Showing posts with label it. Show all posts
Showing posts with label it. Show all posts

Wednesday, 5 December 2012

Virus အမျိုးမျိုး သတ်နည်းအကြောင်း


Posted by ရဲဂျာ on December 1, 2012 at 8:58pm in Virus နည်းပညာBack to Virus နည်းပညာ Discussions

SVCHOST.EXE သတ်နည်း


SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်.. သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်.. အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာ ပါတယ်.. Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..

အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာ အရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင်

Tool>Folder Options ကိုသွားပါ...

ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..

နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ..အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..


3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchostအလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..


Gtalk Virus

Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run လိုက်ပါ။Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့ သင်ဖြတ်ပြစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software \Microsoft \Windows\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file တွေကိုလဲဖြတ်ပြစ်ပါ။ msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို uncheck
ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။


Kill Autorun Virus


Folder Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide extension for known file type နဲ့ Hideprotected operating system file ကို tip ဖြုတ်ပါ။ ပြီးရင် တော့ Hard Driveထဲက Autorun.inf နဲ့ Virus file ကိုဖြတ် ပစ်ပါ။ဖြတ်လို့မရရင် Task Managerထဲက process မှာ run နေတဲ့ Virus file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။

Virus များအတွက် website


့http://www.scanwith.com/
scanwith ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool,antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက်
မျှဝေလိုက်ပါတယ်

I love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...

i love you Virus ကို သတ်တဲ့ ဆော့ဝဲလ်လေးပါ။ သိကြတဲ့ အတိုင်းပါပဲ...။ Memory stick ကို ဘာထိပြီ ဆိုရင် ကြည့်လိုက်... ဒီ အိုင်လက်ဖြု ပဲ....။ အခုဟာလေးကတော့ HD ရော Memory stick ကိုရော ရှာသတ်ပေးနိုင်ပါတယ်။ ဒီ မှာဒေါင်းပါ။

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု..

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။ Loikaw Virus သည် USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊ အသုံးပြုနေသော Program သို့ စာကြောင်းများပေးပို့ခြင်း၊ bat file, cmd file များကို အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့် အခြား အနှောက်အယှက် ဖြစ်စေ နိုင် သော ကိစ္စများကို ဖြစ်စေပါသည်။ Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏ Desktop တွင် Virus Information.txt ဟုသောဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။ ထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒါလေး ကို ဒေါင်းလိုက်ပါ။ Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင် ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။

Virus အမျိုးအစားခွဲခြားခြင်း..

၁။ Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်...

ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ Worm

worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster Worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။ Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာ ပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware

သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီး တဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။ Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

၇။ Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...

Funny Virus သတ်နည်း

Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....

အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....

Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

Funny ၀င်ဝင်ချင်းမှာ
C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data
အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...
ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

နောက်တစ်ခုအနေနဲ့
kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....

ကဲ... နေရာတွေ လဲသိပြီ....

Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
kill.exe ကို Del လုပ်..

autorun.inf ကို Del..လုပ်
မျိုးပြုတ်ပေါ့ funny ရေ....

တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...
မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll
icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော
Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....

Desktop ပေါ်က Funny Folder အတွက်တော့

Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...

အဆင်ပြေနိုင်ကြပါစေ...

Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....

Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်တော့

HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}

ကိုဖျက်လိုက်ပါ။

အားလုံးအဆင်ပြေကြပါစေ........

Virus ရဲ့ သမိုင်းကြောင်း


 Virus ဖန်တီးခြင်းကြောင်းတွေ ကာကွယ်ခြင်းအကြောင်းတွေ တင်ပြီးတော့မှပဲ သူရဲ့ သမိုင်းကို တင်ဖြစ်တော့တယ်…ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး စိတ်ကူးပေါက်တာနဲ့ တင်လိုက်တာပါ…ဒီအကြောင်းအရာတွေကို မဖတ်ခင်မှာ “Virus ဆိုတာ self- replication computer program တစ်ခုဖြစ်ပြီး အခြား executable code (သို့) documents များထဲကို သူ့တို့ကိုယ်သူတို့ copy ကူးထည့်ခြင်း အားဖြင့် ကူးစက်ပြန့်နှံ့ စေတာဖြစ်တယ်” ဆိုတဲ့ အချက်ကို မေ့လို့ မဖြစ်ပါဘူး
… အဲဒီအချက်ကိုမေ့နေမယ်ဆိုရင် ဒီ Post ကို နားမလည်နိုင်ပါဘူး… ကူးစက်ခြင်းအဆင့်ဆင့်ကို ” Virus ဖန်တီးခြင်း (၁)၊ (၂)၊ (၃)” မှာ ရှင်းပြခဲ့ပြီးပါပြီ”….Virus သမိုင်း အစမှာဆိုရင် ပထမဆုံး” ထွက်ပေါ်ခဲ့တဲ့ Virus အကြောင်းနဲ့  ပတ်သတ်လို့ ဆွေးနွေးငြင်းခုံမှုတွေဟာ အဆုံးမရှိထွက်ပေါ်ခဲ့ပါတယ်..ဘာကြောင့်လဲဆိုတော့ ၁၉၇၀ ၀န်းကျင်လောက်မှာ malware တွေ attack လုပ်ခဲ့ကြလို့ပါ…အချို့သူတွေက ဒီ malware တွေ attack လုပ်ခဲ့တာကို ထပ်သွင်း ရေတွက်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်…malware လို့ဆိုပေမယ့် ယေဘူယျသတ်မှတ်ချက်အရ ပြောရရင်worms တွေဖြစ်ကြပြီး virus တော့ မဟုတ်သေးပါဘူး… ဒါကြောင့် ၁၉၇၀ အစောပိုင်း ပေါ်ထွက်ခဲ့ တာတွေနဲ့ ပတ်သတ်ပြီး မေးခွန်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်…သို့သော်လည်း Computer Knowledge ပိုင်းကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ Virus တွေရဲ့ သမိုင်းဟာ ၁၉၈၁ မှာစတင် ခဲ့တယ်လို့ ယူဆနိုင်ပါတယ် ။

