာ နပိုလီယံမှ ဆောင်ရွက်ခဲ့သည်။ ဇူလိုင်လ၇ ရက်နေ့တွင် ဆွေးနွေးပွဲ ကျင်းပခဲ့ ပြီး အပြီးသတ် ဆွေးနွေးရန် ဇူလိုင်လ ၉ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့သည်။ ၇ ရက်နေ့ ဆွေးနွေးပွဲကြောင့် ရုရှားဘု၇င်သည် ၉ ရက်နေ့တွင် နောက်လိုက်နောက်ပါ ၂၀ ကျော်ဖြင့် စာချုပ် ကိစ္စဆွေးနွေးရန်
ရောက်ရှိလာသည်။ အင်အားအနည်းငယ်ဖြင့် ရောက်လာသဖြင့် နပိုလီယံအတွက် အကွက်ဝင်လာတော့သည်။ ရုရှားဘုရင်ကို စစ်တပ်ဖြင့် ၀ိုင်းကာ လက်နက်ချပြီး လက်အောက်ခံအဖြစ် စာချုပ်ချုပ်ရန် ပြောဆိုတော့သည်။ ထိုအခါမှ ရုရှားဘုရင်သည် နပိုလီယံ၏ လှည့်ကွက်ကို သိလိုက်ရသည်။ အလွန်စေ့စပ် သေချာပြီး အလွန်းကောင်းမွန်းသည့် စီမံကိန်းဖြင့် ထောင်ချောက်ဆင်လိုက်ချင်းဖြစ်သည်။ နပိုလီယံလို ဥရောပတိုက်တစ်ခုလုံး ဖိန့်ဖိန့်တုန်အောင် ပြုလုပ်နိုင်တဲ့ လူတော်နဲ့ အလွန်သေသပ်ပိရိ
ကောင်းမွန်တဲ့ မူ ၂ ခုပေါင်းပြီး ရုရှားဘုရင်ကို ထောင်ချောက် ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကဲ ... သင်လည်း ရုရှားဘုရင်လို နောက်လိုက်နောက်ပါ လူ၂၀ လောက်နဲ့ ရန်သူ အင်အား ၃ သိန်းကျော်
ဝိုင်းထားခံရရင် ဘယ်လိုလုပ်မလည်း? အဲဒီအချိန်မှာ ဖေါက်ထွက်ဖို့ ဗျူဟာ ရေးဆွဲမှာလား? အညံခံမှာလား? အသေခံပြန်တိုက်မှာလား? အဲဒီအချိန်မှာ ... မူ က အရေးကြီးတာလား? လူ က အရေးကြီးတာလား?

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ?

Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်
ကျန်းမာရေးအတွက်ပါကောင်းမွန်ပါတယ်။
Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့်
အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

သက်တန့်ရဲ့ အစွန်းတစ်ဘက်

ဒါကတော့ Jason Erdkamp ဆိုသူက ကားမောင်းနေရင် သက်တန့်ရဲ့ အစွန်းတစ်ဘက်ကို တွေ့လို့ iPhoneနဲ့မှတ်တမ်းတင်ခဲ့တာလို့ဆိုပါတယ်။  ကာလီဖိုးနီးယား ပြည်နယ်၊ အော်ရိန့် ကောင်တီက အဝေးပြေးလမ်းမကြီးနံပါတ်၂၄၁ကနေကားနဲ့ဖြတ်သွားတုန်း
တွေ့လို့၂၀၀၉ခုနှစ်ကရိုက်ယူထားတယ်လိုကဆိုပါတယ်။  


@ ကိုအောင်ထွဋ်

LED မီးသီးပေါင်း ၂၄၀၀၀ အလှဆင်ထားတဲ့ အမျိုးသမီး ဝတ်စုံ

ခုနစ်ဆောင်တိုက်ခန်းမီးမထွန်းဘဲ လင်းမဲ့ ပပဝဒီ လိုတော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီဝတ်စုံကတော့ မီးအလင်းပေးနိုင်တာကြိမ်းသေပါတယ်။ ဒီဝတ်စုံကို သေးငယ်တဲ့ LED မီးလုံးပေါင်း ၂၄ဝဝဝ နဲ့ အလှဆင်ထားတာဖြစ်ပါတယ်။ ထို ဂလက်ဆီ
ဝတ်စုံကတော့ အကြီးဆုံး ဝတ်လို့ရတဲ့ ဝတ်စုံတစ်ခုဖြစ်ပြီး လန်ဒန်အခြေစိုက် CuteCircuit လို့အမည်ရတဲ့ဖက်ရှင်ကုမ္ပဏီတစ်ခုမှ ဒီဇိုင်နာ ဖရန်စစ်စကာရိုစဲလာ နှင့် ရိုင်ရယ်ဂျဲဇ် တို့ တီထွင်ခဲ့တာဘဲဖြစ်ပါတယ်။ မီးလင်းဖို့အတွက် iPod ဘထ္ထရီတစ်လုံးကို အသုံးပြုထားပြီး မိနစ်သုံးဆယ်ကျော် အသုံးပြုပြီးရင်တော့ ပြန်လည်အားသွင်းရမှာဖြစ်ပါတယ်။

Wednesday 26 October 2011

ဟင်းသီးဟင်းရွက် အင်္ကျီ

လူတွေများ ကြံကြံဖန်ဖန် လုပ်ကိုးးးလုပ်တတ်ကြတယ်။
လာပြန်ပြီ ဟင်းသီးဟင်းရွက်နဲ့လုပ်ထားတဲ့ အင်္ကျီတဲ့ ။ သူများတွေထမင်းစားနေတုန်းတော့  ဝတ်မသွားမိစေနဲ့ပေါ့ ။ တော်ကြာ တို့စရာတွေမရှိလို့ ဆွဲစားမှ ဟုတ်ပေ့ဖြစ်နေလိမ့်မယ် :D




Friends Will Be Friends

Another red letter day,
So the pound has dropped and the children are creating,
The other half ran away,
Taking all the cash and leaving you with the lumber,
Got a pain in the chest,
Doctors on strike what you need is a rest

It's not easy love, but you've got friends you can trust,
Friends will be friends,
When you're in need of love they give you care and attention,
Friends will be friends,
When you're through with life and all hope is lost,
Hold out your hand cos friends will be friends right till the end

Now it's a beautiful day,
The postman delivered a letter from your lover,
Only a phone call away,
You tried to track him down but somebody stole his number,
As a matter of fact,
You're getting used to life without him in your way

It's so easy now, cos you got friends you can trust,
Friends will be friends,
When you're in need of love they give you care and attention,
Friends will be friends,
When you're through with life and all hope is lost,
Hold out your hand cos friends will be friends (right till the end)

နာဆာအဖွဲ့ကြီး၏ အန္တရာယ်အများဆုံး အကာသခရီးစဉ်

NASA အဖွဲ့သည် သမိုင်းတလျှောက် အန္တရာယ်အများဆုံး Mission အဖြစ် သတ်မှတ်ရမည့် အာကာသလွန်းပျံယာဉ် လွှတ်တင်မှုအဖြစ်မေလ(၁၁)ရက်နေ့က အကာသလွန်းပျံယာဉ် 
အတ္တလန္တစ်(Atlantis)ကို လွှတ်တင်လိုက်ပြီဖြစ်ကြောင်း
ကြေညာခဲ့သည်။ လွန်းပျံယာဉ်တွင် နက္ခတ်ဗေဒပညာရှင် (၇)ဦး လိုက်ပါသွားပြီး Hubble အာကာသ မှန်ပြောင်းကြီးကို
ပြန်လည်ပြင်ဆင်ရန် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခု Mission ကို အမေရိကန် ရေတပ်တိုက်လေယာဉ်မှူးဟောင်း စကော့တ်အော့တ်မန်က ဦးဆောင်သွားမည်ဖြစ်သည်။
အတ္တလန္တစ်အာကာသလွန်းပျံယာဉ်လွှတ်တင်စဉ်
အသက်(၄၉)နှစ်ရှိ အော့တ်မန်သည် Top Gun ဇာတ်ကားတွင် မင်းသားတွမ်ခရုစ်အတွက် လူစားထိုး လေယာဉ်မောင်းပေးဖူးသည့် နာမည်ကျော် လေသူရဲတစ်ဦးဖြစ်ပြီး ယခုအခါတွင် ကမ္ဘာမြေအထက်မိုင်(၃၅၀)အကွာရှိမှန်ပြောင်းကြီး ပြင်ဆင်ရေးလုပ်ငန်းတွင် ခေါင်းဆောင်ရတော့မည်ဖြစ်သည်။
ဒေါ်လာ(၇)ဘီလျံ ကုန်ကျသည့် အဆိုပါစီမံကိန်းကြီးအတွက် NASA အနေနှင့် ဒေါ်လာ(၁.၄)ဘီလျံ ထည့်ဝင်ခဲ့ပြီး Hubble မှန်ပြောင်းကြီးအား ပဉ္စမနှင့် နောက်ဆုံးအကြိမ်အဖြစ် ပြုပြင်ခြင်းလည်းဖြစ်ကြောင်း သိရသည်။

