Tuesday 22 November 2011

လူနို့နှင့်တူညီသော နို့ ကို နွားမှတစ်ဆင့်ထုတ်လုပ်မည်

ကမ္ဘာပေါ်တွင် ပထမဦးဆုံးအကြိမ် လူမိခင်၏ နို့နှင့် အလား
သဏ္ဍာန်တူသောနို့ကိုထုတ်လုပ်နိုင်သော နွားတစ်မျိုးကို ဖန်တီးလိုက်နိုင်ပြီဖြစ်ကြောင်း အာဂျင်တီးနားဓါတ်ခွဲခန်းမှ ထုတ်ပြန်ကြေငြာလိုက်သည်။
လူသားဗီဇဖြင့် စပ်ယူပြီးမွေးဖွားခဲ့သော ရိုစီတာအီဆာ အမည်ရှိ ကလုံးနွားသည် လူနို့ရည်တွင် ပါဝင်သောပရိုတင်းဓါတ်ပါရှိသည့် လူသားဗီဇဖြင့်ပေါင်းစပ်ကာ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု အာဂျင်တီးနား စိုက်ပျိုးရေးသိပ္ပံနည်းပညာဌါနက ဇွန်လ(၉) ရက်နေ့ကပြောကြားခဲ့သည်။
ရိုစီတာအီဆာ ကို ၂၀၁၁ ခုနှစ်ဧပြီလ ၆ရက်နေ့က မွေးဖွားရာ ပုံမှန်ကိုယ်အလေးချိန်ထက် ၄၅ ကီလိုဂရမ် (၉၉) ပေါင် ပိုလေးပြီး ပုံမှန်မွေးကင်းစနွား၏ ၂ ဆ ဖြစ်နေသောကြောင့်ဗိုက်ခွဲမွေးဖွားခဲ့ရသည်ဟု နည်းပညာဌါန၏ ကြေငြာချက်တွင် ထည့်သွင်းရေးသွင်းထားသည်။
ရိုစီတာသည် အရွယ်ရောက်ချိန်တွင် လူ၏နို့နှင့် ဆင်တူသော နို့ကိုထုတ်လုပ်မည်ဟု အဆိုပါကြေငြာချက်
တွင်ထည့်သွင်းရေးသားထားသည်။
ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က နွားနို့ထဲသို့လူသားမျိုးရိုးဗီဇ ၂ မျိုးဖြစ်တဲ့ Protein Lactoferrin နဲ့ Lysozyme တို့ကိုပေါင်းစပ်ပေးခြင်းဖြင့် မွေးကင်းစကလေးငယ်ကို ဘက်တီးရီးယား၊ဗိုင်းရပ်စတဲ့
ရောဂါပိုးများကနေ သဘာဝါလျောက်ကာကွယ်ပေးရန်ရည်ရွယ်ပါတယ် ဟု သုတေသနပညာရှင် အန်ဒရီယန်မူတို က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မျိုးရိုးဗီဇဖြင့်ပေါင်းစပ် clone ပြုလုပ်ခြင်းကိုအာဂျင်တီးနားသိပ္ပံပညာဌါနနှင့် ဆန်မာတင် အာဂျင်တီးနား အမျိုးသားတက္ကသိုလ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်