Showing posts with label News. Show all posts
Showing posts with label News. Show all posts

Monday, 26 November 2012

ရက်စက်မှုသတင်းများ

ပြီးခဲ့တဲ့လက အထူးအဆန်းသတင်းတပုဒ် ကြည့်လိုက်ရတယ်.. အတော်ကိုထူးဆန်းအံ့သြဖို့ကောင်းလိုက်တာ .. ဘွဲ့ရ ပညာတတ် လူကြီးတယောက်ဖြစ်ပေမဲ့.. သူ့ရဲ့သားသမီးနဲ့ပတ်သက်ရင် ဘာအသိဥာဏ်တွေ တတ်ထားတဲ့ ပညာတွေ ကင်းမဲ့ကုန်သလား မပြောတတ်တော့ပါဘူး...
ဖြစ်ပုံက ဂလို ပါ... အိမ်ထောင်သည် ညီအကို ၂ ယောက် တအိမ်ထဲ မိဘနဲ့ အတူနေကြတယ်..
သူတို့ကိုယ်စီမှာ သားသမီးတွေနဲ့ပါ .. ညီ ရဲ့သားငယ်လေးက ၁ နှစ်အရွယ်လေး .. အဖွားက ကလေးကို အချစ်ပိုပုံရတယ်.. အဲဒါကိုချွေးမ အကြီးက မကျေနပ်ဘူး.. ကြာလာတော့ အဖွားက အဲဒိမြေးကို ဘဲချစ်တယ်..သူ့ကလေးတွေကျမချစ်ဘူး မတရားဘူးဆိုပြီး ကလေးအပေါ် မကာင်းတဲ့စိတ်တွေ အူတိုတဲ့စိတ်တွေပေါ်လာပီး... သူဘာတွေလုပ်မိတယ် ထင်ပါသလဲ.....
ဆေးရုံကြီးကို အရေးပေါ်ကလေးတယောက်ရောက်လာလို့ တာဝန်ခံ ဆရာဝန် နဲ့ နာ့ပ်စ် တွေ အလုပ်ရှုပ်ကုန်ပါတယ် .. ကလေးက သတိလစ်နေပါပြီ .. ၊ ကလေးကို စမ်းသပ် ပြီး ဓါတ်မှန်ရိုက်တော့ အရွယ်နဲ့မလိုက်အောင် အနှိပ်စက်ခံထားရတာတွေ့လိုက်ရတယ်...
ဓါတ်မှန်ရဲ့အဖြေက ကလေးရဲ့ ခေါင်းပေါ်မှာ လက်ချုပ်အပ် ၃ ချောင်း ထိုးစိုက်ထားတယ် .. နား ၂ ပေါက် နဲ့ နှာခေါင်းပေါက်တွေ ထဲမှာ စူပါဂလူး ၃ စက္ကန့်အမြန်ကပ် ကော်ရည်တွေထဲ့ထားတယ်... ကဲ...
ကလေးက သတိလစ်နေတာ ၂ ရက်ရှိနေပြီ.. ဆရာဝန်တွေရဲ့အပြောကတော့.. အဲဒိကလေး.. ရုက္ခဗေဒလူသားဖြစ်နိုင်တယ်တဲ့လေ.... မဟုတ်ရင်လဲ ဦးဏှောက်ပျက်နိုင်တယ်တဲ့ .. ၊
တော်တော်ခက်တဲ့လူကြီးတွေ ဘာမှမသိနားမလည်တဲ့ ကလေးတွေကို ရက်စက်လိုက်ကြတာ .. ကလေးက ကြားထဲကနေ ဓါးစာခံဖြစ်ရတယ်လို့ ... အဲဒိချွေးမကို တရားစွဲအရေးယူထားပါတယ်..
ကလေးရဲ့သတင်းကတော့ ထပ်မကြားရတော့ပါဘူး .. ။။။။
နောက်သတင်းတခုကတော့ ကြာပါပီ မနှစ်ကဖြစ်ခဲ့တာပါ..
လင်မယား၂ယောက် ခေါက်ဆွဲဆိုင်ဖွင့်ပြီးစီးပွါးရှာကြတယ်.. မနက်စောစော ဆိုင်ဖွင့်ဖို့ပြင်ဆင်နေကြတုန်း.. စကားများကြလေရော.. တဖြေးဖြေးနဲ့ စကားသံတွေကကျယ်လာကြတော့ သူတို့ရဲ့ ၁၀လ အရွယ် သမီးငယ် လေးက အလန့်တကြားနဲ့ အော်ငို .. ယောက်ျားက ကလေးကိုပါမဲပါလေရော.. နားငြီးတယ်..မငိုနဲ့လို့ အော်ဟောက်တော့တာပါ...
လင်မယား စကားများရာကနေ .. ကလေးဖက်ကိုလှဲ့ကြရောအဖေကအော်လေ သမီးလေးကငိုလေ .. အမေကလဲ ယောက်ျားကို .. ကလေးကိုမမဲနဲ့ ကလေးနဲ့မဆိုင်ဘူး ဆိုပြီးရန်တွေ့ ... သမီးလေးက ငိုရင်းသူတို့ရှိရာကို ယိုင်တိယိုင်တိုင်လေးလျှောက်လာတယ် ...
ယောက်ျားက ဟင်းချိုအတွက် အိုးကြီးတလုံးထဲရေထဲ့ပြီးကျိုနေတာ.. အိုးထဲကရေတွေက ပွက်ပွက်ဆူနေပြီ.... ကလေးက ငိုရင်း အမေဆီကိုလာတယ်.. အဖေကနားငြီးတယ် တိတ်ဆိုပီးအော်.. အော်လေ ပိုငိုလေ.. နောက်တော့ အဖေက
နင်ဆက်ငိုနေရင် ဒီအိုးကြီးထဲပစ်ချလိုက်မှာနော်.. တိတ်တော့ .. တဲ့
အမေက အောင်မာ.. ရှင်ပစ်ချရဲရင်ပစ်ချလိုက်လေ.. သတ္တိရှိရင် ပစ်ချလိုက်စမ်းပါ ဆိုတော့...
ဆေးရုံကို အရေးပေါ် မီးပူလောင်တဲ့ ၁၀ လသားကလေး သဘက်ကြီးနဲ့ပတ်ထားပြီး
ရောက်လာတော့ ဆရာဝန် နာ့ပ်စ် တွေ အလုပ်တွေရှုပ်ကုန်ပါလေရော... ကလေးရဲ့ တကိုယ်လုံး အပူလောင်ဒဏ်ရာတွေ အသားနီတွေတောင်လန်လို့.. ကလေးကလဲ နာတယ် နာတယ်နဲ့ငိုငြီးနေတာ.. မကြည့်ရက်စရာပါဘဲ...
ကလေးအဖေက တကယ်ဘဲ ပွက်ပွက်ဆူနေတဲ့ အိုးကြီးထဲကို ပစ်ချလိုက်တာကိုး...
ကျမ မျက်လုံးမှိတ်ပီး ပုံဖော်ကြည့်လိုက်တယ်.. အမလေးလေး.. ရေပွက်ပွက်ဆူအိုးထဲ ပစ်ထဲ့လိုက်ရင် ..
ကျမရဲ့တကိုယ်လုံး ရေပူတွေထိတာ .. တီကောင်ကိုဆားနဲ့တို့တာထက်တောင် ဆိုးနေမှာ .. ကျမ မတော်တဆ အသေးစား အပူလောင်ဖူးပါတယ် .. တော်တော်ခံစားရတာပါ.. တကိုယ်လုံးဆို ဘယ်လိုနေမလဲနော်.. ..
ကလေးအမေက ကလေးကို အိုးထဲကနေ ဆယ်ယူပီး ရေအေးနဲ့လောင်းတယ် ပီးတော့
အ၀တ်တွေကိုချွတ်တာ အရေပြားတွေ အ၀တ်မှာကပ်ပါကုန်တယ် ..သဘက်ကြီးနဲ့ပတ်ပြီး ဆေးရုံကိုအမြန်ဆုံးလာပို့ပေမဲ့.. ကလေးက ၃ ရက်မြောက်မှာ ဆုံးသွားပါတယ်.. ကလေးအဖေကတော့ အပြစ်လွတ်တယ်တဲ့.. ဒေါသကြောင့်ဖြစ်တာ ကြိုတင်ကြံစည်ထားတာလဲမဟုတ် .. လူသတ်မှုလဲမမြည်ဘူးတဲ့ ... ကဲ....
လူကြီးတွေရဲ့ ဒေါသတွေ မနာလို သ၀န်တိုမှုတွေ အပြစ်မဲ့တဲ့ ကလေးတွေအပေါ်ကို
မကျရောက်ကြပါစေနဲ့ လို့......
ပန်းသခင်

