Thursday 17 November 2011

ကားစီးရေ စီတန်းမောင်းနှင်ပြီး ကမ္ဘာ့စံချိန်တင် လိုက်သည့် အမေရိကန်

အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်မှာ ကာဒီလက်ခ်ကား အစီးရေ အများဆုံး စီတန်းပြီး လှည့်လည် မောင်းနှင်ပြကာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။ စံချိန်သစ် တင်နိုင်ဖို့ ဗာမောက်ပြည်နယ် ဘာတွန်မြို့မှာ ကာဒီလက်ခ်ကား အစီးရေ (၂၉၈)စီးကို တစ်မိုင်နီးပါး ရှည်လျားသည့် ယာဉ်တန်းကြီးအဖြစ် စုစည်းပြီး လှည့်လည် မောင်းနှင်
ပြသခဲ့သည်။ ယာဉ်တန်းကြီးကို ကာဒီလက်ခ် ကုမ္ပဏီ တည်ထောင်သူ ဟင်နရီလာလဲန်ရဲ့ အနီးစပ်ဆုံး ဆွေမျိုးသားချင်း ဇနီးမောင်နှံက (၁၉၅၉)ခုနှစ်ထုတ် ပန်းရောင် ကာဒီလက်ခ်ကားကို ဦးဆောင် မောင်းနှင်ခဲ့သည်။
ယာဉ်တန်းကြီးမှာ ကာဒီလက်ခ်ရဲ့ နောက်ဆုံးထုတ် စီတီအက်စ်ကု(ပ်)ကား အမျိုးအစား အပါအ၀င် ၎င်းကုမ္ပဏီရဲ့ ကားမော်ဒယ်မျိုးစုံ ပါဝင်ပြီး ယခုလို သမိုင်းဝင်သည့် ဖြစ်ရပ်ကြီးကို အကောင်အထည်
ဖော်ခဲ့သည်။ ။ယခင်က ယခုလို ကားအစီးရေ အများအပြား စီတန်း လှည့်လည် မောင်းနှင်သည့် စံချိန်ကို နယ်သာလန်နိုင်ငံက သိမ်းပိုက်ထားခဲ့ပြီး လေးမြူဒါဘတ်ဂ်မြို့မှာ ကာဒီလက်ခ် ကားအစီးရေ (၁၀၂)စီးနဲ့
မောင်းနှင် ပြသခဲ့သည်။  (၁၉၀၂)ခုနှစ်က ဘာတွန်မြို့မှာ အခြေစိုက်ပြီး ကာဒီလက်ခ် ကားထုတ်လုပ်သည့် အမေရိကန် ပြည်ထောင်စုကို ဂုဏ်သိက္ခာ ထိခိုက်စေခဲ့သည်။ ဖြစ်ရပ်ဆိုးကို အဆုံးသတ်နိုင်သည့် အမေရိကန် ပြည်ထောင်စုရဲ့ ယခု တင်ထားသည့် ကာဒီလက်စ် ကားအစီးရေ အများဆုံး စီတန်း
မောင်းနှင်သည့် စံချိန်ကို နယ်သာလန်နိုင်ငံက ပြန်လည် အနိုင်ရနိုင်ဖို့ စီစဉ်နေကြောင်း သတင်း ထွက်ပေါ်ခဲ့သည်။ ယခုချိန်ထိ အမေရိကန်တို့က ပြိုင်ပွဲမှာ စံချိန်သစ်နဲ့ သရဖူ ဆောင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်