Saturday 12 January 2013

တစ်နေ့တာ ညစ်နေတာတွေကို ဆေးကြောပေးမဲ့ ဆပ်ပြာမူဗီ :)

ခြင်္သေ့နှင့်တူအောင် ပြုပြင်ထားသည့်ခွေးကြောင့် ရဲတပ်ဖွဲ့အလုပ်များ


အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။အမွေးများကို ခြင်္သေ့နှင့်တူအောင် ပြုပြင်ကာ ရိတ်ထားသည့် ခွေးတစ်ကောင်ကြောင့် ဗာဂျီနီးယား ရဲတပ်ဖွဲ့ အလုပ်ရှုပ်ခဲ့ကြောင်း သိရှိရသည်။ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်ရှိ နော်ဖော့ခ် ရဲတပ်ဖွဲ့သို့ လူတစ်ဦးက အင်္ဂါနေ့တွင် ဖုန်းခေါ်ပြီး လမ်းပေါ်တွင် ခြင်္သေ့ အငယ်စားတစ်ကောင် လျှောက်သွားနေကြောင်း တိုင်ကြားခဲ့သည်။ ကိုလီရိပ်သာလမ်းတစ်လျှောက် ခြင်္သေ့တစ်ကောင် လွတ်နေပြီး ယင်းသည် အစာရှာနေဟန်ရှိကြောင်း သတင်းသည် ရဲတပ်ဖွဲ့ဝင်များကို မျက်လုံးပြူးသွားစေသည်။

ထို့ကြောင့် ရဲများသည် ဗာဂျီးနီးယား တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများအား ဆက်သွယ်ပြီး သတင်းပို့ရာ နေရာသို ခြင်္သေ့ဖမ်းရန် အလျင်အမြန် ရောက်ရှိလာကြသည်။ ထို့နောက်တွင်တော့ ရဲများသည် အသက်(၃)နှစ်အရွယ် လာဘရာဒိုဒယ်လ် ခွေးကလေး ချားလ်စ်ကို တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင်မူ ဝါရင့် ရဲဝန်ထမ်း အချို့က ချားလ်စ်နှင့် ပတ်သက်ပြီး လူအများ အမြင်မှားသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ဟု ဒေသခံ သတင်းဌာနများသို့ ရယ်မော ပြောဆိုခဲ့သည်။

ချားလ်စ်၏ ပိုင်ရှင်ဖြစ်သူ ဒန်နီရယ်လ် ပိန်းတားက အဆန်းထွင်ကာ ချားလ်စ်ကို ခြင်္သေ့တစ်ကောင်နှင့် တူအောင် အမွေးများ ရိတ်ဖြတ် အလှဆင်ပေးထားခြင်း ဖြစ်သည်။ ချားလ်ကို မျက်မှန်းတန်းမိနေသည့် အိမ်နီးချင်းများက ခွေးတစ်ကောင်မှန်း သိရှိသော်လည်း ရုတ်တရက် တွေ့မြင်လိုက်သည့် လူစိမ်းများကမူ အမြင်မှားနေဆဲဟု သိရှိရသည်။
မူရင်း==>http://www.planet.com.mm/news/read.cfm/id/20701

မြန်မာပြည်မှာ ဝှက်ထားတဲ့ တိုက်လေယာဉ်တွေ ဘယ်မှာလဲ ?



Myanmar Online News
Thursday, January 10, 2013ဒီလ ၄ ရက်ထုတ် (ရိုက်တာ) သတင်းဌာနက ထုတ်ပြန်တဲ့ သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။
ဒီသတင်းရဲ့ အဓိက လိုရင်း အဓိပ္ပာယ်ကတော့ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက မြန်မာနိုင်ငံမှာ မြှုပ် နှံထား တဲ့၊ မြေအောက် မှာ ဝှက်ထားတဲ့ စပစ်ဖိုင်းရား (Spitfire) တိုက်လေယာဉ်တွေ ကို ပြန်လည်ရှာဖွေ တူးဖော်တဲ့ အလုပ်တွေကို စကြတော့မယ် ဆိုတာပါပဲ။

ဒီသတင်းက ဒီနေ့ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ သတင်းကြီးပါ။ စိတ်အဝင်စားဆုံး တိုင်းပြည်ကတော့ ဗြိတိန်ပေါ့ ခင်ဗျား။ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံက သူတို့ တိုင်းပြည်က ထုတ်လုပ်တဲ့ တိုက်လေယာဉ်ပျံ။

