Tuesday 15 November 2011

ရောဂါပိုးကူးစက် ၀င်ရောက်မှုကို သတိပေး အချက်ပြမည့် ပတ်တီးတစ်မျိုး

ဗြိတိန်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ သုတေသီတွေဟာ ဒဏ်ရာတွေမှာ ရောဂါပိုး ၀င်ရောက်နေပါက ခရမ်းလွန်ရောင်ခြည် အောက်မှာ သတိပေး အလင်းရောင်ခြည် ထွက်တဲ့ ပတ်တီး တစ်မျိုးကို တီထွင်လိုက်ပြီလို့ သိရပါသည်။ တက္ကသိုလ်မှ သုတေသီတွေရဲ့ ပြောကြားချက် အရ အဆိုပါ ပတ်တီးအတွင်းမှာ မော်လီကျူးတွေ ပါရှိတဲ့ ဂျယ်လ် တစ်မျိုး ထည့်သွင်းထားပြီး ဒဏ်ရာတွေမှာ ဘက်တီးရီးယားပိုး ၀င်ရောက်နေပါက အဆိုပါ ဂျယ်လ် ဟာ ခရမ်းလွန်ရောင်ခြည် အောက်မှာ ပန်းရောင် တောက်ပနိုင်တဲ့ အလင်းရောင် တစ်မျိုးကို လင်းလက်စေတဲ့ အတွက် အန္တရာယ်ရှိ တဲ့ ဘက်တီးရီးယား ပိုးကူးစက်နေမှုကို သိရှိစေမှာ ဖြစ်ပါသည်။
ဒီ ပတ်တီးတွေကို စစ်မြေပြင်မှာ ဒဏ်ရာရရှိထားတဲ့ စစ်သည်တွေကို အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံထား ရခြင်း ရှိ ၊ မရှိ ကို ခွဲခြားသိရှိ နိုင်ဖို့အတွက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါသည်။ အဆိုပါ ပတ်တီးဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား ပိုးတွေဖြစ်တဲ့ အဆု တ်ရောဂါပိုး ၊ အစာအဆိပ် သင့်ခြင်းကို ဖြစ်စေတဲ့ ဆယ်လ်မိုနဲလား ပိုး ၊ ၀မ်းကိုက်ရောဂါ ဖြစ်တဲ့ အီးကိုလိုင်း ပိုး ၊ ဦးနှောက် အမြှေးေ ရာင် ရောဂါပိုး အစရှိတဲ့ ဘက်တီးရီးယားတွေ ကူးစက်ဝင်ရောက်မှုကို သတိပေးအချက် ပြနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်