Tuesday 31 January 2012

အမေရိကန် သမ္မတ (၁၁)ယောက်နဲ့ ဆုံတွေ့ခွင့်ရတဲ့ အင်္ဂလန် ဘုရင်မကြီး

အင်္ဂလန် နိုင်ငံရဲ့ အဲလိဇဘက် ဘုရင်မ လက်ထက်မှာ အမေရိကန် သမ္မတ ( ၁၁ ) ယောက် နဲ့ တွေ့ဆုံခွင့်
ရခဲ့ပါတယ်။ ဒါကို တွေ့မိတော့ ကျွန်တော်အနည်းငယ် ရှော့ဖြစ်သွားသလိုခံစားရပါတယ်။ သူမ နန်းသက် ဘယ်လောက်ရှည်တယ် ဆိုတာကို သက်သေပြလိုက်သလိုပဲပေါ့။ သင်ကိုယ်တိုင်ရော ဒီပုံကိုကြည့်ပြီး ဘယ်လိုနေမယ်ဆိုတာကို သိချင်ရင် ဆက်လက်ရှုစားလိုက်ပါဦး။












ဒါနဲ့ စကားမစပ် ဒီ အမေရိကန် သမ္မတ (၁၁) ယောက်လုံး သို့မဟုတ် တော်တော်များများကို သင် သိမယ်ဆိုရင် သင်ဟာ ခေသူတစ်ယောက် မဟုတ်တာ သေချာတယ်။

Monday 30 January 2012

ကျား ဘဝ ကနေပြီး မိန်းကလေး ဘဝ ပြောင်းသွားတဲ့သူ

Josie Romeo ဟာ အပန်းရောင်ကို နှစ်သက်ပြီး ကျစ်ဆံမီးကျစ်ကာ လက်သဲနီဆိုးထားပါတယ်။ မွေးကတည်းက ဒါမျိုးတော့မဟုတ် ပါဘူး အသက်ရှစ်နှစ်အရွယ်ရောက်မှ မိန်းကလေးဖြစ်သွားခဲ့တာ။
မွေးစကတော့ ယောက်ျားလေး တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူမရဲ့နာမည်ဟာ ဂျိုးဇက် ဖြစ်ပါတယ်။ သူ့အသက်လေးနှစ်အရွယ်ကတည်းက လိင်အင်္ဂါ ကမှားနေတယ် သူဟာ မိန်းခလေးတစ်ယောက်လို့ သူ့မိဘတွေကိုပြောပါတယ်။ အသက်ငါးနှစ်အရွယ်ကို
ရောက်လာချိန်မှာတော့ ဆံပင်ညှပ်ဖို့ကိုလည်း ငြင်းဆန်လာပြီး အဝတ်အစားတွေဆိုရင်လည်း အပန်းရောင်ရှိတဲ့ အဝတ်အစားတွေကိုပဲ
ဝတ်ပါတော့တယ်။ အသက်ခြောက်နှစ်အရွယ်မှာတော့ ဂျိုးဇက်ဟာ လိင်အင်္ဂါပြောင်းလဲမှုစတင်ခဲ့ပါတယ်။

Sunday 29 January 2012

မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး

အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး  အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။
လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်းအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ်
လို့ Jones က ITV အစီအစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။
ကျွန်မထင်တာကတော့ ဒါဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones က ဆက်လက်ပြီး ပြောပြသွားပါတယ်။
ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။
ဒီ ထူးဆန်းအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး သူမ ၁၈ နှစ်အရွယ်အထိ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။
သူ့ကျောင်းနေဖက် သူငယ်ချင်းမိန်းကလေးတွေကို အမျိုးသမီး လစဉ်သုံးပစ္စည်း အတွက် ဘယ်….တစ်ခုကို (ဘယ်တစ်ခုကနေ လာနိုင်သလဲ) ဆိုတာကို မေးကြည့်ခဲ့သေးတယ်လို့ ပြောပြခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ စိတ်ကသိကအောက် ဖြစ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်လို့ Jones က ပြောဆိုခဲ့ပါတယ်။
ကျွန်မရဲ့ဘ၀မှာ ထိတ်လန့်စရာ ကြွက်တက်ခြင်း အဖြစ်တွေကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတယ်လို့ သူမက ဆက်လက်ပြောသွားခဲ့ပါတယ်။ဒါဟာ ခံထိုက်လို့ ခံရတာပဲလို့ သူမကပြောခဲ့ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူမမှာ သားအိမ်က နှစ်ခုရှိတာကိုး လို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ကျွန်မ ကိုယ်ဝန်ဆောင်တဲ့အချိန် အခြားသားအိမ်တစ်ခုမှာ သန္ဓေမတည်မိအောင် ဆင်ခြင်ဖို့ ဗဟုသုတ တစ်ခု ရခဲ့ပါတယ်။
သူမ အဲဒီလို အမျိုးသမီး အင်္ဂါ နှစ်ခုပါတာကို လူတွေသိပြီး သိပ်မကြာခင် ပုရိသအကြိုက် မဂ္ဂဇင်း Vivid Entertainment ကနေပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ဒေါ်လာ ၁ သန်းပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒါကို သူမ ငြင်းဆန်ခဲ့ပါတယ်။ 

