အမေရိကန်နိုင်ငံသားအင်ဂျင်နီယာတစ်ဦးက လက်ခုပ်တီးရုံမျှဖြင့် အလိုအလျောက်ကျွတ်ကျစေမည့် ဘရာ
စီယာ ရင်ဝတ်လွှာတစ်မျိုးတီထွင်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်....
ကမ္ဘာ့ အမျိုးသားထုကြီးရဲ့ ကျေးဇူးရှင် အင်ဂျင်နီယာ ရန်ဒီဆာရာဖန် ရဲ့ အံ့ မခန်းတီထွင်ဖန်တီးချက်ကတော့ 
အရေးကောင်းဒိန်းဒေါင်းဖျက်ဆိုလို လိုရာမရောက်နိုင်ပဲ ဘရာစီယာ ချိတ်ကိုအသည်းအသန်စမ်းတ၀ါးဝါးရှာကာကြိုးစားဖြုတ်နေရရှာတဲ့ အမျိုးသားထုကြီးနဲ့ 
စိတ်မရှည်စွာနဲ့ ကူညီပေးနေကြရသည့် အမျိုးသမီးများအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ 
ဆုလာဘ်ကြီးပါပဲ လို့ အင်္ဂလန်နိုင်ငံ၊ မက်ထရိုသတင်းစာကဖော်ပြခဲ့ ပါတယ်...
အဆိုပါ တီထွင်မှုရလာဒ်ကြောင့် ချစ်ကြည်နူးရေချိန်မြင့် နေဆဲ ချိတ်ဖြုတ်ဖို့ ဝရုန်းသုန်းကားနဲ့ ကြိုးစားနေခဲ့ 
ရတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ သမိုင်းစာအုပ်ထဲရောက်သွားရတော့ မှာဖြစ်ပါတယ်...
ဆာရာဖန် ဟာထိုလက်ခုပ်တီးဘရာစီယာကို ဖန်တီးဖို့ စိတ်ကူးကို ဆီးရီးယားနိုင်ငံမှာပြုလုပ်ရောင်းချခဲ့ 
သည့်လျှပ်စစ်ဓါတ်အားသုံး ဂီတသံထွက်အမျိုးသမီးခြေအိတ်ရှည်အတွင်းခံအ၀တ်အထည်များစသည့်
အထူးအဆန်းအ၀တ်အစားများအကြောင်း ဖတ်ရှုမိပြီး ရရှိခဲ့ တာဖြစ်ပါတယ်...
"ကျွန်တော်တို့ အနောက်နိုင်ငံများဟာဆီးရီးယားတွေဆီကဒီလျှပ်စစ်သုံးအ၀တ်အစားဖက်ရှင်များနှင့် ပါတ်သက်ပြီး
လေ့ လာနည်းယူခဲ့ ကြရပါတယ်...ဒါကြောင့် ကျွန်တော်လည်းဒီနည်းပညာသုံးအ၀တ်အစားဖက်ရှင်လောကကို
အလျင်အမြန်တိုးတက်စေဖို့ တာဝန်တစ်ခုအနေနဲ့ အားထုတ်ခဲ့ တာပါ..."သူကပြောပြခဲ့ပါတယ်။ဒါကြောင့် 
ဆန်ဖရန်စစ်စကိုမြို့ က ဆာရာဖန်ဟာ ဆားကစ်ပြားအဟောင်းများနဲ့ လျှပ်စစ်သံလိုက်တို့ ကိုအသုံးပြုပြီး လက်ခုပ်တီးလျှပ်စစ်ဘရာ ကိုတီထွင်ဖန်တီးနိုင်ခဲ့ ပါတော့တယ်...
No comments:
Post a Comment