Wednesday, 30 May 2012

ယခင် တိုက်ခိုက်ရေး နည်းဗျူဟာများ

Who, me? ဟာ ထိပ်တန်းလျို့ဝှက်တဲ့ ကန့် အနံ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန် နည်းဗျူဟာ ရုံးမှ ဂျာမန် အရာရှိတွေကို ရှင်းဖို့ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ အထုတ်ဖြင့်ထုတ်ပိုးထားနိုင်ပြီး အလွန်ပြင်ထန်သော မစင်အနံ့ နံပြီး ဒီအနံ့ပြန့်နှံခြင်းကို ထိန်းချူပ်နိုင်ဖို့လိုပါတယ်။ ဒီအနံ့ဟာ အလွန်ဖျောက်ဖျက်ရခက်ပြီး တိုက်ခိုက်ခံလိုက်ရတဲ့ လူတစ်ယောက်ဟာ ဆိုရင် နှစ်ပါတ်ကြာပြီးအချိန်မှာတော့ အလိုလိုနေပြီး ဝမ်းနည်းကာ စိတ်ဓါတ်ကျဆင်းလာပြီး နောက်ဆုံး မှာ ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒီပစ္စည်းကိုတော့ အမှိုက်ပုံးထဲမှာထည့်ထားခြင်း၊ လမ်းကြားများမှာလွှင့်ပစ်ခဲ့ခြင်း တို့ဖြင့် ဖြန့်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြံဥာဏ်ကို တင်ပြသူကတော့ Pam Dalton ဆိုတဲ့ ဓါတု အနံ့ ဌာနက ပုဂ္ဂိုလ် တစ်ဦးဘဲဖြစ်ပါတယ်။

Anti-tank dogs ဆိုတဲ့တိုက်ခိုက်နည်းကတော့ အားလုံးသိထားကြတဲ့အတိုင်း ခွေးမှာ ဗုံး/မိုင်း များကို တပ်ဆင်ပြီး တိုက်ခိုက် တဲ့နည်းဘဲဖြစ်ပါတယ်။ တင့်ကားများ၊ လက်နက်တင်လာတဲ့ကားများ နှင့်မိမိတိုက်ခိုက်လိုတဲ့ ကားများကို လေ့ကျင့် သင်ကြားပေးထားတယ် ခွေးများကို ဆာလောင်အောင်ပြုလုပ်ပြီး တိုက်ခိုက် ပျက်စီးစေတာဖြစ်ပါတယ်။ ဒီခွေးတွေကတော့ ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက် ပြည်ထောင်စုက ဂျာမဏီ တင့်ကားတွေကို တိုက်ခိုက်ဖျက်စီးဖို့ အတွက် သီးသန့်မွေးထားခဲ့တဲ့ ခွေးတွေဘဲဖြစ်ပါတယ်။ ခွေးတွေကို ရက်တော်တော်များများ အစာမကျွေးဘဲ အငတ်ထားကာ ပြီးနောက်မှာ တင့်ကားတွေ အောက်မှာ

Sunday, 20 May 2012

ဦးခေါင်းနောက် ကင်မရာတပ်ထားတဲ့ ပရောဖက်ဆာ

ကျောင်းသားအချို့က နောက်ကြသည်။ သူတို့ ဆရာရဲ့ ဦးခေါင်းနောက်ဖက်မှာ မျက်လုံးတွေ ရှိနေသည်ဟု။ နယူးယောခ့်မှ ပရော်ဖက်ဆာ ဆိတ်ဖွားတစ်ယောက် ကလည်း ထိုအတိုင်းဖြစ်နေသည်။
သူ့ခေါင်းနောက်ဖက် တည့်တည့်တွင် ကင်မရာ သေးသေးတစ်ခု ခွဲစိတ်တပ်ထားသည်။
နယူးယော့ခ် တက္ကသိုလ် Tisch အနုပညာကျောင်းမှ အီရတ်နိုင်ငံဖွား ဓါတ်ပုံပါမောက္ခ Wafaa Bilal ဆိုသူမှာ သူ့လုပ်ငန်းတွေ ပိုမိုမြန်ဆန်စေဖို့အတွက်

Sunday, 13 May 2012

Kenya Tree Coral က အာရုဏ်ကြောဝေဒနာ သက်သာစေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ

တရုတ်တိုင်ပေကမ်းလွန် ၃၃ ကီလိုမီတာအကွာခန့်တွင်ရှိသော
Green Island ကျွန်းပတ်လည်ရှိအပျော့စားသန္တာကျောက်ပွင့်များမှ
 ထုတ်လုပ်ထားသော Capnellene ဓါတ်ပေါင်းသည် အာရုံကြော
ယိုယွင်းခြင်းကြောင့် ခံစားရသော နာကျင်မှုကို ကုသရာတွင် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်ဟုကျွမ်းကျင်သူများက
ပြောဆိုကြသည်။
 သမားရိုးကျ အကိုက်အခဲ ပျောက်ဆေးများဖြစ်သော အက်စ်ပရင်နှင့်
 မော်ဖိန်းတို့သည်အာရုံကြောနာကျင်မှုကိုထိရောက်သောသက်သာမှု မပေးနိုင်ပေ။
 သို့သော်လည်း Kenya Tree Coral သို့မဟုတ် Cap-nella imbricata က အာရုံကြောနာကျင်မှုကို သိသာစွာသက်သာစေသည်။သိပ္ပံပညာရှင်များသည်ကြွက်များတွင်စမ်းသပ်ပြီးနောက်
ယင်းကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။ ယခုအခါ သန္တာကျောက်ပွင့်များမှထုတ်ယူသော ဓါတ်ပေါင်းများဖြင့်
 အရေးပါသော ဆေးဝါးများကို ဖော်စပ်ပြီးလျှင် ထိရောက်စွာသုံးစွဲလျက်ရှိသည်။
ဥပမာအားဖြင့် HIVကုသရာတွင်သုံးသော ဗိုင်းရပ်စ်ကာကွယ်ဆေး AZT သည်

Thursday, 10 May 2012

ကြက်ဖနဲ့ ကြက်မ (ဥာဏ်စမ်း)

ကြက်ဖတစ်ကောင်က ကြက်မတစ်ကောင်ကို မိတ်လိုက်ဖို့ နောက်ကလိုက်တယ်။ ကြက်မက ရှေ့ကပြေးတယ်။ ပြေးရင်း ပြေးရင်းနဲ့ ကျောက်လမ်းမပေါ်ရောက်သွားပြီး ကြက်မကို ကားတက်ကြိတ်သွားတယ်။ ဒီအဖြစ်အပျက်ကို အပျိုကြီးတစ်ယောက်နဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်က ထိုင်ကြည့်နေကြတယ်။

၁။ကြက်ဖက ကြက်မကို လိုက်နေတဲ့အချိန်မှာ ဘာတွေးလဲ။
၂။ကြက်မက ရှေ့က ပြေးနေတဲ့အချိန်မှာ ဘာတွေးလဲ။
၃။ကြက်မသေတာကြည့်ပြီး အပျိုကြီးက ဘာတွေးလဲ။
၎။အိမ်ထောင်သည်အမျိုးသမီးက ဘာတွေးလဲ။

သယ်ရင်းတို့ပေါက်ကရလေးတွေဖြေကြည့်ကြဦးနော်....