၁၉၆၀နှောင်းပိုင်း – ၁၉၇၀ အစောပိုင်းနှစ်များ
၁၉၇၀ အဦးပိုင်းမှာ Arpanet (Advanced Research Projects Agency net) ကနေပြီး Creeper လို့ ခေါ်တဲ့ worm တစ်ခုကို စတင်တွေ့ရှိခဲ့ပါတယ်…ဒီ worm ကို Tenex operating system အောက်မှာ global computer networks များဆီသို့ သူဟာသူပျံနှံ့နိုင်အောင် ဖန်တီးခဲ့ပါတယ်…၄င်းဟာ သူ့ဟာသူ modem ကနေတဆင့် network တစ်ခုဆီရောက်အောင် ၀င်နိုင်စွမ်းရှိပြီး remote systemများဆီကို သူ့ကိုယ်သူ copy လုပ်ခြင်းအားဖြင့် ကူးပြောင်းပါတယ်…သူက တခြား system တစ်ခုထဲရောက်သွားပြီးဆို ရင် “I’M THE CREEPER : CATCH ME IF YOU CAN” ဆိုတဲ့ message လေးဖော်ပြတတ်ပါတယ်… သူနဲ့ ကပ်လျက်ပဲ program လေးတစ်ခုထပ်ထွက်လာပါတယ် အဲဒါကတော့ Creeper ကို နှိမ်နင်းမယ့် Reaper ပဲဖြစ်ပါတယ်… Reaper က Creeper ကိုလိုက်ရှာပြီး delete လုပ်ပါတယ်… အားလုံးသိကြတဲ့ “ပထမဆုံး” Anti-virus progam လို့ ပြောရမှာပါပဲ…
၁၉၇၄ ခုနှစ်မှာ ထပ်ပြီးထွက်လာတဲ့ malware တစ်ခုကတော့ Rabbit လို့ခေါ်ပါတယ် … သူကတော့ system တွေကို crash လုပ်ဖို့အတွက် သူကိုယ်သူ ဘက်ပေါင်းစုံကနေ မြန်မြန်ဆန်ဆန် ပုံတူပွား နိုင်ပြီး အများအားဖြင့်တော့ system တစ်ခုကနေ တစ်ခုကို သူ့ကိုသူ copy မလုပ်နိုင်ပါဘူး…၄င်းက system resources တွေမှာ ခိုအောင်းနေပြီး system ရဲ့ ထုတ်လုပ်နိုင်မှုတွေကို နိမ့်ဆင်းသွားအောင် လုပ်ပါတယ်…
၁၉၇၅ ခုနှစ်မှာတော့ UNIVAC 1108 system အတွက် Pervading Animal လို့ခေါ်တဲ့ game တစ်ခုရေးခဲ့ပါတယ် …အဲဒီ game က user ကို စိတ်ဝင်စားအောင် မေးခွန်းတွေမေးပြီးတော့ user တွေးနေတဲ့ သတ္တ၀ါက ဘာလဲဆိုတာကို ဆုံးဖြတ်ချက်ချပါတယ် …. ဒါပေမယ့်လည်း ဒီ game က တကယ်ဖြစ်နေတာ ကတော့ file တိုင်းမှာ သူကို့သူ ရေးထည့်နိုင်ဖို့ပဲဖြစ်ပြီး file တွေထဲ ရေးပြီးပြီလား မရေးရသေးဘူးလားဆိုတာ ကို ဆုံးဖြတ်ဖို့အတွက် အချိန်တွေကို ဖန်တီးပြောင်းလဲယူဖို့အတွက်ပဲ ဖြစ်ပါတယ်… executable file တွေနဲ့ အဆုံးမှာ သူဟာသူရောနှောပေါင်းစပ်လိုက်ပါတယ်..ဒါဟာ Trojan ရဲ့ အပြုအမူတွေဖြစ်အောင် တမင်လုပ်ခဲ့တာလား … မတော်တဆဖြစ်ခဲ့တာလားဆိုတာကို မဆုံးဖြတ်နိုင်ခဲ့ပါဘူး…ဒီအပြုအမူတွေဟာ ယခုခေတ်ပေါ် ထောင်ပေါင်းများစွာသော Trojan များနဲ့ တူညီနေပါတယ်….JÃrgen Kraus ရဲ့ master thesis မှာတော့ ဒီ Program ကို Selbstreproduktion bei Programmen( Self-reproduction of programs) လို့ခေါ်ခဲ့ပါတယ်…
၁၉၈၀ အစပိုင်း
ဒီနှစ်ပိုင်းတွေကို ရောက်လာတဲ့ အခါမှာတော့ Computer တွေဟာ ပိုပို ပြီးတော့ လူသုံးများလာကြပါတယ်…program အရေအတွက်အနေနဲ့ software company တွေကနေထုတ်တာ မဟုတ်ပေမယ့်လည်းပဲ တစ်ဦးချင်းအနေနဲ့ထုတ်လုပ်မှုဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်….ဒီ Program တွေကို general access servers- BBS တွေကနေ တိုက်ရိုက် ဖြန့်ဝေခြင်း၊ လဲလှယ်ခြင်းတွေ လုပ်နိုင်ပါတယ်… အဲဒီရလဒ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ Trojan horses တွေ၊ System ကို အနှောင့်အယှက်ပေးနိုင်တဲ့ Program တွေ အမြောက်အမြားထွက်ပေါ်လာဖို့ အတွက် လမ်းစဖြစ်ခဲ့ပါတယ်….
၁၉၈၁ – Wild ထဲမှ ပထမဆုံး Virus
Robert Slade ရဲ့ သမိုင်းဖော်ပြချက်အရဆိုရင်.. ယနေ့ခေတ် Virus များကဲ့ သို့ အလုပ်လုပ်နိုင်ဖို့အတွက် Wild ထဲကို စမ်းသပ်တဲ့သဘောမျိုးနဲ့ ပထမဆုံးရောက်လာတဲ့ Virus လို့ ပြောရပါလိမ့်မယ်.. Texas A&M University ကနေစတင် ပျံနှံ့လာတယ်လို့ အများက လက်ခံထားပါတယ်… အဲဒီ Virus နဲ့ နာမည်ကတော့

Saturday, 14 January 2012

Breaking Virus Alert !! (သတိ...သတိ...သတိ)

ဂျီတော့မှာ ဗိုင်းရပ်တစ်မျိုး ယခု ရက်ပိုင်း ကြောက်မက်ဖွယ်ပျံ့နှံ့လို့ေ
နပါ တယ် ။ ဗိုင်းရပ်ရဲ့စာသားကတော့ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုပြီးဖြစ်ပါတယ် ။ သတိလက် လွတ် နှိပ်လိုက် ရင်တော့ ကိုယ့် စက်ထဲကို ဖိုင်တစ်ခု install လုပ်ဖို့ပြောပါတယ် ။ ကိုယ်က yes ကိုနှိပ်မိရင်တော့ အဲဒီစက်ကို လည်းကူးစက်သွားပြီး အဲဒီအကောင့်ကိုပါ ဗိုင်းရပ်ကူးသွားပါပြီ ။

ဗိုင်းရပ်က ဘာတွေလုပ်သလဲ ?