Tuesday, 10 January 2012

တစ်ရက်ကို ဆေးလိပ် တစ်ဗူးသောက်တတ်အောင် သင်ပေးတဲ့ Mr. တရုတ်ကြီး

တရုတ်တွေဟာ တိရိစ္ဆာန်တွေကို မြောက်ထိုးပင့်ကော်လုပ်၊ မဟုတ်တာတွေလုပ်နည်း အမျိုးမျိုး သင်ပေးပြီး ဒုက္ခပေး
ပေးတတ်ကြတာ တခြားသူတွေထက်ပိုပြီး ဝါသနာထုံပါတယ်။
ဒါကြောင့်လဲ မဟုတ်တရုတ်ဆို တဲ့စကားတွင်လာတာလို့ထင်တယ်။
ဥပမာ-ကြက်ဥအတုလုပ်တာမျိုးပေါ့၊

Monday, 2 January 2012

ဗြိတိသျှ သိပ္ပံ ပညာရှင်များ အသံလုံဝတ်ရုံ တီထွင်ရန် ကြိုးစား

ဗြိတိန်နိုင်ငံ လန်ဒန်တော်ဝင်ကောလိပ်မှ ပါမောက္ခ ဂျွန်ပင်ထရီသည် အသံလှိုင်းများကို ဘေးသို့ဖယ်ထုတ်နိုင်သော
အသံလုံဝတ်ရုံတစ်ခု၏ Blueprint ကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ ယင်းနည်းပညာကိုသုံး၍ အသံလုံနေအိမ်များ၊အဆင့်မြင့်ကပွဲခန်းမများ
အပြင် အသံလုံစစ်ရေယာဉ်များတည်ဆောက်
သွားနိုင်မည်ဖြစ်သည်ဟုဆိုသည်။
ယခင်ကလည်း မိုက်ခရိုဝေ့စ်များကို အသုံးပြု၍ အမြင်နိုင်သော ၀တ်ရုံများကိုသိပ္ပံပညာရှင်များတီထွင်ပြသနိုင်ခဲ့ကြသည်။
သိပ္ပံပညာရှင်များ ပေါင်းစပ်ဖန်တီးထားသောတို့ကိုသုံး၍ အဆိုပါ အသံလုံဝတ်ရုံကို
တည်ဆောက်ခြင်းဖြစ်သည်။ စမ်းချောင်းတစ်ခု အတွင်းတွင် ရှိသောကျောက်တုံးတစ်ခုကို
ပတ်၍ ရေစီးဆင်းသွားသည့် နမူနာကဲ့သို့ တီထွင်ထားသောဝတ်ရုံသည်လည်းအသံလှိုင်း
များကို အရာဝတ္ထုများမှ ကွေ့ဝိုက်၍ သွားစေမည်ဖြစ်သည်။ ၎င်း ၀တ်ရုံတွင် အလွန် သေးငယ်သော ပြွန်ငယ်
ကလေးများ အထပ်ပေါင်း ၂၀၀ ခန့်ပါဝင်သည်။ ဤနည်းပညာကိုသုံး၍ရေငုပ်သဘောင်္များကိုရေအောက် sonar wave အသံလှိုင်းဖမ်းကိရိယာဖြင့်ထောက်လှမ်း၍မရနိုင်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်
ဟုဆိုသည်။

ကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေသော လူမျိုးစုငယ် တစ်ခု ဘရာဇီးနိုင်ငံ တွင်တွေ့ရှိ

တောင်အမေရိကတိုက်မှ ကမ္ဘာပေါ်ရှိ လူသားများနှင့် ဆက်သွယ်မှုမရှိသော တိုင်းရင်းသား ဒေသ
ခံမျိုးနွယ်စုတစ်ခုကို ဘရာဇီးနှင့်ပီးရူးနယ်စပ် အမေဇုံသစ်တောထဲတွင်တွေ့ရှိခဲ့ရသည်ဟု ဘရာဇီးအစိုးရက
ထုတ်ပြန်ကြေညာသည်။ ဘရာဇီးနိုင်ငံ အေကာဒေသရှိ ဝေးလံသီခေါင်သော အမေဇုံသစ်တောပေါ်သို့ လေယာဉ်ဖြင့် အခေါက်ခေါက်အခါခါ
ပျံသန်းရှာဖွေခဲ့ရာမှ ထိုလူမျိုးစုအားဓါတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ယင်းကဲ့သို့ ကမ္ဘာနှင့်အဆက်အသွယ်
ပြတ်နေသော လူမျိုးစုငယ် ၁၀၀ ခန့်အမေဇုံသစ်တောထဲတွင်ရှိနေသည်ဟုနိုင်ငံတကာ
ရှင်သန်စောင့်ရှောက်ရေး အဖွဲ့မှပြောဆိုသည်။ ၎င်းတို့နေထိုင်ရာ ဒေသအား ကာကွယ်မှုပေးမထားနိုင်လျှင်
မကြာမီမျိုးတုန်းပျောက်ကွယ်သွားမည်ဟု၎င်းတို့ကဆိုသည်။ ယခင်တွေ့ရှိခဲ့သော လူမျိုးစုငယ်
အများအပြားသည် ကျောက်ရောဂါ၊အအေးမိရောဂါတို့ဖြင့်အများအပြားမျိုးသုန်းပျောက်ကွယ်ခဲ့ဘူးသည်ဟု
သိရသည်။

Monday, 26 December 2011

အင်္ဂလန်မှ အသက်အငယ်ဆုံး​ iPhone Game​ တီထွင်သူ

အသက် ၁၃ နှစ်အရွယ် ​ကျောင်း​သား​လေး​ တစ်ဦး​သည် ဗြိတိန်၏ အသက်အငယ်ဆုံး​ iPhone ဂိမ်း​ Application တီထွင်သူ ဖြစ်လာ​ကြောင်း​ သိရသည်။
Apple ထုတ် iPhone တွင်​ဆော့​ကစား နိုင်မည့်​ ဗီဒီယိုဂိမ်း​ Application တစ်ခုကို ​အေရွန်ဘွန်း​ကတီထွင်လိုက်သည်။ Spud Run ဆို​သော ဂိမ်း​ကို ၎င်းက သူငယ်ချင်း​တစ်ဦး​ အကူအညီဖြင့်​ တီထွင်ခဲ့​ခြင်း​ဖြစ်သည်။ iPhone တွင် Application များ​ မည်သို့​ဖန်တီး​ ရေး​ဆွဲရသည်ကို သူငယ်ချင်း​ဖြစ်သူ ဆီဘက်စတီယန် မက်​နေး​ထံမှ ယမန်နှစ်အတွင်း​ ​လေ့​လာခဲ့​ပြီး​နောက် ယခုဂိမ်း​ကို ​အေရွန်က ​ရေး​ဆွဲခဲ့​ခြင်း​ဖြစ်သည်။
Spud Run ကို လာမည့်​သီတင်း​ပတ်မှစပြီး​ ၅၉ ပဲနိဖြင့်​ ​ရောင်း​ချသွား​မည်ဖြစ်သည်။

Friday, 23 December 2011

ရှေးခေတ်တရုတ်ဧကရာဇ်မင်းလက်ထက်တွင်သုံးခဲ့သော တံဆိပ်တုံးကိုလေလံတင်ရောင်းချ

တရုတ်အင်ပါယာ ဧကရာဇ်မင်း​​မြတ် ကွင်​​လောင် လက်ထက်က သုံး​​စွဲခဲ့​​​သည့်​​​ ​​ကျောက်စိမ်း​​ တံဆိပ်တုံး​​ကို ​​လေလံတင် ​​ရောင်း​​ချခဲ့​​​ရာ ယွမ်​​ငွေ ၁၆၁ သန်း​​ ရရှိခဲ့​​​​​ကြောင်း​​ သိရှိရသည်။
ယခုသီတင်း ​​ပတ် အ​​စောပိုင်း​​က ​​ဘေဂျင်း​​မြို့တွင် ပြုလုပ်​​သော ​​လေလံပွဲအတွင်း​​ အဆိုပါ တံဆိပ်တုံး​​ကို ယခု​​ဈေး​​ဖြင့်​​​ ဝယ်ယူခဲ့​​​ခြင်း​​ဖြစ်သည်။ ထို​​ဈေး​​နှုန်း​​သည် ​​ကျောက်စိမ်း​​ဖြူဖြင့်​​​ ထွင်း​​ထု ပြုလုပ်ထား​​​​သော ပစ္စည်း​​များ​​အတွက် အမြင့်​​​ဆုံး​​ စံချိန်တင် ​​လေလံ​​ဈေး​​လည်း​​ ဖြစ်လာသည်။