မြန်မာသူငယ်ချင်းဆိုက်မှ Jack San ရဲ့မေးခွန်းလေးပါ။

Thursday, 3 May 2012

Audi ကားကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ မိုးပျံကား

Audi car ထုတ်လုပ်ရေးကုမဏ္ဍီကဘိန်းမပါတဲ့မိုးပျံကားတွေကိုစတင်ရောင်းချဖို့စီစဉ်နေပါပြီ ။
ကားလမ်းပိတ်ဆို့မှု့ပြတနာတွေ ၊ အချိန်နှောင့်နှေးမှု့ပြသနာတွေ ၊ လောင်စာပြသနာတွေကို
လျှင်မြန်လွယ်ကူစွာဖြေရှင်းနိုင်အောင်စီစဉ်သွားမယ်လို့ဆိုပါတယ်။ ကားတွေကိုဘယ်ဈေးနဲ့ရောင်း
ချမယ်ဆိုတာတော့မသိရှိရသေးပါဘူး ။ ကားတွေကို Audi Shark Car လို့နံမည်ပေးထားပါတယ် ။
ဒိကားတွေကိုဝယ်ယူသူတွေကတော့လေယာဉ်မောင်းသင်တန်း ၊ လေယာဉ်မှုးသင်တန်း ၊
လေယာဉ်မယ် သင်တန်းအောင်မြင်တက်ရောက်ထားရပါမယ် ။ ဒီဇိုင်းကိုတော့ Mr. Kazim Doku
ကရေးဆွဲထားတာပါ ။ လေ့လာချင်ရင်တော့ www.kazimdoku.com မှာလေ့လာနိုင်ပါတယ် ။
Audi Shark Car ရဲ့ Design တွေကိုဗဟုသုတနေနဲ့လေ့လာကြည့်ကြရအောင်ပါ ။


[1] Audi Shark Car ရဲ့အတွင်းပိုင်းဒီဖိုင်းဖြစ်ပါတယ် ။ 



[2] Audi Shark Car ရဲ့အပြင်ပိုင်းဒီဇိုင်းဖြစ်ပါတယ် ။


[3] Audi Shark Car ရဲ့ဘေးလိုက်ဒီဇိုင်းပါ ။



[4] Audi Shark Car ရဲ့နောက်ပိုင်းဒီဇိုင်းပါ ။


[5] Audi Shark Car မပျံသန်းမှီပုံဖြစ်ပါတယ် ။

တမ်းချင်း

ကျောင်းသားဘဝတုန်းက ရေးစပ်ခဲ့တဲ့ တစ်ပုဒ်တည်းသော ကဗျာလေးပါ။

တမ်းချင်း
လသာတဲ့ ညတစ်ညမှာ
ကောင်းကင်ပေါ်က လမင်းကြီးကို
ငါ .... အမှတ်မထင်
ငေးကြည့်မိတယ်။
ဒါပေမယ့်.....သူကတော့
ကြယ်ကလေးတွေနဲ့
ပျော်မြူးနေလေရဲ့.....
ငါ့မှာတော့ 
အချစ်ဆိုတဲ့ ဝေဒနာကို
ခါးသီးစွာ ခံစားရင်း
ငါသိပ်ချစ်ခဲ့ရတဲ့
ကောင်မလေး တစ်ယောက်ဆီက
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
ချစ်ခြင်းမေတ္တာကို.....မိုက်မဲစွာ
စောင့်မျှော်မိနေလေရဲ့.....

Monday, 30 April 2012

အချစ်ဆိုသည်မှာ......

အချစ်ဆိုသည်မှာ - - -

> ကိုယ့်ဖက်က အရမ်းချစ်သလောက် သူ့ဖက်က ပြန်မချစ်သည့်အခါ အရမ်းခံရခက်သည်ဟု လူအများက လက်ခံထားကြလေသည် ။ လုံးဝလွဲမှားနေသည် ။ သူ့ဖက်က ပြန်ချစ်သည်မချစ်သည်မှာ သူ၏ စိတ်ခံစားချက် သူ့အပိုင်းသာဖြစ်ပြီး ကိုယ့်ဖက်က သူ့ကို ချစ်နေဖို့သာ အဓိက ကျနေသည်မဟုတ်လား ။

> ကိုယ်က ချစ်တယ်ဟု ဖွင့်ပြောပြီးသည့်အခါ ဘယ်တော့အဖြေပေးမှာလဲဟုတောင်းခံကြခြင်းမှာလည်း တကယ်တော့ အတော်အူကြောင်ကြောင်နိုင်သောကိစ္စဖြစ်သည် ။ ကိုယ်သူ့ကို ချစ်တယ်ဟုဖွင့်ပြောခြင်းမှာ ကိုယ်ချစ်နေခြင်းသူသိစေရန် ဖွင့်ဟ၀န်ခံခြင်းသက်သက်ပင်ဖြစ်သည် ။ သူ့ဆီက အဖြေလိုချင်သည် ထိုအဖြေမှာလည်း ချစ်တယ်ဆိုသည့်အဖြေဖြစ်ပြီး သူပြန်ချစ်တာကိုပြန်လိုချင်သည်မှာတော့ ကိုယ်၏အတ္တ သက်သက်သာဖြစ်သည်မဟုတ်ပါလား ။

> တကယ့်အချစ်စစ်ဆိုသည်မှာ

Sunday, 29 April 2012

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော ???