Friday 27 January 2012

အဆုတ်ထဲမှာ အပင်ပေါက်နေသူ

ရုရှားမှ ခွဲစိတ်ဆရာဝန်များဟာ အသက် ၂၈ နှစ်အရွယ်လူနာတစ်ဦးထံမှ
အကြိတ် ကို ခွဲထုတ်ပေးရမယ်လို့တွက်ဆခဲ့ပေမဲ့ တကယ်တန်း ခွဲစိတ်တဲ့အချိန်မှာသူတို့တွေ့ခဲ့ရတာကတော့ ၅ စင်တီမီတာ ရှိတဲ့ အပင်တစ်ပင်ဟာ ထိုလူရဲ့အဆုတ်ထဲမှာ ရှင်သန်ကြီးထွား
နေတာကို တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကတော့ ရုရှားနိုင်ငံ Urals က ဆရာဝန်များဟာ Artyom Sidorkin ဆိုတဲ့ လူကိုခွဲစိတ်မှု
မှာကြုံခဲ့ရတာ ဖြစ်ပါတယ်လို့ Komsomolskaya Pravda
နေ့စဉ်သတင်းစာမှာဖော်ပြခဲ့ပါတယ်။
ဆရာဝန်တွေက Sidorkin ကိုသံသယ ရှိခဲ့တာကတော့ သူပြောပုံအရ ရင်ဘတ်မှာနာတယ်။
ပြီးတော့ ချောင်းဆိုရင်သွေးပါတယ် ထိုအတွက် ကင်ဆာရောဂါလို့ သံသယရှိခဲ့တာဖြစ်ပါတယ်။
ကျွန်တော်မျက်စိကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးနောက် သေသေချာချာ  ကြည့်တဲ့အခါမှာတော့ အရာဝတ္တုတစ်ခုကိုတွေခဲ့ရတယ်လို့ ခွဲစိတ်ဆရာဝန် Vladimir Kamashev ကို သတင်းစာကိုပြောပြပါတယ်။ ဆရာဝန်တွေရဲ့ ယုံကြည့်ထားမှုကတော့ Sidorkin ငါ အစေ့တစ်ခုကို မျိုချမိလိုက်ပြီး ထိုအစေ့ဟာ အဆုတ်ထဲရောက်ကာ အညှောင့် ထွက်လာတာဘဲဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အခုတော့ ခွဲထုတ်ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

ထူးဆန်းလှပတဲ့ Peacock Spider

Peacock spider ဆိုတော့(ဒေါင်းပင့်ကူ)ပေါ့။ နောက်ထပ် Gliding spider နှင့် Maratus volans လဲခေါ်ဆိုကြပါတယ်။ ခုန်ပြီးသွားတဲ့အထီးတွေမှာတော့ အနောက်မှာ အမွှေးများနှင့် အပြားတစ်ခုရှိပြီး ထိုအပြားဟာ အဖိုအမတွေ့ချိန်မှာ
ထောင်လာတာကို မြင်ရတတ်ပြီး သာမန်အချိန်မှာတော့
ပြန်လည် ပြန်ခေါက်ထားလို့ရတယ်။
အရောင်အသွေးစုံပြီးလှပတဲ့ ထိုပင့်ကူများကို ဒေါင်းနှင့် ခိုင်းနှိုင်းတင်စားထားထားပါတယ်။ ထိုပင့်ကူရဲ့ ခြေထောက်များဟာလည်း အဖြူတစ်ရစ်အနက်တစ်ရစ်နဲ့
အလွန်ကြည့်ကောင်းသလို အဖိုအမ မိတ်လိုက်ချိန်များမှာတော့ အမြှီးပြားနဲ့ ခြေထောက်များဟာ တုန်ခါမှု ဖြစ်လာပြီး ဘယ်ညာနင်းကာ တဖက်မှတဖက်ကတတ်ကြပါတယ်။ အရွယ်အစားအနေအားဖြင့်တော့ အလွန်သေးငယ်ပြီး ၅ မီလီမီတာ ခန့်သာရှိပါတယ်။