Monday, 19 December 2011

ကြောက်မက်ဖွယ် အရိုးခေါင်းပုံ သဘာဝ ရေအောက် လှိုဏ်ဂူကြီး

အေးခဲနေသော ရေထဲတွင် အပျော်တမ်း ဒိုင်ဗင်သမားအချို့ သေဆုံးခဲ့ဖူးသည်ဆိုသော မှတ်တမ်းကပင် ထိုကန်ကြီးကို လူအများ ခြောက်ခြားစေမည့် အကြောင်းရင်း တစ်ခုဖြစ်သည်။
သို့သော်လည်း ကန်အောက်ခြေရှိ ထူးခြားသော လှိုဏ်ဂူကြီး တစ်ခုက ပိတ်သိမ်းလိုက်ပြီဖြစ်သည့် ဟော့ဂ်ျကျောက်မိုင်းရှိ ရေကန်ကြီးကို ပိုမို ထိတ်လန့်ဖွယ်ရာ နေရာတစ်ခု ဖြစ်လာစေခဲ့သည်။ ကမ်ဘရီရာတွင်ရှိသော ရေကန်ဟောင်းကြီးထဲတွင် ကြောက်မက်ဖွယ် အရိုးခေါင်းပုံ သဘာဝ ရေအောက် လှိုဏ်ဂူကြီးတစ်ခု ဖြစ်ပေါ်နေသည်။
၂၅ မီတာမျှ ရှည်လျားသော ကန်ထဲတွင် ၂ မီတာ ရှည်သော အဆိုပါ သဘာဝလှိုဏ်ခေါင်း ဖြစ်တည်နေခြင်းဟု သိရသည်။ ယင်းကို ဓာတ်ပုံရိုက်လာသည့် ပီတာဘရက်စလေက “ပုံကို ကြည့်စမ်းပါဦး။ ဘာကြောင့် ဒီကျောက်မိုင်းဟောင်းကြီးက ကြောက်စရာ ကောင်းနေလဲဆိုတဲ့ အဖြေကို ရှာတွေ့လိမ့်မယ်။ ဒီကျောက်မိုင်းကြီးမှာ ဒိုင်ဗင်သမားတွေ သေဖူးတယ်။ အပျော်တမ်း တောင်တက်တဲ့သူတွေ သေဖူးတယ်။
တကယ်တော့ ဒီနေရာဟာ Indiana Jones ဇာတ်ကားတွေထဲမှာ ပါနေကျ ခြောက်ခြားစရာ နေရာမျိုးပါ”ဟု ပြောကြားခဲ့သည်။ ၎င်းက ထိုနေရာတွင် ဒိုင်ဗင်ထိုးရင်း အဆိုပါ လှိုဏ်ခေါင်း၏ ထူးဆန်းသော တည်နေပုံကို သတိပြုမိကြောင်း ရှင်းပြခဲ့သည်။ အဆိုပါ နေရာသည် လက်ရှိအချိန်ထိ သဘာဝ ဖွဲ့စည်းပုံရ ဒိုင်ဗင်သမားများအကြိုက် နေရာတစ်ခုအဖြစ် တည်ရှိနေဆဲဟုလည်း သိရှိရသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ ပူးတွဲ တည်ထောင်ခဲ့သူ တစ်ဦးမှ အာကာသ ယာဉ်တစ်စင်း တည်ဆောက်မည်

အမေရိကန် အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ Paul Allen က အာကာသ ယာဉ်တစ်စင်း တည်ဆောက်မယ့် စီမံချက်ကို ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ အယ်လင်ရဲ့ အာကာသ ယာဉ်ဟာ လွန်းပျံယာဉ် တွေနေရာမှာ အစားထိုးဖို့ ဖြစ်ပြီး ဒုံးယာဉ် တွေကို ပစ်လွှတ်ဖို့နဲ့ အာကာသ အတွင်း ကုန်ပစ္စည်းတွေ သယ်ယူ ပို့ဆောင် ပေးဖို့ ဖြစ်ပါတယ်။

အဆိုပါ ကြီးမားတဲ့ အာကာသ ယာဉ်ဟာ ဂျမ်ဘိုဂျက် အင်ဂျင် ၆လုံး တပ်ဆင် ထားပြီး တောင်ပံ အလျားဟာ ၁၁၇ မီတာ ရှိပါတယ်။ အယ်လင် က အခုလို ပုဂ္ဂလိက အာကာသ ယာဉ်တွေ ပျံသန်း ပြေးဆွဲနိုင်ဖို့ စိတ်ကူး အိပ်မက်မက် ခဲ့ရကြောင်း သတင်းထောက် တွေကို ပြောကြား ခဲ့ပါတယ်။ သူ့ရဲ့ အာကာသ ယာဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်ပျံသန်း ပြေးဆွဲပေး နိုင်ဖို့ ရည်မှန်းချက် ထားလုပ်ဆောင် နေပါတယ်။ ဒါဟာ အမေရိကန် အာကာသ စူးစမ်း လေ့လာရေး အဖွဲ့ နာဆာရဲ့ နှစ် ၃၀ကြာ ပြေးဆွဲခဲ့တဲ့ လွန်းပျံယာဉ် တွေကို ယခုနှစ်မှာ ရပ်နားခဲ့ ပြီးနောက် ပုဂ္ဂလိက ကုမ္ပဏီတွေ အတွက် အာကာသ ယာဉ်ဆိုင်ရာ လုပ်ငန်း တွေကို လမ်းဖွင့် ပေးခဲ့တဲ့ အတွက် အကောင်အထည် ပေါ်လာတဲ့ စီမံချက် တစ်ရပ် ဖြစ်ကြောင်း သိရပါတယ်။