ဒုတိယ ကမ္ဘာစစ်တုန်းက အလွန် နာမည်ကြီးတဲ့ “ဗြိတိန်လေကြောင်း စစ်ပွဲ” (The battle of Britain) မှာ သူတို့ ရန်သူ ဂျာမန်တွေရဲ့ လေကြောင်း ထိုးစစ်ကို အောင်မြင်စွာ တွန်းလှန် ဖျက်ဆီးအနိုင်ယူခဲ့တာ ဒီ (စပစ်ဖိုင်းရား) တိုက်လေယာဉ် ပျံတွေကြောင့် ပါ။

ဒီတိုက်လေယာဉ်ပျံက သူ့ခေတ်မှာတော့ အကောင်းဆုံး တိုက်လေယာဉ်ပျံပါ။ အဲဒီအချိန်က တိုက်လေယာဉ်ပျံ ဆိုရင် လူတွေ က “စပစ်ဖိုင်းရား” လေယာဉ်ပျံ လို့ပဲ နားလည်ပါတယ်။

ဗြိတိန် လေကြောင်း တိုက်ပွဲကြီးကို စတင်ခဲ့တဲ့အချိန်မှာ ဗြိတိန်ရဲ့ လေတပ် အင်အားက ဂျာမဏီနိုင်ငံ ရဲ့ အင်အားရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ရှိပါတယ်။

ဂျာမန်တွေက သူတို့ လေတပ်နဲ့ ဗြိတိန်လေတပ်ကို အချိန်နှစ်ပတ်လောက်အတွင်း အလွယ်တကူ လုံးဝ ဖျက်ဆီးနိုင်လိမ့်မယ် လို့ ထင်မှတ်ခဲ့ပါတယ်။

သူတို့ ထင်မှတ်သလို လုံးဝ မဖြစ်ခဲ့ပါဘူး။

သူတို့ ဗုံးကြဲလေယာဉ်ပျံတွေကို အစောင့်လိုက်တဲ့ တိုက်လေယာဉ်ပျံတွေကို ဗြိတိသျှ လေတပ်မတော်က (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တဲ့အတွက် ဗုံးကြဲလေယာဉ်ပျံတွေရဲ့ ထိုးစစ်က မအောင်မြင်ခဲ့ပါဘူး။

ဒါကြောင့် ဒီနေ့အထိ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အကြောင်းကို လူတိုင်းကြားဖူးပြီး မှတ်မိနေကြ ပါတယ်။ အထူး သဖြင့် ဗြိတိန်နိုင်ငံသားတွေပေါ့ ခင်ဗျား။

သူတို့နိုင်ငံရဲ့ အကြီးကျယ်ဆုံး နိုင်ငံတော် အခမ်းအနားတွေမှာ လေတပ်က ဂုဏ်ပြုပြီး အခမ်းနားကျင်းပတဲ့ အပေါ် ဖြတ်ပျံ တာတွေ ပြုလုပ်တော့မယ်ဆိုရင် (စပစ်ဖိုင်းရား) လေယာဉ်ပျံတွေ အမြဲပါဝင်စေပါတယ်။

(စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံတွေ စပေါ်တာဟာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ခေတ်ကပါ။ နှစ်ပေါင်း ၇၀ (ခုနှစ်ဆယ်)ကျော်နေပြီ။

ဒီနေ့အထိ လေထဲပျံသန်းနိုင်တဲ့ (စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံ ၃၅ (သုံးဆယ့်ငါး)စီးပဲကျန်ရှိနေပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ မြှုပ်နှံထားတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံ တွေကို ပြန်ရှာ၊ ပြန်တူးဖော်မယ့် အဖွဲ့မှာ အဖွဲ့ဝင် ၂၁ ယောက် ပါဝင်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ (စတင်လီ ကွန်ဗီ)ဆိုတဲ့ ပုဂ္ဂိုလ်လည်း ပါဝင်လိမ့် မယ်။ ဒီပုဂ္ဂိုလ်ရဲ့ အသက်က ၉၀ (ကိုးဆယ်) ကျော်နေပါပြီ။ ဒီပုဂ္ဂိုလ်က လေတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ပြီး (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ကို မြေကျင်းတူးပြီး မြှုပ်ထားခဲ့တာကို သူကိုယ်တိုင် မြင်တွေ့ဖူးတယ်လို့ ပြောတယ်။

