Tuesday 27 September 2011

ပျားဘုရင်မလို မိန်းမများ


ရာထူးနေရာ ခပ်မြင့်မြင့် ရထားတဲ့ အမျိုးသမီး Boss အချို့ ဟာ ဆက်ဆံရတာ ခက်ခဲတတ်ပါတယ်။ ဒါကို အချို့ က ပျားဘုရင်မ အမူအကျင့် Queen Bee Behaviour လို့  ခေါ်ပါတယ်။ အဲဒီ အမျိုးသမီးတွေဟာ သူတို့ ကိုယ် သူတို့  အခြား အမျိုးသမီးတွေနဲ့  အဆင့်ချင်း ကွာခြားတယ်၊ မတူညီဘူးလို့  ယူဆတတ်ပြီး အခြား အမျိုးသမီးများကို အကူအညီ ပေးဖို့ ကိုလည်း ငြင်းဆန်တတ်ပါတယ်။
နယ်သာလန်နိုင်ငံက စိတ်ပညာဆိုင်ရာ လေ့လာမှု တွေ့ ရှိချက်တွေအရ ဒီလို Queen Bee Behaviour ဖြစ်နေခြင်းကို အပြစ်တင်ခြင်းဟာ မှားယွင်းပြီး အပြစ်တင်မယ်ဆိုရင်လည်း ကျား/မ လိင် ခွဲခြား ဆက်ဆံမှုကိုသာ အပြစ်တင်ရမှာ ဖြစ်ကြောင်း တင်ပြ သွားခဲ့ပါတယ်။
အမျိုးသမီးများဟာ အမျိုးသားများ နေရာယူ လွှမ်းမိုးတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်တဲ့အခါမှာ အခက်အခဲ တွေနဲ့  ရင်ဆိုင်ရပါတယ်။ အဓိက ကတော့ ကျား/မ ခွဲခြား ဆက်ဆံခြင်း ