Wednesday 16 November 2011

ဂျာမနီတွင် လိင်ခွန် ကောက်ခံရေး မီတာများ တပ်ဆင်မည်

ဂျာမနီ နိုင်ငံရှိ မြို့တော်တစ်ခု ဖြစ်သည့် ဘွန်းတွင် လမ်းမများပေါ်တွင်
ပြည်.တန်ဆာ အဖြစ် လုပ်ကိုင်နေသူ အမျိုးသမီးများ အတွက် အခွန်ပေးဆောင်စေမည့် မီတာများ တပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ယခုလို ပြုလုပ်ခြင်းမှာ နိုင်ငံအတွင်း သက်တမ်း အကြာဆုံး အလုပ်တစ်ခု ဖြစ်သည့်  လိင်မှုလုပ်ငန်း များ အတွင်း ပထမဆုံး အကြိမ်အဖြစ် အခွန်ကောက်ခံမှုကို ပြုလုပ်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ယခု အစီအစဉ်ကြောင့် လမ်းမများေ ပ်ါတွင် ပြည့်တန်ဆာ အဖြစ် ဆောင်ရွက်မည့် အမျိုးသမီးများအတွက်
လမ်းမဘေးတွင် ထောင်ထားသည့် လက်မှတ်ရောင်း စက်မှတစ်ဆင့် ၎င်းတို့၏ အလုပ်မစတင်မီ အချိန်တွင် လက်မှတ်များ ဝယ်ယူရန် လိုအပ်မည် ဖြစ်ကာ တစ်ရက်တာ အတွက် အခွန်ငွေကို ပေးဆောင်ရမည် ဖြစ်သည်။

 ပြည်.တန်ဆာ လုပ်ငန်းမှာ ဂျာမနီ နိုင်ငံ ဘွန်းမြို့တွင် တရားဝင် သည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး ည ရှစ်နာရီ ၁၅ မိနစ်မှ နောက်နေ့ နံနက် ၆ နာရီအချိန် အထိ လုပ်ဆောင်ရန် ခွင့်ပေးထားကြောင်း သိရသည်။ အဆိုပါ အခွန်ငွေမှာ ပေါင်ငွေ ၅.၃၀ ကျသင့်မည် ဖြစ်သည်ဟု The Daily Telegraph သတင်းတွင်ရေးသား
ပါရှိသည်။
ယခုလို လက်မှတ် ရောင်းချမှု စတင်ချိန် နောက်ပိုင်းတွင်ရဲအရာရှိမှ စစ်ဆေးမှုများ ပြုလုပ်မည်
ဖြစ်ပြီး လက်မှတ်မပါရှိပါက ဒဏ်ကြေးပေးဆောင်ရန် သို့မဟုတ် အလုပ်လုပ်ခွင့် ပိတ်ပင်သည့် ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်သည်။ လက်ရှိတွင် ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ပြည်တန်ဆာ အဖြစ် လုပ်ကိုင်သူပေါင်း ၂၀၀ခန့် ရှိပြီး ယခုလုပ်ရပ်မှာ ဂျာမနီနိုင်ငံ လမ်းမများအတွင်း ပြည်တန်ဆာများထံမှ ပထမဆုံး အကြိမ်အဖြစ် အခွန်ကောက်ခံခြင်းလည်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်