Monday 14 November 2011

တောင်အာဖရိကတွင် ကြံ့ခိုးယူ သတ်ဖြတ်မှု စံချိန်တင် မြင့်တက်လာခဲ့

ကြံ့ချို ၀ယ်လိုအား မြင့်တက်လာတဲ့ အတွက် ကြံ့ တရားမ၀င် ခိုးယူ သတ်ဖြတ် မှုတွေဟာ တောင်အာဖရိ က နိုင်ငံမှာ စံချိန်တင် အဆင့် ရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ သားရိုင်း တိရစ္ဆာန် ရန်ပုံငွေ အဖွဲ့ WWF က ပြောကြားခဲ့ပါတယ်။
 တောင်အာဖရိက အမျိုးသား ဥယျာဉ်မှ တာဝန်ရှိသူတွေရဲ့ အဆိုအရ (၂၀၁၁)ခုနှစ်မှာ လက်ရှိ အချိန်ထိ ကြံ့ကောင်ရေ (၃၄၁)ကောင် ခိုးယူ သတ်ဖြတ်ခြင်း ခံခဲ့ရပြီး ယခင် (၂၀၁၀)ခုနှစ် တစ်နှစ်လုံးမှာ (၃၃၃)ကောင်သာ အသတ်ခံ ခဲ့ရတာကြောင့် ယခင် နှစ်ကထက် မြင့် တက် လာခဲ့တယ်လို့ သိရပါတယ်။
အခုလို တောင်အာဖရိကနဲ့ တောင်အာရှ ဒေသတွေမှာ ကြံ့ခိုးသတ်မှု ပိုမို များပြားလာတာဟာ ဗီယက် နမ် နိုင်ငံက တိုင်းရင်းဆေး ဖော်စပ်ရာမှာ အသုံးပြုဖို့ ကြံ့ချို ၀ယ်လိုအား မြင့်တက်လာတာကြောင့်
ဖြစ်ကြောင်း WWF က ပြောကြားထား ပါတယ်။

ဗီယက်နမ် နိုင်ငံမှာ အဆိုပါ ကြံ့ချိုတွေဟာ ကင်ဆာ ရောဂါကို ကုသ ပေးနိုင်ကြောင်း ယုံကြည် ထားကြတဲ့အတွက် ၀ယ်လိုအား ကောင်းေ နတာ ဖြစ်ပါတယ်။ WWF ရဲ့ အဆိုအရ (၂၀၀၅)ခုနှစ် မတိုင်မီခင် အချိန်အထိ တောင်အာဖရိက နိုင်ငံ အတွင်း နှစ်စဉ် ကြံ့ကောင်ရေ (၃၆ )ကောင် နီးပါး သတ်ဖြတ် ခံနေရတယ်လို့ သိရပါတယ်။ တောင်အာဖရိက နိုင်ငံတစ်ဝှမ်း ကြံ့ သတ်ဖြတ်ခြင်း အပေါ် ဥပဒေ စိုးမိုးရေး လုပ်ဆောင် နေပေမယ့်လည်း ကြံ့ချို မှောင်ခို ကူးမှုတွေကို မထိန်းချုပ်နိုင်သေးဘူးလို့ သိရှိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်