အမျိုး​သမီး​ သုံး​ဦး​ နိုဘယ်လ်ဆုချီး​မြှင့်​ခံရ

၂၀၁၁ ခုနှစ်အတွက် ငြိမ်း​ချမ်း​ရေး​နိုဘယ်လ်ဆုကို လိုက်​ဘေး​ရီး​ယား​နိုင်ငံက အမျိုး​သမီး​နှစ်ဦး​ နဲ့​ယီမင်နိုင်ငံက အမျိုး​သမီး​ တဦး​ကို ​နော်​ဝေ နိုဘယ်လ်ဆု ​ရွေး​ချယ်​ရေး​ကော်မတီက ပူး​တွဲ ​ရွေး​ချယ်ဆုချီး​မြှင့်​လိုက်ပါတယ်။
(အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်၊ တာဝါကူးခါမန်း၊ လေးမန်ဘိုဗင်း-ဝဲမှယာ) (ဓာတ်ပုံ ရိုက်တာ) 
နော် ​ဝေနိုင်ငံ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက လိုက်​ဘေး​ရီး​ယား​ အမျိုး​သမီး​သမ္မတ အလ်လန်ဂျွန်ဆင် ဆာလစ်ဖ် Ellen Johnson-Sirleaf နဲ့​ တနိုင်ငံတည်း​သား​ ပြည်တွင်း​စစ်ရပ်စဲ​ရေး​စည်း​ရုံး​လှုပ်ရှား​သူ Leymah Gbowee ​လေး​မန်ဘိုဗင်း​ နဲ့​ ယီမင်နိုင်ငံက အမျိုး​သမီး​အခွင့်​အ​ရေး​နဲ့​ ဒီမိုက​ရေစီ​ရေး​ တက်ကြွလှုပ်ရှား​သူ တာဝါကူး​ခါမန်း​ Tawakkul Karman တို့​ကို ညီတူမျှတူ ခွဲ​ဝေ ​ပေး​အပ်လိုက်တဲ့​အ​ကြောင်း​ ဒီက​နေ့​ ထုတ်ပြန်​ကြေညာသွား​ခဲ့​ပါတယ်။

အမျိုး​သမီး​ သုံး​ဦး​ဟာ အမျိုး​သမီး​တွေဘဝ ​ဘေး​ကင်း​လုံခြုံရေး​နဲ့​ ငြိမ်း​ချမ်း​ရေး​တည်​ဆောက်တဲ့​နေရာမှာ အမျိုး​သမီး​တွေ အခွင့်​အ​ရေး​အပြည့်​အဝနဲ့​ ပါဝင်နိုင်​ရေး​အတွက် အကြမ်း​မဖက်တဲ့​လှုပ်ရှား​မှု ​ဆောင်ရွက်ချက်ကို ဂုဏ်ပြုချီး​မြှင့်​တယ်လို့​ နိုဘယ်လ်ဆု​ရွေး​ချယ်​ရေး​ကော်မတီက ​ပြောပါတယ်။

ဒါ့​အပြင် လူ့​အဖွဲ့​အစည်း​ အဆင့်​ဆင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် ပါဝင်​ဆောင်ရွက်ခွင့်​မှာ အမျိုး​သမီး​တွေဟာ အမျိုး​သား​တွေနဲ့​ တန်း​တူအခွင့်​အ​ရေး​ မရဘူး​ဆိုရင်​တော့​ ဒီမိုက​ရေစီနဲ့​ ​ရေရှည်ငြိမ်း​ချမ်း​ရေး​ကို ရရှိမှာ မဟုတ်ပါဘူး​လို့​ လည်း​ ဆိုပါတယ်။

ခုလို အမျိုး​သမီး​တွေကို နိုဘယ်လ်ဆု ​ရွေး​ချယ်​ပေး​အပ်လိုက်တာဟာ ကမ္ဘာတဝန်း​က အမျိုး​သမီး​တွေကို အထူး​သဖြင့်​ ဖွံ့​ဖြိုး​ဆဲနိုင်ငံ​တွေက အမျိုး​သမီး​တွေကို အား​တက်​စေမှာဖြစ်ပါတယ်။

သံမဏိ အမျိုး​သမီး​ကြီး​လို့​လူသိများ​တဲ့​ အသက် ၇၀ အရွယ် အလ်လန်ဂျွန်ဆင် ဆာလစ်ဖ်ဟာ အာဖရိကရဲ့​ပထမဆုံး​ အမျိုး​သမီး​သမ္မတဖြစ်ပြီး​ လာမယ့်​သီတင်း​ပတ်မှာ ကျင်း​ပမယ့်​ သမ္မတ ​ရွေး​ကောက်ပွဲမှာ
ပြန်လည်အ​ရွေး​ခံဖို့​ပြင်ဆင်မှု​တွေပြုလုပ်​နေသူ ဖြစ်ပါတယ်။

အယ်လန်ဂျွန်ဆင်ဆာလစ်အ​နေနဲ့​ နိုဘယ်လ်ဆုကရရှိမယ့်​ ဆု​ကြေး​အ​မေရိကန်​ဒေါ်လာ ၁ သန်း​ခွဲကို ဆုရသူ ၃ ဦး​နဲ့​အတူ ညီတူမျှတူ ခွဲ​ဝေယူရမှာဖြစ်ပါတယ်

Superman နှင့်ဆင်တူ​အောင် မျက်နှာခွဲစိတ်မှုခံယူသည့်​ ဖိလစ်ပိုင်နိုင်ငံသား

ဖိလစ်ပိုင် နိုင်ငံမှ အမျိုး​သား​ တစ်ဦး​သည် ၎င်း​၏ မျက်နှာကို ငယ်ဘဝကတည်း​က ရူး​သွပ်စွဲလန်း​ခဲ့​သည့်​ Superman နှင့်​ ဆင်တူ​အောင် ခွဲစိတ်ကုသမှု ခံယူခဲ့​​ကြောင်း​ သိရှိရသည်။
အသက် ၃၅ နှစ်ရှိ ဟား​ဘတ် ချား​ဗက်သည် သိပ္ပံလူစွမ်း​​ကောင်း​ ဇာတ်​ကောင် Superman အား​ အလွန်နှစ်သက်သူဖြစ်ပြီး​ ၎င်း​၏ အခန်း​ထဲတွင် Superman နှင့်​ ပတ်သက်​သော အသုံး​အ​ဆောင် ပစ္စည်း​များ​စွာကို အမှတ်တရ စု​ဆောင်း​ထား​ခဲ့​သည်။ အလှမယ်ပြိုင်ပွဲများ​အတွက် ​လေ့​ကျင့်​​ရေး​မှူး​ တာဝန်ကို ယူထား​သည့်​ ချား​ဗက်သည် Superman နှင့်​ တူညီလို​သော ဆန္ဒ ဖြစ်​ပေါ်လာပြီး​​နောက် မျက်နှာနှင့်​ ခန္ဓာကိုယ်ကို ၆ နှစ်အချိန်ယူ ပြုပြင်ခဲ့​ခြင်း​ဖြစ်သည်။ ၎င်း​သည် ခန္ဓာကိုယ် အချိုး​အဆက်အတွက် ကြိုး​စား​ ​လေ့​ကျင့်​နိုင်ခဲ့​​သော်လည်း​ မျက်နှာအတွက်မူ ခွဲစိတ်မှုပါ ခံယူခဲ့​ရခြင်း​ဖြစ်သည်။ ချား​ဗက်သည် ၁၉၉၈ ခုနှစ်က ပထမဆုံး​အကြိမ် ခွဲစိတ်မှု ခံယူပြီး​​နောက် နှာ​ခေါင်း​၊ ​မေး​ရိုး​၊ နှုတ်ခမ်း​ စသည်တို့​ကို တစ်ဆင့်​ချင်း​ဆီ လုပ်​ဆောင်ခဲ့​ရသည်။

Monday 24 October 2011

အလျှော်အစား နဲ့ မိတ်လိုက်တဲ့ပင့်ကူ (Black widow spider)

Black Widow ပင့်ကူဟာ သေးငယ်တဲ့ ပိုးမွှားအုပ်စုထဲမှာပါဝင်တဲ့ သတ္တဝါတစ်ကောင်ဖြစ်ပါတယ်။ ထိုပင့်ကူမှာ ကျောရိုးမရှိပါဘူး။ ဘာကြောင့် Black Widow (မုဆိုးမနက်) လို့ခေါ်ရသလဲဆိုတာကတော့ ထိုပင့်ကူမျိုးမှ အမတွေဟာ အထီးတွေကို သူတို့နဲ့ မိတ်လိုက်
ပြီးသွားပြီဆိုရင် ကိုက်ဖြတ်စားသောက်လိုက်ကြလို့ဘဲ ဖြစ်ပါတယ်။