မြှုပ်တဲ့ နေရာကိုတော့ သူ မမှတ်မိတော့ဘူးပေါ့ ခင်ဗျား။

မြေပြင်က ၁၀ မီတာအနက် ကျင်းထဲမှာ မြှုပ်ထားပါတယ်လို့ ပြောပါတယ်။ ယခုလာရောက်ရှာဖွေ တူးဖော် ကြမယ့် အဖွဲ့သားတွေ ရဲ့ ခန့်မှန်းချက်က တိုက်လေယာဉ်ပျံ အစီး ၃၀ (သုံးဆယ်)လောက်ကို ရှိနိုင်တယ်လို့ ဆိုပါတယ်။

(ရိုက်တာ)သတင်းမှာ ဖော်ပြ ထားချက်တွေအရ တွေ့ရှိတဲ့ လေယာဉ်ပျံအရေအတွက်ရဲ့ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းကိုပဲ ဗြိတိန်နိုင်ငံကို ပြန်သယ်ဆောင်သွားမှာဖြစ်ပြီး ကျန် ၇၀ (ခုနှစ်ဆယ်)ရာခိုင်နှုန်းကို သူတို့အဖွဲ့ရဲ့ မြန်မာလူမျိုး ဌာနေ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ကို ခွဲဝေပေးလိမ့်မယ်တဲ့။

မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း ဒီတိုက်လေယာဉ်ပျံတွေ ပြန်ရှာဖွေ တူးဖော်ကြမယ်ဆိုတဲ့ သတင်းကို အလွန် စိတ်ဝင် စားနေကြပါတယ်။

ဒီသတင်း မြန်မာသတင်းစာတွေ မှာ စပြီး ဖော်ပြခဲ့တာ တစ်နှစ်နီးပါး လောက်တောင်ရှိနေပါပြီ။

ဗြိတိန်နိုင်ငံသတင်းဌာနတွေရဲ့ အဆိုအရ မြေအောက်မှာ မြှုပ်ထား တဲ့(စပစ်ဖိုင်းရား)တိုက်လေယာဉ်ပျံ အရေအတွက်က ၁၂၄ (တစ်ရာ နှစ်ဆယ့်လေး)စီးအထိ ရှိနိုင်တယ်တဲ့။

အဲဒီတိုက်လေယာဉ်ပျံတွေ အထဲက ၃၆(သုံးဆယ့်ခြောက်စီး) က မင်္ဂလာဒုံ လေယာဉ်ပျံကွင်း တစ်ဝိုက်မှာပဲ မြှုပ်ထားခဲ့ တာတဲ့။ အဲဒါကြောင့် မင်္ဂလာဒုံလေယာဉ်ပျံကွင်း တစ်လျှောက်မှာသာ စနစ်တကျရှာ ဖွေတူးဖော်ကြရင် ၃၆ (သုံးဆယ့် ခြောက်)စီး အထိ ပြန်ဖော်လို့ ရနိုင်တာပေါ့ခင်ဗျား။

ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့တဲ့ လေ ယာဉ်ပျံကွင်းက ဒီနေ့မင်္ဂလာဒုံမြို့နယ်က လေယာဉ်ပျံကွင်း မဟုတ်ပါဘူးခင်ဗျား။

အဲဒီလေယာဉ်ပျံကွင်း အဟောင်းက မရှိတော့ပါဘူး။ ပျောက်နေပါပြီ။ တည်နေရာကတော့ ဒီနေ့ လေယာဉ်ပျံကွင်းသစ်နေရာ အနီးမှာပဲ ရှိပါတယ်။ လွတ်လပ်ရေးရပြီးစ ခေတ်က မြန်မာ့လေတပ်မတော်က လေယာဉ်ပျံတွေက အဲဒီကွင်းဟောင်းကိုပဲ သုံးကြပါတယ်။ လေယာဉ်ပြေးလမ်းက သိပ်မကောင်းတဲ့အတွက် (ပီအက်ပီ) သံပြားတွေကို ပြေးလမ်းတစ်ခုလုံးပေါ်မှာ ခင်းထားရပါတယ်။ ဒီသံပြားတွေက တချို့ဒီနေ့မင်္ဂလာ ဒုံမြို့နယ်မှာ နေထိုင်ကြတဲ့ လူတွေ ရဲ့ ခြံဝင်းကို ကာရံရာမှာ အသုံးပြုထားကြပါတယ်။ အပေါက်တွေ အများကြီး ဖောက်ထားတဲ့ ခေါင်မိုး သွပ်ပုံသဏ္ဍာန် သံပြားအထူကြီးတွေပါ။

တကယ်တော့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ အများကြီး မြန်မာနိုင်ငံမှာ မြှုပ်နှံထားတာ ရှိတယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေတာ ကြာပါပြီ။