Thursday 26 January 2012

ဘဝအမောတွေ ပြေစေဖို့ (အပိုင်း - ၂)

ဒီစည်းကမ်းမျိုး မွေးကတည်းက မကြားဖူးဘူး....ဒါကြောင့် ဗဟုသုတအနေနဲ့တင်လိုက်သည်။

ကလေးငယ်များ ဘာလုပ်လုပ်ချစ်ဖို့ကောင်းပါ၏

ငယ်ငယ်ကတည်းက ဒီလောက်ကြိုးစားနေရင် ကြီးလာတဲ့အခါ ဘေလ်ဂိတ်ကို ကောင်းကောင်းယှဉ်လို့ရတယ်။

ဘယ်သူိ့ကို သနားရမှန်းတောင်မသိတော့ဘူး

ငယ်ငယ်ကတည်းက ဇ နဲ့ဆိုတာ ဒါမျိုးထင်ပါ့

သူနဲ့ကျမှ စူပါမင်း လဲ ဘဝပျက်ရတော့တယ် LoL

တစ်ယောက်သာယာဖို့အတွက် တစ်ကောင်က ရင်းပေးရတယ်

ခေတ် ကလေးတွေများ မလွယ်ဘူး :D

ဘာရှာနေလဲ မသိ

ချစ်ဖို့ကောင်းလို့ပါ
ကမ္ဘာ့ အပီပြင်ဆုံး ကလေးသရုပ်ဆောင် LoL
အိမ်သာသွားရမှာဝေးလို့နဲ့တူတယ်

ဂလဲ့စား

လျှပ်တစ်ပြက် ရိုက်ချက်
ဟင်း ဖြစ်သွားလဲ အေးရာအေးကြောင်းပဲ

Wednesday 25 January 2012

ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား အလွဲ များ

ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ

- ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

- ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

- ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

 - အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

- ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

- ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

- စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့
တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။

- ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။
 အဲဒီလိုလုပ်နေရင်းနဲ့ပဲ

ဦးဏှောက်သွေးချင်သူများအတွက် ဥာဏ်စမ်း မေးခွန်း

စိတ်ဝင်စားစရာကောင်းတဲ့ အမေးအဖြေလေး တစ်ခုဖတ်မိပါတယ်။ စိတ်ပါသူများ ဖြေကြည့်နိုင် ပါတယ်။ Motorola ဆိုရင် လူတိုင်းသိကြပါတယ်။ အဲဒီ ကုမ္ပဏီက ၀န်ထမ်းအသစ်တွေ ခေါ်တော့ ဒီလိုဥာဏ်စမ်း တစ်ခုကို မေးခဲ့တယ်။ သိတဲ့လူ ဖတ်ဖူးတဲ့လူတွေ ရှိကြမယ်လို့ ထင်ပါတယ်။

“လေပြင်းမုန်တိုင်းကျတဲ့ ညတစ်ညမှာ သင်ဟာ ကားမောင်းလာတယ် ဆိုပါစို့။ ကားမှတ်တိုင် တစ်ခုကို ဖြတ်တဲ့ အချိန်မှာ မှတ်တိုင်မှာ လူသုံးယောက်စောင့်နေတာကို သင်တွေ့လိုက်မယ်။ တစ်ယောက်က အလွန်သနား စရာကောင်းတဲ့ လူမမာ အဘိုးအိုတစ်ဦး၊ နောက်တစ်ယောက် က သင့်အသက်ကို ကယ်ခဲ့ဖူးတဲ့၊ သင်အရမ်း ကျေးဇူးဆပ်ချင်နေတဲ့ ဆရာဝန်တစ်ဦး၊ နောက်ဆုံးတစ်ယောက်က သင်အိပ်မက် မက်တိုင်း မြင်မက်တတ်တဲ့၊ သင့်ရင်ကိုခုန်စေတဲ့ အိပ်မက်ထဲက ချစ်သူ။ သင့်ကားဟာ လူတစ်ယောက်ပဲ ဆန့်တဲ့အတွက် တစ်ယောက်ကိုပဲ သင်ရွေးရလိမ့်မယ်။ ဘယ်တစ်ယောက်ကို သင်ရွေးမလဲ..”