ရွှေဖြစ်အောင် ဖိုအထိုးကောင်းလို့ ထောင်ကျသွားတဲ့လူ

ပြဒါးသေ တစ်ဆွေဝ၊ သံသေ တစ်ပြည်ဝဆိုတဲ့ စကားပုံလေးကိုလည်းကြားဖူးကြမှာပါ။ ပုဂံပြည်ကြီးမှာ အရှင် ရှင်အဇ္ဇဂေါဏ က ပြဒါးဓာတ်လုံးထိုးတာ မအောင်လို့ စိတ်ပျက်ပြီး နောက်ဆုံး ချေးတွင်းထဲကို ပစ်ချလိုက်တော့မှ ဓာတ်အောင်ကာ ဓာတ်လုံးနဲ့တို့သမျှ ရွှေဖြစ်ပြီး ပုဂံပြည်ကြီးမှာ မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဆိုတဲ့ ပုံပြင်ဆန်ဆန် လေးတွေကိုလည်း ကြားဖူးမှာပါ။
ခုတော့ အိုင်ယာလန်နိုင်ငံက အသက် ၃၀ အရွယ်ရှိ ပေါလ်မော်ရန် ဆိုတဲ့ လူကတော့ သဋ္ဌေးဖြစ်မြန်အောင် သူ့ရဲ့ အီအီး(မစင်)တွေကို ရွှေဖြစ်အောင် ဖိုထိုးပါသတဲ့။ ဒါပေမယ့် သူ့ရဲ့ ရွှေရောင်အိပ်မက်ကြီးကတော့ အခု ပြိုကျပျက်စီးခဲ့ရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အခန်းမှာ သူ့ရဲ့ အီးတွေကို လျှပ်စစ်မီးဖိုကြီးနဲ့ ရွှေဖြစ်အောင်ထိုးနေတုန်း မီးထလောင်လို့ပါတဲ့။ အဲ့ဒီအတွက် သူ့အခန်းဟာ ဒေါ်လာ ၄၈၀၀ ဖိုးလောက် ပျက်စီးသွားခဲ့ရသလို အခြားသော လူတွေအတွက်လည်း အန္တရာယ်ရှိတဲ့အတွက် သူ့ကို တရားရုံးက ထောင်ဒဏ် ၃ လ ကျခံစေခဲ့ပါတယ်။ ဒီ အပြစ်အပြင် ၁ နှစ်အထိ သူ့ကို စောင့်ကြည်နေဦးမယ်လို့ဆိုပါတယ်။

Chit San Maung at the ICM Office

တန်ဘိုး (လေးဖြူ)

အချစ်တွေမရပ်နိုင်ဘူး (မျိုးကြီး)

ဟာသမှတ်စု (၄)

အတိုဆုံးဝတ္တုတိုပြိုင်ပွဲ

ဌာနတွင်း ၀တ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုတို တွင် ဤ အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။
- ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။
- တော်ဝင်ဆန်ရမည် ။
- လိင် သဘောသဘာဝ ပါရှိရမည်
- လျို့ဝှက်ဆန်းကြယ်ရမည် ။
ဆုရသွားသော ၀တ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။
*“ဆုရသွားသောဝတ္တုတို”
“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။

ပေါ်တင်လိမ်
၉/၁၁ ဝေါ်ထရိတ်စင်တာ အကြမ်းဖက်မှု့နဲ့ပါတ်သတ်ပြီးတော့ ပထမဆုံး ကွာရှင်းဖြစ်တဲ့ စုံတွဲအကြောင်းက ဒီလိုပါတဲ့။  ယောက်ျားဖြစ်သူဟာ WTC ကြီးရဲ့ ၁၀၃ထပ်မှာ အလုပ်လုပ်နေတာ။ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ဒီသကောင့်သားဟာ ရုံးမတက်ဘဲနဲ့ သူ့ဇယားကလေးရဲ့ အခန်းထဲမှာ နှပ်နေပါသတဲ့။  ကံဆိုးချင်တော့ ဒီသကောင့်သားဟာ TV လဲမကြည့် ဖုန်းလဲ ပိတ်ထားလေသတဲ့။ 
          ဒီလိုနဲ့ မနက် ၁၁နာရီလောက်ကျတော့ ဖုန်းကို ကောက်ဖွင့်လိုက်ချိန်မှာဘဲ သူ့ ချစ်မယားလေးဆီက ဖုန်းက၀င်လာပါလေရော။
          ဇနီး “ရှင့် အခြေအနေဘယ်လိုလဲ၊ အခုရှင် ဘယ်မှလဲ” လို့ စိုးရိမ်တစ်ကြီးမေးသံကို ကြားလိုက်ရပါသတဲ့။
          အဲ့ဒီအချိန်မှာ ကံဆိုးသူမောင်ရှင်ပြန်ဖြေလိုက်ပုံက “ချစ်ရယ် မင်းဘာတွေပြောနေတာလဲ၊ ကိုရုံးမှာပေါ့ ချစ်ရဲ့” တဲ့။

ပိုချစ်အောင်လို့
အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတယ်… အမြဲတမ်းသူ့ကိုဦးစားပေးတယ်…သူက
သားဦးကို… နောက်တော့ သူလည်းညီလေးတစ်ယောက် ထပ်ရလာပါရော.. အဲဒီအချိန်က
စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တရယ်… တနေ့ညမှာ
သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတယ်… ညကျတော့
ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်း သူ့အမေရဲ့ နို့ကို
သွားပက်ထားလိုက်တယ်… အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင်
သေသွားရောဗျာ.

သတင်းခေါင်းစဉ်

၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါကလေကောင်းလေသန့်ရနိုင်၊ !!!!!!!!!!!!!

လူမှားတာ တဲ့

လူငယ်တစ်ယောက်ပိုက်ဆံပြတ်သဖြင့်ရုပ်ဖျက်ပြီးတောင်းစားရန်ဆုံးဖြတ်လိုက်သည်။
ဟောင်းနွမ်းစုတ်ပြတ်သောအ၀တ်အစားကိုဝတ်ပြီးကုန်းကျော်တံတားသို့ သွားသည်။ အားလုံးမြင်သာသည့်နေရာတွင်ထိုင်ချလိုက်သည်။
ထို့ နောက်ဦးထုပ်ကိုပက်လက်အနေအထားဖြင့်မိမိရှေ့ တွင်ချကာစတောင်းရန်ပြင်သည်။
ထိုအချိန်တွင်ခပ်လှမ်းလှမ်းမှအမျိုးသမီးငယ်တစ်ယောက်လျှောက်လာသည်ကိုမြင်ရသည်။ ဈေးဦးပေါက်တော့မည်ဟုတွေးကာအားတက်သွားသည်။
သို့သော်အနားရောက်လာတော့မှမိမိချစ်သူမှန်း သိကာခြေဖျားလက်ဖျားတွေအေးစက်သွားသည်။ ထပြေးချင်သည်။အချိန်မရှိတော့…
အမျိုးသမီးသည်လူငယ်ရှေ့တွင်လာရပ်ပြီးသူ့မျက်နှာကိုသေသေချာချာစိုက်ကြည့်သည်။
ထို့ နောက်အံ့သြသံဖြင့်ပြောသည်။
…..ရှင့်ကိုကြည့်ရတာကျွန်မရဲ့ အမျိုးသားနဲ့ အရမ်းတူတာပဲ..တူတာမှချွတ်စွတ်ပါပဲရှင်…. Wo
အသံကိုထိန်းပြီးလူငယ်ပြန်ပြောသည်..
…..ခင်ဗျားလူမှားလို့ ဖြစ်ပါလိမ့်မယ်….
…..ဖြစ်နိုင်ပါတယ်..ဒါပေမယ့်သေချာအောင်သူ့ အိမ်မှာရှိမရှိသွားကြည့်လိုက်ပါဦးမယ်….
အမျိုးသမီးထွက်သွားသည်နှင့်လူငယ်သည်အရင်ဦးအောင်အိမ်သို့ ပြေးသည်။ ရောက်ရောက်ချင်းကမန်းကတမ်းရေချိုးပြီးအ၀တ်အစားလဲသည်။
မကြာမီအမျိုးသမီးရောက်လာသည်။
လူငယ်ကိုတွေ့ သောအခါသံသယရှိသေးသောအသံဖြင့်ပြောသည်။
…..ရှင်နဲ့ အင်မတန်တူတဲ့သူတောင်းစားတစ်ယောက်ကိုကုန်းတံတားမှာ ကျွန်မခုပဲတွေ့ ခဲ့တယ်ရှင့်…..
……ခင်ဗျားလူမှားတာပါလို့ မင်းကိုကိုယ်ပြောပြီးပြီပဲ…..