ဘာတွေလုပ်သလဲဆိုတော့ ကိုယ်မပြောပဲနဲ့ ကိုယ့် Contact ထဲက သူငယ်ချင်းတွေဆီကို အထက်ပါ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုတဲ့လင့်ကို ဆက်လက်ဖြန့်ပါတယ် ။ ပိုဆိုးတာက အရင်ဗိုင်းရပ်တွေနဲ့မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်က အဲဒီအကောင့်နဲ့လုပ်ထားတဲ့ အဲဒီအချိန်ဖေ့ ဘုတ်ဖွင့်ထား တဲ့ လူတွေသူငယ်ချင်းတွေဆီပါ အကုန်လုံး Chat message သို့မဟုတ် Message အဖြစ်လိုက်ပို့တာပါပဲ ။ သူငယ်ချင်းတို့ဆီ ရောက်လာခဲ့ရင်လည်း မဖွင့်ကြည့်ကြပါနဲ့ ။ မနှိပ်ကြပါနဲ့ ။ အခြားသူတွေကိုလည်း ဆက်လက်ဖြန့်ဝေပေးကြပါ ။ အကယ်၍ နှိပ်မိတယ်ဆိုရင်တော့စက်ကို restart အမြန်ချပြီး Activated Antivirus တစ်ခုခုနဲ့ အစအဆုံး Full scan ပြန်ဆွဲပေးဖို့လိုပါလိမ့်မယ် ။

မှတ်ထားရမှာက သူငယ်ချင်းက ကိုယ့်ကို မက်ဆေ့ပို့တာမဟုတ်ပါဘူး ဗိုင်းရပ်သာဖြစ်ပါတယ် ။ မနှိပ်မိ ဖို့ နှိပ်မိခဲ့ရင်လည်း ဗိုင်းရပ်ကို အမြန်စစ်ပြီး သတ်ဖို့လိုပါတယ် ။

ကျနော့်ဆီလည်း အစ်မ နတ်သမီးဆီက အဲဒီမက်ဆေ့ဝင်လာလို့ မေးကြည့်တော့ သူပို့တာမဟုတ် မှန်းသိရပါတယ် ဗိုင်းရပ်က အလိုအလျောက်ပို့နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် အစ်မ နတ်သမီး (white angel ) အကောင့်မှာရှိသမျှလူတွေကို ဒီလင့်လေး တွေပေးပါလိမ့်မယ်ဖေ့ဘုတ်မှာရော မနှိပ်ကြပါနဲ့ ဗိုင်းရပ်ဖြစ်ပါတယ် သူ့စက်ထဲ ဗိုင်းရပ်ဝင်သွားလို့ဖြစ်ပါတယ် တခြားသူတွေ မကူးကြစေဖို့ မျှဝေပေးကြပါခင်ဗျာ ။
@ သက်တန့်ချို

Saturday, 7 January 2012

Virus အသစ်တဲ့ဗျာ .... သတိထားလို့ရအောင် တင်ပေးလိုက်ပါတယ်

ဒီသတင်းဟာယနေ့မနက်တွင် Microsoftနှင့်Nortonတို့မှပေးပို့လိုက်သော
သတင်းဖြစ်ပါသည်။ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ သင်တို့ဆီသို့
Power Point Presentation, Life is beautiful ဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှင် မဖွင့်ပါနှင့် ချက်ချင်း delete လုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင် သင်၏ computer secreen တွင်
It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏
PC မှအရာအားလုံးပျောက် ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail နှင့် password အားလုံးရောက်ရှိသွားပါလိမ့်မယ်။ သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။ Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်မိမိ အမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။ သည်မေးလ်ကိုချက်ချင်းလက်ဆင့်ကမ်းပေးကြပါ။

Wednesday, 2 November 2011

Download သမားများ သတိပြုဖွယ်ရာ

ကျွန်တော် ဟိုတစ်နေ့က ဆော့ဖ်ဝဲတစ်ခုကို 4shared ကနေရှာပြီး download လုပ်မလို့ ကြံပါတယ်။ ဒါပေမဲ့ File size ကို ကြည့်လိုက်တော့ အတော်လေး ကြီးနေတယ်။ မသင်္ကာတာနဲ့ အဲဒီဆော့ဖ်ဝဲလ်ကို ထုတ်လုပ်တဲ့ မူရင်း Website မှာသွားကြည့်လိုက်တော့ size က အဲဒီလောက်မရှိဘူး။ Version က လုံးဝတူတယ်။ Major version ရော minor version နဲ့ build number ပါတူတယ်။ စဉ်းစားစရာပဲနော်။
နောက်တစ်ခုက 4shared က အကြောင်ရိုက်တဲ့ကိစ္စ။ သူ့ဆီကနေ download ဆွဲရင် No virus detected တွေဘာတွေနဲ့
လျှောက်ပြောတယ်ဗျ။
download ဆွဲပြီးလို့ ကိုယ့်စက်မှာ တင်ထားတဲ့ Kaspersky လေးနဲ့ စစ်လိုက်တော့ လားလား Trojan နှစ်ကောင်တောင်တွေ့တယ်။

Thursday, 6 October 2011

Windows 1.0 to 8.0 (ယခင် windows နှင့် နောက်ဆုံးပေါ် windows အထိပုံနှင့်တကွ)

1985 Windows 1.0

The First Version of Microsoft Windows, Windows 1.0, with simple applications and the concept of multitasking on PC
1987 Windows 2.0
The Second Version of Windows, Windows 2.0 with some fixes and the Control Panel.


Wednesday, 5 October 2011

Windows 8 ကို ၂၀၁၂ ခုနှစ်တွင် ​ရောင်း​ချမည်

Microsoft က Windows 8ကို လာမည့်​နှစ်တွင် ​ရောင်း​ချသွား​မည်ဖြစ်​ကြောင်း​ အတည်ပြု ​ပြောကြား​လိုက်သည်။
ကမ္ဘာ ​ပေါ်တွင် လူသုံး​အများ​ဆုံး​ OS တစ်ခု ဖြစ်​နေ​သော Window ၏ အဌမ​မြောက် Versionကို ၂၀၁၂ တွင် ​ရောင်း​ချမည်ဟု ဂျပန်နိုင်ငံ၊​ တိုကျိုမြို့​တွင် ပြုလုပ်​သော Microsoft ၏ Developer ဖိုရမ်တွင် ကုမ္ပဏီ အကြီး​အကဲ စတိ​ဘောမား​က Windows 8 ထုတ်လုပ်မည့်​ ကိစ္စကို အတည်ပြုခဲ့​သော်လည်း​ အ​သေး​စိတ် အချက်အလက်များ​ကိုမူ မ​ပြောဆိုသွား​ချေ။
သို့ ​သော် Tablet ကွန်ပျူတာများ​ကို အဓိက ရည်ရွယ်ထုတ်လုပ်ဖွယ် ရှိ​နေ​ ကြောင်း​ PC မဂ္ဂဇင်း​က ​ဖော်ပြခဲ့​သည်။ ​ဘောမား​ကို သတင်း​ထောက်များ​က OS အသစ်နှင့်​ ပတ်သက်၍ ​မေး​မြန်း​ခဲ့​ရာ ၎င်းက မ​ဖြေဆိုလို​ကြောင်း​သာ ​ပြောကြား​ခဲ့​သည်။
သို့ ​သော် တိုး​ တက်လာသည့်​ခေတ်တွင် ကွန်ပျူတာ တစ်လုံး​ထက် ဖုန်း​တစ်လုံး​၊​ Tablet ကွန်ပျူတာ တစ်လုံး​ကိုသာ လူအများ​က ပိုမို​တောင့်​တာလာ​ကြောင်း​ ​ဘောမား​က အရိပ်အမြွက် ​ ပြောဆိုသွား​ခဲ့​သည်။

