Wednesday 23 November 2011

ဘက်ထရီပြဿနာတက်နေတဲ့ Iphone 4s

Apple ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်သည့် iPhone 4s ၏ ဘက်ထရီမှာ ထင်မှတ် ထားသည့် ကာလ အတိုင်းအတာ မတိုင်မီ အချိန်အတွင်း အလွန်ပင် လျင်မြန်စွာ ကုန်သွားကြောင်း အွန်လိုင်း လူမှု့ရေး ဆိုက်များတွင် လူရာပေါင်း များစွာမှ သတင်း ပေးပို့ ခဲ့ကြကြောင်း Mercury သတင်းတွင် အင်္ဂါနေ့က ရေးသား ဖော်ပြခဲ့သည်။ အချို့သော သုံးစွဲသူများ၏ အပြောအရ ၎င်းတို့ ဝယ်ယူထားသည့် iPhone 4s မှာ အနည်းငယ်သော သုံးစွဲချိန်အတွင်း ဘက်ထရီ ကုန်သွားခဲ့ကြောင်းနှင့် တစ်ရက်အတွင်း
ဘက်ထရီအား ပြန်မသွင်းဘဲ သုံးစွဲ၍ မရကြောင်း ကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
Apple မှပြောရာ၌ iPhone 4s သုံးစွဲသူများ အနေဖြင့် စကားပြောချိန် ၈ နာရီ သုံးစွဲနိုင်ပြီး 3G ကွန်ရက်ဖြင့် အင်တာနက် ရှာဖွေမှုများကို ၆ နာရီကြာ သုံးစွဲနိုင်ကာ အသင့်အနေအထားဖြင့် ထားပါက နာရီ ၂၀၀ အထိ အထားခံကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး Apple ကုမ္ပဏီမှ တုံ့ပြန် ပြောကြားခြင်း မရှိသေးဘဲ ဝေဖန် ချက် ပေးရန်လည်း ငြင်းဆိုခဲ့သည်။ သို့ရာတွင် The Guardian သတင်းတွင် ဖော်ပြရာ၌မူ အချို့သော သုံးစွဲသူများကိုမူ Apple ကုမ္ပဏီမှ အင်ဂျင်နီယာများမှ ဆက်သွယ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့ရာတွင် ယင်းသို့သော ပြဿနာများမှာ တစ်ကမ္ဘာလုံးရှိ iphone 4s  သုံးစွဲသူများကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုလို ပြဿနာများ ပေါ်ထွက် နေသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် iPhone 4s ရောင်းအားမှာ ကျဆင်းသွားခြင်း မရှိကြောင်းလည်း သိရသည်။ လက်ရှိ အချိန်အထိ Apple ကုမ္ပဏီ အနေဖြင့် iPhone 4s အလုံးရေ ၄သန်း အထိ ရောင်းချခဲ့ရပြီး ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်