Showing posts with label interesting. Show all posts
Showing posts with label interesting. Show all posts

Tuesday, 7 October 2014

မိချောင်းလူသား




ဖလော်ရီဒါမှာ ပုံပြင်တစ်ပုဒ်လိုဖြစ်နေတဲ့ မိကျောင်းလူသား ဂျိတ် ဆိုတာလူတွေပြောပြောနေ တာကြာပါပြီ။လူတစ်ပိုင်း မိကျောင်းတစ်ပိုင်းနဲ့၊ပါးစပ်ပြောပြောနေကြတာပေါ့။ ကိုယ်တိုင်မြင် ဖူး တဲ့သူတွေကလဲ ရှိတာပေါ့။တော်တော်များများက မယုံကြပါဘူး။

အခုတော့ အဲဒါကို သက်သေ ခိုင်ခိုင်မာမာ ပြနိုင်ပါပြီ။ ၁၉၆၇ တစ်ဝှိုက်က Marian နဲ့ Junior Marsh တို့နှစ်ဦးဟာ ကမ်းခြေတစ်လျှောက်အဖြစ်မှန်လိုက်စုံစမ်းရာကနေ ကမ်းခြေရွာတစ်ရွာက ရှေးဟောင်းပစ္စည်းစုစောင်းသူထံကနေ ဒေါ်လာ ၇၅၀ နဲ့ဝယ်ယူခဲ့ပါတယ်။မံမီ ဖြစ်နေတဲ့အလောင်းဖြစ်ပါတယ်။Marsh က အဲဒီ အလောင်းကို ခင်းကျင်းပြသခဲ့ပြီး မိကျောင်းပုံပါတဲ့ ပို့စကဒ်ပေါင်း သုံးသောင်းကျော် ရောင်းရခဲ့ရပါတယ်။

အခုတော့ မိကျောင်းလူသားက အမျိုးသားရတနာဖြစ်သွားပါပြီ။

Credit to ====>မောင်စိုင်း(ကနောင်)

Saturday, 28 September 2013

အမျိုးသမီးတွေ မတ်တတ် အပေါ့စွန့်နိုင်တဲ့ ကိရိယာ ပစ္စည်း

ကဲ...ဒီတစ်ခါတော့ shewee လို့ခေါ်တဲ့ အမျိုးသမီး မတ်တတ်ကြီး ဆီးသွားနိုင်တဲ့ အကူပစ္စည်း တစ်ခုအကြောင်း ဖောက်သည်ချ လိုပါ၏။
ဒီပစ္စည်းဟာ အမျိုးသမီးတွေ အပေါ့သွားလိုတဲ့အချိန်မှာ အသုံးပြုရတာဖြစ်ပါတယ်။ (ဟုတ်တာပေါ့ :D )
များသောအားဖြင့် အမျိုးသမီးတွေ အပေါ့သွားရင် ထိုင်ပြီး သွားတာများပါတယ်....
ထင်တာပြောကြည့်တာပါ။ :)
ဒီပစ္စည်းကတော့ မတ်တတ်ရပ်လျက် အသုံးပြုလို့ရပါတယ်။သယ်ရ ပြုရ လည်း လည်း လွယ်ကူပါတယ်။ တစ်ခါတစ်လေကျရင် အများသုံးအိမ်သာ (ဥပမာ- ဈေးအိမ်သာ) တစ်ချို့တွေဟာ ၀င်လိုက်ရင် အလွန်ညစ်ပတ် နေတာကို တွေ့နိုင်ပါတယ်။
တစ်ချို့တွေဆို အိမ်သာခွက်ထဲမှာ ရေတွေ ၊ မစင်တွေ ပြည့်ပြီး လျှံနေတတ်ပါတယ်။
အဲဒီအချိန်ကျရင် ထိုင်လျက်နဲ့ အပေါ့သွားဖို့ အင်မတန် ၀န်လေးဖို့ကောင်းပါတယ်။
ဒါပေမယ့် ဒီပစ္စည်းက မတ်တတ်ကြီး အပေါ့စွန့်ဖို့ အလွန်အသုံးဝင်ပါတယ်။
အပင်တွေကြားထဲမှာ တောထိုင်...အဲ....တောမတ်တတ် (only အပေါ့) သွားဖို့ အဆင်ပြေပါတယ်။
အကောင်ပလောင်တွေ (ကျွတ်၊မြွေ၊စသည်....) ရန်ရှာခြင်းမှ နည်းနည်းကာကွယ်နိုင်တာပေါ့နော် :D

Tuesday, 3 September 2013

ကမ္ဘာ့ အန္တရာယ်အများဆုံး လေယာဉ်ကွင်း (၁၀) ကွင်း


၁။  ။ LUKLA (နီပေါ)......  လေယာဉ်ပြေးလမ်းတိုခြင်း၊လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစပြီး
ကွန်ကရစ်ခင်းလမ်းအဖြစ် ပြုပြင်ခြင်း၊ တောင်ကမ်းပါးကြားတွင် တည်ဆောက်ထားပြီး လူနေအိမ်များနှင့် နီးကပ် သောကြောင့် အန္တရာယ်များခြင်း။
၂။  ။ TONCONTIN (ဟွန်းဒူးရပ်) ...... လေယာဉ် ပြေးလမ်းကို ဆင်းသက်ဖို့ အန္တရာယ်များ ပြီး လေယာဉ်ပြေးလမ်း တိုခြင်း။
၃။  ။St BARTS (ပြင်သစ်)...... ပြေးလမ်း အရမ်းနိမ့်ပြီး တောင်တန်းတွေကြားမှာတည်ဆောက်ထားခြင်း။
လေယာဉ်ပြေးလမ်းအဆုံးတွင် ပင်လယ်ရှိသောကြောင့် အခန့်မသင့်လျှင် ပင်လယ်ထဲ ထိုးကျနိုင်ခြင်း။
၎။  ။ St MAARTEN ..... ပြေးလမ်းတိုခြင်း၊ပင်လယ်ကမ်းခြေနှင့် နီးသောကြောင့် လူအများ အနားယူ၊အပန်းဖြေသည့်အချိန် လေယာဉ်ဆင်းသက်ရာတွင် အလွန် အန္တရာယ်များခြင်း။
၅။  ။GIBRALTAR (ဗြိတိန် အပိုင်လို့တော့ ထင်သည်)...... ပြေးလမ်းတိုခြင်း၊ ဂျီဘရော့တာ ကျောက်ဆောင်ကြီး နံဘေးရှိ အဆောက်အအုံများနှင့် နီးကပ်ခြင်း၊ပြေးလမ်းအား အဝေးပြေး လမ်းမကြီးကိုဖြတ်လျက်
 ဆောက်လုပ်ထားခြင်း။
၆။  ။ KAI TAK (ဟောင်ကောင်)..... လေယာဉ်ကွင်း အနီးတ၀ိုက်တွင် အဆောက်အအုံ အမြင့်များဆောက်လုပ်ထားခြင်း၊
ပင်လယ်ဆိပ်ကမ်းနှင့် နီးခြင်း။
၇။  ။ COURCHEVEL (ပြင်သစ်).... ပင်လယ်ရေမျက်နှာပြင် အထက် အတော်မြင့်မြင့်တွင်ရှိသောကြောင့် ဆီးနှင်းများ အမြဲ ဖုံးလွှမ်းနေခြင်း၊ ဆီးနှင်းများကြောင့် လေယာဉ်ပြေးလမ်းချော်နိုင်ခြင်း ၊ ပြေးလမ်းအဆုံးတွင် လျှိုမြှောင်ရှိသောကြောင့် အခန့်မသင့်လျှင် ချောက်ထဲ ပြုတ်ကျနိုင်ခြင်း။
၈။  ။ EAGLE VAIL (အမေရိကန်) ..... တောင်တန်းများကြားတွင် ဆောက်လုပ်ထားခြင်း၊ ပင်လယ်ရေမျက်နှာပြင် အတော်မြင့်မြင့်တွင် ဆောက်လုပ်ထားခြင်းကြောင့် ဆီးနှင်းများကျရောက်ပြီး လေယာဉ် အဆင်း/အတက် ပြုလုပ်ရာတွင် အန္တရာယ်များခြင်း။
၉။  ။ MADEIRA (ပေါ်တူဂီ).... လေယာဉ်ပြေးလမ်းအောက်တွင် ဆိုင်ခန်းများ ၊ စားသောက်ဆိုင်များ ၊ အများပြည်သူ နှင့်သက်ဆိုင်သော နေရာများ၊ ကားပါကင်များ တည်ရှိသောကြောင့် လေယာဉ်ဆင်းသက်ရာတွင် သတိရှိစွာ ဆင်းသက်မှုပြုလုပ်ရခြင်း။
၁၀။  ။ SAN DIEGO (ဘရာဇီး) .... လေယာဉ်အတက်/အဆင်းများသောကြောင့် ပါကင်ထိုးရာတွင် အခက်အခဲဖြစ်ခြင်း။ အဆောက်အအုံများနှင့် နီးကပ်စွာတည်ရှိခြင်း။


Sunday, 23 June 2013

ကျိန်စာပြေပျောက်ဖို့အတွက် တောကြီးမြွေဟောက်ကို နမ်းရတဲ့ မြန်မာ အမျိုးသမီး


မြန်မာနိုင်ငံ ရွာတရွာကပါ။ ဘယ်ရွာလဲတော့မရေးထားဘူး.. အဲ့ဒီရွာကအိမ်ထောင်တွေမှာ သားမမွေးတာကြာပြီဆိုတော့ အဲ့ဒီလိုဖြစ်ရတာ သူတို့ရွာက နတ်ဘုရား(မြွေဟောက်)ဒေါသသင့်တယ်လို့ ယုံကြည်ကြတယ်လေ။

ဒီ ဗီဒီယို ထဲက အမျိုးသမီး( နတ်ဆရာမ) က ရွာသူရွာသားတွေကိုယ်စား အ၀တ်အစား၊ ပူဇော်သကာတွေ ယူပြီး မြွေဟောက်ရှိတဲ့ဂူကို သွားပြီးပူဇော်ရပါတယ်။ ထွက်လာတဲ့ မြွေဟာက်ဦးခေါင်း ကို ၃ကြိမ်၃ခါ ခက်ခက်ခဲခဲ ကြိုးစားပမ်းစား နမ်းရပါတယ်၊ အဲ့လိုလုပ်ရတာဟာ သူတို့ရွာကို ခွင့်လွှတ်ပေးဖို့ဖြစ်ပါတယ်။

အဲ့ဒီအမျိုးသမီးရဲ့ အမနှစ်ယောက်ကတော့ မြွေဟောက် ကိုက်ပြီး သေပြီဖြစ်ပါတယ်...