သတင်းကောင်း
          မိန်းမဖြစ်သူ အလုပ်က ပြန်လာတော့ စောပြီးပြန်ရောက်နေတဲ့ သူယောင်္ကျားကို လှမ်းပြောလိုက်တယ်…
“မောင်ရေ…  ရှင့်ကို သတင်းကောင်းတစ်ခုပြောစရာရှိတယ်။  ဒီနေ့ကစပြီး ကျွန်မတို့ အိမ်လေးမှာ ကျွန်မတို့ နှစ်ယောက်ထဲမဟုတ်တော့ဘူး။  မကြာခင်မှာ ၃ ယောက်ဖြစ်လာတော့မယ်။ သိလား”
“ချစ်ရယ် တကယ်ဘဲလားကွာ” ယောင်္ကျားဖြစ်သူဟာ သူမိန်းမကို ရွှန်းရွှန်းစားစားကြည့်ပြီးတော့ ကြည်နူးစွာနဲ့ အနမ်းလေး ပေးလိုက်ပါတယ်။
“ဟုတ်တယ်မောင်ရဲ့ မနက်ဖြန်ကျရင် မေမေက ကျွန်မတို့ အိမ်ကို အပြီး ပြောင်းလာတော့မှာ”

မေမေစားပစ်လိုက်ပြီ 
          တော်မီလေးဟာ သူငယ်တန်းက သူ့ဆရာမကို မကြာခဏ ကြွားလေ့ရှိပါတဲ့။  ဆရာမ ကျွန်တော်မှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ့်တယ်။
          ဒီလိုနဲ့ နောက်ထပ် ၄လလောက်ကြာလာတော့ တော်မီ မေမေက တော်မီကို သူ့ရဲ့ ညီတော်မောင်ကလေး ဗိုက်ထဲမှာ လှုပ်နေတာကို ခေါ်ပြီး ပြပါသတဲ့။  အဲ့ဒီ အချိန်ကစပြီးတော့ တော်မီဟာ သူ့ ဆရာမကို ဘယ်တော့မှ ညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်လို့ မကြွားတော့ဘူးတဲ့။
          ဒါနဲ့ဘဲ ဆရာမက နောက်ဆုံးတော့ တော်မီလေးဆီလာပြီတော့ “တော်မီ၊ မင်းပြောတော့ မင်းမှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ်ဆို၊ အခုရော ရပြီလား ဘယ်လိုလဲ”
          အဲ့ဒီမှာတင် တော်မီလေးက ရှိုက်ကြီး တငင်ငင်ကို ငိုယိုပြီးတော့ ဆရာမကို ပြောပါသတဲ့
          “ဆရာမ ကျွန်တော်ထင်တာကတော့ မေမေ ညီလေး ကို စားပစ်လိုက်ပြီ”

အချိန်တိုအတွင်း အောင်မြင်နည်း
အဖေ : “ငါ့သား မင်းကို အဖေ့စိတ်တိုင်းကျ ကောင်မလေးနဲ့ အိမ်ထောင်ချပေးချင်တယ်ကွယ်”
သား : “အဖေ ဒါတော့ မဖြစ်နိုင်ဘူး၊ သားစိတ်တိုင်းကျ မိန်းကလေးကိုဘဲ အိမ်ထောင်ပြုချင်တယ်”
အဖေ : “ငါ့သား ဒါပေမယ့် ငါ့သားနဲ့ အိမ်ထောင်ချထားပေးချင်တာက ဘီလ်ဂိတ်ရဲ့ သမီးနဲ့ သားရဲ့”
သား : “သြော်… ဒါဆိုရင်တော့ အိုကေ အဖေ”
နောက်တစ်နေ့ ဖခင်ဖြစ်သူက ဘီလ်ဂိတ်ထံသို့ သွားသည်
ဖခင်ဖြစ်သူ : “ဘီလ်ဂိတ်ရေ ငါမင်းသမီး သင့်တော်မယ့် သားမက်တစ်ယောက်ကို တွေ့ထားတယ်ကွ”
ဘီလ်ဂိတ် : “ဒါပေမယ့် ကျွန်တော့် သမီးက ငယ်သေးတယ်ဗျ၊ လက်ထပ်ဖို့ စောလွန်းအားကြီးမနေဘူးလား”
ဖခင်ဖြစ်သူ : “စဉ်းစားပါဦးဗျာ ဒီသူငယ်လေးက ကမ္ဘာ့ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဗျ”
ဘီလ်ဂိတ် : “သြော်.. ဒါဆိုရင်တော့ အိုကေ”

နောက်ဆုံးမှာတော့ ဖခင်ဖြစ်သူဟာ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌဆီကိုသွားသတဲ့
ဖခင်ဖြစ်သူ : “ကျွန်တော် ခင်ဗျားတို့ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌရာထူး အတွက် တော်တော့်ကိုသင့်တော်မယ့် လူငယ်လေးတွေ့ထားသဗျ”
ဥက္ကဋ္ဌ : “ကျွန်တော့်ဆီမှာ ဒုဥကဋ္ဌတွေများ ရိုက်သတ်လို့တောင်မကုန်ဘူး၊  နောက်ထပ်မလိုချင်ပါဘူးဗျာ”
ဖခင်ဖြစ်သူ : “ဒါပေမယ့် ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သမက်ခင်ဗျ”
ဥက္ကဋ္ဌ : “သြော်… ဒါဆိုရင်တော့ အိုကေ”


ဖောက်ပြန်တဲ့ယောက်ကျား နှင့် သ၀န်တိုတဲ့မိန်းမ

အချိန်ပိုဆင်းရတဲ့အတွက်..ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...ဇနီးဖြစ်သူဟာ အိပ်ခန်းတံခါးကို ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ်

သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က စောင်အောက်မှာ ခြေထောက်တွေဟာ (၂)ချောင်းဖြစ်နေရမယ့်အစား
(၄)ချောင်းတိတိဖြစ်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့
သေချင်းဆိုးကြီး
ဖောက်ပြန်တဲ့ယောက်ကျား
သစ္စာမရှိတဲ့အကောင်....
.....................................    စတဲ့အတွေးတွေနဲ့အတူ
အနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကိုဆွဲယူလိုက်ပြီး
စောင်ပေါ်ကို ရှိသမျှအားအကုန်သုံးပြီး ဆက်တိုက်ဆိုသလို..ရိုက်ပြီးရင်းရိုက်ပါလေရော
စိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့အခါမှာတော့.....
ယောက်ကျားဖြစ်သူရဲ့မျက်နှာရော..ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့အတွက်
မီးဖိုချောင်အခန်းထဲကို ရေသောက်ဖို့အတွက် ၀င်လိုက်တဲ့အခါမှာတော့...
မဂ္ဂဇင်းတစ်စောင်ကိုဖတ်နေတဲ့ယောက်ကျားဖြစ်သူကို တွေ့လိုက်ရပါတယ်...
ဟေး...မိန်းမ...ပြန်လာပြီလားကွ
မင်းမိဘတွေ..ငါတို့ဆီကိုလာလည်တယ်ကွ...
အဲ့ဒါကြောင့်...ငါတို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်...
သွားနှုတ်ဆက်လိုက်ပါအုံး......

Sunday 23 October 2011

အမွှာညီအမ နှစ်ယောက်ကို တစ်ပြိုင်ထဲလက်ထပ်တဲ့ ထိုင်းနိုင်ငံမှ သတို့သား


ထိုင်းနိုင်ငံ Samut Songkram ပြည်နယ်မှာနေထိုင်တဲ့ Mr. Wichai Tao လို့ ခေါ်တဲ့ အသက် ၂၄နှစ်ရှိ လူငယ်ကလေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့မှာ Ms. Sirintara နှင့် Ms. Thipawan လို့ခေါ်တဲ့ အသက်၂၂ ရှိ အမွှာညီအမ နှစ်ယောက်ကို တစ်ပြိုင်ထဲ လက်ထပ်ခဲ့ပါတယ်။
ထိုလူငယ်လေးကတော့ သူဟာ ထို အမွှာညီအမနှစ်ယောက်စလုံးကို တူညီတဲ့ အချစ်နဲ့ ချစ်ခဲ့တာပါလို့ ဆိုပါတယ်။ ဒါ့အပြင် ထို အမွှာနှစ်ယောက်နဲ့ပတ်သတ်တဲ့ အိမ်ထောင်မှု့တာဝန်တွေ ထမ်းဆောင်ရာမှာလဲ ဘာအခက်အခဲမှ မရှိဘူးလို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုပါသေးတယ်။
ဝီချိုင်းလို့ခေါ်တဲ့ အဆိုပါလူငယ်ဟာ ထိုညီအမ နှစ်ယောက်ကို ရွှေ ၈ကျပ်သား၊ ဘတ် ၈သောင်းနဲ့ တင်တောင်းခဲ့တာဖြစ်ပြီး မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့အတူ မင်္ဂလာပွဲကို ပျော်ရွင်စွာ ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။ ၀ီချိုင်းက သူ့နယ်တွင်းရှိ ထိုင်း သတင်းစာတစ်စောင်ကို ပြောခဲ့ရာမှာတော့ သူဟာ ဟိုး ငယ်ငယ်ကလေးဘ၀ထဲက အဆိုပါ ညီအမနဲ့ အိမ်နီးချင်းဖြစ်ခဲ့ပြီး ခင်မင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့သူဟာထိုညီအမထဲမှ ဘယ်တစ်ယောက်ကိုရွေးချယ်ရမယ်မှန်း
မဆုံးဖြတ်နိုင်တော့ဘဲနှစ်ယောက်စလုံးကိုချစ်ခွင့်ပန်ခဲ့တယ်လို့ဆိုပါတယ်။ ညီအမနှစ်ယောက်စလုံးကလဲ အဲ့ဒီအချိန်မှာ သူတို့ရဲ့ အချစ်ပန်းကို ထို ကိုဝီချိုင်းကို ပေးပို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မင်္ဂလာပွဲပြီးတော့ပျော်ရွှင်နေတဲ့ဝီချိုင်းရဲ့မိခင်ဟာသူ့သားအတွက်မင်္ဂလာခန်း၂ ခန်းပြင်ပေးမယ်လို့
ဆိုပါတယ်။ဝီချိုင်းကတော့သူ့ခွဲတမ်းချပုံကိုအောက်ပါအတိုင်း သတင်းစာကိုပြောခဲ့ပါတယ်။
တနင်္လာနေ့ကနေဗုဒ္ဓဟူးနေ့အထိကိုMs.Thipawanရဲ့အခန်းမှာ သူအိပ်မှာဖြစ်ပြီးကြာသာပတေးနေ့
ကနေစနေနေ့အထိကိုတော့Ms.Sirintaraရဲ့ အခန်းမှာနေမှာဖြစ်ပါတယ်တဲ့။တနင်္ဂနွေနေ့မှာတော့
ဖဲမွေ့ယာပေါ်မှာမောင်မယ်၃ယောက် တူတူအိပ်ကြမယ်လို့ ပြောနေပါတယ်။
သြော်….အရင်တုန်းကတော့နှစ်ကိုယ်တူတဲအိုပျက်မှာနေရနေရဆိုတဲ့သီချင်းကိုပြောင်းပြီး ဆိုရမလိုလိုဖြစ်နေပါပြီ။
မူရင်း link ကတော့ : http://mabination.com/threads/531-Thai-Man-Gets-Away-With-Marrying-Twin-Sisters ဒီမှာပါ။
အင်း....ဘယ်လိုပြောရမှန်းကို မသိတော့ဘူးကွယ် :D