ရီလေတီဗီတီနှင့် အလင်းအလျင်


အဲလ်ဘတ် အိုင်းစတိုင်းရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း  ကျေုာင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။
ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမားကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ  မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခု ပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်း ပါဝင်တည်ရှိနေပါတယ်။
မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။

- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။
- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။
- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။
- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်း မရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။
-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။

အဲဒီအယူအဆပေါ် အခြေခံပြီး

Thursday, 26 April 2012

ကြက်မကြီးမှ ကြက်ကလေးအား အကောင်လိုက်မွေးဖွား

သီရိလင်္ကာ နိုင်ငံမှ ကြက်မတစ်ကောင်ဟာ ဥမဥပဲ ဝမ်းထဲမှပင် ကြက်သားပေါက်ကလေးအားအကောင်လိုက်မွေးခဲ့သဖြင့် ကြက်နှင့်ကြက်ဥတွင် မည်သည်က စတင်ဖြစ်ပေါ်လာသနည်း ဟူသော ခေတ်ဟောင်းဥာဏ်စမ်းယုံတမ်းစကားအတွက် ပိုမိုရှုပ်ထွေးဖွယ်ရာ အကြောင်းအရာတစ်ခု ထပ်ပေါ်လာစေခဲ့ပါတယ်....
              ကြက်မ၏ ကိုယ်ခန္ဒာမှ ဥမဥချလိုက်ရပဲ ၊ ပြင်ပတွင် ဥဝပ်စရာ နေရာ ၊ အပူငွေ့ပေးစရာမလိုပဲ ကြက်မ၏ ကိုယ်ခန္ဒာ
အတွင်းတွင် ၂၁ ရက်ကြာ ရှိနေခဲ့ပြီး အကောင်ပေါက်ခဲ့တာဖြစ်ပါတယ်။
                မိခင်ကြက်မကြီး သေဆုံးခဲ့ပေမယ့် ကြက်ပေါက်ငယ်ကလေးဟာ အတောင်အလက်အစုံအလင်
ပါရှိပြီး ကျန်းမာသန်စွမ်းလျက်ရှိပါတယ်။ ဝယ်လီမာဒါအရပ်တွင် သေဆုံးသွားသည့် ကြက်မကြီးအား စမ်းသပ်စစ်ဆေးခဲ့သည့်တိရိစ္ဆာန် ဆေးကုသရေးအရာရှိ PR Yapa က ၄င်းအနေဖြင့်ထိုကဲ့သို့ ဖြစ်ရပ်မျိုး
တစ်ခါမှကြုံတွေ့ခဲ့ရဖူးခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
               မျိုးပေါက်ခဲ့သည့် ကြက်ဥဟာ ကြက်မကြီး၏မျိုးပွားအင်္ဂါအစိတ်အပိုင်းတွင် ပေါက်ဖွားရှင်သန်
နေခဲ့တာဖြစ်ပြီး ဥမှပေါက်သည်အထိကြက်မကြီး၏ ကိုယ်ခန္ဒာအတွင်းတွင်သာ ရှိနေခဲ့တာကို တွေ့ရှိခဲ့ရတာ
ဖြစ်ပါတယ်။
     သေဆုံးသွားတဲ့ ကြက်မကြီးအား ခွဲစိတ်စစ်ဆေးခဲ့ရာတွင် အဆိုပါကြက်မကြီးဟာ ခန္ဒာကိုယ်အတွင်းပိုင်း
ဒဏ်ရာကြောင့် သေဆုံးခဲ့ရတာ ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြပါတယ်။
@ ကိုပီတာ

အပြင်းပြေ Drum တီးရအောင်