Basically, in that village no male child was born for a very long time and it is beleived by villagers that they have angered the God (cobra) for some reason. This priest lady brought food to that cobra and had to kiss hood three times to get forgiveness for her people. 2 sisters of that lady died from cobra bites.


mailsfromfriends မှ ပြန်လည်မျှဝေပါသည်။

Sunday, 2 June 2013

ဘိလိယက် skill ကတော့ 9 လောက်ရှိတယ်

အာကာသ ထဲမှာ တေးသံသွင်းသူ

သက္ကရာဇ် ၂၀၀၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှာ ISS (International Space Station) မှာ ရုရှလူမျိုးများဖြစ်သော Sergei Krikalev နှင့် Yuri Pavlovich Gidzenko ၊ အမေရိကန်လူမျိုးဖြစ်သော William Shepherd တို့ဟာ အာကာသ ထဲမှာ တေးသံသွင်း ခဲ့ကြတာဖြစ်ပါတယ်။
သူတို့ဟာ ISS မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ထမ်းများဖြစ်ပြီး ထို တာဝန်ထမ်းဆောင်တဲ့ အချိန်အတွင်းမှာ အမှတ်တရ အနေနဲ့ တေးသံသွင်းခဲ့ ကြတာဖြစ်ပါတယ်။ သူတို့ဟာ ISS မှာ ရက်ပေါင်း ၁၃၆ ရက်ကြာမြင့် အောင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ကမ္ဘာမြေပြင်ပေါ် ကို အောင်မြင်စွာ ပြန်လည်ဆင်းသက်လာခဲ့ကြပါတယ်။

Wednesday, 13 February 2013

တို့အာရှနှင့် ငါးမန်းတောင်ပံဈေးကွက်


ပုံမှာ ပြထားတာ ငါးခြောက်မဟုတ်ပါဘူး။ ငါးမန်တောင်ပံလို့ခေါ်တဲ့ ငါးဆူးတောင်နဲ့ ငါးရေယက် များ ဖြစ်ပါတယ်။
မြန်မာပြည်မှာလည်း နာမည်ကြီးဟင်းလျာ တစ်မျိုးပါပဲ။ ငါးမန်တောင်ပံ ဟင်းချိုဆိုရင်နေရာတိုင်းမှာတောင် မရပါဘူး။ ပျှမ်းမျှအားဖြင့် ငါးမန်းတောင်ပံ ဟင်းတစ်ခွက်ကို အမေရိကန်ဒေါ်လာ ၁၀၀ နီးနီးတောင် ရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာပြည်မှာ ဘယ်ဈေးလည်းတော့ မသိပါဘူး။


သေချာတာကတော့ မြန်မာပြည်မှာလည်း ငါးမန်းတောင်ပံ ဟင်းချို ခေတ်စားနေဆဲ ပါပဲ။ အထူးသဖြင့် ပင်လယ်နဲ့ နီးကပ်တဲ့ မြို့ ကြီး ပြကြီးတွေမှာ ငါးမန်းဆူးတောင်ဟင်းချို၊ ဟင်းပွဲ များ ခေတ်စားပါတယ်။ သို့ပေမယ့် ယင်းဟင်းပွဲများ တကယ် ခေတ်စားကတော့ တရုတ်ပြည်မကြီး ပါပဲ။

တရုတ်ပြည်မကြီးအပြင် အရှေ့ အာရှဘက်တစ်ခြမ်းလုံး မှာ ဈေးကြီးကြီး နဲ့ ရေပန်းစားတဲ့ ဟင်းလျာ ဖြစ်ပါတယ်။ တော်တော်လည်း ဆိုးဆိုးရွားရွားပါ။ ငါးမန်းသားကို တော်ရုံတော့ မစားကြပါဘူး။ အဓိက စားသုံးတာက ဆူးတောင်နဲ့ ရေယက်ဖြစ်ပြီး တစ်ကောင်လုံးကျ စွန့်ပစ်တဲ့ အလေ့အထ ပြုလုပ်ပါတယ်။

ပင်လယ်က တံငှာလှေမှာပဲ ငါးဆူးတောင်၊နဲ့ အခြား အသုံးဝင်မယ့် အစိတ်အပိုင်းကို ဖြတ်ပြီး ပင်လယ်ပြင်တဲ့ အရှင်လတ်လတ် ပြန်လွတ် ပါတယ်။

သို့ပေမယ့် မရှင်ပါဘူး။ အမြီးပြတ်၊ တောင်ပံပြတ်တဲ့ ငါးမန်းများ ရေမကူးနိုင် ပါဘူး။ နိုင်သလောက်ခတ်ရင်း သွေးမတိတ်တဲ့ ငါးမန်း များဟာ နာရီပိုင်း အတွင်းသော်လည်းကောင်း၊ ရက်ပိုင်းတွင်းသော် လည်းကောင်း သေဆုံး ပါတယ်။ ကိုယ်တိုင် မသေတောင် အခြားသော အားကြီးတဲ့ ငါးမန်နဲ့ ရေသတ္တဝါများရဲ့  တိုက်ခိုက်စားသုံးခြင်းဖြင့် သေဆုံးရပါတယ်။

ငါးမန်းတောင်ပံ ဟင်းတစ်ပွဲကို ငါးမန်း တစ်ကောင်နှုန်းနဲ့ တွက်နိုင်ပါတယ်။ ပင်လယ်စာ စားသောက်ဆိုင် တစ်ဆိုင်မှာ ငါးမန်းတောင်ပွဲဟင်း ၁၀ ပွဲစာ တစ်ရက်ရောင်းရရင် တစ်ရက် ၁၀ ကောင်ပါ။ အာရှနဲ့ အခြားသော ဥရောပ ဘက်အခြမ်းအားလုံး ဆိုင်ရေအတွက်က စုစုပေါင်းလိုက်ရင် သိန်းချီရှိတဲ့ အတွက် ငါးမန်းသေနှုန်းက တစ်ရက်ကို သောင်းနဲ့ချီ၊ သိန်းနဲ့ချီနေပါတယ်။

ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘာပဲ ကိုးကွယ်၊ကိုးကွယ် အသက်ရှိသော အခြား သူတစ်ပါးအသားကို သတ်ဖြတ်စားသောက်တယ်ဆိုတာ မဖြစ်မနေ အခြေ အနေမှာဆိုရင် အကြောင်းပြန်ချက် တစ်မျိုးမျိုးနဲ့ လက်ခံနိုင်သေးပေမယ့် ပင်လယ်မှာ သူ့ဘာသူ နေတဲ့ ငါးမန်းကို မြီးဖြတ်ပြီး ရေထဲပြန်လွတ် တာကတော့ တော်တော်ဆိုးရွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ပင်လယ်ပြန်မလွတ်လဲ ကုန်းပေါ်မှာ ဒီတိုင်း စွန့်ပစ်ပါတယ်။ ဂေဟ စနစ် တစ်ခု လည်ပတ်ဖို့ဆိုတာ ဒီစက်ဝန်းတွင်းက သက်ရှိသက်မဲ့အားလုံးက သူ့ကဏ္ဍနဲ့သူ အကျိုးရှိရှိ တာဝန်ယူနေပါတယ်။

ငါးမန်းတွေ ရှားပါးလာတာနဲ့အမျှ ကမ္ဘာအပေါ် ပြန်လည် ဆိုးကျိုး သက်ရောက်နိုင်မယ့် အချက်များစွာ ရှိနေပြီး လက်တွေ့ကျကျ ကြုံတွေ့ရမယ့် တစ်နေ့ကျမှ စာနာ နားလည်တတ်မယ်ဆိုရင် နောက်ကျလား၊ မကျဘူးလား ဆိုတာ ငါးမန်းတောင်ပံ ဟင်းချိုသောက်သုံးသူများ အား သိစေချင်ပါတယ်။
--
credit to :
အောင်ခမ်း (ရိုးရာလေး)
ရိုးရာလေး နိုင်ငံတကာ
http://www.yoyarlay.com/international-news/asia/34151-shark-finning-is-so-bad-in-asia

Saturday, 12 January 2013

ခြင်္သေ့နှင့်တူအောင် ပြုပြင်ထားသည့်ခွေးကြောင့် ရဲတပ်ဖွဲ့အလုပ်များ


အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။အမွေးများကို ခြင်္သေ့နှင့်တူအောင် ပြုပြင်ကာ ရိတ်ထားသည့် ခွေးတစ်ကောင်ကြောင့် ဗာဂျီနီးယား ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။ ကိုလီရိပ်သာလမ်းတစ်လျှောက် ခြင်္သေ့တစ်ကောင် လွတ်နေပြီး ယင်းသည် အစာရှာနေဟန်ရှိကြောင်း သတင်းသည် ရဲတပ်ဖွဲ့ဝင်များကို မျက်လုံးပြူးသွားစေသည်။

ထို့ကြောင့် ရဲများသည် ဗာဂျီးနီးယား တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများအား ဆက်သွယ်ပြီး သတင်းပို့ရာ နေရာသို ခြင်္သေ့ဖမ်းရန် အလျင်အမြန် ရောက်ရှိလာကြသည်။ ထို့နောက်တွင်တော့ ရဲများသည် အသက်(၃)နှစ်အရွယ် လာဘရာဒိုဒယ်လ် ခွေးကလေး ချားလ်စ်ကို တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင်မူ ဝါရင့် ရဲဝန်ထမ်း အချို့က ချားလ်စ်နှင့် ပတ်သက်ပြီး လူအများ အမြင်မှားသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ဟု ဒေသခံ သတင်းဌာနများသို့ ရယ်မော ပြောဆိုခဲ့သည်။

ချားလ်စ်၏ ပိုင်ရှင်ဖြစ်သူ ဒန်နီရယ်လ် ပိန်းတားက အဆန်းထွင်ကာ ချားလ်စ်ကို ခြင်္သေ့တစ်ကောင်နှင့် တူအောင် အမွေးများ ရိတ်ဖြတ် အလှဆင်ပေးထားခြင်း ဖြစ်သည်။ ချားလ်ကို မျက်မှန်းတန်းမိနေသည့် အိမ်နီးချင်းများက ခွေးတစ်ကောင်မှန်း သိရှိသော်လည်း ရုတ်တရက် တွေ့မြင်လိုက်သည့် လူစိမ်းများကမူ အမြင်မှားနေဆဲဟု သိရှိရသည်။
မူရင်း==>http://www.planet.com.mm/news/read.cfm/id/20701

မြန်မာပြည်မှာ ဝှက်ထားတဲ့ တိုက်လေယာဉ်တွေ ဘယ်မှာလဲ ?