သဘောင်္များ၏ Fi-Fi အကြောင်း တစ်စေ့တစ်စောင်း

Fi-Fi (Fire Fighting) ဆိုတာ သင်္ဘောများပေါ်မှ တပ်ဆင်လေ့ရှိတဲ့ မီးသတ် စနစ်တစ်ခုပါ။  အချို့နိုင်ငံများမှာ မီးသတ်ကားဆိုတာရှိသလို မီးသတ်သင်္ဘောများလည်း ထားရှိပါတယ်။  FIFI ကိုတော့ မီးသတ်သင်္ဘောများ (Fire Boats)၊ တွန်းသင်္ဘော (Tugs)များ၊  AHT (Anchor Handling Tugs)များ၊ OSV(Offshore supply veseel) များမှာ အဓိက တပ်ဆင်လေ့ရှိပါတယ်။
          သင်္ဘောများမှာ တပ်ဆင်တဲ့အခါ သက်ဆိုင်ရာ သင်္ဘောရဲ့ Classification Society ကိုမူတည်ပြီး Fi-Fi စနစ်တွေ့ရဲ့ လိုက်နာရမည့် လိုအပ်ချက်တွေရှိပါတယ်။  အဓိကအားဖြင့်စဉ်းစားကမှာကတော့

  • သက်ဆိုင်ရာသင်္ဘောရဲ့ မီးသတ်နိုင်မှု့ စွမ်းဆောင်ရည်
  • သင်္ဘောရဲ့ Stability နှင့် မီးသတ်နေစဉ်အတွင်းမှာ သင်္ဘောကို ထိန်းကျောင်းနိုင်မှု့
  • မီးသတ်နေတဲ့ သင်္ဘောကိုယ်တိုင် မီးမလောင်နိုင်စေရန် ကာကွယ်နိုင်မှု့ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ Fi-Fi ရဲ့ အမျိုးအစားတွေဟာ Classifcation Societies များရဲ့ လိုအပ်ချပ်ပေါ်မူတည်ပြီးတော့ ကွဲပြားသွားပါတယ်။

Friday 21 October 2011

အမှိုက်ကားထဲ ရောက်သွားသည့် တီဗက်ဇ် အင်္ကျီများ

ကားလို့စ် တီဗက်ဇ် တစ်ယောက် မန်ချက်စတာ မြို့တွင် လူမုန်း အများဆုံး ပုဂ္ဂိုလ် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြောင်း သတင်းများက ဆိုသည်။
၎င်းအား မနှစ်မြို့ကြောင်း ပြသသည့် အနေနှင့် မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး ပရိသတ်များသည် တီဗက်ဇ် အမည်ပါ ဂျာစီများကို စုပေါင်းကာ အမှိုက် စွန့်သကဲ့သို့ လွှင့်ပစ်ခဲ့ကြသည်။ တနင်္ဂနွေ နေ့တွင် ကစားမည့် ဒါဘီ ပွဲစဉ် မတိုင်မီ တီဗက်ဇ်၏ အင်္ကျီများကို နှစ်ဖက် ပရိသတ်များ စုပေါင်း လွှင့်ပစ်ကြပြီး အထည်(၇၀၀၀၀)ခန့် ရရှိမည်ဟု မျှော်လင့်ရသည်။ တီဗက်ဇ်သည် မန်ယူတွင်ရော၊ မန်စီးတီးတွင်ပါ ကိုယ်စားပြု  ကစားခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ယခုအခါ နှစ်သင်းလုံး၏ ပရိသတ်များက မုန်းတီးမှုကို ခံနေရသည်။
 ၎င်းသည် မန်ယူကို စွန့်ခွာပြီး ခါးသီးသော မြို့ခံ ပြိုင်ဘက်ထံ ပြောင်းရွှေ့ သွားသဖြင့် မန်ယူ ပရိသတ်၏ အမုန်း ခံနေရသလို အသင်းအတွက် လူစား ၀င်ကစားရန် ငြင်းဆိုသောကြောင့် မန်စီးတီး ပရိသတ်၏ မကြည်မလင် ဖြစ်ခြင်းနှင့်လည်း ကြုံနေရသည်။ ယခုကဲ့သို့ ဂျာစီ အင်္ကျီများ လွှင့်ပစ်မှုကို Campaign တစ်ခု အနေနှင့် လုပ်ဆောင်ခဲ့ပြီး သီးသန့် ငှားရမ်းထားသည့် အမှိုက် ကားကြီးများတွင် အနီတစ်ခြမ်း၊ အပြာနု တစ်ခြမ်း ဆေးခြယ်ကာ အင်္ကျီများ လှည့်လည် ကောက်ခံ ခဲ့ကြခြင်း ဖြစ်သည်။
ယခု Campaign ကို ဦးဆောင်သည့် Betfair မှ တာဝန်ရှိသူ တစ်ဦးက “တီဗက်ဇ်ကို ထောက်ခံတဲ့ သူတွေ တစ်စထက်တစ်စ လျော့လာကြပါတယ်။ သူ့ကို ထောက်ခံတဲ့ ပရိသတ်တွေ ၀ယ်ထားတဲ့ ဂျာစီတွေကို ခုချိန်မှာ လွှင့်ပစ်ဖို့ အသင့်လျော်ဆုံးပါ” ဟု ပြောကြားခဲ့သည်။ အဆိုပါ အင်္ကျီများကို ဆင်းရဲနွမ်းပါးသော ကမ္ဘာ့ နိုင်ငံများသို့ ပေးပို့ လှူဒါန်းသွားရန် စီစဉ်ထားသည်။ Trash your Tevez shirt! ဟု အမည် ပေးထားသည့် အဆိုပါ Campaign အတွက် ငှားရမ်းထားသည့် အမှိုက်ကားများကို တနင်္ဂနွေနေ့ မန်ယူနှင့် မန်စီးတီး ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီကတည်းက အိုးလ်ထရက်ဖို့ဒ် ကွင်းရှေ့တွင် ရပ်ပေးထားပြီး လာပစ်သော အင်္ကျီများကို လက်ခံ ပေးသွားမည်ဟု သိရှိရသည်။
@ soccermyanmar

မှတ်သားစရာ တော်ကီ

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး သင်္ဘောပျက်

ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့တဲ့ ဒီသင်္ဘောကြီးကို အတ္တလန်းတစ်သမုဒ္ဒယာရဲ့ ရေအောက်ကြမ်းပြင်မှာ
ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ထို့အတူ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးသတ္တုတွေဟာ ဒီသင်္ဘောပျက်ကြီးနှင့်အတူ
တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Angry Birds ဂိမ်း​​ပရိသတ် သန်း​​ ၄၀ ​​ကျော်ရှိပြီဖြစ်

