Sunday 13 November 2011

မက္ကစီကိုနိုင်ငံတွင် ၁၀ နှစ်သမီးမှ ကလေးမွေးခဲ့ 

မက္ကစီကိုနိုင်ငံတွင် အသက် ၁၀ နှစ်အရွယ်သာရှိသေးသည့် 
မိန်းကလေးတစ်ယောက်မှ ရက်သတ္တပါတ် ၃၁ ပါတ်အကြာ
( ၇ လနှင့် ၂၁ ရက် ) ကိုယ်ဝန်ဆောင်အပြီး သားယောကျာင်္းလေး
တစ်ဦးဖွားမြင်ခဲ့ တယ်လို့ သတင်းများကဆိုပါတယ်...
၃.၃ ပေါင် သာလေးသည့် လမစေ့ ခင်ဖွားမြင်ခဲ့ သည့် ကလေးငယ်အား မက္ကစီကိုနိုင်ငံ၊ ပွယ်ဘလာမြို့ ရှိ၊အမျိုးသမီးဆေးရုံတွင် ဗိုက်ခွဲမွေးခဲ့ ပြီး
ယခုအခါကလေးငယ်မှာ ဆေးရုံအထူးကြပ်မတ်ကုသဆောင်တွင်
အဆုပ်အအေးမိခြင်းမှ ပြန်လည်သက်သာလာနေခဲ့ ပြီဖြစ်ပါတယ်...
ထိုမြို့ အနီး ဆန်ဖရန်စစ်စကိုတိုတီမီဟွာကန် အရပ်မှ ငယ်ရွယ်သည့် မိခင်ဖြစ်သူဟာ မီးဖွားပြီးနောက် နေ
အိမ်သို့ ပြန်လည်ရောက်ရှိခဲ့ ပြီး ကလေးငယ်အား နို့ ချိုတိုက်ကျွေးရန်ဆးရုံသို့ နေ့ စဉ်လာရောက်လျှက်ရှိ
တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူများကဆိုပါတယ်...
ပြည်နယ်ရှေ့ နေချူပ်ရုံး(ဥပဒေရုံး) အနေဖြင့် မိန်းကလေးအားအဓမ္မပြုကျင့် ဖွယ်ရှိကြောင်းနှင့် ကလေး၏
ဖခင်ဖြစ်သူ မည်သူမည်ဝါဖြစ်နိုင်ကြောင်းကို စုံစမ်းစစ်ဆေနေပြီဖြစ်တယ်လို့ ဆေးရုံအကြီးအကဲ အုပ်ချူပ်
ရေးမှူး ရိုဂီလီရို ဂွန်ဇာလက်ဇ် ကပြောကြားကြောင်း ရှေ့ တန်းသတင်းဌာနကဆိုပါတယ်...
မက္ကစီကိုနိုင်ငံဥပဒေများအရ အသက်အရွယ်ငယ်ရွယ်သည့် မိခင်လောင်းများအနေဖြင့် အဓမ္မပြုကျင့်ခံခဲ့ 
ရကြောင်း သက်သေမပြနိုင်ပါက ကိုယ်ဝန်ဖျက်ချခွင့် မရှိချေ...
တရားဝင်ကိုယ်ဝန်ဆောင်၊ လက်ထပ်နိုင်သည့်အသက်အရွယ်မှာ ၁၂ နှစ်ဖြစ်ပြီး အတင်းအဓမ္မပြုကျင့် ခံရ
ကြောင်းသက်သေမပြနိုင်ပဲတရားမ၀င်ကိုယ်ဝန်ဖျက်ချပါက ပွယ်ဘလာ ပြည်နယ်တွင် ဒါဏ်ငွေ သို့ မဟုတ်
ထောင်ဒါဏ်အပြစ်ပေးခံရမှာဖြစ်ပါတယ်...
ယခုအခါအဆိုပါဥပဒေအား ပြင်ဆင်နိုင်ရန် စဉ်းစားသုံးသပ်နေပြီဖြစ်ပါတယ်...
အမည်ဖော်ပြနိုင်ခြင်းမရှိသည့် မိန်းကလေးငယ်ဟာ လွန်ခဲ့ သည့် အောက်တိုဘာလ ၂၂ ရက်နေ့ တွင် အ
သက်အန္တရယ်စိုးရိမ်နိုင်လောက်သည့် ရောဂါဝေဒနာများဖြင့် သတိလက်လွတ်ဖြစ်ကာ ဆေးရုံသို့ ရောက်ရှိ
လာခဲ့ ခြင်းဖြစ်သည်...
လမစေ့ မှီမွေးဖွားခဲ့ သည့် ကလေးငယ်မှာလည်း အခြေအနေအရ ကျန်းမာသည်ဟု ဆိုနိုင်ပြီး မိခင်ဖြစ်သူ
မှာလည်း ပြန်လည်နေကောင်းလာခဲ့ ပြီဖြစ်ပါတယ်...

မက္ကစီကိုနိုင်ငံတွင် ယခုဖြစ်ရပ်မှာ အထူးတစ်လည်ထိတ်လန့် တုန်လှုပ်ဖွယ်တစ်ခုတော့ မဟုတ်ပါချေ...
လွန်ခဲ့ သည့် နှစ် သြဂုတ် လ ကလည်း အသက် ၁၁ နှစ်အရွယ်ရှိ အမလီယာ အမည်ရှိမိန်းကလေးတစ်ဦး
စာ ကိုယ်ဝန်လေးလ အကြာတွင် တရားရေးဌာနမှ ကိုယ်ဝန်ဖျက်ချရန်ခွင့် မပြုခဲ့ တာမို့ လမစေ့ မီ ရက် ၂
ပါတ်စောကာ ကလေးမွေးဖွားခဲ့ ပါသေးတယ်...
သူမအား အသက် ၁၀ နှစ်အရွယ်မှာပင် ပထွေးဖြစ်သူမှ အကြိမ်ကြိမ် အဓမ္မကျင့် ကြံခဲ့ ပြီး ဒေသဆိုင်ရာတ
ရားဥပဒေများအရ သူမသည်လည်းကိုယ်ဝန်ရှိပြီးသုံးလအကြာတွင် ကိုယ်ဝန်ဖျက်ချခွင့် မရခဲ့ ပါဘူး...

သူတို့ ဆီမှာလည်း မိန်းကလေးတွေ အရွယ်ရောက်တာစောကြပုံရပါတယ်...
၁၂ နှစ်နှင့် အိမ်ထောင်ပြု၊ သားမွေးနိုင်တယ်ဆိုပဲ...

ကျွန်တော်တို့ အဲဒီအရွယ်ကဆို ယောကျာင်္းလေးရော၊ မိန်းကလေးတွေပါ ဆော့ ကစားလို့ ကောင်းတုန်း...
@ ကိုပီတာ

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်