Tuesday, 4 October 2011

အလွယ်ဆုံး Virus ရှိ / မရှိ စမ်းသပ်နည်း

Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
cd\ ရိုက်ထည့်ပါ Enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် Enter နှိပ်မယ်...
ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင် တော့ virus ရှိနေပါပြီ...။

Microsoft Windows 8 ၌ ယူနီကုတ်စံနှုန်းထားအား လိုက်နာထားသော မြန်မာ Font ပါဝင်မည်

မကြာမီဖြန့်ချိတော့မည့်MicrosoftWindows8၌ယူနီကုတ်စံနှုန်းအားအတိအကျလိုက်နာထားသော မြန်မာဖောင့်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ Myanmar Text Regularအမည်ရှိအဆိုပါဖောင့်အားဖောင့်အမျိုးအမည်နှင့်
စာစီစာရိုက်စနစ် (Input Method) ကို Microsoft Windows 8 ၌ တရားဝင်ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။ယူနီကုတ်စံသတ်မှတ်ချက်သည် နိုင်ငံတကာစံသတ်မှတ်ချက်တစ်ခုဖြစ်၍ နိုင်ငံတကာတွင်ရှိသည့်
အိုင်စီတီဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ယူနီကုတ်စံနှုန်းကိုသာ လိုက်နာအသုံးပြုကြမည်ဖြစ်ကြောင်း၊
၎င်းစံသတ်မှတ်ချက်ကြောင့် မြန်မာဘာသာစကားအား ကွန်ပျူတာမှ နားလည်လာခြင်း၊ သတင်းအချက်အလက်များကို စုစည်းထားနိုင်ခြင်း၊ အချက်အလက်ရှာဖွေခြင်းအတွက် လွယ်ကူခြင်း အစရှိသည့် အခြေအနေများကို အထောက်အကူပြုကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်း
လုပ်ငန်းအဖွဲ့မှ သိရသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သည့် Mac OS Lion ၌ ယူနီကုတ်စံနှုန်းအား အတိအကျလိုက်နာထားသော မြန်မာယူနီကုတ် ဖောင့်ပုံစံနှစ်မျိုးနှင့် စာစီစာရိုက်စနစ်ကို တရားဝင်ထည့်သွင်းပြီးခဲ့သည့်နောက် လာမည့်အချိန်ကာလအတွင်း ထုတ်ဝေဖြန့်ချိတော့မည့် Microsoft Windows 8 ၌လည်း မြန်မာယူနီကုတ် ပါဝင်လာမည်ဖြစ်ကြောင်း၊ အများပြည်သူအသုံးပြုသော အိုင်စီတီဆိုင်ရာဆော့ဖ်ဝဲ၊ Hardware များတွင် ယူနီကုတ်စံနှုန်းကို အတိအကျလိုက်နာထားသော
မြန်မာယူနီကုတ်ဖောင့်များကိုသာ အသုံးပြုကြမည်ဖြစ်ကြောင်း သိရသည်။ မြန်မာဘာသာစကားအား ကွန်ပျူတာစနစ်များပေါ်တွင် အသုံးပြုနိုင်ရန်အတွက် အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ယူနီကုတ် ကွန်ဆိုဒီယမ်၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ ၀ိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
@ မီးပြတိုက်

Sunday, 18 September 2011

Gmail တွေ အနှိုက်ခံရ...

ကဲ - လုပ်ချလိုက်ပြန်ပြီ။ တရုတ်က ဟတ်ကာများက Google e-mail account တော်တော် များများကို နှိုက်သွားတယ်လို့  ဒီမနက် BBC သတင်းတပုဒ်မှာ ဖတ်လိုက်ရတယ်....

တရုတ် နိုင်ငံရေးလှုပ်ရှားသူများ၊ အာရှ ခေါင်းဆောင် အချို့ ၊ အမေရိကန် အရပ်ဘက် နဲ့ အရာရှိတွေရဲ့  account တွေကို အဓိက ပစ်မှတ်ဖြစ်သွားတယ်လို့ ဆိုတယ်။ ဒီအကြိမ်နဲ့ပါ ဆိုရင် ၁၇ လ အတွင်း ဒုတိယမြောက် အဟက်ခံလိုက်ရတာ ဖြစ်ပါတယ်လို့ Google က ကြေညာပါတယ်။

ကဲ ကဲ - အဲလို အနှိုက်မခံရလေအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာလေးကို ပြောချင်ပါတယ်။

ပထမ အလွယ်ဆုံး သိထားသင့်တဲ့နည်း ကတော့ Gmail ကို သုံးမယ် ဆိုရင်... Gmail ရဲ့  officially Gmail home page ဟုတ်ရဲ့ လား ဆိုတာ ကို စစ်ဖို့လိုပါလိမ်မယ်။
Gmail ကို login ဝင်တော့မယ် ဆိုရင် http://www.gmail.com/ လို့ ရိုက်မည့် အစား https://www.gmail.com/ (http နောက်မှာ s တလုံး ပိုပြီးရိုက်ခြင်းအားဖြင့်) Gmail ရဲ့ ပင်မ စာမျက်နှာ အစစ်ကို ရောက်မှာဖြစ်တယ်။ အဲဒီလို မဟုတ်ရင်တော့ ဟက်ကာများ လှည့်စားထားတဲ့ သူတို့ အတုအယောင်ဆိုဒ်များကို ရောက်သွားနိုင်တယ်။

အောက်ကပုံ ကတော့ Gmail အတုနဲ့ အစစ် Gmail Original Ofiiciall Home Page ကို နှိုင်းယှဉ်ပြထားတာပါ။
ဘာတွေကွာခြားတယ် ဆိုတာ တော့ သေသေချာချာ ကြည့်ထားစေလိုပါတယ်.....

 ဒုတိယနည်း ကတော့ 2-step verification (၂ဆင့် ကာခြင်း) နည်းကို သုံးသင့်ပါတယ်။ အသုံးပြုပုံ ကိုတော့ အောက်မှာဖော်ပြပေးမယ့် video လေး က အသေးစိတ် ရှင်းပြပါလိမ့်မယ်။
နောက်တခု သတိထားစေချင်တာ ကတော့ User တော်တော်များများဟာ တွေ့ ကရာပေါက်လွတ်ပဲစား ယုံကြည်ရမူ မရှိတဲ့ ဝက်ဆိုဒ်တွေ မှာ ကိုယ့်ရဲ့ Gmail ကိုပေးပြီး Login လုပ်တတ်ကြပါတယ်။ အဲဒီ ကနေ တဆင့် ကိုယ့်ရဲ့ user name နဲ့ password တွေကို hackers တွေ ရရှိသွားနိုင်ပါတယ်။