Sunday, 18 December 2011

ကိုယ့်ကိုယ်ကို သတ်သေမှု တားဆီးနိုင်မည့် စနစ်တစ်မျိုး Facebook လွှတ်တင်

လွန်ခဲ့သည့် အင်္ဂါနေ့က လူမှုရေး ကွန်ရက်ဝက်ဆိုက်ဖြစ်သော Facebook မှာ ၎င်း၏ အဖွဲ့ဝင်များအကြားတွင် ကိုယ့်ကိုယ်ကို သတ်သေစေမည့် လုပ်ရပ်များကို တားဆီးနိုင်စေမည့် လုပ်ဆောင်ချက် အသစ်တစ်ရပ်ကို လွှတ်တင်နိုင်ခဲ့ကြောင်း သိသည်။ အဆိုပါစနစ်သစ်အရ ယင်းဆိုက်တွင် ဝင်ရောက်နေသည့် မည်သူမဆို အဆိုပါကဲ့သို့သော ဖြစ်ရပ်များ ဖြစ်စေနိုင်သည့် အရေးအသား ပုံစံမျိုးပေါ်ပေါက်လာပါက Facebook မှယင်းပုဂ္ဂိုလ်အား email ပေးပို့ပြီး သီးသန့်ဆွေးနွေးခန်း သဘောမျိုး ပြောဆိုနိုင်မည့် နှစ်သိမ့်ဆွေးနွေးသူနှင့် တိုက်ရိုက် ပြောကြားစေ မည်ဖြစ်ကာ ကယ်တင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ အလားတူပင် ယင်းဖြစ်ရပ်ကို အသိပေးသူရှိပါက ယင်းလူ၏ အမည်ကို လျှို့ဝှက်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

Saturday, 17 December 2011

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။
အထက်တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခုရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီးရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီး လက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..
ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...
@ daily mail

Friday, 16 December 2011

Elizabeth Taylor ၏ လက်ဝတ်လက်စားများ ဒေါ်လာ ၁၁၆ သန်းဖြင့် စံချိန်တင်ရောင်းချနိုင်ခဲ့

သေဆုံးသွားခဲ့ပြီ ဖြစ်သည့် ဂန္တဝင်သရုပ်ဆောင် Elizabeth Taylor ပိုင်ဆိုင်ခဲ့သော လက်ဝတ်လက်စား များ ကို လေလံတင်ရောင်းချရာမှ တစ်ဆင့် ဒေါ်လာ ၁၁၆ သန်းအထိ စံချိန်တင်ရရှိခဲ့ကြောင်း Christie လေလံ အဖွဲ့မှ ပြောကြားခဲ့ကာ ၁၉၆၉ ခုနှစ်က သူမ၏ချစ်သူ Richard Burton မှ ဒေါ်လာ ၃၇၀၀၀ ဖြင့်ဝယ်ယူကာ လက်ဆောင်ပေးခဲ့သည့် လည်ဆွဲ မှာဒေါ်လာ ၁၁.၈ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။

အဆိုပါလည်ဆွဲမှာ La Peregrina ဟုအမည်ရသည့် ၁၆ရာစုနှစ် ပုလဲပါဝင်ပြီး ပန်းချီဆရာ Velazquez မှပန်းချီဆွဲခဲ့ရသည် အထိ ကျော် ကြားခဲ့သည့် လည်ဆွဲတစ်ခုလည်း ဖြစ်သည်။ အဆိုပါလည်ဆွဲ၏ မူရင်းပိုင်ရှင်မှာ Mary Tudor ဆိုသူဖြစ်ပြီးယင်းကို Burton မှဝယ်ယူပြီး လက်ဆောင်ပေး ခဲ့ခြင်းပင် ဖြစ်သည်။ ယခုလေလံပွဲတွင် လေလံပွဲပြုလုပ်သူများ ခန့်မှန်းထားကြ သည့် ဈေးနှုန်းထက် နှစ်ဆ ခန့်ပိုမိုရရှိခဲ့ကာ သူမနှစ်သက်သော ၃၃.၁၉ ကာရက်ရှိ စိန်လက်စွပ်မှာ ဒေါ်လာ ၈.၈ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်းလည်း သိရသည်။

Tuesday, 13 December 2011

ပင်လယ် ရေအောက် သတ္တုသိုက် ၁၆ မျိုးကို တရုတ်နိုင်ငံ တွေ့ရှိ

တရုတ် နိုင်ငံရဲ့ သုသေသန ဆိုင်ရာ ရေယာဉ် Ocean No.1 ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က Shandong ပြည်နယ်ရှိ Qingdao မြို့သို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရေယာဉ်ဟာ ကမ္ဘာ့ အကြီးဆုံး အဏ္ဏ၀ါ စူးစမ်း လေ့လာရေးကို ပြုလုပ် ခဲ့တာ ဖြစ်ပြီး အဆိုပါ လေ့လာမှု အတွင်း ပင်လယ် ရေအောက် သတ္တုသိုက် ၁၆မျိုးကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

