Tuesday 15 November 2011

တရုတ် တောင်ပိုင်းတွင် ကြေးနှင့် ပြုလုပ်ထားသည့် ခေတ်ဟောင်း ဓားတစ်လက် တူးဖော်ရရှိ

သက်တမ်း(၂၂၀၀) ရှိပြီဖြစ်တဲ့ ကြေးနဲ့ ပြုလုပ် ထားတဲ့ ရှေးခေတ်ဟောင်း ဓားတစ်လက်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း စီယမ်ကျင်း ပြည်နယ်မှာ
တွေ့ရှိခဲ့တယ်လို့ ဒေသခံ ရှေးဟောင်း သုတေသီ တွေက ပြောကြား ခဲ့တယ်လို့ သိရပါသည်။ အဆိုပါ ဓားရဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ ပုံသဏ္ဍာန်ဟာ ဘီစီ(၄၇၅)နဲ့ (၂၂၁)အကြား ၀ါရင်း ပြည်နယ်ခေတ်မှာ ထွင်းထု ပြုလုပ်ခဲ့ တာဖြစ်နိုင်ကြောင်း ၊ ဓားဟာ အလှအပနဲ့ တန်ဆာဆင်မှု နည်းပါးတဲ့ အတွက် အဲ့ဒီခေတ်က စစ်ဘက်ဆိုင်ရာ ပစ္စည်းတစ်ခု ဖြစ်နိုင်ကြောင်းနဲ့  မူလ ဓားပိုင်ရှင်နဲ့ ဓားကို ဘယ်နေရာမှာ ပြုလုပ်ခဲ့တယ် ၊ ဘယ်နေရာမှာ အသုံးပြု ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး အခုချိန်ထိ မသိရှိ ရသေးကြောင်း ၊ အဆိုပါ ဓားကို ထိန်းသိမ်း ထားရှိတဲ့ နမ်ကျင်း ပြတိုက်မှ ပြတိုက်မှူးက ပြောကြားခဲ့ ပါသည်။ အဲ့ဒီ ဓားကို နမ်ကျင်း ပြည်နယ်ရဲ့ မြို့တော် စီယမ်ကျင်း မှ  အလုပ်သမား တစ်ဦးက မြစ်ကမ်းပါးရှိ ကျောက်ပုံတွေက ကျောက်တွေ ကို ရွေး ချယ်သန့်စင် နေချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါသည်။ အဲ့ဒီ အလုပ်သမားဟာ အဆိုပါဓားကို ရှေးဟောင်း သုတေသန ဌာနမှ တာဝန်ရှိ သူတွေကို အပ်နှံခဲ့တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်