Myanmar Online News
Thursday, January 10, 2013ဒီလ ၄ ရက်ထုတ် (ရိုက်တာ) သတင်းဌာနက ထုတ်ပြန်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
ဒီသတင်းရဲ့ အဓိက လိုရင်း အဓိပ္ပာယ်ကတော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မြန်မာနိုင်ငံမှာ မြှုပ် နှံထား တဲ့၊ မြေအောက် မှာ ဝှက်ထားတဲ့ စပစ်ဖိုင်းရား (Spitfire) တိုက်လေယာဉ်တွေ ကို ပြန်လည်ရှာဖွေ တူးဖော်တဲ့ အလုပ်တွေကို စကြတော့မယ် ဆိုတာပါပဲ။

ဒီသတင်းက ဒီနေ့ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ သတင်းကြီးပါ။ စိတ်အဝင်စားဆုံး တိုင်းပြည်ကတော့ ဗြိတိန်ပေါ့ ခင်ဗျား။ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံက သူတို့ တိုင်းပြည်က ထုတ်လုပ်တဲ့ တိုက်လေယာဉ်ပျံ။

ဒုတိယ ကမ္ဘာစစ်တုန်းက အလွန် နာမည်ကြီးတဲ့ “ဗြိတိန်လေကြောင်း စစ်ပွဲ” (The battle of Britain) မှာ သူတို့ ရန်သူ ဂျာမန်တွေရဲ့ လေကြောင်း ထိုးစစ်ကို အောင်မြင်စွာ တွန်းလှန် ဖျက်ဆီးအနိုင်ယူခဲ့တာ ဒီ (စပစ်ဖိုင်းရား) တိုက်လေယာဉ် ပျံတွေကြောင့် ပါ။

ဒီတိုက်လေယာဉ်ပျံက သူ့ခေတ်မှာတော့ အကောင်းဆုံး တိုက်လေယာဉ်ပျံပါ။ အဲဒီအချိန်က တိုက်လေယာဉ်ပျံ ဆိုရင် လူတွေ က “စပစ်ဖိုင်းရား” လေယာဉ်ပျံ လို့ပဲ နားလည်ပါတယ်။

ဗြိတိန် လေကြောင်း တိုက်ပွဲကြီးကို စတင်ခဲ့တဲ့အချိန်မှာ ဗြိတိန်ရဲ့ လေတပ် အင်အားက ဂျာမဏီနိုင်ငံ ရဲ့ အင်အားရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ရှိပါတယ်။

ဂျာမန်တွေက သူတို့ လေတပ်နဲ့ ဗြိတိန်လေတပ်ကို အချိန်နှစ်ပတ်လောက်အတွင်း အလွယ်တကူ လုံးဝ ဖျက်ဆီးနိုင်လိမ့်မယ် လို့ ထင်မှတ်ခဲ့ပါတယ်။

သူတို့ ထင်မှတ်သလို လုံးဝ မဖြစ်ခဲ့ပါဘူး။

သူတို့ ဗုံးကြဲလေယာဉ်ပျံတွေကို အစောင့်လိုက်တဲ့ တိုက်လေယာဉ်ပျံတွေကို ဗြိတိသျှ လေတပ်မတော်က (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တဲ့အတွက် ဗုံးကြဲလေယာဉ်ပျံတွေရဲ့ ထိုးစစ်က မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် ဒီနေ့အထိ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အကြောင်းကို လူတိုင်းကြားဖူးပြီး မှတ်မိနေကြ ပါတယ်။ အထူး သဖြင့် ဗြိတိန်နိုင်ငံသားတွေပေါ့ ခင်ဗျား။

သူတို့နိုင်ငံရဲ့ အကြီးကျယ်ဆုံး နိုင်ငံတော် အခမ်းအနားတွေမှာ လေတပ်က ဂုဏ်ပြုပြီး အခမ်းနားကျင်းပတဲ့ အပေါ် ဖြတ်ပျံ တာတွေ ပြုလုပ်တော့မယ်ဆိုရင် (စပစ်ဖိုင်းရား) လေယာဉ်ပျံတွေ အမြဲပါဝင်စေပါတယ်။

(စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံတွေ စပေါ်တာဟာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ခေတ်ကပါ။ နှစ်ပေါင်း ၇၀ (ခုနှစ်ဆယ်)ကျော်နေပြီ။

ဒီနေ့အထိ လေထဲပျံသန်းနိုင်တဲ့ (စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံ ၃၅ (သုံးဆယ့်ငါး)စီးပဲကျန်ရှိနေပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံ တွေကို ပြန်ရှာ၊ ပြန်တူးဖော်မယ့် အဖွဲ့မှာ အဖွဲ့ဝင် ၂၁ ယောက် ပါဝင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ (စတင်လီ ကွန်ဗီ)ဆိုတဲ့ ပုဂ္ဂိုလ်လည်း ပါဝင်လိမ့် မယ်။ ဒီပုဂ္ဂိုလ်ရဲ့ အသက်က ၉၀ (ကိုးဆယ်) ကျော်နေပါပြီ။ ဒီပုဂ္ဂိုလ်က လေတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ပြီး (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ကို မြေကျင်းတူးပြီး မြှုပ်ထားခဲ့တာကို သူကိုယ်တိုင် မြင်တွေ့ဖူးတယ်လို့ ပြောတယ်။

မြှုပ်တဲ့ နေရာကိုတော့ သူ မမှတ်မိတော့ဘူးပေါ့ ခင်ဗျား။

မြေပြင်က ၁၀ မီတာအနက် ကျင်းထဲမှာ မြှုပ်ထားပါတယ်လို့ ပြောပါတယ်။ ယခုလာရောက်ရှာဖွေ တူးဖော် ကြမယ့် အဖွဲ့သားတွေ ရဲ့ ခန့်မှန်းချက်က တိုက်လေယာဉ်ပျံ အစီး ၃၀ (သုံးဆယ်)လောက်ကို ရှိနိုင်တယ်လို့ ဆိုပါတယ်။

(ရိုက်တာ)သတင်းမှာ ဖော်ပြ ထားချက်တွေအရ တွေ့ရှိတဲ့ လေယာဉ်ပျံအရေအတွက်ရဲ့ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းကိုပဲ ဗြိတိန်နိုင်ငံကို ပြန်သယ်ဆောင်သွားမှာဖြစ်ပြီး ကျန် ၇၀ (ခုနှစ်ဆယ်)ရာခိုင်နှုန်းကို သူတို့အဖွဲ့ရဲ့ မြန်မာလူမျိုး ဌာနေ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ကို ခွဲဝေပေးလိမ့်မယ်တဲ့။

မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ဒီတိုက်လေယာဉ်ပျံတွေ ပြန်ရှာဖွေ တူးဖော်ကြမယ်ဆိုတဲ့ သတင်းကို အလွန် စိတ်ဝင် စားနေကြပါတယ်။

ဒီသတင်း မြန်မာသတင်းစာတွေ မှာ စပြီး ဖော်ပြခဲ့တာ တစ်နှစ်နီးပါး လောက်တောင်ရှိနေပါပြီ။

ဗြိတိန်နိုင်ငံသတင်းဌာနတွေရဲ့ အဆိုအရ မြေအောက်မှာ မြှုပ်ထား တဲ့(စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံ အရေအတွက်က ၁၂၄ (တစ်ရာ နှစ်ဆယ့်လေး)စီးအထိ ရှိနိုင်တယ်တဲ့။

အဲဒီတိုက်လေယာဉ်ပျံတွေ အထဲက ၃၆(သုံးဆယ့်ခြောက်စီး) က မင်္ဂလာဒုံ လေယာဉ်ပျံကွင်း တစ်ဝိုက်မှာပဲ မြှုပ်ထားခဲ့ တာတဲ့။ အဲဒါကြောင့် မင်္ဂလာဒုံလေယာဉ်ပျံကွင်း တစ်လျှောက်မှာသာ စနစ်တကျရှာ ဖွေတူးဖော်ကြရင် ၃၆ (သုံးဆယ့် ခြောက်)စီး အထိ ပြန်ဖော်လို့ ရနိုင်တာပေါ့ခင်ဗျား။

ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့တဲ့ လေ ယာဉ်ပျံကွင်းက ဒီနေ့မင်္ဂလာဒုံမြို့နယ်က လေယာဉ်ပျံကွင်း မဟုတ်ပါဘူးခင်ဗျား။