တက္ကသိုလ် ကျောင်းပေါင်း ၃၂ ကျောင်းမှ သုတေသီ ၂၁၈ ဦးတို့ဟာ ၃၆၉ ရက်ကြာမြင့်တဲ့ စူးစမ်း လေ့လာရေး ခရီးကို တရုတ်နိုင်ငံ တောင်ပိုင်း Guangdong ပြည်နယ်မှာ စတင်ပြုလုပ် ခဲ့တာဖြစ်ပြီး ဒါဟာ တရုတ် နိုင်ငံရဲ့ ၂၂ ကြိမ်မြောက် အဏ္ဏ၀ါ စူးစမ်း လေ့လာရေး ခရီးလည်း ဖြစ်ပါတယ်။ အဲ့ဒီ လေ့လာရေး ခရီးကို အိန်္ဒိယ၊ အတ္တလန္တိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာ တစ်လျှောက် ရေမိုင် ၆ သောင်း ကျော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပင်လယ် ရေအောက် သတ္တုသိုက် ၁၆မျိုးကို တွေ့ရှိ ခဲ့ပါတယ်။ သတ္တုသိုက် ၁၆ မျိုးအနက် ၅မျိုးဟာ အန္တလန္တိတ် သမုဒ္ဒရာ အတွင်းမှ ဖြစ်ပြီး  ၁၁ မျိုးကတော့ ပစိဖိတ် သမုဒ္ဒရာ အတွင်းမှ ဖြစ်ပါတယ်။ တရုတ် နိုင်ငံဟာ ၂၀၀၇ ခုနှစ် ကတည်းက သမုဒ္ဒရာ ၃ခုအတွင်း အဏ္ဏ၀ါ စူးစမ်း လေ့လာမှုကို ပြုလုပ်ခဲ့ပြီး ပင်လယ် ရေအောက် သတ္တုသိုက် ၃၃ မျိုးကို တွေ့ရှိပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

Monday, 12 December 2011

တောင်ဝင်ရိုး​စွန်း​သို့​ စွပ်ဖား​ဖြင့်​ သွား​​ရောက်နိုင်သည့်​ အသက်အငယ်ဆုံး​ မိန်း​က​လေး

အသက် ၁၆ နှစ်အရွယ် ဗြိတိသျှ ​ကျောင်း​သူ​လေး​ အမီလီ ဟမ်ပလီမန် အဒမ်သည် ​တောင်ဝင်ရိုး​စွန်း​ ​ဒေသသို့​ စွပ်ဖား​ဖြင့်​ သွား​​ရောက်နိုင်သည့်​ အသက်အငယ်ဆုံး​ မိန်း​က​လေး​ ဖြစ်လာခဲ့​သည်။
သူမ၏ ဖခင်ဖြစ်သူ ​ဒေး​ဗစ် ဟမ်ပလီမန် အဒမ်၏ စွန့်​စား​မှု ​ခြေရာကို ထပ်တူလိုက်နိုင်ခဲ့​ပြီ ဖြစ်သည်။ သူမသည် ၁၇ ညလုံး​လုံး​ ဖြတ်သန်း​ခရီး​နှင်ပြီး​​နောက်

Friday, 9 December 2011

သတို့​​သား​​နှင့်​​ သတို့​​သမီး​​ အချင်း​​ချင်း​​တိုက်ခိုက်ကြသည့်​​ မင်္ဂလာပွဲ

ချက်နိုင်ငံတွင် မင်္ဂလာပွဲ ကျင်း​​ပ​​နေစဉ်အတွင်း​​ သတို့​​သား​​၊​ သတို့​​သမီး​​ အချင်း​​ချင်း​​ ထသတ်သဖြင့်​​ ပွဲပျက်သွား​​​ကြောင်း​​ သိရှိရသည်။
မင်္ဂလာပွဲ စတင်ကျင်း​​ပစဉ်က ​​ပျော်ရွှင်ကြည်နူး​​စရာ အခမ်း​​ အနား​​​လေး​​ ဖြစ်ခဲ့​​​သော်လည်း​​ သတို့​​သား​​နှင့်​​ သတို့​​သမီး​​တို့​​ အချင်း​​ချင်း​​ တိုက်ခိုက်ရန်ပြုရာမှ အကျည်း​​တန်သွား​​​ကြောင်း​​ ချက်ရဲတပ်ဖွဲ့​​မှ ​​ပြော​​ရေး​​ဆိုခွင့်​​ရ အမျိုး​​သမီး​​ ဂျာနာ မာဇူရိုဗာက ​​ ပြောကြား​​ခဲ့​​သည်။
“သတို့​​သား​​​ရော၊​ သတို့​​သမီး​​ပါ အရက်​​သောက်ထား​​တယ်။ ရန်ဖြစ်ပြီး​​​တော့​​ နှစ်​​ယောက်လုံး​​ ဒဏ်ရာဒဏ်ချက်​​တွေနဲ့​​ ကျန်ခဲ့​​တယ်”ဟု ဂျာနာကဆိုသည်။ အသက် ၃၁ နှစ်ရှိ သတို့သမီး​​နှင့်​​ ၂၂ နှစ်အရွယ် သတို့​​သား​​တို့​​သည် ပရက်ဂ်မြို့​​မှ ​​တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ဟက်လီ​​ကော့​​တွင် လက်ထပ်မင်္ဂလာ ​​ဆောင်နှင်း​​ကြခြင်း​​ဖြစ်သည်။ “သတို့​​သမီး​​က အရက်​​သောက်ထား​​တာ စစ်ဖို့ ​​တော်​​တော်ငြင်း​​တယ်။ ရဲ​​တွေက သူ့​​​ယောက်ျား​​ကလည်း​​ ပြဿနာ ရှာမယ်လို့​​ ထင်​​နေတာ”ဟု ဂျာနာကဆိုသည်။
အဆိုပါ စုံတွဲသည် ဒဏ်​​ငွေချမှတ်ခြင်း​​ ခံခဲ့​​ရ​​ ကြောင်း​​လည်း​​ သိရသည်။ ဂျာနာက ယင်း​​မင်္ဂလာစုံတွဲ ကွာရှင်း​​ပြတ်စဲသည်ဆို​​သော သတင်း​​မျိုး​​မူ မရရှိ​​ကြောင်း​​လည်း​​ ​​ပြောဆိုသွား​​သည်။

