Friday 25 November 2011

Paracetamol ကို နေ့စဉ်ရက်ဆက် သောက်သုံးခြင်းဖြင့် အသက် အန္တရာယ် ရှိနိုင်

စကော့တလန် နိုင်ငံ Edinburg တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာ တွေ့ရှိချက် အရ အကိုက်အ ခဲ ပျောက်ဆေး ပါရာစီတမောကို နေ့စဉ် ပုံမှန် အနည်းငယ်စီ သောက်သုံးခြင်းဖြင့် အသက် အန္တရာယ်ကို ဖြစ်စေနိုင်ကြောင်း သိရပါတယ်။ ပါရာစီတမော ဆေးကို ပမာဏ အနည်းငယ်သာ သောက်သုံးတယ် ဆိုပေမယ့်လည်း အဲ့ဒီ သောက်သုံးမှု ဟာ နေ့စဉ်ရက်ဆက် လပေါင်းများစွာ ကြာတဲ့အခါမှာ  ဆေးလွန်တဲ့ အဆင့်ကို ရောက်ရှိ သွားနိုင်မှာ ဖြစ်ပါ တယ်။

သုတေသီတွေဟာ ၁၆ နှစ်ကြာ ပြုစုထားတဲ့ ပါရာစီတမော အလွန်အကျွံ သောက်သုံးမှု ၁၆ မှုကို လေ့လာခဲ့ကြပါတယ်။ အဲဒီ လေ့လာမှုက တစ်ဆင့် ပါရာစီတမောကို ပမာဏ အနည်းငယ် နေ့စဉ်ရက်ဆက် သောက်သုံးသူတွေမှာ အသည်းရောဂါ ၊  ဦးနှောက်ပိုင်းဆိုင်ရာရောဂါ၊
ကျောက်ကပ် ရောဂါ စတဲ့ ရောဂါ ဝေဒနာတွေနဲ့ ကြုံတွေ့ နေရတာကို တွေ့ရှိခဲ့ပါတယ်။  ဒါကြောင့် ပါရာစီတမောကို ဆရာဝန် ညွှန် ကြားချက်နဲ့ သောက်သုံးတာထက်  မိမိသဘောနဲ့ အလွန်အကျွံ သောက်သုံးနေခြင်းဟာ ကိုက်ခဲမှု ဝေဒနာကို သက်သာစေရုံသာ ဖြစ်ပေါ် စေနိုင်ပြီး ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်