အဲဒီလေယာဉ်ပျံကွင်း အဟောင်းက မရှိတော့ပါဘူး။ ပျောက်နေပါပြီ။ တည်နေရာကတော့ ဒီနေ့ လေယာဉ်ပျံကွင်းသစ်နေရာ အနီးမှာပဲ ရှိပါတယ်။ လွတ်လပ်ရေးရပြီးစ ခေတ်က မြန်မာ့လေတပ်မတော်က လေယာဉ်ပျံတွေက အဲဒီကွင်းဟောင်းကိုပဲ သုံးကြပါတယ်။ လေယာဉ်ပြေးလမ်းက သိပ်မကောင်းတဲ့အတွက် (ပီအက်ပီ) သံပြားတွေကို ပြေးလမ်းတစ်ခုလုံးပေါ်မှာ ခင်းထားရပါတယ်။ ဒီသံပြားတွေက တချို့ဒီနေ့မင်္ဂလာ ဒုံမြို့နယ်မှာ နေထိုင်ကြတဲ့ လူတွေ ရဲ့ ခြံဝင်းကို ကာရံရာမှာ အသုံးပြုထားကြပါတယ်။ အပေါက်တွေ အများကြီး ဖောက်ထားတဲ့ ခေါင်မိုး သွပ်ပုံသဏ္ဍာန် သံပြားအထူကြီးတွေပါ။

တကယ်တော့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အများကြီး မြန်မာနိုင်ငံမှာ မြှုပ်နှံထားတာ ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပါပြီ။

ဗိုလ်ချုပ် စောဖြူ၊ ဗိုလ်ချုပ် သောင်းဒန်၊ ဗိုလ်ချုပ်ကြီး အောင်ညွန့်၊ ဗိုလ်မှူးကြီး သူရတင်မောင်အေးတို့လို လွတ်လပ်ရေး မရခင်ခေတ်က လေတပ်ထဲ ဝင်ရောက်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော်က လေသူရဲဟောင်းကြီး တွေ ဒီသတင်းကို အကုန်သိကြပါ တယ်။ ဘယ်နေရာမှာ မြှုပ်ထားတယ် ဆိုတာကိုတောင် သူတို့ အကြမ်းသဘော ပြောပြနိုင်ကြပါ လိမ့်မယ်။

ဒီနေ့ ဒီတူးဖော်မှုကို ဦးဆောင်တဲ့ (David J Cundall) အနေနဲ့လည်း လေယာဉ်ပျံ တချို့မြှုပ်နှံထားတဲ့ နေရာကို တိတိ ကျကျ သိနေပြီလို့ ယူဆရပါတယ်။ သူရဲ့ ထုတ်ပြောပြချက်တွေ အရ လေယာဉ်ပျံအစီး ၂၀ (နှစ်ဆယ်) မြှုပ်ထားတဲ့နေရာကို သူ တိတိကျကျ သိထားပြီးပြီလို့ ဆိုပါတယ်။ နောက်လေယာဉ်ပျံ အခြေအနေတွေက အကောင်း ပကတိအတိုင်း ရှိတယ်တဲ့။

မှန်ပါတယ်။

အကောင်းအတိုင်း ရှိနေဖို့က ရာခိုင်နှုန်း အပြည့်နီးပါး သေချာနေပါတယ်။

ဘာကြောင့်လဲ။

ဒီလေယာဉ်ပျံတွေကို မြေမြှုပ် ဝှက်ထားတာက တစ်စီးလုံး ကျင်းတူးပြီး ဝှက်ထားတာ မဟုတ်ပါဘူး။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို အမဲဆီ အထပ်ထပ်သုတ်ထားတဲ့ အဝတ်တွေ၊ စက္ကူတွေ၊ သစ်သားတွေနဲ့ စနစ်တကျ အဆင့်ဆင့် ထုပ်ပိုးပြီး ပို့လိုက်တဲ့အတိုင်း မြှုပ်ထား တာ၊ အပိုင်းအလိုက် မြှုပ်ထားတာ။ ဒီအပိုင်းတွေကို စုစည်းပြီး ပြန်ဆင် လိုက်မှ လေယာဉ်ပျံသစ်တစ်စီး ဖြစ်လာပါလိမ့်မယ်။

အပိုင်းလိုက် မြှုပ်နှံထားတာ ဆိုတော့ မြှုပ်နှံရတာ ဝှက်ရတာလည်း လွယ်ကူပြီး အပျက်အစီး မရှိနိုင်ဖို့ လည်းများတာပေါ့ ခင်ဗျား။

ဘာကြောင့် ဒီလို မြေမြှုပ်ပြီး ဝှက်ခဲ့ကြရတာလဲ။

အလွန်စိတ်ဝင်စားဖို့ ကောင်းပါ တယ်။

ဒီနေ့အသက်ရှင်ကျန်နေသေးတဲ့ အဲဒီခေတ်က မင်္ဂလာဒုံလေတပ်စခန်း မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လေတပ်သားတွေ အဆိုအရ ဒီလေယာဉ်ပျံတွေကို မြေမြှုပ်ပြီး ဝှက်ခဲ့တာ ၁၉၄၅ ခုနှစ်အတွင်းကပါ။

အဲဒီအချိန်က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးပါတော့မယ်။ ဂျပန်တွေ မြန်မာပြည်က ဆုတ်သွားပြီး မလေးရှားနိုင် ငံလောက်တောင် ရောက်နေပါပြီ။ လေကြောင်း စစ်ဆင်ရေးတွေက မရှိတော့တဲ့ အချိန်၊ အဲဒါကြောင့် အသစ် ရောက်လာတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်တွေက စစ်မြေပြင်မှာ သုံးဖို့ မလိုတော့တဲ့ လေယာဉ် ပျံတွေ။ ဒီလေယာဉ်ပျံတွေကို ဗြိတိန် ကို ပြန်ပို့ဖို့ဆိုတာလည်းမလွယ်ဘူး။ အကယ်၍ ပြန်ပို့ခဲ့ရင်လည်း ဥရောပ မှာ ဖြစ်တဲ့ စစ်ကြီးက ပြီးသွားပြီ မို့ ဒီလေယာဉ်ပျံတွေက အသုံးမဝင်တော့ဘူး။

ပြန်ပို့စရိတ်၊ ပြန်ထိန်းသိမ်း ထားရမယ့် စရိတ်တွေ အများကြီး ထပ်ကုန်ဦးမယ်။

ဒါကြောင့် ငွေကုန် အသက်သာဆုံး နည်းဖြစ်တဲ့ ရောက်ရှိနေတဲ့ နိုင်ငံမှာပဲ စိတ်ချရမယ့် နေရာတွေ ရွေးချယ်ပြီး သူတို့မြေမြှုပ်ပြီး ဝှက်သိမ်းထားခဲ့ကြတာပါ။

ဒီနေ့ မြန်မာပြည်မှာ ဝှက်ထား၊ မြှုပ်ထားတဲ့(စပစ်ဖိုင်းရား)တိုက် လေယာဉ်ပျံတွေက (Spitfire MK IX) အမျိုးအစား လေယာဉ်ပျံတွေ။ ဒီ တိုက်လေယာဉ်ပျံ အမျိုးအစားတွေက သိပ်ရှားတယ်။ အထူးသဖြင့် အသုံး ပြုထားတဲ့ စက်အမျိုးအစားပေါ့ ခင်ဗျား။

အဲဒီလေယာဉ်ပျံ အမျိုးအစားမှာ သုံးထားတဲ့ စက်က (Rolls Royce Griffon) စက်။

စောစောပိုင်းက ထုတ်လုပ်တဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ မှာက (Merlins Engine) ပဲသုံးတယ်။ ယခုမြန် မာပြည်မှာ လျှို့ဝှက် မြှုပ်ထားတဲ့ လေယာဉ်ပျံတွေက တစ်နာရီ မိုင် ၄၄၀ (လေးရာ့လေးဆယ်)နှုန်း အထိ ပျံသန်းနိုင်ပြီး စက်အားက မြင်းကောင်ရေ ၂၀၅၀ (2050 Horse Power) ရှိတယ်။

(စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ထုတ်လုပ်မှုက ၁၉၄၇ ခုနှစ်မှာ ရပ်လိုက်တယ်။ စုစုပေါင်း ထုတ်လုပ်ခဲ့တဲ့ (စပစ်ဖိုင်းရား) အရေအတွက်က ၂၀၃၄၄ (နှစ်သောင်း သုံးရာ လေးဆယ့်လေး) စီး ရှိတယ်။ အဲဒီ အထဲမှာ မြန်မာပြည်မှာ ဝှက်ထား တဲ့ (Griffon) စက်အားသုံး လေယာဉ်ပျံက ၂၀၅၃ (နှစ်ထောင် ငါးဆယ့်သုံး) စီးပဲ ရှိတယ်။

အရေအတွက် နည်းနည်းပဲ ထုတ်လုပ်ခဲ့တဲ့ တိုက် လေယာဉ်ပျံ။

ဒါကြောင့်လည်း ဒီလေယာဉ်ပျံတွေကို ပြန်ရှာဖွေနိုင်ကြဖို့ သဲကြီးမဲကြီး ကြိုးစားနေကြတာပါ။ ဒီရှာဖွေမှုကို ဦးဆောင်တဲ့ (David J Cundall) ဆိုသူက ဒီလုပ်ငန်းကို သူ စလုပ်နေတာ ၁၅(ဆယ့်ငါးနှစ်)ရှိ သွားပါပြီ။ သုတေသန အလုပ်တွေ အတွက် စုစုပေါင်း သူသုံးခဲ့၊ ကုန်ခဲ့တဲ့ ငွေကလည်း အမေရိကန်ဒေါ်လာ ၂ သိန်းတောင် ကျော်သွားခဲ့ပြီတဲ့။

သူ့အသက်ကလည်း ၆၂ (ခြောက်ဆယ့်နှစ်) ရှိနေပါပြီ။ သူက ဒီလေယာဉ်ပျံ ရတနာသိုက် ရှာဖွေမှုကို ငွေအတွက် လုပ် ကိုင်နေတာ မဟုတ်ပါဘူး။ ဝါသနာအရ လုပ်နေတာတဲ့ဗျာ။