Thursday, 8 December 2011

ရွှေသွားများတရားမ၀င် ရောင်းချမှုဖြင့် မီးသင်္ဂြိုဟ်သူ ခြောက်ဦးအား ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံတွင် မီးသင်္ဂြိုဟ်ခံရသည့် ရုပ်အလောင်းများ၏ အရည်ပျော်သွားခဲ့သော ရွှေသွားများအား တရားမ၀င် ရောင်းချမှုဖြင့် မီးသင်္ဂြိုဟ်စက်မှ ၀န်ထမ်းခြောက်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၄င်းဝန်ထမ်းများသည် မီးသဂြိင်္ိုဟ်စက်ငါးခုမှ ၀န်ထမ်းများဖြစ်ပြီး ၄င်းတို့အနက် ၀န်ထမ်းတစ်ဦးသည် ရွှေရောင်းချရာမှ ၀မ်သန်း ၂၀ (ဒေါ်လာ ၁၇၇၃၀)ခန့် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါရွှေများအား တရားမ၀င် ၀ယ်ယူမှုဖြင့် လက်ဝတ်ရတနာဆိုင်ပိုင်ရှင်တစ်ဦးနှင့် အခြားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

Tuesday, 6 December 2011

မျောက်များ၏ ဗက္လာယ ပြုမူမှုကြောင့် ကမ္ဘာကျော်တစ်ဦးဖြစ်လာခဲ့သူ

မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ ထိုင်ဝမ် မော်ဒယ်လ်က သူမသည် ထိုသို့ဖြစ်လာရန် မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးပြီး လက်ရှိတွင်
ကျောင်းတက်နေဆဲဖြစ်သော ချာမီယန်ချန်းသည် အမြီးရှည်ရှည်နှင့် မကာကွီ မျောက်လေးများကို အစာကျွေးရာမှ လက်ဆော့တတ်သည့် တိရစ္ဆာန်လေးများကြောင့် ဒုက္ခများခဲ့သည်။

 အဆိုပါ မျောက်များသည် သူမ၏ အင်္ကျီကို ဆွဲချွတ်ရန် ကြိုးစားရာ

Monday, 5 December 2011

ကမ္ဘာ့နေရာအသီးသီးကို နာရီဝက်အတွင်း ထိမှန်အောင်ပစ်ခတ်နိုင်သည့် အသံထက်ငါးဆမြန်သော ဟိုက်ပါဆိုးနစ်လက်နက်

ကမ္ဘာမြေပေါ်ရှိ မည်သည့်ပစ်မှတ် ကိုမဆို နာရီဝက်အတွင်း ထိမှန်အောင် ပစ်ခတ်နိုင်သည့် အသံထက်ငါးဆမြန်သော ဟိုက်ပါဆိုးနစ် လက်နက်ကို အမေရိကန်စစ်တပ်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စမ်းသပ်ခဲ့ကြောင်း သိရသည်။ အသံထက် ငါးဆမြန်အောင် ပျံသန်းနိုင်သည့် အဆိုပါ
ဒုံးကျည်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁း၃ဝ နာရီ
တွင် ဟာဝိုင်အီကျွန်းမှ ပစ်ခတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဟိုက်ပါဆိုးနစ် ဒုံးကျည်သည် ပစိဖိတ်သမုဒ္ဒရာ အထက် အနောက်တောင်ဘက်သို့ ရွေ့လျားသွားပြီး မိုင်ပေါင်း ၂၅ဝဝ အကွာအဝေးရှိ မာရှယ်ကျွန်းစု ကဝါဂျာလိန်းတောင်သို့ ပစ်မှတ်ထားသည့်အတိုင်း ထိမှန်ခဲ့သည်။ အမေရိကန်စစ်ဘက်ဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူ မယ်လင်ဒါမော်ဂန်က ယခုစမ်းသပ်မှုမှာ
လေကြောင်းရွေ့လျားမှု၊ လေကြောင်းခရီးသွားလာရေး၊ လမ်းကြောင်ြး့ပရေးနှင့် ထိန်းချုပ်ရေးနှင့် အပူဒဏ်ကိုကာကွယ်မှု နည်းပညာများအတွက် အချက်အလက်စုဆောင်းရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ယခုစမ်းသပ်ခဲ့သော ဟိုက်ပါဆိုးနစ်ဒုံးကျည် ကမ္ဘာမြေပေါ်ရှိ မည်သည့်ပစ်မှတ်ကိုမဆို နာရီဝက်အတွင်း ထိမှန်အောင် ပစ်ခတ်နိုင်သည့် အသံထက် ငါးဆမြန်သော ဟိုက်ပါဆိုးနစ်လက်နက်ကို စမ်းသပ်သည် အသံထက် ငါးဆမြန်ပြီး တစ်နာရီလျှင် ၃၇၂၈ မိုင်နှုန်းဖြင့် သွားနိုင်ကြောင်းသိရသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဆောင်ရွက်ချက်များကိုခြေဖျက်နိုင်ရန်
အတွက်ခိုင်မာသောအသင့်ပြင်မှု ပြုလုပ်ထားရန် ညွှန်ကြားထားမှုကြောင့် ယခုကဲ့သို့ စမ်းသပ်မှုများ
ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

