Thursday 17 November 2011

အလင်းထုတ်နိုင်သည့် မှိုပင်တစ်မျိုးကို နှစ်ပေါင်း (၁၇၀)အကြာတွင် ပြန်လည် တွေ့ရှိခဲ့

အမှောင်ထဲမှာ အလင်းရောင် တောက်ပနိုင်တဲ့  မှိုပင်တစ်မျိုးကို ဘရာဇီးနိုင်ငံ မိုးသစ်တောများ အတွင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီမှိုပင်တွေကို သိပ္ပံပညာရှင် “ဒန်နစ်ဒေရှာဒန်”နဲ့ ဆန်ဖရန်ဆစ္စကို
ပြည်နယ်တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့က (၂၀၀၉)ခုနှစ်အတွင်း ရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အခုအခါမှာ သိပ္ပံညာရှင်တွေဟာ အဲဒီမှိုတွေကို “နီယို နော်သောပန်နစ်စ်” အုပ်စုဝင်အဖြစ် အမျိုးအစား ခွဲခြားထားပြီး ဒီမှိုတွေ့ရှိမှုကို မိုင်ကိုလိုဂျီယာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီလို အလင်းရောင် ထုတ်နိုင်တဲ့ မှိုတွေကို (၁၈၄၀)ခုနှစ် တုန်းကသာ နောက်ဆုံးအကြိမ်အဖြစ်
တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ မှိုတွေမှာ ဘာကြောင့် ဒီလိုကိုယ်ပိုင် အလင်းရောင် ထုတ်လုပ်နိုင်နေတာလဲ ဆိုတာကိုတော့ သိပ္ပံနည်းကျ စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ သုတေသီတွေကတော့ အဲဒီမှိုပင်ထဲမှာ ပိုးစုန်းကြူးတွေ မှာပါတဲ့ ဓါတုဒြပ်ပေါင်းဖြစ်တဲ့ လူစီဖာရင် နဲ့ လူစီဖရေ့စ် တွေပါတဲ့အတွက် ဒီလိုမျိုး အမှောင်ထဲမှာ အလင်းထုတ်နိုင်တာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ လူစီဖရေ့စ်ဟာ လူစီဖာရင်၊ အောက်ဆီဂျင်နဲ့ ရေတို့ ဓါတ်ပြုပြီး အလင်းရောင် ထုတ်နိုင်အောင် ကူညီပေးတဲ့ အင်ဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေဟာ မှိုတွေမှာ အဲဒီဓါတ်တွေ ပါဝင်ခြင်း ရှိ၊ မရှိတို့တော့ ဓါတ်ခွဲစမ်းသပ်မှုတွေ မလုပ်ရသေးပါဘူး။ လူအများကတော့ ဒီလို အလင်းရောင်ထုတ်နိုင်တဲ့ မှိုတွေကို ကြောက်လန့်ကြပြီး ၀ိဥာဉ်မှိုများလို့ ခေါ်ဆိုကြကြောင်း သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်