Wednesday 2 November 2011

ခေတ်အရမ်းရှေ့ပြေးလွန်းတဲ့ ခရီးသည်တင် Super Bus ကားကြီး

ခေတ်အရမ်းရှေ့ပြေးလွန်းတဲ့ ခရီးသည်တင် Super Bus ကားကြီးတစ်စီး ဖြစ်ပြီး တစ်နာရီကို ၁၁၅ မိုင်မောင်းနှင်နိုင်တဲ့ ကားဖြစ်ပါတယ်။
ထို့အပြင်ခရီးသည်၂၃ ယောက်ကိုတစ်ပြိုင်တည်းတင်ဆောင်နိုင်ပါတယ်။
အပေါ်သို့ ပင့်တင်နိုင်တဲ့ တံခါးပေါက် တစ်ဘက်ကို ၆ ပေါက်ပါရှိပြီး ၁၅ ပေရှည်လျားကာ ဘီး ၆ ဘီး ပါဝင်ပါတယ်။ ကျယ်ဝန်းတဲ့ ခရီးသည်တင်ထိုင်ခုံများ တပ်ဆင်ပေးထားသောကြောင့် ခရီးသည်များသက်တောင့် သက်သာ စီးနင်းနိုင်မှာဖြစ်ပါတယ်။ ခရီးသည်အယောက်စီတိုင်း TV နှင့် အင်တာနက် ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သာမန် ဘတ်စ်ကားတွေမောင်းနှင်နိုင်တဲ့ မည်သည့်နေရာတွင်မဆို ထိုကားကို မောင်းနှင်နိုင်မှာဖြစ်ပါတယ်လို့ ထိုကား ဒီဇိုင်းကိုထုတ်လုပ်သူ ဟော်လန်လူမျိုး Mr Ockels  ကပြောကြားခဲ့ပါတယ်။



@ dailymail

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်