Tuesday 15 November 2011

Abraham Lincoln ပုံတူ ရုပ်တုမှ ကြေးဓား တစ်ချောင်း ပျောက်ဆုံး

အမေရိကန် သမိုင်းမှာ ထင်ရှား ကျော်ကြားတဲ့ သမ္မတဟောင်း Abraham Lincoln အုတ်ဂူ ကနေ ကြေး ဓား တစ်ချောင်း ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ ယောက်မြောက် သမ္မတ Abraham Lincoln ရဲ့ သမိုင်းဝင် အုတ်ဂူဟာ အီလီနွိုက် ပြည်နယ် Springfield မြို့မှာ တည်ရှိပါတယ်။
အုတ်ဂူရဲ့ ထိပ်ဘက်မှာ သမ္မတ လင်ကွန်းရဲ့ ပုံတူ ကြေးရုပ်တုကို သွန်းလုပ်ထားပြီး အခု ပျောက်ဆုံးသွားတဲ့ ဓားဟာ အဲ့ဒီကြေးရုပ်တုက ဖြ စ်ပါတယ်။ အဆိုပါ ဓားဟာ အရှည် ၃ ပေရှိပြီး ဓားရိုး နေရာကနေ ချိုးဖျက်ယူခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ် ၁ စုကျော်က ခိုးယူ ခံခဲ့ရပြီးနောက် အခုတစ်ကြိမ် ပျောက်ဆုံးမှုဟာ ပထမဆုံးပဲ ဖြစ်ပါတယ်။ အဆိုပါ ကြေးဓား ပျောက်ဆုံးနေတာကို မကြာေ သးမီ ရက်ပိုင်းကမှ သတိပြုမိခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ကနေ ယခု နိုဝင်ဘာလ အစောပိုင်း ကာလ အတွင်း ခိုးယူ ခံခဲ့ရ တာ ဖြစ်နိုင်တယ်လို့ တာဝန် ရှိသူတွေက ယူဆ ထားကြပါတယ်။ သမ္မတ လင်ကွန်းရဲ့ အုတ်ဂူ လုံခြုံရေး အနေနဲ့ ညစောင့်တစ်ဦး ထားလေ့ ရှိပေမယ့် ရသုံးငွေ စာရင်း ပြဿနာကြောင့် အဆိုပါ အလုပ် နေ ရာကို လျှော့ချခဲ့တာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါ တယ်။ အခုအခါ အဆိုပါ ကြေးဓား ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလျက် ရှိပါတယ်။ ပြည်နယ် အစိုးရကလည်း ဓားချိုးဖျက် ခံရတဲ့အတွက် ပျက်ဆီးသွားတဲ့ သမ္မတ လင်ကွန်း ပုံတူ ကြေးရုပ် တုကို ပြန်လည် ပြင်ဆင်ဖို့ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်