Friday, 16 September 2011

နည်းပညာလောက အရေးပါခဲ့သော Lady များ

ခေတ်ဟောင်း၊ ခေတ်နှောင်းကနေ ခုကာလအထိ ကျွန်တော်တို့ မကြားဘူးတဲ့ မမတွေရဲ့ အမည်တွေကို တွေ့လိုက်သိလိုက်ရတယ်။ ဒီ မမ တွေ နည်းပညာ လောကအတွက် ဘာတွေ စွမ်းဆောင် အောင်မြင်ခဲ့ကြသလဲ ကြည့်လိုက်ရင် စိတ်ဝင်စားစရာတွေပဲ။
အမျိုးသမီးတွေဟာ အိုင်တီလောကမှာ သူ့နေရာနဲ့သူ အရေး ပါခဲ့ကြတာ မငြင်းနိုင်ပါဘူး။ သူတို့ကို ဘာကြောင့် အမွှန်းတင်ကြရတာလဲ။

The Ladies of ENIAC
Kay McNulty, Marlyn Wescoff, Fran Bilas, Ruth Lichterman ဆိုတဲ့ အမျိုးလေးယောက်နဲ့ ပုံထဲမှာ မပါတဲ့ Adele Goldstein နဲ့ Betty Snyder ဆိုသူတွေဟာ ပထမဦးဆုံး "computors" လို့ခေါ်တဲ့ ENIAC မှာ စတင်အလုပ်လုပ်ခဲ့သူတွေ ဖြစ်တယ်။
ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှာရှိတဲ့ Moore အင်ဂျင်နီယာကျောင်းမှာ သူတို့ ဒီကွန်ပျူတာနဲ့ အလုပ်လုပ်ခဲ့ကြတယ်။ သူတို့ လုပ်ငန်းကိုခေါင်းစဉ် အနေနဲ့ "computer" လို့ပေးခဲ့ကြတယ်။ ပစ်ခတ်မှုစာရင်း၊ ဗုံးကြဲတဲ့ လမ်းကြောင်းတွေကို ဒီအမျိုးသမီးတွေက ကွန်ပျူတာနဲ့အတူ တွက်ချက်ပေးခဲ့ကြတယ်။
သူတို့တွက်ချက်မှု အခြေခံစက်ကတော့ ENIAC ကွန်ပျူတာပေါ့။ ဒီအမျိုးသမီး ၅ ယောက်လောက်ဟာ ENIAC ကွန်ပျူတာရဲ့ switch ပေါင်း ၃ဝဝဝ နဲ့ တန် ၈ဝ လောက် ရှိတဲ့ ဟာ့ဒ်ဝဲတွေကို သူတို့လက်တွေနဲ့ ကိုင်တွယ်စီမံခဲ့ကြရတာ ဖြစ်ပါတယ်။
ENIAC ခေတ်ရောက်လာတော့ ယခင် "computors" လို့ခေါ် တဲ့စက်တွေ သိပ်အသုံးမဝင်တော့ဘူး။ Adele Goldstine နဲ့ Betty Jennings တို့နှစ်ယောက်က ENIAC မှာ ပရိုဂရမ်ကို store လုပ်ရတဲ့ တာဝန်ကိုယူရတယ်။
Goldstein ကတော့ ENIAC ရဲ့ မူလ technical menual ကိုရေးတဲ့သူဖြစ်ပါတယ်။ သူတို့ကြိုးပမ်းမှုကြောင့် ပထမဦးဆုံး ဆော့ဖ်ဝဲ application တွေနဲ့ ပထမဦးဆုံး programming classes တွေပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ENIAC မှာ လုပ်ခဲ့တဲ့အမျိုးသမီးတွေကို ၁၉၉၇ ခုနှစ်မှာ WITI Hall of Fame ဆိုတဲ့ဘွဲ့တွေကို ပေးအပ်ချီးမြင့် ဂုဏ်ပြုခဲ့တယ်။

Jean E. Sammet
ကမ္ဘာ့ပထမဦးဆုံး Computer Science (1968, Stanford) မှာ Ph.D. ဘွဲ့ရသူဆိုပြီး အမျိုးသမီး တစ်ယောက်ကို ညွှန်းပြကြတယ်။ တကယ်တော့ Sammet ဟာ ၁၉၄၈ ခုနှစ်က Mount Holyoke ကောလိပ်ကနေ B.A. ဘွဲ့ကို သင်္ချာဘာသာရပ်နဲ့ ရခဲ့သူပါ။ သူ့ M.A. (သင်္ချာ) ဘွဲ့ကိုလည်း Urbana-Champaign က အီလီနွိုက်တက္ကသိုလ်ကနေ ၁၉၄၉ ခုနှစ်မှာရခဲ့တယ်။
သူမ တတ်ကျွမ်းထားတဲ့ သင်္ချာပညာနဲ့ ကွန်ပျူတာကို တကယ်အသုံးချနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ IBM ကုမ္ပဏီမှာ ကွန်ပျူတာ language အတွက် ပထမဦးဆုံး စတင်အလုပ်လုပ်ခဲ့တယ်။ သူရေးဆွဲတဲ့ FORMAC ပရိုဂရမ် language ဟာ သင်္ချာဆိုင်ရာ formulas တွေအတွက် ကျယ်ပြန့်စွာ အသုံးပြု လာတဲ့ ကွန်ပျူတာ language ဖြစ်လာတယ်။
IBM မှာ ၂၇ နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ COBOL ကိုဖွဲ့စည်းတော့ ကော်မတီ အဖွဲ့ဝင်ဖြစ်လာတယ်။ ACM ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၇၄ ကနေ ၁၉၇၆ အထိ တာဝန် ထမ်းဆောင်ခဲ့တယ်။ ၁၉၉၄ မှာ ACM Fellow အဖွဲ့ဝင်ဖြစ်ခဲ့တယ်။ Lovelace Award ဆုကို ၁၉၈၉ ခုနှစ်မှာ အခြားအမျိုးသမီး တစ်ယောက်နဲ့အတူ ပူးတွဲရရှိခဲ့တယ်။