ဦးလှဝင်း (လေသူရဲတစ်ဦး)
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

Tuesday, 18 December 2012

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

လူ့ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ် အချက်အလက်များ

Saturday, 15 December 2012


(1) သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ တချို့အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိတော့ ပေမယ့် ဆက်ပြီးအသက်ရှင်နေနိုင်ပါသေးတယ်။ အစာအိမ် ၊ သရက်ရွက် အသည်းရဲ့ ၇၅ရာခိုင်နှုန်း၊ အူလမ်းကြောင်းရဲ့ ၈၀ရာခိုင်နှုန်း၊ ကျောက်ကပ် တစ်ခြမ်း၊ အဆုတ်တစ်ခြမ်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းက တချို့ အစိတ် အပိုင်းတွေ မရှိရင်တောင်.. လူကောင်း တစ်ယောက်လို မဟုတ်ပေမယ့် ဆက်ပြီး အ...သက်ရှင် နေနိုင်ပါသေးတယ် ။

(2) လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာအသန်မာဆုံးကြွက်သားက လျှာဖြစ်ပြီး အမာကျောဆုံး အရိုးကတော့ မေးရိုးပါ

(3) လူတစ်ယောက်ရဲ့ခြေဖ၀ါးဟာခန္ဓာကိုယ်မှာရှိသမျှအရိုးပေါင်းရဲ့
လေးပုံတစ်ပုံမျှရှိပြီး အရိုးပေါင်း ၅၂ ချောင်းနဲ့ဖွဲ့စည်းထားပါတယ်

(4) ခြေဖ၀ါးမှာ ချွေးဂလင်းပေါင်း 500,000 ခန့်ရှိပြီးအဲဒီချွေးဂလင်းတွေ
က တစ်နေ့ကိုချွေး (1)ပိုင့် မကထုတ်လုပ်ပါတယ်။

(5) သင့်အစာအိမ်ထဲမှာရှိတဲ့အစာခြေရည်(အက်ဆစ်)ဟာသင်တုန်းဓား
ကိုတောင် ချေဖျက်နိုင်တဲ့အထိ ပြင်းအားရှိ ပါတယ်။ အဲဒီအက်ဆစ်ရည်ဟာ အစာအိမ်ကိုတော့ဘာကြောင့်မထိခိုက်စေလဲဆိုတဲ့ အကြောင်းအရင်းက - အစာအိမ်နံရံဟာသုံးရက် ဒါမှမဟုတ် လေးရက်တစ်ကြိမ်လောက်ဆဲလ်အ သစ်တွေနဲ့ အလိုလိုအစားထိုးနေလို့ပဲဖြစ်ပါတယ်။

(6) နှာချေလိုက်တဲ့အခါထွက်လာတဲ့အမှုန်အစက်တွေဟာ တစ်နာရီကို
100 mph နှုန်းအထိရှိပြီး ၊ ချောင်းဆိုးတဲ့အခါမှာတော့ 60 mph နှုန်း အထိလျှင်မြန်ပါတယ်။

(7) သင့်ခန္ဓာကိုယ်ရဲ့သာမန်အပူချိန်ဟာ မိနစ် (၃၀)အတွင်းမှာ (၁)ဂါလံရှိ တဲ့ရေကို ပွက်ပွက်ဆူအောင်တည်ဖို့လုံလောက်ပါတယ်။

(8) ခန္ဓာကိုယ်ထဲမှာရှိသမျှ သံဓာတ်ဟာ (၃)လက်မ သံတစ်ချောင်းစာ ရှိပါသတဲ့။

(9) ထပ်တူညီအမွှာတွေကလွဲလို့ လူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ကိုယ်နံ့တွေရှိကြပါတယ်။

(10) ကလေးငယ်ဘ၀မှာ ဦးခေါင်းဟာ ခန္ဓာကိုယ်ရဲ့လေးပုံတစ်ပုံ အချိုးအ စားနဲ့ညီမျှပြီး အသက် (၂၅) နှစ်ရောက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ ရှစ်ပုံ တစ်ပုံမျှပဲ ရှိပါတော့တယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်မှာ ဦးခေါင်းရဲ့ကြီးထွားမှုနှုန်းဟာခန္ဓာကိုယ်ရဲ့ကြီးထွားနှုန်းထက် နှေးကွေးနေလို့ပဲဖြစ်ပါတယ်။

(11) လူတစ်ယောက်ဟာ မွေးစမှာအရိုးပေါင်း (၃၀၀)ကျော်ပါရှိပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတာ့ (၂၀၆)ချောင်းပဲ ရှိပါတော့တယ်။ ဦးခေါင်းခွံလိုတချို့အရိုးတွေဟာ တစ်ချောင်းနဲ့တစ်ချောင်း အလိုလို ဆက် သွားတဲ့အတွက်အရေအတွက် လျော့နည်းသွားတာဖြစ်ပါတယ်။

(12) ကိုယ့်ကိုယ်ကိုကလိပြန်ထိုးလို့မရနိုင်ပါဘူး..တဲ့ ။။ ဘာကြောင့်လဲဆို ...ကိုယ့်ကိုယ်ကို ကလိထိုးဖို့ကြိုးစားလိုက်ပြီဆိုတာနဲ့ ထိုးမယ့်နေရာရယ် ၊ ထိုးမယ့်အချိန်ရယ်ကို အတိအကျသိနေတဲ့အတွက် မယားပဲနေနိုင်တာပါ ....တဲ့။

(13) သင့်နှာခေါင်းဟာ အနံ့ပေါင်း (၅၀,၀၀၀)ကိုမှတ်သားထားနိုင်ပါတယ် ။ ဒါပေမဲ့သင်ဟာ အမျိုးသမီးတစ်ဦး ဖြစ်မယ်ဆိုရင်တော့ ဘ၀တစ်လျှောက်
လုံး အမျိုးသားတွေထက် အနံ့ခံအာရုံပိုကောင်းဖို့ အလားအလာရှိပါတယ်။

(14) ခန္ဓာကိုယ်မှာရှိသမျှ သွေးကြောတွေကိုဆက်လိုက်မယ်ဆို မိုင်ပေါင်း (၆၀,၀၀၀)ခန့် ရှည်လျားပါတယ်။

(15) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေများသောအားဖြင့် ပထမသုံးလ ပတ်အတွင်းမှ (၁) ဖား (၂) တီကောင်နဲ့ (၃)အပင်စိုက်ထားတဲ့အိုး စတဲ့ အိပ်မက်(၃)မျိုးကို မက်လေ့ရှိပါတယ် ။ ဘာကြောင့်ရယ်လို့ အတိအကျ အတည်မပြုနိုင်သေးပေမယ့် ... သိပ္ပံပညာရှင်တွေကတော့ ကိုယ်ဝန်ဆောင် စဉ်အတွင်းမှာခန္ဓာကိုယ်ကထွက်တဲ့ဟော်မုန်းတွေရဲ့အချိုးအစားမမျှတ
မှုကြောင့် မက်ခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။

(16) ဆံပင်တစ်ချောင်းရဲ့ပျမ်းမျှသက်တန်းဟာ (၆)နှစ်ကနေ(၇)နှစ်အထိ ရှိပြီး သာမန်လူတစ်ယောက်ဟာ တစ်နေ့မှာဆံပင်အချေင်းရေ (၆၀)ကနေ (၁၀၀)ကြားကျွတ်ထွက်လေ့ရှိပါတယ် ။

(17) လူ့ဦးနှောက်မှတ်ဥာဏ်ဆဲလ်ဟာ စွယ်စုံကျမ်းငါးအုပ်စာမျှ အချက်အ လက်တွေကို သိုမှီးထားနိုင်စွမ်းရှိပါတယ်။ ဦးနှောက်ရဲ့(၈၀) ရာခိုင်နှုန်း ဟာ ရေဓာတ်နဲ့ဖွဲ့စည်းထားပြီး သွေးထဲမှာ ပျော်ဝင်လာတဲ့ အောက်ဆီဂျင်
ရဲ့(၂၀)ရာခိုင် နှုန်းကို အသုံးပြုပါတယ် ။ ခန္ဓာကိုယ်မှာခံစားရတဲ့ နာကျင်မှု မှန်သမျှကို ဦးနှောက်သိရှိခံစားနိုင်ပေမယ့် ... သူ့ကိုထိခိုက်မိမယ်ဆိုရင်တော့ နာကျင်မှုကိုမခံစားမသိရှိနိုင်ပါဘူး ..... တဲ့။

(18) “သွား” ဆိုတာခန္ဓာကိုယ်မှာ ကိုယ်တိုင်ပြန်လည်ထူထောင်ရေး မပြုလုပ်နိုင်တဲ့တစ်ခုတည်းသော အစိတ်အပိုင်းပါ။

(19) သင့်မျက်လုံးဟာမိခင်ဝမ်းကကျွတ်လွတ်လာတာနဲ့ကြီးထွားမှုရပ
တန့်သွားပြီး နှာခေါင်းနဲ့နားရွက်ကတော့ အသက်ကြီးလာတာနဲ့အမျှ လိုက်ပါကြီးထွားလာလေ့ရှိပါတယ်။

(20) အသက်(၆၀)ရှိတဲ့အခါမှာ - အမျိုးသားတွေရဲ့ (၆၀) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေရဲ့ (၄၀)ရာခိုင်နှုန်းဟာ အိပ်ပျော်တဲ့အခါ ဟောက်တတ် လာပါတယ်။