အဖြေလေးကတော့...

ကမ္ဘာ့အရပ်အပုဆုံး ဇနီးမောင်နှံ


Douglas Maistre Breger da Silva ဟာ ၂၁ စက်တင်ဘာလ ၁၉၆၉ ခုနှစ်မှာမွေးဖွားခဲ့ပြီး Claudia Pereira Rocha ကတော့ စက်တင်ဘာလ ၆ ရက် ၁၉၇၂ မှာမွေးဖွားခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ဘရာဇီး နိုင်ငံကဖြစ်ကြပြီး အောက်တိုဘာလ ၂၇ ရက် ၁၉၈၈ မှာ Curitiba လက်ထပ်ခဲ့ပါတယ်။ တိုင်းတာကြည့်တော့ တစ်ယောက်က ၃၅ လက္ခနှင့် နောက်တစ်ယောက်က ၃၆ လက်မသာရှိကြပါတယ်။
နှစ်ယောက်ပေါင်းရင် ၆ ပေ မကျော်တာကြောင့် ကမ္ဘာ အရပ်အပုဆုံး ဇနီးမောင်နှံ အဖြစ် မှတ်တမ်း
တင်နိုင်ခဲ့ပါတယ်။

အလွန်ကောင်းမွန်တဲ့ ဘဝနေထိုင်နည်း (အပိုင်း -၂)

 
ကလေးသူငယ်တွေကို စည်းကမ်းတကျ သင်ပြောဆိုဆုံးမပြီးနောက် သူတို့ကို စိတ်ပါလက်ပါ ပွေ့ဖက်ပါ။ သူတို့ကို သင်ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သူတို့သိပါစေ။


များပြားလှတဲ့ အလုပ်ကြောင့် သင့်ရဲ့နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့လိုက်နဲ့။ ဘဝမှာရှိတဲ့
နေ့ထူးနေ့မြတ်တိုင်းက သင့်ဘဝမှာစုဆောင်းမိတဲ့ အကောင်းဆုံး စည်းစိမ်ချမ်းသာတွေဖြစ်တယ်။


မသိတတ်၊ နားမလည်တတ်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးပါ။ သူတစ်ပါးကို ကူညီတာ တုန့်ပြန်မှုတွေ မလိုပါဘူး။


သင့်မျက်စိရှေ့က မြင်ကွင်းကို အမြဲလှပအောင် ထိန်းသိမ်းပါ။ ပုလင်းထဲထိုးထားတဲ့ ပန်းတစ်ပွင့်ဆိုရင်လည်း လှပနေပါစေ။
သင့်နာရီကို ငါးမိနစ်မြန်ထားပါ။ ဘာပဲလုပ်လုပ် တခြားသူထက် သင်ခြေတစ်လှမ်း မြန်နေပါစေ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိပါစေ။


စွန့်စားခြင်းဆိုတာ ရဲဝံ့ခြင်းပဲ။ တကယ်လို့ သင်မစွန့်စားရင် အောင်မြင်ခြင်းရဲ့ ရဲဝံ့မှုကို သင်မသိဘူး။ စွန့်စားခြင်းထဲကနေ အောင်မြင်တဲ့လူ့ဘဝကို ရှာယူပါ။

သင့်အကြိုက်ဆုံး တေးဂီတနဲ့ နေ့ရက်တိုင်းကို ဖွင့်ပါ။ ဂီတဆိုတာ စိတ်ဝိညာဉ်ရဲ့သီချင်းဖြစ်တယ်။ မနက်ခင်းတိုင်းမှာ စိတ်ဝိညာဉ်ကို ကြည်လင်လန်းဆန်းပြီး နေ့ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။


လင်မယားအချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ထိခိုက်စေတဲ့အခါ ဘယ်သူ့အမှားပဲဖြစ်ဖြစ် အရင်ဆုံးတောင်းပန်တတ်ဖို့ သင်ယူပါ။ "ဆောရီးပဲ.. နင့်ကို ဒေါသထွက်စေခဲ့ပြီ။ ငါ့ကိုခွင့်လွတ်ပါ"။ ဒါဟာ စိတ်ထိခိုက်တာကို ကုသတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။