Monday, 8 August 2011

Google+ သုံး​စွဲသူ ၂၅ သန်း​ခန့်​ ရှိလာပြီဖြစ်

Google၏ Social Networking ဝန်​ဆောင်မှုသစ်ဖြစ်​သော Google+သည် စတင်လည်ပတ်ပြီး​ တစ်လ​ကျော်ကြာသည့်​အချိန်တွင် သုံး​စွဲသူ ၂၅ သန်း​မျှ ရှိလာပြီဟု သိရှိရသည်။
Google+၏ သုံး​စွဲသူဦး​​ရေ တိုး​ပွား​မှုသည် တစ်​နေ့​လျင် တစ်သန်း​မျှထိ ရှိ​နေသည့်​ သ​ဘောဖြစ်သည်။ ဇွန်လကုန်ပိုင်း​မှ စတင်လွှင့်​တင်ခဲ့​​သော Google+ တစ်လ​ကျော်အတွင်း​ ရရှိလာ​သော သုံး​စွဲသူ အ​ရေအတွက်ကို ရရှိရန် Twitterက လ​ပေါင်း​ ၃၀ ​စောင့်​ဆိုင်း​ခဲ့​ရသည်။
Google+ကို စတင်လက်ခံ သုံး​စွဲ​နေသူများ​အနက် အ​မေရိကန်မှချည်း​ လူ ၆ သန်း​ထိ ရှိ​နေသည်။ အိန္ဒိယတွင် လူ ၃.၆ သန်း​​ကျော်တို့​သည် အဆိုပါ ဝန်​ဆောင်မှုကို စတင်သုံး​စွဲ​နေပြီဖြစ်သည်။ ဗြိတိန်နှင့်​ က​နေဒါတို့​တွင် Google+ သုံး​စွဲသူဦး​​ရေ ၁ သန်း​​ကျော်စီ ရှိ​နေ​ကြောင်း​လည်း​ သိရသည်။ My Spaceသည် သုံး​စွဲသူ ၂၅ သန်း​ ပြည့်​ရန် ၂ နှစ် အချိန်ယူခဲ့​ရဖူး​ရာ Google+သည် ကမ္ဘာ​ပေါ်တွင် သုံး​စွဲသူ တိုး​ပွား​နှုန်း​ အမြန်ဆန်ဆုံး​ Socail Networking ဝက်ဆိုက်အသွင် ​ဆောင်လာခဲ့​သည်။
Googleသည် ကမ္ဘာ​ပေါ်တွင် လူသုံး​အများ​ဆုံး​ Social Networking ဝက်ဆိုက်အဖြစ် ရပ်တည်​နေပြီး​ ပုံမှန် သုံး​စွဲသူ သန်း​ ၇၅၀ ​ကျော် ရှိ​နေသည့်​ Facebookအား​ ယှဉ်ပြိုင်ရန် ရည်ရွယ်ပြီး​ Google+ကို တည်​ထောင်ခဲ့​ခြင်း​ဖြစ်သည်။

Thursday, 4 August 2011

"State actor" behind slew of cyber attacks

Josh Mayeux, network defender, works at the Air Force Space Command Network Operations & Security Center at Peterson Air Force Base in Colorado Springs, Colorado July 20, 2010. REUTERS/Rick Wilking BOSTON (Reuters) - Security experts have discovered an unprecedented series of cyber attacks on the networks of 72 organizations globally, including the United Nations, governments and corporations, over a five-year period.

Wednesday, 3 August 2011

Choosing the Best Audio Player Software for Your Computer

Audio player software is used to play back sound recordings in one of the many formats available for computers today. It can also play back music CDs. There is audio player software that is native to the computer’s operating system (Windows, Macintosh, and Linux) and there are web-based audio players. This article discusses the local computer audio players.

Advantages of computer audio player software
The main advantage of a computer audio player is that you can play your audio CDs and there is no longer any need to have a separate CD player. However the capabilities of the computer audio player go beyond just playing traditional music CDs. You can also play sound clips in one of the many audio formats found in the information technology industry today. The MP3 format is a standard whereby a high rate of compression can be achieved on sound files allowing the ability to store large numbers of them on hard disk. Another advantage is when the computer audio player has ripping capability you can extract a sample clip from the sound track for internet posting or emailing. Audio players in the form of portable MP3 players like Apple’s iPod are extremely advantageous due to their long battery life and capability to be carried practically anywhere.

Tuesday, 2 August 2011

ကမ္ဘာ့အပါးလွှာဆုံး သတ္တုဂရာဖင်းဖြင့် အလွန်မြန်ဆန်ပြီး ကွေးခေါက်ထားနိုင်သော ကွန်ပျူတာများ ထုတ်လုပ်နိုင်မည်

ကမ္ဘာ့အပါးလွှာဆုံး သတ္တု ဂရာဖင်းဖြင့် အလွန်မြန်ဆန်ပြီး ကွေးခေါက်ထားနိုင်သော ကွန်ပျူတာများ၊ စမတ်ဖုန်းများ ထုတ်လုပ်နိုင်ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ခဲ့သည်။
လက်ရှိ ကွန်ပျူတာချစ်ပ်ပြားများ ထုတ်လုပ်ရာတွင်သုံးသော ဆီလီကွန်သတ္တုထက် ဂရာဖင်းတွင် အီလက်ထရွန်များ ကူးသန်းမှု အလွန်ပင် လျင်မြန်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ယင်းသတ္တု၏ ပျော့ပျောင်း ကွေးခေါက်နိုင်သည့် ဂုဏ်သတ္တိကြောင့် ဖုန်းများနှင့်ကွန်ပျူတာများကို ခဲတံ တစ်ချောင်း လုံးပတ် အရွယ်အထိ လိပ်ထားနိုင်စေမည်ဟုလည်း သုံးသပ်ထားသည်။
ကာဘွန်အက်တမ်တစ်လွှာမျှသာ ပါဝင်သော ဂရာဖင်း (Grahene) ကို မန်ချက်စတာ တက္ကသိုလ်မှ ပညာရှင်များက ၂၀၀၄ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ရှိမှုဖြင့် ရူပဗေဒဆိုင်ရာ နိုဗယ်ဆု ရရှိခဲ့သော ပါမောက္ခ အန်ဒရေဂင်းမ်နှင့် ပါမောက္ခ ကွန်စတန်တင်နိုဗိုဆီလော့ဗ် တို့က မျိုးဆက်သစ် လျှပ်စစ်ပစ္စည်းများတွင် ဂရာဖင်းကို အသုံးပြုသင့်ကြောင်း ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
နောက်ဆုံး သုတေသနအရ အီလက်ထရွန်များ၊ တစ်ပိုင်း အီလက်ထရွန် အမှုန်များသည် ပါးလွှာသော ဂရာဖင်းကို ဖြတ်ပြီး အလွန် လျင်မြန်စွာ ကူးသန်းနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ကမ္ဘာတစ်လွှားရှိ တက္ကသိုလ်ကြီးများတွင် ထိတွေ့မျက်နှာပြင်ပါ ကွန်ပျူတာများ၌ ဆီလီကွန်အစား ဂရာဖင်းဖြင့် တည်ဆောက်ရန် နည်းလမ်း ရှာနေကြသည်။
အံ့ဖွယ်ဂရာဖင်း
ဂရာဖင်းသည် ဆဋ္ဌဂံပုံ ကွန်ရက်ပေါ်တွင် ပေါင်းစည်းနေသော ကာဘွန်အက်တမ်များ၏ တစ်ခုတည်းသော အက်တမ်အလွှာ ဖြစ်သည်။ ဂရာဖင်းဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ အာရုံခံ ကိရိယာများ၏ နည်းပညာ တစ်ခေတ် ဆန်းစေမည်ဟု မျှော်လင့်ထားသလို အခြေခံ ကွမ်တမ် ရူပဗေဒ သုတေသန နယ်ပယ်တွင်လည်း ပေါက်မြောက်အောင်မြင်မှု အသစ်များ ရရှိစေရေး အသုံးတည့်မည်ဟု မျှော်လင့်ထားကြသည်။ ထွင်းဖောက်မြင်နိုင်သော လျှပ်ကူးပစ္စည်းများ ဇီဝဆေးပညာသုံး အာရုံခံ ကိရိယာများ၊ အလွန်အားကောင်းပြီး အလွန်ပေါ့ပါးသည့် လေယာဉ်များ ထုတ်လုပ်နိုင်ရန်ပါ အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားကြသည်။ ဂရာဖင်းသည် သံမဏိ ဖွဲ့စည်းပုံထက် အဆ ၂၀၀ ပိုမိုအားကောင်းသည်။