(21) ကျနော်တို့တွေဟာ ညနေပိုင်းထက် မနက်ပိုင်းမှာ(၁)စင်တီမီ တာလောက် အရပ်ပိုရှည်နေလေ့ရှိပါတယ် ။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်အရိုးအဆစ်တွေဟာ နေ့ခင်းပိုင်းမှာပုံမှန်အတိုင်း ရှိနေပေမယ့် ဒူးအတွင်းမှာရှိတဲ့အရိုးနုနဲ့တချို့အရိုးတွေဟာ တစ်နေ့ခင်းလုံး ဖြေးဖြေး ချင်းဖိနှိပ်ခံထားတဲ့ဒဏ်ကြောင့် ညနေပိုင်းမှာအနည်းငယ် ကျုံ့ဝင်သွားတဲ့ အတွက်ဖြစ်ပါတယ်။ ညပိုင်းအိပ်စက်အနားယူလိုက်တဲ့အခါ ဒူးဆစ်အရိုးနု နဲ့တခြားအရိုးတွေ ပြန်ဆန့်ထွက်လာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်

(22) အိပ်ပျော်နေစဉ်အခိုက်အတန့်မှာတောင် မှ ဦးနှောက်ဟာ (10)watt မီးလုံးတစ်လုံးရဲ့ပမာဏနဲ့ ညီမျှတဲ့စွမ်းအင်ကို အဆက်မပြတ် ထုတ် လွှတ်နေပါတယ် ။ တခြားအကြောင်းအရာတစ်ခု အနေနဲ့ကတော့ ... ဦးနှောက်ဟာ နေ့ခင်းထက် ညဘက် မှာသာအလုပ်ပို လုပ်လေ့ရှိပါသတဲ့။

(23) လက်ခလည်မှာရှိတဲ့ လက်သည်းခွံဟာ ရှည်လျားမှုနှုန်းအမြန်ဆုံး
ဖြစ်ပါတယ်။

(24) မျက်နှာပြင်တ၀ိုက်ပေါက်တဲ့ အမွေးအမျှင်တွေဟာ ကျန်တဲ့ခန္ဓာကိုယ် အစိတ်အပိုင်းမှာပေါက်တဲ့အမွှေးအမျှင်ထက်ရှည်လျားမှု နှုန်းမြန်ဆန်ပါတယ် ဒီအချက်ဟာအမျိုးသားရောအမျိုးသမီးမှာပါ တူညီတဲ့အချက်ဖြစ်ပါတယ် ။

(25) တစ်လက်မပတ်လည် လူ့အရေပြားမှာပေါက်တဲ့ အမွေးအမျှင်ဟာ ချင်ပန်ဇီမျောက်တစ်ကောင်ရဲ့ အမွေးအမျှင် အရေအတွက်အားလုံးနဲ့ ညီမျှပါတယ် ။

(26) သန္ဓေသား ဘ၀သုံးလအရွယ်မှာ လက်ဗွေရာ စတင်ထင်ရှားပါတယ် ။

(27) အသက်ခြောက်ဆယ်ရောက်တဲ့အခါ လူအများစုရဲ့လျှာမှာရှိတဲ့ အရသာခံဖု(၅၀)ရာခိုင်နှုန်းမျှ ပျက်စီးသွားလေ့ ရှိကြပါတယ်။

(28) ပိုပြီးအေးမြတဲ့ နေရာမှာအိပ်လေ ... အိပ်မက်ဆိုးမက်ဖို့ အခွင့်အလမ်း ပိုများလေ ...။

(29) အရေပြားအောက်မှာ သွေးကြောငယ်ပေါင်းမြောက်များစွာ စုစည်းနေ တဲ့အတွက် နှုတ်ခမ်းဟာ အခြားနေရာထက် နီမြန်းတဲ့အရောင်ဖြစ်နေတာပါ

(30) မိနစ်တိုင်းမိနစ်တိုင်းမှာ ခန္ဓာကိုယ်ပေါ်က မီလျံသန်းတစ်ရာမျှသော ဆဲလ်တွေဟာ သေဆုံးနေကြပါတယ်။

(31) တစ်ယောက်နဲ့တစ်ယောက်လက်ဗွေရာချင်း မတူညီနိုင်သလို လူသား တိုင်းမှာမတူညီတဲ့ လျှာတစ်ချောင်းစီရှိကြပါတယ် ။ (စိတ်ဝင်စားမယ်ဆို ရင်နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ လက်ဗွေရာအစား လျှာဗွေရာနှိပ်ဖို့ လွှတ်တော်ကို အဆိုတင်သွင်းနိုင်ပါတယ် ။ )

(32) ခေါင်းဖြတ်ခံလိုက်ရရင်တောင်မှ အဲဒီဦးခေါင်းဟာ(၁၅)စက္ကန့်ကနေ စက္ကန့်(၂၀)လောက်အထိ အသိစိတ်ရှိနေနိုင်ပါသေးသတဲ့။ (သူများပြော တာမယုံရင် ကိုယ်တိုင်စမ်းသပ်ကြည့်နိုင်ပါတယ်။)

(33) လူတစ်ယောက်ဟာ မအိပ်ပဲနေတာထက်အစာအစားမပဲ ပိုပြီးကြာ
ကြာ အသက်ရှင်နေနိုင်ပါတယ်။ ရေတစ်မျိုးပဲသောက်ရမယ်ဆိုဦးတော့ ...ခန္ဓာကိုယ်အချိုးအစားနဲ့ တခြားအချက်အလက်တွေပေါ် မူတည်ပြီး သာမန်လူတစ်ယောက်ဟာ အစာမစားပဲတစ်လနှစ်လလောက် အသက် ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ရက်အနည်းငယ် အိပ်ရေးပျက်လိုက်ခံရုံနဲ့ အဲဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေ သိသိသာ သာပြောင်းလဲသွားနိုင်ပါတယ်။ လက်တွေ့စမ်းသပ် ချက် မှတ်တန်းများအရ အကြာဆုံးမအိပ်စက်ပဲ နေထိုင်နိုင်ခဲ့တဲ့စံချိန်ကတော့ (၁၁)ရက်ဖြစ်ပါတယ် ။ ဒီလက်တွေ့စမ်းသပ်ချက်အပြီးမှာတော့ အစမ်းသပ်ခံလူသားဟာ စကားထစ်ခြင်း ၊ ထင်ယောင်ထင်မှားဖြစ်ခြင်း နဲ့ ကိုယ့်ကိုယ်ကိုမကြာခန ဘာလုပ်နေမှန်း မေ့လျော့ခြင်းတွေကို ခံစားရကြောင်းတွေ့ရှိရပါတယ်

(34) သင့်နားရဲ့လျှို့ဝှက်ချက်ကတော့ သာမန်အချိန်ထက်စာရင်ကြောက် လန့်နေတဲ့အချိန်မှာ ပိုမိုစိုစွတ်နေလေ့ရှိပါသတဲ့ ... ။

(35) ကမ္ဘာပေါ်မှာအတွေ့ရအများဆုံးသွေးအမျိုးအစားက (O) အိုသွေးဖြစ် ပြီး အရှားပါးဆုံးသွေးအမျိုးအစားကတော့(A-H) ခေါ် ဘုံဘေသွေး အမျိုး အစားဖြစ်ပါတယ်။ နေရာဒေသနဲ့ဆက်နွယ်ပြီး စတင်တွေ့ရှိခဲ့ချိန်ကနေ ယခုအချိန်ထိရှာတွေ့ခဲ့သမျှ လူဦးရေဟာ ရာဂဏန်းမျှသာရှိသေးပါတယ် ။

(36) ညာသန်တွေဟာ ဘယ်သန်တွေထက်ပျမ်းမျှ သက်တန်း(၉)နှစ်ခန့် ပိုမိုရှည်လျားလေ့ရှိကြပါတယ် ။ လူ့အသုံးအဆောင်ပစ္စည်းတွေနဲ့ စက် ပစ္စည်းတွေဟာ များသောအားဖြင့် ညာသန်တွေအတွက်သာ ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့အတွက် ၊ ဘယ်သန်တွေအသုံးပြုတဲ့အခါ မတော်တ ဆထိခိုက်ဒဏ်ရာခြင်း ၊ အသက်ဆုံးရှုံးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ စာရင်း များအရ မတော်တဆထိခိုက်မှုပေါင်းများစွာဟာ ဘယ်သန်တွေေ ကြာင့်ဖြစ် ပေါ်ခဲ့ပြီး တစ်နှစ်အတွင်းမှာထောင်ပေါင်းများစွာသော ဘယ်သန်တွေအသက်ဆုံးရှုံး နေလေ့ရှိပါတယ်..တဲ့ ။

(37) Koalas (သြစတေးလျသစ်ရွက်စားဝက်ဝံမျိုး)လို့ခေါ်တဲ့ နို့တိုက်သတ္တ၀ါ တစ်မျိုးတည်းသာ တစ်ကောင်နဲ့တစ်ကောင်တူညီတဲ့ လက်ဗွေရာရှိတတ် ကြပါတယ်။

(38) လူတစ်မျိုးတည်းသာ ခံစားချက်ကြောင့်မျက်ရည်ကျတတ်တဲ့ သတ္တ၀ါဖြစ်ပါသတဲ့ ... ။

(39) လူ့နှလုံးသာ ပေသုံးဆယ်အမြင့်ထိရောက်အောင် သွေးတွေကိုပန်း ထုတ်နိုင်လောက်တဲ့ ညှစ်အားရှိပါတယ်။ ဒါကတော့ နောက်ဆုံးအချက် ... မိန်းကလေးတွေအတွက်ပါ ... ။

(40) ပြုံးဖို့အတွက်မျက်နှာကြွက်သား(၁၇)ခုအသုံးပြုရပြီး မျက်မှောင်ကြုတ် ဖို့အတွက် (၄၃)ခုအသုံးပြုရပါတယ်။ ဟုတ်ကဲ့ .... လက်တစ်ဖက်လုံးကို မ ပြီးအားနဲ့လွှဲရိုက်လိုက်ဖို့ဆိုရင်တော့ ကြွက်သား(၄)ခုပဲသုံးစရာလိုပါတယ်
တဲ့။ မြှောက်ပေးတယ်လို့မထင်ရင်မလိုလားအပ်ပဲကယ်လိုရီတွေမကုန်
ရအောင်အကြံဥာဏ်တစ်ခုလောက်ပေးချင်ပါတယ်။ တကယ်လို့များပေါ့ ... ကိုယ်လုံးဝမနှစ်သက်တဲ့ယောကျာ်းလေးတစ်ယောက်က ကိုယ့်ကိုသိပ် အနှောင့်အယှက်ပေးနေမယ်ဆိုရင် အားနာပါနာနဲ့လည်းပြန်ပြုံးပြမနေပါနဲ့။ မကြိုက်မနှစ်သက်ကြောင်းလည်း အမူအရာနဲ့မျက်မှောင်ကြုတ် ပြမနေ
ပါနဲ့ ...။ အလွယ်ဆုံးနည်းဖြစ်တဲ့ ... ကြွက်သားလေးခုကိုအသုံးပြုပြီး ..အားရပါးရသာ ... Slap လိုက်ပါ...လို့ ...