တစ်ယောက်ယောက်က သင့်ကိုပွေ့ဖက်တဲ့အခါ သင့်ရင်ခွင်ထဲကနေ သူအရင် ခွာပါစေ။ သင့်ဝေးရာကို အချစ်မထွက်သွားမချင်း အချစ်ကို သင့်ဖက်ကစပြီး အရင်လက်မလွတ်ပါနဲ့။


သိလိုစိတ်တွေ အမြဲပြင်းပြနေပါစေ။ "ဘာကြောင့်" ဆိုတာကို များများမေးပါ။ ဒါဟာထိုးထွင်းဖန်တီးနိုင်စွမ်းကို
ဖြစ်စေပြီး ဘဝကို မညှိုးနွမ်း မခြောက်သွေ့စေတဲ့ ရင်းမြစ်ဖြစ်တယ်။


အချစ်မှာ ထူးခြားဆန်းကြယ်တဲ့ ဆွဲဆောင်မှုတွေရှိတယ်။
အချစ်က လေကို တိုက်ခိုက်စေနိုင်သလို မိုးကိုလည်း ရွာသန်းစေတယ်။
လူကို သေရာက ရှင်သန်လာစေတယ်။ လူကို အမြဲနုပျိုစေတယ်။
ဒါကြောင့် အချစ်ရဲ့အင်အားကို ဘယ်တော့မှ အထင်မသေးပါနဲ့။


အနာဂတ်မှာ ဖြစ်ပျက်လာမယ့်အကြောင်းကို စိုးရိမ်ပူပန်လွန်ပြီး မျက်စိရှေ့က လှပတဲ့အရာတွေကို လက်မလွတ်မိစေနဲ့။ ပစ္စုပန်မှာ နေပျော်တတ်ဖို့ သင်ယူပါ။ အနာဂတ်ကို ကြိုတင်တွေးကြောက်သူဟာ လက်ရှိတန်ဖိုးရှိတဲ့အရာတွေနဲ့ ပိုပိုဝေးသွားပါလိမ့်မယ်။

အိမ်၊ အမေကို မကြာခဏ ဖုန်းဆက်ပါ။ အချစ်ရှိရင် လွမ်းဆွတ်မှုက ရှိစမြဲပါ။ တခြားလူကို လွမ်းဆွတ်ခြင်းရဲ့ ညှင်းပန်းမှုဒဏ်တွေ မခံပါရစေနဲ့။ ဖုန်းဆက်တာဟာလည်း ချစ်ကြောင်းကိုတခြားနည်းနဲ့ ထုတ်ဖော်ပြသခြင်းပါပဲ။


အချစ်အတွက်နဲ့ လက်ထပ်ပါ။ အချစ်စစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူး။ လက်ထပ်ခြင်းမှာ အချစ်ဆိုတာ လိုအပ်သလို ဒါဟာလည်း ခိုလှုံခြင်းဖြစ်တယ်။


အခွင့်အရေးကို အေးဆေးသက်သာ ရှာလို့မရဘူး။ အေးဆေးသက်သာဆိုတာ ကမ်းစပ်မှာရပ်နေတဲ့
လှေငယ်လေးလိုဖြစ်တယ်။ အေးဆေးသက်သာရပ်နေပြီး မလှုပ်ရှားလို့ လှေအောက်ပိုင်းဟာ မကြာခင်မှာ ဆွေးသွားတော့မယ်။



နေ့ရက်တွေကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်ပါ။ ရိုးရှင်းတာက ဘဝကို ပိုလက်တွေ့ကျစေသလိုတန်ဖိုးအရှိဆုံး
လည်းဖြစ်တယ်။


 ခွေးတစ်ကောင်ဖြစ်ဖြစ်၊ အခြားတိရစ္ဆာန်ပဲဖြစ်ဖြစ် မွေးမြူကြည့်ပါ။ သက်ရှိတစ်ခုကို ဘယ်လို တန်ဖိုးထား ဂရုစိုက်ရမယ်ဆိုတာကို သင်နားလည်လာလိမ့်မယ်။

@ fwd mail

အပြင်းပြေ Drum တီးရအောင်