Monday 7 November 2011

ဖခင်နေရာအတွက် ဂျက်စတင်ဘီဘာ တရားစွဲခံရ

အသက် ၂၀ အရွယ်ရှိ အမေရိကန် နိုင်ငံသူ ကယ်လီဖိုးနီးယား ပြည်နယ်မှ အမျိုးသမီး တစ်ဦးမှာ နာမည်ကျော် ဆယ်ကျော်သက် ပေါ့ပ် အဆိုရှင် ဖြစ်သူ ဂျပ်စတင် ဘီဘာ အား သူမမှ မွေးဖွား ထားသည့် ကလေးငယ်၏ ဖခင်ဖြစ်ကြောင်း ပြောကြား လိုက်ပြီ ဖြစ်သည်။ Mairah Yeater ဟု အမည်ရသူ အသက် ၂၀ အရွယ်ရှိ အမျိုးသမီးမှာ အသက် ၁၇ နှစ် အရွယ်ရှိသူ ဘီဘာနှင့် သူမ၏ အသက် ၁၉ နှစ် အရွယ်က စင်မြင့် ဖျော်ဖြေပွဲ တစ်ခု၏ နောက်တွင် တစ်ကြိမ် အတူနေခဲ့ဖူးပြီး ယခုကလေးကို မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု Star မဂ္ဂဇင်းတွင် ရေးသား ဖော်ပြခဲ့သည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး Yeater မှ ဘီဘာအား ၎င်း၏ ကလေး ဟုတ် မဟုတ်ကို စမ်းသပ် လိုကြောင်း တရားရုံးတွင် တောင်းဆို ထားသည့် စာရွက်ကို ယင်း မဂ္ဂဇင်းတွင် ရေးသား ဖော်ပြခဲ့သည်။ ထို့အပြင် သူမ အနေဖြင့် ယင်း ကလေးအား ဘီဘာမှ လုံလုံလောက်လောက် ထောက်ပံ့ စေလိုကြောင်း ကိုလည်း တောင်းဆို ခဲ့ကြောင်း ယင်း သတင်းတွင် ဖော်ပြခဲ့သည်။ သို့ရာတွင် ဘီဘာ၏ ကိုယ်စားလှယ်မှ ပြောရာ၌မူ ယင်းသတင်းမှာ အမှားကြီး သာ ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး တရားရုံး ကြားနာမှုများကို ယခုနှစ် ကုန်ပိုင်းတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ဘီဘာမှာ လက်ရှိတွင် ချစ်သူ ဆလီနာဂိုးမက်နှင့် အတူ အိမ်မွေး ခွေး တစ်ကောင်ကို မွေးစား ထားကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်