Thursday, 1 December 2011

တောင်ကိုရီးယားအကျဉ်းထောင်များတွင် စက်ရုပ်များဖြင့် စောင့်ကြည့်စစ်ဆေးမည်

လုပ်ငန်းခွင်ဝင်နိုင်ကြောင်း သက်သေပြရန် လိုအပ်နေသေးသော်လည်း
တောင်ကိုရီးယားနိုင်ငံ၊ ပိုဟန်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် စက်ရုပ်များကို လာမည့်နှစ်မတ်လတွင် တစ်လကြာ စမ်းသပ်မှုပြုလုပ်မည်ဖြစ်ပြီး ၀မ်တစ်ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အကျဉ်းသားများ၏ ပုံမှန်မဟုတ်သည့် အမူအကျင့်များကို စောင့်ကြည့်စစ်ဆေးမည့် ပရိုဂရမ်များအား အဆိုပါစက်ရုပ်များတွင် ထည့်သွင်းမည်ဟုဆိုသည်။ အကျဉ်းထောင် အစောင့်များ၏ လုပ်အားကို လျော့ချရန်ဖြစ်ကြောင်း သုတေသီများကပြောကြား
ခဲ့သည်။  မှုခင်းနှင့်အကျဉ်းထောင် ပေါ်လစီများကို အထူးပြုလေ့လာသည့် သုတေသီများနှင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည့် Asian Forum for Corrections က စက်ရုပ်များကို ပြုလုပ်မည်ဟုဆိုသည်။ ယင်းစက်ရုပ်များသည် အမြင့် ၁ ဒသမ ၅ မီတာရှိပြီး ဘီးလေးဘီးဖြင့် ရွေ့ လျားမည်ဖြစ်သည်။

Wednesday, 30 November 2011

သုက်ပိုးခိုးပြီး ကိုယ်ဝန်ဆောင်ကလေးယူကာ ကလေးစရိတ်တောင်းမှု တက္ကဆက်တွင်ဖြစ်ပွား

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ အသက် ၃၆ နှစ်အရွယ်ရှိ ဂျိုးပရက်ဆီးလ်ဆိုသူက သူ၏အတူနေချစ်သူဟောင်း အနီထရီယာဘားနက်သည် သူ့ခွင့်ပြုချက်မရဘဲ အသုံးပြုပြီးကွန်ဒုံးများမှ သုက်ပိုးခိုးယူကာ ပြင်ပတွင် သန္ဓေအောင်စေသည့်နည်းဖြင့် ကိုယ်ဝန်ဆောင်ပြီး ကလေး စရိတ်နှင့် အခြားခံစားခွင့်များရရှိစေရန် ဖန်တီးခဲ့ကြောင်း တိုင်ကြားခဲ့သည်ဟု သိရသည်။
ယင်းစုံတွဲသည် ၂၀၀၇ ခုနှစ်က ခြောက်လတာ အတူနေခဲ့ပြီး ယင်းနောက်တွင် အနီထရီယာတွင် အမြွှာကလေးနှစ်ဦး မွေးဖွားခဲ့သည်။ပရက်ဆီးလ်သည်  ကွန်ဒုံးအမြဲသုံးခဲ့သောကြောင့် အနီထရီယာက ကိုယ်ဝန်ရှိနေ သည်ဟု ပြောသောအခါ အံ့အားသင့်ခဲ့သည်။ ဒီအင်န်အေစစ် ဆေးမှုများအရလည်း ကလေးအဖေဖြစ်ကြောင်း ထင်ရှားသဖြင့် ကလေးစရိတ် တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၀၀ ထောက်ပံ့ခဲ့ရသည်။
အနီထရီယာသည် ပရက်ဆီးလ် နေအိမ်တွင် နေထိုင်ခွင့်ရရန် တရားရုံးမှ တောင်းဆိုခဲ့ပြီး ခွင့်ပြုချက်ရခဲ့သလို ပရက်ဆီးလ်ပိုင်ဆိုင်မှု ထက်ဝက်ခန့်ကိုလည်း တောင်းဆိုခဲ့သည်။
တစ်နေ့တွင် ပရက်ဆီးလ်မှာ မျိုးဆက်ပွားဆေးခန်းတစ်ခုမှ သူ့လိပ်စာတပ်ထားသော ငွေတောင်းခံလွှာကို အမှတ်မထင်ရရှိခဲ့သည်။ လက်မှတ်ထိုးရမည့် စာရွက်တစ်ခုလည်း တက္ကဆက်မျိုးဆက်ပွားဆေးခန်းက
ပေးပို့ခဲ့ရာ ရိပ်စားမိလာခဲ့သည်။ အနီထရီယာသည် လိင်ဆက်ဆံပြီးသောအခါ ကွန်ဒုံးများကို သိမ်းထားပြီး ဆေးခန်းသို့ ယူဆောင်သွားကာ  ကိုယ်ဝန်ယူရန် သိမ်းဆည်းထားခဲ့ကြောင်းပါ သိရှိခဲ့သည်။
ကလေးစရိတ်ထောက်ပံ့မှု ရပ်တန့်ရန်နှင့် ကလေးအုပ်ထိန်းခွင့် ရရှိရန်ပရက်ဆီးလ်ကတရားစွဲဆိုထားသည်ဟု
ဆိုသည်။

မလေးရှားတွင် အမျိုးသမီးသီးသန့် အငှားယာဉ်များ ချထားပေး

လူစီး ရထားတွဲ များအတွင်း ပန်းရောင် ရထားတွဲကို စီမံပေးအပြီးတွင် မလေးရှား နိုင်ငံအနေဖြင့် အမျိုးသမီးများအား စော်ကားခံရမည့် ဘေးမှ ကာကွယ်ပေးသည့် လုပ်ဆောင်ချက် တစ်ရပ်အဖြစ် အမျိုးသမီး သီးသန့် အငှားယာဉ်များကို စတင် ပြေးဆွဲပေးနေပြီ ဖြစ်ကြောင်း မီဒီယာသတင်းများတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။ ကွာလာလမ်ပူမြို့ရှိ လမ်းမများပေါ်တွင် အမျိုးသမီးများမောင်းနှင်သည့် အငှားယာဉ် အစီး ငါးဆယ်ကို စတင်ပြေးဆွဲ ပေးလိုက်ပြီ ဖြစ်ကာ on-call  ခေါ်ဆိုမှုဖြင့် ငှားရမ်းနိုင်မည် ဖြစ်ပြီး ကားအစီးရေကို အစီး ၂၀၀ အထိ တဖြည်းဖြည်း တိုးမြှင့် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အပြင်းပြေ Drum တီးရအောင်