ဗိုလ်ချုပ် စောဖြူ၊ ဗိုလ်ချုပ် သောင်းဒန်၊ ဗိုလ်ချုပ်ကြီး အောင်ညွန့်၊ ဗိုလ်မှူးကြီး သူရတင်မောင်အေးတို့လို လွတ်လပ်ရေး မရခင်ခေတ်က လေတပ်ထဲ ဝင်ရောက်ခဲ့ကြတဲ့ မြန်မာ့ တပ်မတော်က လေသူရဲဟောင်းကြီး တွေ ဒီသတင်းကို အကုန်သိကြပါ တယ်။ ဘယ်နေရာမှာ မြှုပ်ထားတယ် ဆိုတာကိုတောင် သူတို့ အကြမ်းသဘော ပြောပြနိုင်ကြပါ လိမ့်မယ်။

ဒီနေ့ ဒီတူးဖော်မှုကို ဦးဆောင်တဲ့ (David J Cundall) အနေနဲ့လည်း လေယာဉ်ပျံ တချို့မြှုပ်နှံထားတဲ့ နေရာကို တိတိ ကျကျ သိနေပြီလို့ ယူဆရပါတယ်။ သူရဲ့ ထုတ်ပြောပြချက်တွေ အရ လေယာဉ်ပျံအစီး ၂၀ (နှစ်ဆယ်) မြှုပ်ထားတဲ့နေရာကို သူ တိတိကျကျ သိထားပြီးပြီလို့ ဆိုပါတယ်။ နောက်လေယာဉ်ပျံ အခြေအနေတွေက အကောင်း ပကတိအတိုင်း ရှိတယ်တဲ့။

မှန်ပါတယ်။

အကောင်းအတိုင်း ရှိနေဖို့က ရာခိုင်နှုန်း အပြည့်နီးပါး သေချာနေပါတယ်။

ဘာကြောင့်လဲ။

ဒီလေယာဉ်ပျံတွေကို မြေမြှုပ် ဝှက်ထားတာက တစ်စီးလုံး ကျင်းတူးပြီး ဝှက်ထားတာ မဟုတ်ပါဘူး။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို အမဲဆီ အထပ်ထပ်သုတ်ထားတဲ့ အဝတ်တွေ၊ စက္ကူတွေ၊ သစ်သားတွေနဲ့ စနစ်တကျ အဆင့်ဆင့် ထုပ်ပိုးပြီး ပို့လိုက်တဲ့အတိုင်း မြှုပ်ထား တာ၊ အပိုင်းအလိုက် မြှုပ်ထားတာ။ ဒီအပိုင်းတွေကို စုစည်းပြီး ပြန်ဆင် လိုက်မှ လေယာဉ်ပျံသစ်တစ်စီး ဖြစ်လာပါလိမ့်မယ်။

အပိုင်းလိုက် မြှုပ်နှံထားတာ ဆိုတော့ မြှုပ်နှံရတာ ဝှက်ရတာလည်း လွယ်ကူပြီး အပျက်အစီး မရှိနိုင်ဖို့ လည်းများတာပေါ့ ခင်ဗျား။

ဘာကြောင့် ဒီလို မြေမြှုပ်ပြီး ဝှက်ခဲ့ကြရတာလဲ။

အလွန်စိတ်ဝင်စားဖို့ ကောင်းပါ တယ်။

ဒီနေ့အသက်ရှင်ကျန်နေသေးတဲ့ အဲဒီခေတ်က မင်္ဂလာဒုံလေတပ်စခန်း မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လေတပ်သားတွေ အဆိုအရ ဒီလေယာဉ်ပျံတွေကို မြေမြှုပ်ပြီး ဝှက်ခဲ့တာ ၁၉၄၅ ခုနှစ်အတွင်းကပါ။

အဲဒီအချိန်က ဒုတိယ ကမ္ဘာစစ်ကြီး ပြီးပါတော့မယ်။ ဂျပန်တွေ မြန်မာပြည်က ဆုတ်သွားပြီး မလေးရှားနိုင် ငံလောက်တောင် ရောက်နေပါပြီ။ လေကြောင်း စစ်ဆင်ရေးတွေက မရှိတော့တဲ့ အချိန်၊ အဲဒါကြောင့် အသစ် ရောက်လာတဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်တွေက စစ်မြေပြင်မှာ သုံးဖို့ မလိုတော့တဲ့ လေယာဉ် ပျံတွေ။ ဒီလေယာဉ်ပျံတွေကို ဗြိတိန် ကို ပြန်ပို့ဖို့ဆိုတာလည်းမလွယ်ဘူး။ အကယ်၍ ပြန်ပို့ခဲ့ရင်လည်း ဥရောပ မှာ ဖြစ်တဲ့ စစ်ကြီးက ပြီးသွားပြီ မို့ ဒီလေယာဉ်ပျံတွေက အသုံးမဝင်တော့ဘူး။

