Wednesday 9 November 2011

အန္တာတိတ် ရေခဲပြင်တွင် ကြီးမားသည့် အက်ကွဲကြောင်းကြီး တစ်ခုတွေ့ရှိ

အန္တာတိကတိုက် အနောက်ပိုင်းရှိ ရေခဲပြင် တစ်နေရာတွင် အက်ကြောင်း တစ်ခုကို တွေ့ရှိခဲ့ပြီ ဖြစ်ကာ နာဆာ၏ လေကြောင်း ပျံသန်းမှု စီမံကိန်းအတွင်း ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Ice Bridge ဟု အမည်ပေးထားသည့် အဆိုပါ စီမံကိန်းမှာ ကမ္ဘာပေါ်ရှိ ရေခဲပြင်များအား
လေကြောင်းဖြင့် တိုင်းတာသည့် လုပ်ရပ် တစ်ခု ဖြစ်ပြီး ပျံသန်း စစ်ဆေးမှု တစ်ခု ပြုလုပ်စဉ်အတွင်း  ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
Pine Island Glacier (PIG) ခေါ် ရေခဲလွှာချပ်ကြီး၏ အရှေ့တွင်ရှိသည့် ယခု ရေခဲကွဲကြောင်းကြီးမှာ စုစုပေါင်း မိုင် ၆၀ ခန့် ရှည်လျားကာ ထုထည်အဖြစ် ပေ ၂၀၀ ခန့် နက်ရှိုင်း ကြောင်းလည်း သိရသည်။  နာဆာအဖွဲ့၏ ခန့်မှန်းချက်အရ ယင်းရေခဲချပ်ကြီးမှာ လာမည့် ၂၀၁၂ ခုနှစ်တွင် ပင်မ ရေခဲလွှာကြီးမှ လုံးဝ ကွဲထွက်သွားမည်ဟု ခန့်မှန်းထားသည်။ ယခုလို ကြီးမားလှသည့် ရေခဲချပ်ကြောင့် ပင်လယ် ရေကြောင်း သွားလာရေး လုပ်ငန်းများအတွက် အန္တရာယ် ဖြစ်စေနိုင်သဖြင့် သေချာစွာ ဆန်းစစ်ရန် လိုနေပြီ
ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများမှ ခန့်မှန်းထားသည်။ ယခုလို ဖြစ်ရခြင်းမှာ ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက် တစ်ခု ဖြစ်ကာ ရာသီဥတု ပြောင်းလဲရေး ဖြစ်စဉ်ကို အကျိုး သက်ရောက် စေနိုင်ကြောင်း လည်း သိရသည်။ ယခုလို  ဖြစ်ရပ်နှင့် အတူ ယင်းရေခဲချပ်ကြီး မြောပါရာ တစ်လျောက်တွင် ရေချိုများ တန်ချိန်သန်းနှင့် ချီပြီး အရည်ပျော်နိုင်သဖြင့် ဒေသခံ သတ္တဝါများအတွက် အခက်အခဲများ ဖြစ်စေမည်
ဖြစ်ကြောင်းလည်း သိရသည်။
Source: BBC

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်