(တကယ်တော့ ဒီအချက်အလက်တွေဟာ ခန္ဓာကိုယ်ရဲ့ထူးဆန်းအံ့သြဖွယ်
ရာအကုန်လုံးတော့ မဟုတ်သေးပါဘူး။ နေ့စဉ်လိုလိုပဲ.. အသစ်အသစ်သော
အံ့သြဖွယ် အချက်အလက်တွေကို သိပ္ပံပညာရှင်တွေ ယနေ့တိုင်ရှာတွေ့နေ
ဆဲပါ။ ဒီပိုစ့်နဲ့ပတ်သက်သော အချက်အလက်များ ကိုတော့ OddStuff Magazine ပါ ဆောင်းပါးတစ်ပုဒ်မှ Share လုပ်ခြင်း ဖြစ်ပါကြောင်း)

မြန်မာချစ်သူမိသားစု မှကူးယူမျှဝေပါသည်။
Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

Monday, 3 December 2012

ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force



ရေနဲ့ မောင်းမယ့် ကားကြီး Mercedes-Benz Ener-G-Force

ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကာ

းကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
မူရင်းလင့်
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
http://www.colayonline.com.mm/automobile/
http://blog.techspace.com.mm/2012/12/mercedes-benz-ener-g-force.html

Monday, 19 November 2012

ရင်သပ်ရှုမောဖွယ် အိုဘားမားရဲ့ လုံခြုံရေး

ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။

လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။

အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦး ဆောင်ပါတယ်။

အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင် ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာ ကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။

တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။

အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီး စဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။

အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။

ဘယ်လောက်ဘဲ ဘုရင်မနန်းတော်အရာရှိတွေဘက်က ပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော် လုံခြုံရေး စုံ ထောက်တွေ ယူလာတဲ့ ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိ အံ့အားတသင့် ဖြစ်ကုန်ပါသတဲ့။ ဒီကြားထဲ သမ္မတအိုဘားမားရဲ့ ကိုယ်ရံတော် ထောက်လှမ်းရေးတပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။

အိုဘားမား လုံခြုံရေးစုံထောက်တွေ သေနတ်တွေ တကားကားနဲ့ အင်္ဂလန်ဘုရင်မ နန်းတော်ထဲမှာ သူတို့ကိုယ်ပိုင်နန်း တော်အလား ပြေးလွှားနေလိုက်ကြတာ ၂၄ ဆိုတဲ့ တီဗွီဇာတ်လမ်းကြည့်နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကို အရေးပေါ် သွေးသွင်းနိုင်ဖို့ ပစ္စည်းတွေအပါအ၀င် ဆေး ခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်ကရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။

နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သောက်ရေသန့်ကိုတောင် တိုက်ခွင့် မပေး နိုင်၊ သူတို့အမေရိကန်က သယ်လာတဲ့ သမ္မတအိုဘားမား သောက်နေကျ သောက်ရေသန့်ကိုသာ တိုက်မယ်လို့ အိုဘား မား ကိုယ်ရံတော်ထောက်လှမ်းရေးအရာရှိတွေပြောတော့ နန်းတွင်းအရာရှိတွေ အံ့သြသွားပါတယ်။

ဘာကြောင့်လဲလို့မေးတော့ “ ကျွန်တော်တို့သမ္မတ ရေပြောင်းရေလွဲမှာ ဗိုက်နာတာမျိုး အဖြစ်မခံနိုင်လို့ပါ” လို့ သမ္မတ ကိုယ်ရံတော်တွေက ဖြေပါသတဲ့….။ ဘာပြောကောင်းမလဲ။ အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။ အိုဘားမားတို့ ဘုန်းကြီးလိုက်ပုံများ အင်္ဂလန်ဘုရင်မတောင် အရှုံးပေးရတယ်။ အင်္ဂလန်ဘုရင်မ သောက်တဲ့ရေတောင် အိုဘားမားကို မတိုက်နိုင်ဘူး...တဲ့။

စိုင်းနေမင်း (တင်ပြသည်)

Tuesday, 13 November 2012

ထူးခြားတဲ့ စိတ်ကူးလေးနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ရေပေါ်အိမ်ကလေး

ပတ်ဝန်းကျင်အလှအပ ခံစားမလား။
ငါးမျှားမလား။
စိတ်အပန်းဖြေမလား။
ပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ မိတ်ဆွေဆီကို အလည်အပတ်သွားမလား။
ထူးခြားတဲ့ စိတ်ကူးလေးနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ရေပေါ်အိမ်ကလေးပါ။

Wednesday, 24 October 2012

မျက်စိမမြင်ပေမဲ့ ကားပြင်နိုင်တဲ့ မက်ကန်းနစ်

မျက်မမြင်ကားပြင်သူတစ်ယောက်ဟာ သူဟာ ကားရဲ့
အသံကိုနားထောင်ရုံ ကားရဲ့ တုန်ခါမှုကို ထိတွေ့ရုံနဲ့ ကားဘာဖြစ်လဲဆိုတာ သိနိုင်တယ်လို့ဆိုပါတယ်။ သူ့ နာမည်က Col Collewijn ဖြစ်ပြီး ဟော်လန်နိုင်ငံ Nuis က ဝပ်ရှော့တစ်ခုမှာ
အလုပ်လုပ်ပါတယ်။ သူဟာသူ့အသက် ၈ နှစ်သားအရွယ်မှာ အမြင်အာရုံ ကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ Collewijn က ကျွန်တော့် ကရိယာ တွေဟာ ကာလကြာရှည်စွာ နေရာတစ်ခုတည်းမှာပုံသေရှိနေခဲ့တာပါ။
 မူလီ တစ်လုံကအစ မြေကြီးပေါ် ကို ကျနေခြင်းမရှိပါဘူး။ ဒါကြောင့် ဒီကိရိယာတွေကို လှမ်းပြီး ကောင်းကောင်း ပြုလုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော် အမြဲတမ်း ကျွန်တော် အကြားအရုံနဲ့ အထိအတွေ အာရုံ တွေကို ကျွန်တော်ယုံကြည်တယ်။
 ပြီးတော့ ကားတစ်စီးရဲ့ အင်ဂျင် တုန်ခါမှုနဲ့ အင်ဂျင်ထဲက ပုံမှန်မဟုတ်ထူးခြားပြီး ထွက်လာတဲ့အသံမျိုး ကို ကျွန်တော်သိတယ်။ တခါတစ်လေဆို အသံကြားတာနဲ့ အဲ့ဒီကား ဘယ်နေရာမှာဘာဖြစ်နေပြီလဲဆိုတာ တိတိကျကျ ကျွန်တော်သိနိုင်တယ်။ တခြားကားပြင်တဲ့ ဝပ်ရှော့ ဆရာတွေအားလုံးထက် ကျွန်တော့မှာ တပန်းသာတဲ့ အားသာချက် တစ်ခုရှိတယ်ဗျ အဲ့ဒါကတော့ ကျွန်တော် အမှောင်ထဲမှာ ကားပြင်နိုင်တယ် လို့ Collewijn က ရယ်မောပြီး ပြောကြားခဲ့ပါတယ်။

Monday, 22 October 2012

ဝက်မွေးမြူတဲ့ လယ်သမားအဖိုးအို ဝက်စားသောက်တာကို ခံလိုက်ရခြင်း

အမေရိကန်နိုင်ငံ အော်ရီဂွန်မှာ အသက် ၇၀ အရွယ်ရှိတဲ့ လယ်သမားအဖိုးကြီးကို သူမွေးထားတဲ့ ပေါင်ချိန် ၇၀၀ (318 Kilos) လောက်ရှိတဲ့ ဝက်တွေကဝိုင်းဝန်းစားသောက်
ပစ်လိုက်ပါတယ်တဲ့။ဒါပေမယ့် သက်ဆိုင်ရာဒေသ တာဝန်ရှိသူတွေကတော့ လယ်သမားအဖိုးအိုဟာ ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ်လို့ ဆိုကြပါတယ်။
ပြီးခဲ့တဲ့အပတ်က Terry V. Garner ဆိုတဲ့ လယ်သမားအဖိုးအိုဟာ ဝက်တွေကို အစာကျွေးဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် သူပြန်မရောက်လာတော့လို့ သူ့မိသားစုဝင်တစ်ယောက်က သူ့ကို ဝက်မွေးမြူတဲ့ခြံကို လိုက်သွားကြည့်တဲ့အခါ သူ့သွားတွေလို့ ထင်ရတဲ့အရာတစ်ချို့နဲ့ အသားစ တစ်ချို့ ကိုပဲတွေ့ရှိရပါတယ်လို့ NBC သတင်းဌါနက ဆိုပါတယ်။
သတင်းတွေရဲ့အဆိုအရ ဝက်တွေဟာ လယ်သမားအဖိုးအိုရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အနည်းငယ်ကိုချန်ခဲ့တာဖြစ်မယ်လို့ဆိုပါတယ်။ ဒေသပိုင်တွေရဲ့အဆိုအရတော့ Garner ဟာ ဘယ်လိုဖြစ်ပြီး ဒီလိုအသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာကိုစုံစမ်းလေ့လာမှုတွေကို လုပ်နေပါတယ်လို့ဆိုပါတယ်။
အဲဒီရုံးရဲ့ကြေငြာချက်မှာတော့အနည်းဆုံးဝက်တစ်ကောင်က Mr. Gamerကိုရန်လိုခဲ့ပုံရတယ်လို့
 ပြောပြခဲ့ပါတယ်။
ဒီလို ဝက်တွေက လူကိုစားသွားတဲ့ ဖြစ်ရပ်ဟာ ပထမဦးဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ရိုမေးနီးယားအမျိုးသမီးတစ်ယောက်ဟာလည်း သူမွေးထားတဲ့ ဝက်တွေက သူ့ကို ၂၀၀၄ ခုနှစ်မှာ စားသောက်ခဲ့ပါတယ်လို့ ဂါးဒီးယန်းသတင်းစာက ဖော်ပြသွားခဲ့ပါတယ်။
 သေမှုသေခင်းဆရာဝန်တွေကတော့ Mr. Garner သေဆုံးသွားရခြင်းအကြောင်းကို ကျန်ခဲ့တဲ့ သူ့ရဲ့ အရိုး၊အသားစတွေကနေပြီးတော့ စစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။အခုလိုဖြစ်ရပ်မျိုးကို ကြည့်ရှုပြီး ဝက်မွေးမြူတဲ့ လူတွေ ဝက်စာကျွေးရင် ဂရုတစိုက်ကျွေးရမယ်ဆိုတာ သတိထားသင့်ပါတယ်။