Wednesday, 27 July 2011

ဂျပန်နိုင်ငံမှ ကမ္ဘာ့ အမြန်ဆုံး စူပါကွန်ပြူတာ


ဂျပန်နိုင်ငံက K ဟု အမည်​ပေး​ထား​သည့်​ စူပါကွန်ပျူတာ တစ်လုံး​ကို ကမ္ဘာ့အမြန်ဆုံး​ ကွန်ပျူတာအဖြစ် ထုတ်ပြန်​ကြေညာလိုက်သည်။
K ၏ စွမ်း​ဆောင်မှု အရည်အ​သွေး​သည် သာမန်အိမ်သုံး​ ကွန်ပြူတာ အလုံး​တစ်သန်း​စာနှင့်​ ညီမျှသည်။ Fujitsu ကုမ္ပဏီသည် K အတွက် အစဉ်တစိုက် မြှင့်​တင်မှုများ​ ပြုလုပ်ခဲ့​ပြီး​နောက် ယခုအခါ ကွန်ပြူတာ၏ လုပ်​ဆောင်ချက်သည် တစ်စက္ကန့်​လျင် ၈ ကွာဒြာလီယမ် ပမာဏထိ တွက်ချက်မှုများ​ကို ​ဆောင်ရွက်နိုင်​နေပြီဖြစ်သည်။ ၁ ကွာဒြာလီယမ်သည် အကြိမ် ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀ နှင့်​ ညီမျှမည်ဖြစ်သည်။
K သည် တရုတ်နိုင်ငံ၏ Tianhe- 1A က ၆ လလုံး​လုံး​ သိမ်း​ပိုက်ထား​သည့်​ ကမ္ဘာ့​အမြန်ဆုံး​ ကွန်ပြူတာဆို​သော ဂုဏ်ပုဒ်ကို လက်လွှဲယူနိုင်ခဲ့​သည်။ ဂျပန်နိုင်ငံ၏ စူပါကွန်ပြူတာမှာ လက်ရှိတွင် ကမ္ဘာ့အမြန်ဆုံး​အဖြစ် ရပ်တည်​နေနိုင်သည့်​တိုင် ကမ္ဘာပေါ်တွင် အမြန်ဆုံး​ စူပါကွန်ပြူတာ အလုံး​ရေ အများ​ဆုံး​ ပိုင်ဆိုင်​နေမှုတွင် အ​မေရိကန်က ဦး​ဆောင်​နေဆဲဖြစ်သည်။ ထိပ်ဆုံး​ ၁၀ ​နေရာတွင်ပင် အ​ မေရိကန်၏ စူပါကွန်ပြူတာ အ​ရေအတွက်သည် ၄ လုံး​ဖြင့်​ အများ​ဆုံး​ ပါဝင်လျက်ရှိသည်။ K သည် Circuit လမ်း​ကြောင်း​ ၆၇၂ ခုဖြင့်​ သွယ်တန်း​ချိတ်ဆက်ကာ CPU အလုံး​ပေါင်း​ ၇၀၀၀၀ ​ကျော်ဖြင့်​ ​မောင်း​နှင်လည်ပတ်လျက်ရှိသည်။
၎င်းအတွက် အသုံး​ပြုရ​သော ဓာတ်အား​ ပမာဏဖြင့်​ လူ​နေအိမ်​ခြေ ၁၀၀၀၀ ​ကျော် လုံ​လောက်စွာ အသုံး​ပြုနိုင်သည်။ K ကို ပုံမှန်ထိန်း​သိမ်း​ ​မောင်း​နှင်​ပေး​နေခြင်း​ကြောင့်​ Fujitsu အ​ နေနှင့်​ နှစ်စဉ် ပေါင်​ငွေ ၆ သန်း​စီ ကုန်ကျ​နေ​ကြောင်း​လည်း​ သိရှိရသည်။

၂၀၁၁ အတွက် အခမဲ့ အသုံးပြုနိုင်မည့် ထိပ်တန်း Antivirus ငါးမျိုး

၂၀၁၁ အတွက် အခမဲ့အသုံးပြုနိုင်မယ့် ထိပ်တန်း Antivirus ငါးမျိုးကို ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။ ၎င်း Antivirus ငါးမျိုးအနက် Avast Free Antivirus 5 ကတော့ ရင်းနှီးကျွမ်းဝင်လွယ်တဲ့ Interface နဲ့အတူ ကာကွယ်မှုစနစ်တွေ အထူးကောင်းမွန်တာ ကြောင့် ထိပ်ဆုံးမှာ ရပ်တည် လျက်ရှိပါတယ်။ Malware detection နဲ့ removal စနစ်ကောင်းမွန်တဲ့ Avira AntiVir Personal Free Antivirus 10 ကတော့ ဒုတိယအဆင့် မှာ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
                                                              Avast Free Antivirus 5
အားသာချက် - User Interface ဖွဲ့စည်းထားပုံက ကောင်းမွန်ပြည့်စုံသလို Scan Speed လည်း အလွန်လျှင်မြန်တာကို တွေ့ရပါတယ်။
အားနည်းချက် - တစ်ချို့သော Detection တွေကိုတော့ သာမန်မျှသာ လုပ်ဆောင်နိုင် တာကို တွေ့ရပါတယ်။
သုံးသပ်ချက် - Avast Free Antivirus 5 ဟာ malware တွေကို တားဆီးပေးနိုင်ပြီး ရင်းနှီးကျွမ်းဝင်လွယ်တဲ့ Interface ပါရှိတဲ့အပြင် ဖိုင်တွေကို Scan ပြုလုပ်နိုင်နှုန်း အလွန်လျှင်မြန်တာကြောင့် ထိပ်တန်းစာရင်းဝင် antivirus တစ်မျိုးဖြစ်ပါတယ်။
အလွယ်တကူ install ပြုလုပ်နိုင်သလို အသုံးပြုရတာလည်း အလွန်လွယ်ကူတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် malware တွေကိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထောက်လှမ်းပေးနိုင်ခြင်းမရှိပါဘူး။
Scan Speed အလွန်ကောင်းမွန်ပြီး မိနစ် ၉၀ ခန့်အတွင်းမှာ အချက်အလက်ပမာဏ 4.5 GB လောက်ကို Scan ပြုလုပ်ပေးနိုင်တာ တွေ့ရပါတယ်။ ကွန်ပျူတာရဲ့ လုပ်ဆောင်ချက် တွေကိုလည်း နှေးကွေးမှုမရှိစေဘဲ အသုံးပြုနိုင်တဲ့ antivirus ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။
                                           Avira AntiVir Personal Free Antivirus 10
အားသာချက် - ဖိုင်အရွယ်အစား သေးငယ်ပြီး Install ပြုလုပ်ရတာလည်း အလွန်လျင်မြန်ပါတယ်။ Malware တွေကို ကာကွယ်နိုင်မှုစနစ် အလွန်ကောင်းမွန် ပါတယ်။
အားနည်းချက် - Malware detection အလွန်ကောင်းမွန်ပေမယ့် removal ပြုလုပ် ရာမှာတော့ အားနည်းတာကို တွေ့ရပါတယ်။ Disinfect ပြုလုပ်ရာမှာ ဖိုင်အချို့ကို ပျက်စီးသွားစေနိုင်ပြီး Rootkit တွေကိုလည်း ဖယ်ရှားပေးနိုင်ခြင်း မရှိပါဘူး။
သုံးသပ်ချက် - Avira AntiVir Personal Free Antivirus 10 ဟာ malware တွေကို ဖယ်ရှားရာမှာ အလွန်ကောင်းမွန်တဲ့ antivirus ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။
ဖိုင်အရွယ်အစားအလွန်သေးငယ်ပြီး malware တွေ ဝင်ရောက်လာမှုကို တားမြစ်ခြင်း ထက် ရှင်းလင်းခြင်းကို ပိုမိုစွမ်းဆောင်နိုင်တာကို တွေ့ရပါတယ်။ တစ်ကိုယ်ရေ အသုံးပြုမှု အတွက်သာ အခမဲ့ အသုံးပြုနိုင်တဲ့ personal antivirus ဆော့ဖ်ဝဲဖြစ်ပါတယ်။
                                                 Panda Cloud Antivirus 1.0
အားသာချက် - Malware detection စနစ်အထူးကောင်းမွန်ပြီး အသုံးပြု ရတာလည်း လွယ်ကူတဲ့ antivirus ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။
အားနည်းချက် - Scan Speed က နှေးကွေးပါတယ်။
သုံးသပ်ချက် - Panda Cloud Antivirus 1.0 ဟာ အခမဲ့အသုံးပြုနိုင်တဲ့ antivirus တစ်မျိုးဖြစ်ပြီး Scan Speed နှေးကွေးပေမယ့် malware detection ကတော့ အလွန် ကောင်းမွန်တာကို တွေ့ရပါတယ်။
Installation နဲ့ Setup ကို လွယ်ကူစွာ ပြုလုပ်နိုင်ပြီး Cloud Antivirus ကိုစတင်ဖွင့်လိုက် တာနဲ့ တစ်ပြိုင်နက် ကွန်ပျူတာရဲ့ protection status ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ အီးမေးလ်တွေက malware attack တွေကို တားမြစ်ပေးထားရုံသာမကဘဲ Registry key တွေကိုပါ ရှင်းလင်းပေးမှာ ဖြစ်ပါတယ်။
ကွန်ပျူတာလုပ်ဆောင်ချက်တွေကိုတော့ နှေးကွေးစေပါတယ်။

