Monday 7 November 2011

သွေး ပရိုတင်းတစ်မျိုး ဆန်မှ ထုတ်ယူနိုင်ပြီ

တရုတ် တက္ကသိုလ် တစ်ခုက သိပ္ပံ ပညာရှင်တွေဟာ မီးလောင် ဒဏ်ရာတွေ ၊ ဒဏ်ရာဒဏ်ချက် တွေနဲ့ အသည်းရော ဂါတွေကို ကုသရာမှာ အသုံးပြုတဲ့ လူသွေး ပရိုတိန်းဓါတ် တစ်မျိုး ဖြစ်တဲ့ Albumin ဓါတ်ကို ဆန်ကနေ ထုတ်လုပ်နိုင်ကြောင်း ပြောကြားခဲ့ပါ တယ်။ အဆိုပါ သုတေသန ရလဒ်တွေ အရ ဆန်စေ့ကနေ ထုတ်ယူရရှိတဲ့ အဆိုပါ ပရိုတိန်း ဓါတ်ဟာ ရူပဗေဒ နည်းအရ သာမက၊ ဓာတုဗေဒ နည်းအရပါ လူသားတို့ရဲ့ သွေးထဲက Albumin ဓါတ်နဲ့ တူညီတယ်လို့ သိရပါတယ်။
အဲ့ဒီလို ရှာဖွေ တွေ့ရှိမှုဟာ လူသွေး ပရိုတင်း ထုတ်ယူရာမှာ အောင်မြင်မှု တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ တစ်နှစ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ သွေး ပရိုတင်း လိုအပ်မှုဟာ တန်(ငါးရာ)ခန့် ရှိပြီး တရုတ် နိုင်ငံဟာ အဲ့ဒီ သွေးပရိုတင်း ပြတ်လပ်မှုကို ကြုံတွေ့ ခဲ့ရဖူးပါတယ်။ အခု ဆန်ကနေ သွေးပရိုတင်း ထုတ်ယူတဲ့ နည်းလမ်းကို တရုတ် နိုင်ငံ ၀ူဟန် တက္ကသိုလ် ၊ ကနေဒါ နိုင်ငံ အမျိုးသား သုတေသန
ကောင်စီနဲ့ နယူးယောက်မြို့ အယ်လ်ဘာနီ တက္ကသိုလ် မှ ပညာရှင်တွေက ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ သိပံ်္ပပညာရှင်တွေဟာ သွေးပရိုတင်း ထုတ်ယူဖို့ အတွက် ဆန်စေ့တွေကို မျိုးဗီဇ ပြုပြင် ပြီး အဲ့ဒီ ဆန်စေ့ကနေ ရရှိတဲ့ ပရိုတင်း ဓါတ်ကို သန့်စင်လိုက် ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ထုတ်ယူရာမှာ ဆန်(၁)ကီလိုဂရမ်ကနေ ပရိုတင်းဓါတ်(၂.၇၅)ဂရမ် ထုတ်ယူ နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီ သွေးပရိုတင်းတွေနဲ့ အသည်း ရောဂါရှိ တဲ့ ကြွက်တွေကို စမ်းသပ် ကုသရာမှာတော့ တကယ့် သွေးပရိုတင်းလိုပဲ တူညီတဲ့ အကျိုး သက်ရောက်မှု ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အဲ့ဒီ
သွေးပရိုတင်းကို မီးလောင် ဒဏ်ရာတွေနဲ့ သွေးထွက်သံယို အနာတွေကို ကုသရာမှာပါ သုံးနိုင်မှာ ဖြစ်ပြီး ကာကွယ်ဆေးနဲ့ ဆေးဝါး ထုတ်လုပ်ရေးမှာပါ အသုံးဝင်မှာ ဖြစ်ကြောင်း ဈေးကွက်ထဲ မဖြန့်ဖြူးခင်မှာ အခြား သတ္တ၀ါတွေနဲ့ လူသားတွေမှာ ဘေးကင်း လုံခြုံ စွာ အသုံးပြုနိုင်ခြင်း ရှိ၊ မရှိကိုပါ ချင့်ချိန် တွက်ဆဦးမှာ ဖြစ်ကြောင်း သုတေသီတွေက ပြောကြား ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်