Tuesday, 25 September 2012

မျက်လုံးအရောင် နှစ်မျိုးရှိသော သတ္တဝါများ

လူတို့သည် မျက်လုံးလှပဖို့ရန်အတွက် အရောင်အသွေးအမျိုးစုံလင်သော မျက်ကပ်မှန်များကို တပ်ပြီး တန်ဆာဆင်ကြပါသည်။ သို့သော် တိရစ္ဆာန်တို့မူကား မျက်ကပ်မှန်တပ်ဆင်ဖို့ရာ  မဖြစ်နိုင်။ ဒါပေသိ သြော်ဒေဂျင်နယ် မျက်လုံးအရောင် နှစ်မျိုးရှိသော သတ္တဝါများ ဤကမ္ဘာမြေပေါ်တွင် ရှိကြောင်း သိရှိနိုင်ရန် အလို့ငှာ ဗဟုသုတအနေဖြင့် တင်ဆက်လိုက်ပါသည်။
@ http://www.wackynwild.com/








Tuesday, 11 September 2012

ဗြိတိန်တွင်ကျင်းပပြုလုပ်ခဲ့တဲ့ ဟင်းသီးဟင်းရွက် ပြိုင်ပွဲ မှကမ္ဘာ့အရှည်ဆုံး မုန်လာပင် စံချိန်တင်ပေါ်ထွက်လာ



အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အသီးအနှံ ပြိုင်ပွဲမှာ Peter Glazebrook ဆိုသူ စိုက်ပျိုးရေးသမားတစ်ယောက်ရဲ့ အရွက်စားနိုင်တဲ့ မုန်လာပင်တစ်မျိုးဟာ ကမ္ဘာ့ အရှည်ဆုံး မုန်လာပင် အဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ထိုအပင်ရဲ့ အရှည်ဟာ ၁၈ ပေ ၅ လက်မ (သို့) ၅.၆၀၇ မီတာ ရှိကြောင်းလဲ သိရပါတယ်။
Mr Glazebrook  ဟာ သူ့ရဲ့ ပထမဆုံး ဝင်ပြိုင်တဲ့ ပြိုင်ပွဲမှာ ပထမ အဖြစ်နဲ့ရော ကမ္ဘာ့ စံချိန်တင်ခဲ့တဲ့ အဖြစ်ရော ရရှိခဲ့တာ ဖြစ်တာကြောင့် အလွန်ပဲ ပျော်ရွှင် ကြည်နူးမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ထို့အတူ ထိုပြိုင်ပွဲတွင် အကြီးဆုံး ဥ အဖြစ် ၈ ပေါင် ၄၀ အောင်စ (၃.၇၆ ကီလို) လေးတဲ့ အာလူး တစ်ဥ လဲ ဆုရသွားကြောင်း သိရပါတယ်။



Monday, 20 August 2012

၂၀၁၃ တွင် ခေါက်သိမ်းနိုင်သည့် ကားမျိုး ရောင်းချတော့မည်

သုတေသန ပညာရှင်များမှာ နေရာကျဉ်းကျဉ်းထဲတွင် ပုံစံချပြီး ခေါက်ထားနိုင်မည့် လူနှစ်ဦးစီး လျှပ်စစ် မော်တော်ကား တစ်မျိုးကို ဒီဇိုင်းထွင်ထုတ်လုပ်လိုက်ပြီ ဖြစ်ကာ ကားမောင်းသူများ အနေဖြင့် ကားပါကင် အခက်အခဲမှ ကင်းဝေးစေမည် ဖြစ်ကြောင်း
 ပြောကြားလိုက်သည်။
 အဆိုပါ ကားကို MIT ၏ Changing Places  အုပ်စုနှင့် စပိန် နိုင်ငံ Basque ရှိ ဖွံ့ဖြိုးရေး အေဂျင်စီ ဖြစ်သည့် DENOKINN တို့မှ ပူးပေါင်း ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါ ကားကို Hiriko Fold ဟု အမည်ပေးထားပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လျော်ညီအောင် ထုတ်လုပ်ထားသည့် အပြင် အားတစ်ကြိမ် သွင်းထားပါက ၇၅ မိုင် အထိ မောင်းနှင်နိုင်ကြောင်းလည်း သိရသည်။ ယခုကားမှာ အလွန်ပင် ဝန်ကျဉ်းပြီး မြို့ပြမော်တော်ယာဉ် ကဏ္ဍအတွက် အထူး တီထွင်ထားခြင်းလည်း ဖြစ်သည်။ ယခုကား၏ ရှေးပြေး ပုံစံကို ဥရောပတွင် စတင် စမ်းသပ်နေပြီ ဖြစ်ကာ လာမည့် ၂၀၁၃ တွင် ဒေါ်လာ ၁၆၀၀၀ ခန့်ဖြင့် ရောင်းချနိုင်ရန် လျာထားကြောင်းလည်း သိရသည်။
ထိုကားပုံစံကိုတည်ထွင်သည့် ပညာရှင်များက ၄င်းတို့ကားသည် ဘာလင်မြို့ ၊ ဆန်ဖရန်စစ်စကိုမြို့ နှင့် ဘာစီလိုနာမြို့တို့တွင် ပေါ်ပြူလာဖြစ်လိမ့်မည်ဟု သုံးသပ်ထားကြသည်။
ref : stufftotweet


Sunday, 5 August 2012

အသစ်တွေ့ရှိသော ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး

ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်)Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှလွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင်တွေ့ရှိနိုင်တော့သည်။ ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ် ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
1. ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
2. ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
3. အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
4. Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
5. Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
6. ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
7. အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)

                                                    သမိုင်းကြောင်းအကျဉ်း

ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို(ဘုရင်) ခူဖူး(khufu) က သူ၏ င်္သချိုင်းဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုပိရမစ်ကြီးသည် ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါးတွင် ယနေ့အထိကျန်ခဲ့သော တစ်ခုတည်းသောအဆောက်အဦးလည်းဖြစ်သည်။ မဟာပိရမစ်ကြီးသည် ဂီဇာအရပ်တွင်ရှိသော ပိရမစ်ကြီးသုံးခုအနက်အကြီးဆုံးဖြစ်၍ ယခုခေတ် ကိုင်ရို(Cairo) မြို့အနီးတွင် ရှိသည်။ စတင်တည်ဆောက်ကာစက ပေပေါင်း၄၈၀ ခန့်ရှိသောလည်း ယခုအခါရာသီဥတုဒါဏ်ကြောင့် ပေအနည်းငယ်နိမ့်ဆင်း သွားခဲ့သည်။ လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အမြင့်ဆုံးအဖြစ် နှစ်ပေါင်းလေးထောင်ကျော် ဗိုလ်စွဲခဲ့သည်။ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးစာရင်းအတွက် မူလက အင်တာနက်၊ဖုန်းများမှတဆင့် မဲပေးခံခဲ့ရသော်လည်း အီဂျစ်အာဏာပိုင်များက ထိုကဲ့သို့မလုပ်သင့်ကြောင်းတားမြစ်ခဲ့သည့်အတွက် ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးတွင် မပါဝင်ခဲ့ပေ။

ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)
အငြင်းပွားဖွယ်ရာများရှိသော်လည်း မိုးပျံဥယာဉ်နေရာသည် ယခုခေတ်အီရတ်(Iraq) နိုင်ငံရှိ ယူဖရေးတီး (Euphrates) မြစ်ကမ်းပါးတွင်တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဘေဘီလွန်းနီးယန်းဘုရင် Nebuchadnezzar II မှသူ၏ နန်းတော်အတွင်းတွင် ဘီစီ၆၀၀ ခန့်ကတည်ဆောက်ခဲ့သည်ဟု ယူဆရသည်။ ထိုဥယျာဉ်မှာ ဘုရင်က သူ၏ မိဖုရားကျေနပ်စေရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ မိဖုရားသည် စိမ်းလန်းသော နယ်မြေဒေသမှလာသူဖြစ်၍ သူ၏နယ်မြေကိုလွမ်းဆွတ်နေသောကြောင့်ဘုရင်က တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ မိဖုရား၏ ဇာတိနယ်မြေမှာ Medes ဒေသဖြစ်၍ ယခုခေတ်နှင့် ဆိုလျင် အီရန်နိုင်ငံမြောက်ပိုင်းကို ဆိုလိုခြင်းဖြစ်သည်။ ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး တွေ့ရသည်။ ဘေဘီလုံမှတ်တမ်းများတွင်မူ မည့်သည့်အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။

အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)
ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနေသည်

အပြင်းပြေ Drum တီးရအောင်