                                                 Microsoft Security Essentials 1.0
အားသာချက် - User Interface အထူး ကောင်းမွန်ပါတယ်။
အားနည်းချက် - Malware တွေကို Detection ပြုလုပ်နိုင်စွမ်းက သာမန်မျှ သာရှိကာ Scan ပြုလုပ်နှုန်းလည်း အလွန်နှေးကွေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။
သုံးသပ်ချက် - Microsoft Security Essentials 1.0 ဟာ အသုံးပြုရ အလွန် လွယ်ကူပေမယ့် malware တွေကို detect လုပ်နိုင်စွမ်း အလွန်အားနည်းပါတယ်။
ဗိုင်းရပ်စ်တွေကို ရှင်းလင်းနိုင်မှုကောင်းမွန်သလို အသုံးပြုရတာလည်း လွယ်ကူပေမယ့် Scan Speed ကတော့ အလွန်နှေးကွေးပါတယ်။
Install ပြုလုပ်ရတာ အလွန်လွယ်ကူပြီး main screen မှာဆိုရင် Home, Update, History နဲ့ Settings ဆိုပြီး tab လေးခုခွဲကာ ဖော်ပြပေးထားပါတယ်။
ကွန်ပျူတာကို ဗိုင်းရပ်စ် ဝင်ရောက်လာတဲ့အခါမှာ တွေအားလုံးကို အချိန်နှင့် တပြေးညီ ထောက်လှမ်းဖယ်ရှား ပေးနိုင်ပါတယ်။
Scan Speed နှေးကွေးပေမယ့် ကွန်ပျူတာလုပ်ဆောင်ချက်တွေကို နှေးကွေးမှုမရှိစေဘဲ အသုံးပြုနိုင်စေမယ့် antivirus ဆော့ဖ်ဝဲ ဖြစ်ပါတယ်။
                                               Comodo Internet Security Premium 5.0
အားသာချက် - Malware အသစ်တွေကို တားမြစ်ပေးနိုင်မှာဖြစ်ပြီး firewall လည်း ထည့်သွင်း ပေးထားပါတယ်။
အားနည်းချက် - Malware detection စနစ်က တစ်သမတ်တည်း မရှိပါဘူး။
သုံးသပ်ချက် - Comodo Internet Security Premium 5.0 ဟာ malware အသစ် တွေကို တားမြစ်ပေးနိုင်သလို firewall လည်း ပါရှိပါတယ်။
ဆော့ဖ်ဝဲရေးဆွဲထားပုံကောင်းမွန်ပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။ Malware အသစ်တွေကို တားမြစ်ရာမှာ အထူးကောင်းမွန်ကာ အချိန်နှင့်တပြေးညီ malware တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
ကွန်ပျူတာ လုပ်ဆောင်ချက်တွေကို အနည်းငယ်နှေးကွေးစေပေမယ့် malware အသစ် တွေကို အပြည့်အဝကာကွယ်ပေးနိုင်တာကြောင့် ထိပ်တန်း antivirus ဆော့ဖ်ဝဲတွေထဲမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။

Saturday, 23 July 2011

Blog Hack မခံရအောင်......

Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲပေါ့....
ဒါကတော့ Blogger.com က dashboard မှာရှိတဲ့ Settings ကိုနှိပ်ပါ။


အထက်ပါ ပုံအတိုင်း Export ကိုနှိပ်ပါပြီးနောက်
DOWNLOAD BLOG ကိုနှိပ်ပါ။ ဒါဆိုရင် 
Save file ဆိုပြီးတော့ Save ခိုင်းပါလိမ့်မယ် ဒီအခါမှာ ကိုယ့်ရဲ့ Computer ထဲမှာဖြစ်ဖြစ်၊
USB ထဲမှာဖြစ်ဖြစ်...လုံခြုံတဲ့နေရာမှာ သိမ်းထားရုံဘဲ.. 
ကယ်ဒီ blog hack ခံရပြီး လုံးဝဖွင့်မရတော့ဘူးဆိုရင် Blogger Account တခုပြန်ဖွင့်ပြီးတော့
import blog မှာ အရင်က DOWNLOAD လုပ်ထားတဲ့ Blog ကိုပြန်တင်..
နဂိုအတိုင်း Comments ပါအပါအ၀င်ပြန်လည်ရရှိပါမယ်။။။။

အပြင်းပြေ Drum တီးရအောင်