ကမ္ဘာ​​ပေါ်တွင် လူကြိုက်အများ​​ဆုံး​​ ကွန်ပျူတာ ဂိမ်း​​ငယ်​​လေး​​တစ်ခုအဖြစ် သတ်မှတ်ခြင်း​​ ခံထား​​ရ​​သော Angry Birds သည် ယခုအခါ အား​​​ပေး​​သူ အခိုင်အမာပရိသတ် သန်း​​ ၄၀ ​​ကျော် ရှိ​​နေပြီဟု သိရှိရသည်။
တရုတ်နိုင်ငံ၊ ​ အန်ဟိုင်မှ ရုပ်မြင်သံကြား​​ဌာန အလုပ်သမား​​ တစ်ဦး​​ဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဇန်ယီမင်း​​နှင့်​​ ၃၁ နှစ်အရွယ် သမီး​​တို့​​သည် Angry Birds ကို အရူး​​အမူး​​ အား​​​ပေး​​သူများ​​ဖြစ်သည်။ မိမိသည် တစ်ခါ ကစား​​ရုံမျှဖြင့်​​ ဝက်က​​လေး​​များ​​ကို ငှက်က​​လေး​​များ​​ဖြင့်​​ ပစ်ခတ်တိုက်ခိုက်ရသည့်​​ ဂိမ်း​​ကို စွဲလမ်း​​သွား​​မိ​​ကြောင်း​​ ဇန်ကဆိုသည်။ “ကျွန်​​တော့်​​ ၃ နှစ်အရွယ် ​​မြေး​​​လေး​​က ခဏခဏ iPad ကိုယူပြီး​​ အဲဒီဂိမ်း​​ကို ကစား​​​တော့​​တာပဲ။ ကျွန်​​တော့်​​လက်ထဲမှာ iPad မြင်တာနဲ့​​ သူလာလုပြီ”ဟု ဇန်ကဆိုသည်။
ကမ္ဘာ ​​ပေါ်တွင် ဇန်ကဲ့​​သို့​​ပင် Angry Birds ကို နှစ်နှစ်ခြိုက်ခြိုက် အား​​​ပေး​​​နေသူ အ​​ရေအတွက်သည် ယခုနှစ်ပိုင်း​​အတွင်း​​ တစ်စထက်တစ်စ တိုး​​လာပြီး​​​နောက် သန်း​​ ၄၀ ​​ကျော် ရှိသွား​​ပြီဟု ဖင်လန်အ​​ခြေစိုက် Rovio Mobile ၏ ​​ဈေး​​ကွက်မြှင့်​​တင်​​ရေး​​ဌာန အရာရှိ ပီတာ ဗက်စ်တာဘက်ကာက ​​ပြောကြား​​ခဲ့​​သည်။
“ဒီ​​နေ့​​ဆိုရင် ကမ္ဘာပေါ်မှာ လူသန်း​​ ၃၀၀ ​​လောက်က ​​နေ့​​တိုင်း​​ Angry Birds ကို ကစား​​​နေတယ်လို့​​ ယုံကြည်ရပါတယ်။ ဂိမ်း​​ရဲ့​​ ပုံစံက အသက်အရွယ်တိုင်း​​နဲ့​​ သင့်​​​တော်ပါတယ်”ဟု ရှင်း​​ပြခဲ့​​သည်။ Rovio Mobile သည် ၂၀၀၃ ခုနှစ်တွင် စတင် တည်​​ထောင်ပြီး​​ ၂၀၀၉ ခုနှစ်တွင် Angry Birds​​ ကြောင့်​​ ကမ္ဘာသိ ကုမ္ပဏီ တစ်ခုအဖြစ် ထင်ရှား​​လာခဲ့​​သည်။

Thursday 20 October 2011

မျိုးတုံးပျောက်ကွယ်တော့မည့် ဧရာဝတီလင်းပိုင်များ

မဲခေါင်မြစ်တွင်းမှ ရှိစု မဲ့စု လင်းပိုင်များ၏ ကောင်ရေ ကျဆင်းနေရခြင်မှာ ငါးဖမ်းပိုက်များတွင် ဖမ်းမိခြင်းနှင့် လင်းပိုင်ပေါက်များ သေကျေ ပျက်စီးမှုနှုန်း မြင့်ခြင်းတို့ ကြောင့် ဖြစ်သည်ဟု ယူဆရသည်။ မဲခေါင်မြစ်တွင်းမှာ ဧရာဝတီလင်းပိုင် ကောင်ရေသည် (၈၅) ကောင်သာ ရှိတော့သည်ဟု ခန့်မှန်းရပြီး
မျိုးတုံးပျောက်ကွယ်တော့မည့် အန္တရာယ် အလွန်ကြီးနေသည်ဟု ကမ္ဘာ့ တောရိုင်း တိရစ္ဆာန်များ စောင့်ရှောက်ရေးအဖွဲ့ က ဆိုပါသည်။

အမေရိကန် ဒေါ်လာ ဘယ်လောက်တန်အထိ မြင်ဖူးလဲ?

The 100,000 Dollar Bill
အခုမြင်နေရတဲ့ ဒေါ်လာ တစ်သိန်းတန် ကတော့ ပိုက်ဆံမဟုတ်ပါဘူး။ သူဟာ ရွှေအာမခံအတွက် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။  ဒီ လက်မှတ်ကို ပြည်တွင်းအခွန်နှင့် ပတ်သတ်ပြီး အသုံးပြုဖို့ ရည်ရွယ်ချက်နှင့် ထုတ်ဝေခဲ့တာဖြစ်ပြီး ပုံမှန် ပိုက်ဆံများကဲ့သို့ ငွေကြေးစီးဆင်းမှု့အဖြစ် ထုတ်ဝေခဲ့တာ မဟုတ်ပါဘူး။  ၁၉၃၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ၂၈ ရောက်မြောက် သမ္မတ ၀ီးဒရိုး ၀ီလ်ဆင်ရဲ့ ပုံကို ပိုက်ဆံရှေ့မှာ ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်။  တစ်သိန်းတန် ရွှေအာမခံလက်မှတ် စုစုပေါင်း ၄၂၀၀၀ သာထုတ်ဝေခဲ့တာဖြစ်ပြီး ယနေ့အချိန်မှာ"Not for sale" ဖြစ်နေပါပြီ။  မပျက်မစီး ကျန်ရှိနေသေးတဲ့ အဆိုပါ ရွှေအာမခံလက်မှတ်များကို ဆက်လက် အသုံးမပြုကြတော့ပဲ အချို့သော ပြတိုက်များမှာသာ ကြည့်ရှု့စရာတစ်ခုအဖြစ် ပြသထားပါတယ်။

 The 10,000 Dollar Bill
  ဒီ တစ်သောင်းတန် ဒေါ်လာကတော့ အမေရိကန်နိုင်ငံမှာ အများပြည်သူသုံးအဖြစ် ထုတ်ဝေခဲ့သမျှ ဒေါ်လာတွေထဲမှာ တန်ဖိုး အကြီးဆုံး ဒေါ်လာပဲဖြစ်ပါတယ်။  ၁၉၃၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး အမေရိကန် အခွန်ဝန်ကြီးဋ္ဌာန အတွင်းရေးမှုးပုံကို ရိုက်နှိပ်ဖော်ပြထားပါတယ်။  ၁၉၆၉ ခုနှစ်မှာ အဆိုပါ ဒေါ်လာများကို ပြန်လည် ရုတ်သိမ်းခဲ့ပြီး ယနေ့အချိန်မှာတော့ အနည်းမျှသာ တွေ့ရှိရတော့မှာဖြစ်ပါတယ်။  ၁ သောင်းတန် ဒေါ်လာများဟာ ယခုအချိန်မှာတော့ ရှာပါးပစ္စည်းဖြစ်နေပြီး အွန်လိုင်းကနေ ၀ယ်ယူရရှိနိုင်ပါတယ်။  ဒါပေမယ့် ဈေးချိုချိုနဲ့ ရလိမ့်မယ်လိုတော့ မမျှော်လင့်ပါနဲ့။  ဒီပိုက်ဆံဟာ ရှားပါ ပစ္စည်းတွေကို ရူးရူးမူးမူး ခုံမင်တဲ့သူတွေသာ စုဆောင်းလေ့ရှိပါတယ်။ 

The 5,000 Dollar Bill
 အမေရိကန်နိုင်ငံဟာ ၅ ထောင်တန် ဒေါ်လာတွေကိုလည်း ပြည်တွင်းငွေကြေးအဖြစ် အသုံးပြုရန် အလားတူ ထုတ်ဝေခဲ့ဖူးပါတယ်။  ၁၉၃၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ အဆိုပါ ပိုက်ဆံတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။  အမေရိကန်နိုင်ငံရဲ့ လေးယောက်မြောက် သမ္မတ ဂျိမ်းစ် မက်ဒီဆင် ရဲ့ပုံကို အဆိုပါပိုက်ဆံမှာ ရိုက်နှိပ်ဖော်ပြခဲ့ပါတယ်။  ယခုအချိန်မှာတော့ ရွက်ရေ ၅၀၀ အောက်လောက်ဘဲကျန်တော့မှာဖြစ်ပြီး သင်ဝယ်ယူချင်တယ်ဆိုရင်တော့ အွန်လိုင်းကနေတစ်ဆင့် ၀ယ်ယူနိုင်ပါတယ်တဲ့ ခင်ဗျာ….

The 1,000 Dollar Bill
  ဒါကတော့ ၁ ထောင်တန် ဒေါ်လာဖြစ်ပါတယ်။  ၁၉၂၈ မှစပြီး ၁၉၄၆ခုနှစ်အထိ ထုတ်ဝေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဆက်လက်ထုတ်ဝေခြင်းမရှိတော့ပါဘူး။  အမေရိကန်နိုင်ငံရဲ့ နှစ်ဆယ့်လေးယောက်မြောက် သမ္မတ ဂရိုဗာ ကလိဗ်လန်း ရဲ့ ပုံကို ဖော်ပြ ရိုက်နှိပ်ခဲ့ပါတယ်။  ၁၆၉၆ ခုနှစ်မှာ ပြန်လည်အပ်နှံဖို့ခေါ်ယူခဲ့ပါတယ်။  ယနေ့အချိန်မှာတော့ ၁၀၀၀ တန် ဒေါ်လာအနည်းငယ်သာ ကျန်ပြီး ၄င်းဒေါ်လာများဟာ ယနေ့အချိန်အထိ ဒေါ်လာ တစ်ထောင် တန်ကြေးရှိနေပါသေးတယ်။
source : http://purpleslinky.com/offbeat/500-to-1000-to-10000-and-beyond-the-biggest-dollar-bills-in-united-states-history/

