Friday 11 November 2011

ငှက်ဖျား ကာကွယ်ဆေး တီထွင်ရန် နီးစပ်နေကြောင်း သိပ္ပံပညာရှင်တို့ပြော

ငှက်ဖျားရောဂါပိုးကို သယ်ဆောင်သည့် ကပ်ပါးကောင် များအနေဖြင့် လူသားတို့၏ သွေးနီးဥကို မည်သို့ ကျူးကျော်သည် ဆိုသည့် သတင်း အချက်အလက်များကို ရယူပြီးနောက် ငှက်ဖျားပိုးကို တိုက်ဖျက်နိုင်မည့် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် ပြုလုပ်နိုင်ပြီ ဖြစ်သည်ဟု ပြောကြား လိုက်သည်။ Cambridge ရှိ Sanger နည်းပညာသိပ္ပံမှ သုတေသန ပညာရှင်များမှာ  အဆိုပါ ကပ်ပါးကောင်များ ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥ အတွင်းသို့ ဝင်စေနိုင်မည့် အရေးပါသည့် ပရိုတိန်း တစ်မျိုးအတွက် လက်ခံကောင် တစ်မျိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ယင်းသို့ လက်ခံမှုမှ တစ်ဆင့် တစ်ဖြည်းဖြည်း ငှက်ဖျားရောဂါ ကူးစက်စေခြင်းပင် ဖြစ်သည်။
အဆိုပါ လက်ခံကို ကာကွယ်နိုင်ပါက ယင်း လူသတ် ရောဂါပိုးကို တားဆီးနိုင်မည် ဖြစ်ကာ ကာကွယ်ဆေး
ကိုလည်း ထုတ်လုပ်နိုင်မည် ဖြစ် သည်ဟု ယင်း သုတေသန အဖွဲ့မှ ပြောကြားခဲ့သည်။ ယခုလို သုတေသနမှ တစ်ဆင့် ကာကွယ်ဆေး ထုတ်နိုင်မည့် လမ်းစကို ရရှိနိုင်မည် ဖြစ်သည်ဟု ယင်း သုတေသန အဖွဲ့တွင် ပါဝင်သူ Gavin Wright မှ ပြောကြားခဲ့သည်။ ငှက်ဖျား ရောဂါပိုးမှာ ခြင်မှတစ်ဆင့် ကူးစက် တတ်သည့်
ရောဂါတစ်မျိုး ဖြစ်ကာ ကမ္ဘာ့အနှံ့ လူပေါင်း သန်း ၃၀၀ ကိုကူးစက်စေကာ နှစ်စဉ် လူရှစ်သိန်းကျော်
သေဆုံးနေ ရကြောင်း သိရပြီး အများစုမှာ အာဖရိကရှိ ဆာဟာရ ဒေသမှ ကလေးငယ်များ ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်