ပြန်ပို့စရိတ်၊ ပြန်ထိန်းသိမ်း ထားရမယ့် စရိတ်တွေ အများကြီး ထပ်ကုန်ဦးမယ်။

ဒါကြောင့် ငွေကုန် အသက်သာဆုံး နည်းဖြစ်တဲ့ ရောက်ရှိနေတဲ့ နိုင်ငံမှာပဲ စိတ်ချရမယ့် နေရာတွေ ရွေးချယ်ပြီး သူတို့မြေမြှုပ်ပြီး ဝှက်သိမ်းထားခဲ့ကြတာပါ။

ဒီနေ့ မြန်မာပြည်မှာ ဝှက်ထား၊ မြှုပ်ထားတဲ့(စပစ်ဖိုင်းရား)တိုက် လေယာဉ်ပျံတွေက (Spitfire MK IX) အမျိုးအစား လေယာဉ်ပျံတွေ။ ဒီ တိုက်လေယာဉ်ပျံ အမျိုးအစားတွေက သိပ်ရှားတယ်။ အထူးသဖြင့် အသုံး ပြုထားတဲ့ စက်အမျိုးအစားပေါ့ ခင်ဗျား။

အဲဒီလေယာဉ်ပျံ အမျိုးအစားမှာ သုံးထားတဲ့ စက်က (Rolls Royce Griffon) စက်။

စောစောပိုင်းက ထုတ်လုပ်တဲ့ (စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ မှာက (Merlins Engine) ပဲသုံးတယ်။ ယခုမြန် မာပြည်မှာ လျှို့ဝှက် မြှုပ်ထားတဲ့ လေယာဉ်ပျံတွေက တစ်နာရီ မိုင် ၄၄၀ (လေးရာ့လေးဆယ်)နှုန်း အထိ ပျံသန်းနိုင်ပြီး စက်အားက မြင်းကောင်ရေ ၂၀၅၀ (2050 Horse Power) ရှိတယ်။

(စပစ်ဖိုင်းရား) တိုက်လေယာဉ်ပျံတွေ ထုတ်လုပ်မှုက ၁၉၄၇ ခုနှစ်မှာ ရပ်လိုက်တယ်။ စုစုပေါင်း ထုတ်လုပ်ခဲ့တဲ့ (စပစ်ဖိုင်းရား) အရေအတွက်က ၂၀၃၄၄ (နှစ်သောင်း သုံးရာ လေးဆယ့်လေး) စီး ရှိတယ်။ အဲဒီ အထဲမှာ မြန်မာပြည်မှာ ဝှက်ထား တဲ့ (Griffon) စက်အားသုံး လေယာဉ်ပျံက ၂၀၅၃ (နှစ်ထောင် ငါးဆယ့်သုံး) စီးပဲ ရှိတယ်။

အရေအတွက် နည်းနည်းပဲ ထုတ်လုပ်ခဲ့တဲ့ တိုက် လေယာဉ်ပျံ။

ဒါကြောင့်လည်း ဒီလေယာဉ်ပျံတွေကို ပြန်ရှာဖွေနိုင်ကြဖို့ သဲကြီးမဲကြီး ကြိုးစားနေကြတာပါ။ ဒီရှာဖွေမှုကို ဦးဆောင်တဲ့ (David J Cundall) ဆိုသူက ဒီလုပ်ငန်းကို သူ စလုပ်နေတာ ၁၅(ဆယ့်ငါးနှစ်)ရှိ သွားပါပြီ။ သုတေသန အလုပ်တွေ အတွက် စုစုပေါင်း သူသုံးခဲ့၊ ကုန်ခဲ့တဲ့ ငွေကလည်း အမေရိကန်ဒေါ်လာ ၂ သိန်းတောင် ကျော်သွားခဲ့ပြီတဲ့။

သူ့အသက်ကလည်း ၆၂ (ခြောက်ဆယ့်နှစ်) ရှိနေပါပြီ။ သူက ဒီလေယာဉ်ပျံ ရတနာသိုက် ရှာဖွေမှုကို ငွေအတွက် လုပ် ကိုင်နေတာ မဟုတ်ပါဘူး။ ဝါသနာအရ လုပ်နေတာတဲ့ဗျာ။

ဦးလှဝင်း (လေသူရဲတစ်ဦး)
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်

အပြင်းပြေ Drum တီးရအောင်