လစ်ဗျား အာဏာရှင် ကဒါဖီ အသေ ဖမ်းမိ

ပုန်းအောင်းနေသော စစ်အာဏာရှင်ဟောင်း မိုဟာမက် ကဒါဖီကို သူရဲ့ ဇာတိမြို့  ဖြစ်တဲ့ ဆာ့တ် (Sirte) မှာ အသေ ဖမ်းဆီးရမိ လို့ သိရပါတယ်။
"သူ့ရဲ့  အဖွဲ့ နဲ့  ပြင်းပြင်းထန်ထန်တိုက်ပွဲတွေ ဖြစ်တယ်။ သူဒါဏ်ရာတွေရတယ်။ သူ့ခေါင်းကိုလဲ ထိတယ်။ နောက်ဆုံး ဒါဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်"လို့
လစ်ဗျာ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ(NTC) ပြောရေးဆိုခွင့်ရှိသူက Reuters ပြောတယ်။
Al Jazeera သတင်းပြောဆိုချက်အရတော့ တိုက်ပွဲအတွင်း အသေဖမ်းမိကြောင်း အတည်ပြု ပြောဆိုပါတယ်။

လစ်ဗျား လမ်းမတွေပေါ်မှာတော့ လစ်ဗျားပြည်သူ လူထုတွေဟာ ပျော်မြူစွာ သေနတ်တွေကို ဝှေ့ရမ်း မီးရှူးမီးပန်းများဖောက် သေနတ်များဖောက်ကာ မြူတူးနေကြပါတယ်။

တရုတ်လယ်သမားထွင်လိုက်တဲ့ ရေငုပ်သင်္ဘော

တရုတ်နိုင်ငံ ဟူပေ ပြည်နယ်၊ ၀ူဟန်း ဆင်ခြေဖုံး နားက ကျင်းလင်ရွားကလေးက ကျန်းဝူရိ ဆိုတဲ့ လယ်သမားဟာ တီထွင်မှု့ကို စိတ်ဝင်စားသူပါ။ အခုတော့ သူဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့
ရေငုပ်သင်္ဘော အငယ်စားလေးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီသင်္ဘောလေးကို “ရှောင်ဂေါင်းဟို” လို့ နာမည်ပေးထားပါသတဲ့။
၃.၆ မီတာရှည်ပြီး ၁.၈ မီတာစောက်နက်နဲ့ ဒီရေငုပ်သင်္ဘောဟာ မီတာ ၂၀ အနက်အထိ ရေငုပ်နိုင်ပြီး တစ်နာရီကို ၂၀ ကီလိုမီတာနှုန်းနဲ့ ၁၀နာရီလောက် ရေထဲမှာ သွားလာနိုင်ပါသတဲ့။
ရေငုပ်သင်္ဘောရဲ့ပုံစံကတော့ လင်းပိုင်နဲ့ ဆင်တူပါတယ်။
ကျန်းဝူရိကတော့“ကျွန်တော်ဒီရေငုပ်သင်္ဘော ကိုရေတပ်မှအသုံးချရန်ရောင်းချဖို့မျှော်လင့်ထားပါတယ်။
တစ်စီးကိုယွမ်၁သိန်းနဲ့သင်္ဘောရဲ့အန္တရာယ်ကင်းရှင်လုံခြုံရေးစစ်ဆေးမှု့တွေပြုလုပ်ပြီးတဲ့အချိန်ကျရင်ရောင်းမှပါ။
ဒီလထဲမှာ ကုန်သည်တစ်ယောက်က ပထမဆုံး တစ်စီးကို ၀ယ်ဖို့ရှိပါတယ်” လို့ ဆိုသွားပါတယ်။


 

အံ့ဖွယ် အစွမ်းပြကွက် (with boobs)

Wednesday 19 October 2011

အင်မတန်မှ ကြီးမားတဲ့ မောင့်ဒုက္ခ

ဒါဟာ ရယ်စရာကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။
အမေရိကန်ပြည်ထောင်စု လာစ်ဗေးဂတ်စ်မြို့ (Las Vegas) နေ အသက် ၄၇ နှစ်အရွယ် အမျိုးသားရဲ့ အဆမတန်ကြီးမား ထွားကြိုင်းလာခဲ့တဲ့ ဝှေးစေ့ ကို ခွဲစိပ်ဖို့ သူ့မှာ ဒေါ်လာ တသန်းလောက် လိုအပ်နေပါတယ်။ သူရဲ့ ဝှေးစေ့ဟာ ၄၅ ကီလိုဂရမ်တောင် လေးပါသတဲ့။အဲလောက်  အင်မတန်ကြီးသွားတဲ့ အတွက် သူက သမားရိုးကျ ဂျင်းဘောင်းဘီတွေလည်းဝတ်လို့မရ၊လမ်းလျှောက် တဲ့ အခါမှာလည်း ဒုက္ခ၊ အိမ်သာ တက်တဲ့ အခါမှာလည်း ဒုက္ခ၊ ဒုက္ခမျိုးစုံ ကြုံနေ ရကြောင်း Las Vegas Review-Journal ကို ဖွင့်ဟ ထား ပါတယ်။"ဒီဒုက္ခကြီးကြောင့် အခန်း ထဲမှာပဲ နေခဲ့ ရပါတယ်၊ ထသွား ထလာ လုပ်ရတာလည်း မလွယ် ကူပါဘူး၊သူများတွေလို ရည်းစားတွေ ထားချင်ပါတယ်" လို့သူက ပြောပါတယ်။
အဆမတန်ကြီးတဲ့ သူ့ ဒုက္ခကြီးကို ခွဲစိတ်ကုသဖို့ အလှူခံနေပါတယ်။
@ ဧရာဝတီ

သဝန်တို အချစ်ကြီးသည့် ထိုင်ဝမ်အမျိုးသမီး ခင်ပွန်း၏လိင်အင်္ဂါအား ကတ်ကြေးဖြင့်ဖြတ်တောက်ပစ်

ထိုင်ဝမ်မှ အမျိုးသမီး တစ်ဦးသည် ခင်ပွန်းဖြစ်သူအား အခြားသော အမျိုးသမီး တစ်ဦးနှင့် ဖောက်ပြန်နေကြောင်း စွပ်စွဲကာ လိင်အင်္ဂင်္ါကို ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်ခဲ့ကြောင်း သိရှိရသည်။

ငါး​များ​ဖြင့်​ ​ခြေ​ထောက်ပြုပြင်ခြင်း​​ကြောင့်​ HIV နှင့်​ အသည်း​​ရောင် အသား​ဝါ C ပိုး​ ကူး​စက်နိုင်

ငါး​များ​ဖြင့်​ ​ခြေ​ထောက် ပြုပြင်ခြင်း​သည် HIV နှင့်​ အသည်း​​ရောင် အသား​ဝါ C ပိုး​များ​ ကူး​စက်မှုကို ပိုမို ဖြစ်နိုင်​စေ​ကြောင်း​ ဗြိတိန် ကျန်း​မာ​ရေး​ ကာကွယ်​စောင့်​​ရှောက်မှု ​အေဂျင်စီက ​ပြောကြား​လိုက်သည်။
ငါး​​လေး​များ​က ​ခြေ​ထောက်ကို တွတ်​စေကာ အညစ်အ​ကြေး​များ​ကင်း​စင်​စေပြီး​ ​ခြေ​ထောက်ကို ပိုမို နုနယ်လှပ​စေ​သော ကုထုံး​သည် ရည်ရွယ်ချက်အရ အာနိသင် အမှန်တကယ် ပြည့်​၀​သော်လည်း​ ​ရောဂါပိုး​ရှိသူ တစ်ဦး​ အသုံး​ပြုထား​​သော ​ရေကို မလဲလှယ်ဘဲ ​နောက်တစ်ဦး​တွင် ဆက်သုံး​ပါက ကူး​စက်မှု ဖြစ်ပွား​နိုင်​ကြောင်း​ သိရသည်။

Tuesday 18 October 2011

မောင်းမ လက်သုံးပုံ ( သီပေါမင်း ၏ ကိုယ်လုပ်တော် စာရင်း)

ဟိုတလောလေးက သတင်းကြီးနေတဲ့ " ဆောင်ကြာမြိုင် မှတ်တမ်း " ဖတ်ဖြစ်တယ်။ မင်းတုန်းမင်းနောက်ခံ မှတ်တမ်းလို့ ထင်နေခဲ့တာ။ ခေါင်းစဉ်မှာကိုက ' မှတ်တမ်း ' ဆိုတဲ့ အရေးသားနဲ့ဆိုတော့ တကယ်ပဲ မှတ်သားရတော့မယ်ထင်ခဲ့တာ။ ဖတ်ကြည့်တော့မှ မောင်မှိုင်း ဖြစ်နေတယ်။

ပေါက်ကရလေးဆယ်တော့ရေးရဲ့တကယ်တန်ဖိုးရှိတဲ့မှတ်တမ်းမှတ်ရာမျိုးတော့မဟုတ်ခဲ့။
စာရေးဆရာ လိုရာဇာတ်လမ်းဆင်တဲ့နောက် အဟုတ်ကြီးလိုက်ခဲ့ပြီး အဖျားရှူးပြန်တယ်။ ရှင်းရှင်းပြောတော့ ဝတ္ထုအနေနှင့်လည်း အံမဝင်၊ မှတ်တမ်းလည်းမဟုတ်တဲ့ တကယ့် အပ်ကြောင်းထပ် ကာမခန်းတွေချည်းရေးထားတဲ့ အပြာစာအုပ်လို့သာမှတ်တယ်။

