Monday 14 November 2011

ပညာရွင္မ်ား ၾသစေၾတးလ် ရွိ ဒိုင်နိုင်ဆော ခြေရာများကို ထပ်မံ စစ်ဆေးမည်

ကနေဒါနဲ့ အမေရိကန် ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်တွေဟာ သြစတြေးလျနိုင်ငံ အနောက်ပိုင်း ရှိ ဒေါ်လာ ဘီလီယံပေါင်း များစွာ အကုန်အကျခံ တည်ဆောက်မယ့် ကင်ဘာလီ သဘာဝ ဓါတ်ငွေ့ရည် ဖြန့်ဖြူးရာ ဇုန်အနီးမှာ တွေ့ရတဲ့ ဒိုင်နိုဆော ခြေရာတွေကို စစ်ဆေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
အဲ့ဒီ ဒိုင်နိုဆော ခြေရာတွေဟာ ဘရွန်းမြို့ မြောက်ပိုင်းရှိ အဆိုပါ ကင်ဘာလီ သဘာဝ ဓါတ်ငွေ့ရည် ဖြန့်ဖြူးရာ ဇုန်ကို ဆောက်လုပ် မယ့် နေရာ အနီးရှိ ကျောက်တုံးတွေ မှာ နစ်မြုပ်နေတာ ဖြစ်ပါတယ်။ အဆိုပါ စစ်ဆေးမှုကို ပြုလုပ်မယ့် ကျွမ်းကျင် ပညာရှင် နှစ်ဦး ကတော့ ဒန်ဗာ မြို့ရှိ ကိုလိုရာဒို တက္ကသိုလ်မှ ဘူမိဗေဒ ပါမောက္ခ တစ်ဦးနဲ့  ကနေဒါနိုင်ငံရှိ ကျောက်ဖြစ် ရုပ်ကြွင်းဆိုင်ရာ သုတေသန စင်တာမှ ပြတိုက်မှူး တစ်ဦးတို့ ဖြစ်ပါတယ်။

ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ သူတို့တွေဟာ အဲ့ဒီ ဒိုင်နိုဆော ခြေရာတွေကို လေ့လာ ဆန်းစစ်မှာ ဖြစ်ပြီး  အရည်အသွေး မမီတဲ့ ဒိုင်နိုဆော ခြေရာလို့ ကနဦး ပြောကြားချက်တွေကို ခြေဖျက်ဖို့ အဲ့ဒီ ခြေရာတွေရဲ့ အရေးပါမှုကို ဖော်ထုတ် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ဒိုင်နိုဆော ခြေရာတွေဟာ အရည်အသွေး မီမယ်ဆိုရင် သဘာဝ ဓါတ်ငွေ့အရည် အဓိက ဖြန့်ဖြူးရာ ဇုန် တည်ဆောက်မယ့် အစီအစဉ်မှာ အပြောင်း အလဲ တစ်စုံ တစ်ရာ ဖြစ်ပေါ် လာနိုင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်