Saturday 19 November 2011

Kiwi သီး စားခြင်းဖြင့် သွေးပေါင်ချိန် လျော့ကျစေခြင်းရှိ ၊ မရှိ သုတေသီများ လေ့လာလျက် ရှိ

တစ်နေ့ကို ကီဝီသီး ၃ လုံး စားခြင်းဖြင့် သွေးပေါင်ချိန် သိသိသာသာ ကျစေပြီး သွေးတိုးရောဂါ ဖြစ်ပွားမှု ကို လျော့ကျစေနိုင်တယ်လို့
နော်ဝေး နိုင်ငံက သုတေသီတွေက ပြောကြားခဲ့ပါတယ်။ Oslo တက္ကသိုလ်က သုတေသီတွေဟာ သွေး တိုး ဝေဒနာ အနည်းငယ် ခံစားနေရတဲ့ အရွယ်ရောက်ပြီးသူ ၁၈၈ ဦးကို ၂ လကြာ လေ့လာခဲ့ကြတာ ဖြစ်ပါ တယ်။

အဲ့ဒီ ၁၈၈ ဦးကို အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး တစ်ဖွဲ့ကို နေ့စဉ် ကီဝီသီး ၃ လုံး စားသုံးစေခဲ့ပါတယ်။
နောက်တစ်ဖွဲ့ကိုတော့ ပန်းသီးတစ်လုံး နေ့စဉ် စားသုံးစေခဲ့တယ်လို့ သိရပါတယ်။ လေ့လာမှု အချိန်ကာလ ၂ လပြည့်တဲ့ အခါမှာတော့ ကီဝီသီး စားတဲ့ အဖွဲ့မှာ ပါဝင်သူတွေက သွေးပေါင်ချိန် သိသိသာသာ ကျဆင်း သွားတာကို တွေ့ရပါတယ်။ ဒါဟာ တစ်နေ့ကို ပန်းသီးတစ်လုံး စားတာထက် ကီဝီသီး ၃ လုံး စားတာက တစ်နေ့ကိုေ သွးပေါင်ချိန်ကို သင့်တင့်မျှတစေတာပဲ ဖြစ်တယ်လို့ အဆိုပါ လေ့လာမှုကို ဦးဆောင်ခဲ့သူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ပို ပြီး တိကျ သေချာတဲ့ လေ့လာ စမ်းသပ်မှုတွေကိုတော့
နောက်ထပ် ဆောင်ရွက် သွားရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်