မင်းတုန်းမင်း မိဘုရားများတာလူတိုင်းသိတယ်။ ရှင်းရှင်းပြောတော့ နန်းတော်ထဲက အမျိုးသမီးတွေအားလုံးသူ့မယားချည်းလို့ ပြောလို့ရတယ်။ ဒီတော့ နန်းတော်ထဲက အမျိုးသမီးတွေဟာ အရေးဟဲ့အကြောင်းဟဲ့ဆို သက်လုံးကောင်းဖို့ဆိုတာထက် အရှင့်အလိုကောင်းဖို့ လေ့ကျင့်သင်ကြားရဟန်တူပါတယ်။ ဒီတော့ လက်သုံးပုံကျမ်းအဖြစ် မှတ်တမ်းလုပ်ပြီးသင်ကြားပေးရပါတယ်။

ဆိတ်သွေးစုပ်ကောင် (Chupacabras)

ဒီထူးဆန်းတဲ့ သတ္တ၀ါကောင်ကို Chupacabras လို့ခေါ်ပြီး Chupar ရဲ့ အဓိပ္ပါယ်ကတော့ စုပ်ယူခြင်းဖြစ်ပြီး Cabra ကတော့ ဆိတ်ကို ခေါ်ပါတယ် ။ ဒီတော့ ဆိတ်သွေးစုပ်ကောင်လို့ ဘာသာပြန်ရမှာဖြစ်ပါတယ် ။ အမေရိ ကားမှာ နေထိုင်ကျက်စားကြပြီး ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်ဆန် အကောင်မျိုးဖြစ်ပါတယ် ။ မက်ဆီကိုနဲ့ ယူနိုက်တက်စတိတ်မှာ ဒီလို ထူးဆန်းသတ္တ၀ါကောင်ကို မြင်တွေ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ် ။ ဆိတ်သွေး စုပ်ကောင်ဆိုတဲ့နာမည်ကလည်း ဆိတ်ရဲ့သွေးကို စုပ်ယူပြီးမှ အသက်ရှင်နေထိုင်ရတဲ့အတွက် ဒီလိုကြောက် မက်ဖွယ်နာမည်ပေးထားရခြင်းဖြစ်ပါတယ် ။

တရုတ်နိုင်ငံမှ ကမ္ဘာကျော် မဟာတံတိုင်း​ကြီး​တွင် အက်ကွဲမှုများ​ဖြစ်​ပေါ်

ကမ္ဘာ့ရှေး​​ဟောင်း​ အ​မွေအနှစ်တစ်ခုအဖြစ် တန်ဖိုး​ထား​ ထိန်း​သိမ်း​လာ​သော မဟာတံတိုင်း​ကြီး​တွင် အက်ကွဲမှုများ​ ဖြစ်​ပေါ်​နေ​ကြောင်း​ သိရသည်။
တရုတ်နိုင်ငံ၏ ဂုဏ်​ဆောင် ​ရှေး​​ဟောင်း​အုတ်တံတိုင်း​ကြီး​သည် တရား​မ၀င် မိုင်း​တွင်း​လုပ်ငန်း​များ​​ကြောင့်​ ထိခိုက်မှုများ​ ခံစား​​နေရသည်။ ဟီ​ဘေရှိ လူအ​ရောက်အ​ပေါက်နည်း​​သော လိုင်ယွမ်ကဲ့​သို့​ ​ဒေသများ​တွင် ညပိုင်း​ မိုင်း​တူး​သူများ​​ကြောင့်​ မဟာတံတိုင်း​ကြီး​တွင် ယိုယွင်း​မှုများ​ ဖြစ်​နေရသည်။

karen song ( E bye bye .. believe me )

karen love song (wait for me)

Monday 17 October 2011

အသက် ၁၁ နှစ်အရွယ်ရှိ ကမ္ဘာ့ စကိတ်ချန်ပီယံကလေး...(guiness world record)

အိန္ဒိယနိုင်ငံမှ လူငယ်လေးတစ်ဦးဟာ အထိအခိုက်၊အရပ်မနားမရှိပဲ
ကားအစီးပေါင်း ၂၀ အောက်မှဖြတ်ပြီး ခြေထောက်များကိုကားပြီး၊
ခန္ဓာကိုယ်ကိုငုံ့ ကာ စကိတ်စီးအစွမ်းပြကာ မှတ်တမ်းတင်နိုင်ခဲ့ ပါတယ်....
ရိုဟန်အဂျစ်ကိုကိန်း အမည်ရှိကောင်လေးဟာ စကိတ်စီးပြီးခန္ဓာကိုယ်ကို ငုံ့ ကာအရှည်ဆုံးအကွာအဝေးအထိအစွမ်းပြနိုင်ခဲ့ သဖြင့် ဂင်းနက်စ်ကမ္ဘာ့ ထူးဆန်းမှတ်တမ်းစံချိန်
အသစ်အဖြစ်တင်နိုင်ခဲ့ ပါတယ်...
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ တွင် ပြုလုပ်ခဲ့ သည့် သရုပ်ပြမှုတွင်သူဟာကားအစင်းပေါင်း ၂၀ တန်းစီရပ်ထား
သည့် အောက်မှဖြတ်ကာ မယုံကြည်နိုင်လောက်အောင်ပင်အစွမ်းပြကာ ခြေထောက်များကို ကားပြီး၊ ခေါင်းငုံ့ ကာ စကိတ်စီးပြခဲ့ တာဖြစ်ပါတယ်...


သူဟာ ခန္ဓာကိုယ်ကိုမကိုင်းညွှတ်ခင် စကိတ်ဖြင့် အရှိန်ယူကာ သူ့ ရဲ့ ရင်ဘတ်ကို ကြမ်းပြင်နှင့် တစ်ပြေးညီ
နီးပါး နိမ့် ထားခဲ့ တာဖြစ်ပါတယ်...

တရုတ်ဇိမ်ခံသ​င်္ဘော ​ရောင်း​ချပြီး​​နောက် မကြာမီပင် နစ်မြုပ်သွား

တရုတ်နိုင်ငံတွင် ဇိမ်ခံသ​င်္ဘောကြီး​ တစ်စင်း​ကို စတင်​ရောင်း​ချပြီး​​နောက် မကြာမီတွင်ပင် နစ်မြုပ်သွား​မှုနှင့်​ ကြုံခဲ့​၇​ကြောင်း​ သိရှိရသည်။
လန်ဇူး​တွင် မြစ်ဝါမြစ်အတွင်း​ ​ရေချလိုက်ပြီး​​နောက် ယွမ်​ငွေ ၁၇ သန်း​တန် သ​င်္ဘောကြီး​သည် ချက်ချင်း​လိုလို နစ်မြုပ်သွား​ခဲ့​ခြင်း​ဖြစ်သည်။ စက်တင်ဘာ ၂၉ ရက်​နေ့​က ဖြစ်စဉ်ကို ယခုအခါတွင်မှ Nanfang Daily သတင်း​စာက ​ဖော်ပြခဲ့​ပြီး​ မည်သူတစ်ဦး​တစ်​ယောက်မျှ ထိခိုက်မှု မရှိဟုဆိုသည်။
သ​င်္ဘောကို ပြန်လည် ဆယ်ယူရန်မူ ၃ ရက်လုံး​လုံး​ အချိန်ယူခဲ့​ရသည်။ အင်တာနက်​ပေါ်တွင် ​ရေထဲတစ်ဝက်တစ်ပျက် နစ်မြုပ်​ နေပြီး​ တစ်ခြမ်း​​စောင်း​​နေသည့်​ ဇိမ်ခံသ​င်္ဘောကြီး​၏ ဓာတ်ပုံများ​ကို လွှင့်​တင်ထား​သည်။ အဆိုပါ သ​င်္ဘောသည် ၃၂.၄ မီတာရှည်ကာ လူ ၈၀ ကို တင်​ဆောင်နိုင်ပြီး​ တစ်နာရီ ၂၂ ကီလိုမီတာထိ ခုတ်​မောင်း​နိုင်ရန် ဒီဇိုင်း​ထုတ် ဖန်တီး​ထား​သည်။
ဂျီဂန်ဟု အမည်​ပေး​ထား​​သော သ​ င်္ဘောကို လန်ဇူး​ ပို့​​ဆောင်​ရေး​ ဗျူရိုက ဦး​​ဆောင်ကာ ဆီချွမ်ရှိ ကုမ္ပဏီတစ်ခုကို တည်​ဆောက်​စေခဲ့​ခြင်း​ဟု သိရသည်။ အချို့​ သတင်း​များ​က ယင်း​သ​င်္ဘောကို ဂိုလန်​ဒေသတွင် တည်​ဆောက်ခြင်း​ဟု ​ဖော်ပြ​နေသည်။ ကွင်း​ဆင်း​စစ်​သေး​သူများ​က သ​င်္ဘော​ရေချချိန်တွင် မြစ်ဝါမြစ်၏ ​ ရေပြင်အ​နေအထား​ကို ​ပေါ့​​လျော့​မှား​ယွင်း​စွာ တွက်ချက်မိခြင်း​​ကြောင့်​ ယခုလို ဖြစ်သွား​ခြင်း​ဟု ​ပြောကြား​ထား​သည်။ 
@ လူထုအသံအွန်လိုင်းဂျာနယ်

အပြင်းပြေ Drum တီးရအောင်