Saturday 12 November 2011

ပိုလန် တွင် ဘိုးအင်း ၇၆၇ လေယာဉ် ဝမ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရ

ခရီးသည် ၂၃၀ တင်ဆောင် လာသည့် ဘိုးအင်း ၇၆၇ လေယာဉ်မှာ ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ လေဆိပ် တွင် အရေးပေါ် ဆင်းသက် လိုက်ရကြောင်း သိရသည်။ အဆိုပါ လေယာဉ်မှာ အမေရိကန် ပြည်ထောင်စု နယူးဂျာဆီ ပြည်နယ် နယူးအာ့ခ် မြို့မှ ပျံသန်းလာခြင်း ဖြစ်ပြီး လေယာဉ် အရေးပေါ် ဆင်းသက်ချိန်တွင် အဆင်းဘီးများ မရှိဘဲ ဝမ်းဗိုက်ဖြင့် ဆင်းသက် ခဲ့ရခြင်း ဖြစ်သည်။

ယခုလို ဆင်းသက်နိုင်ရန်အတွက် ဝါဆောလေဆိပ် အပေါ်တွင် တစ်နာရီကြာ ပျံသန်း နေခဲ့ရပြီး
လေယာဉ်ကွင်းမှ အရေးပေါ် ဆင်းသက်မှု အတွက် ပြင်ဆင် ပြီးချိန်အထိ စောင့်ဆိုင်းခဲ့ကာ ယခုလို ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။ ပိုလန် လေကြောင်းလိုင်း တစ်ခုဖြစ်သည့် LOT မှ ပိုင်ဆိုင်သည့် ယခု လေယာဉ်မှာ ၎င်းတို့၏ ဘေးကင်းရေး အစီအစဉ်များ အတိုင်း ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပြီး မည်သူ တစ်ဦးတစ်ယောက် မျှ ထိခိုက်ခဲ့ခြင်း မရှိကြောင်း ပြောခဲ့သည်။
ယခု လေယာဉ်မှာ မီးလောင်မှုကို ကာဆီးစေသည့် ဓါတု ပစ္စည်းများ ဖျန်းထားသည့် ပြေးလမ်းပေါ်တွင် ဝမ်းဗိုက်ဖြင့် ဆင်းသက် ခဲ့ခြင်း ဖြစ်ကာ ခရီးသည်အားလုံးမှာ အထိအခိုက်မရှိဘဲ ဆင်းသက် နိုင်ခဲ့ကြောင်း Lot မှပြောရေး ဆိုခွင့်ရှိသူ Leszek Chorzewski မှ AFP သတင်းသို့ ပြောကြားခဲ့သည်။ ယခုလို အထူး ဆင်းသက်မှု အတွက် ဝါဆော လေဆိပ်မှာ အခြားသော လေကြောင်း ပျံသန်းမှုများကို ရပ်ဆိုင်း ခဲ့ရပြီး လေဆိပ် အနီးတွင် ရှိသည့် လမ်းမများကိုလည်း ရှင်းလင်း ခဲ့ရကြောင်း သိရသည်။ ထို့အပြင် ယခုလို ဆင်းသက်မှု အတွက် F-16 တိုက်လေယာဉ် နှစ်စီးမှလည်း အနီးကပ် စောင့်ကြည့် ခဲ့ကြောင်း သိရသည်။ ယခုလို ဖြစ်ရပ်နှင့် အတူ လေဆိပ်အား ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း အထိ ပိတ်ထား ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်