Saturday 19 November 2011

ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး ice-cream ကိတ်မုန့်

ကနေဒါနိုင်ငံမှ Dairy Queen ကုမ္ပဏီဟာTEorontoမြို့ရဲ့ Yonge and Dundas ရင်ပြင်မှာ ကမ္ဘာ့အကြီးဆုံး ice-creamကိတ်မုန့် ပြုလုပ်ပြီး ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ Dairy Queenကုမ္ပဏီဟာ နှစ်ပေါင်း(၃၀)အတွင်းမှာ ice-cream ကိတ်စုစုပေါင်း (၅၂)သန်းရောင်းချပြီးတဲ့နောက် အခုလို
ကမ္ဘာ့အကြီးဆုံး ice-cream ကိတ်ပြုလုပ်ဖို့အတွက် လူပေါင်း(၁၀၀)နဲ့  
 အချိန်တစ်နှစ်ကျော်ကြာအောင် စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကိတ်မုန့်ကြီး ကို ရေခဲမုန့် (၉၀၀၀)(ကိုးထောင်)ကီလိုဂရမ် ကိတ်မုန့်(၉၁)ကီလိုဂရမ်၊ ကြက်ဥအကာ (၁၃၆)ကီလိုဂရမ်တို့နဲ့ စားဖိုမှူးတွေဟာနေ့ရောညပါ ပြုလုပ်ခဲ့တာဖြစ်ပြီး(၂၀၀၆)ခုနှစ်က တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ ကီလိုဂရမ်
(ရှစ်ထောင်)နီးပါးရှိတဲ့ ကမ္ဘာ့စံချိန်တင် ice-creamကိတ်မုန့်ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ အခုလို ကိတ်မုန့်ကြီးကို Yonge and Dundas ရင်ပြင်မှာ စုဝေးနေတဲ့ လူအများကို ခွဲဝေရောင်းချကာ ရရှိတဲ့ငွေအားလုံးကို ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး အစီအစဉ်တွေ အတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်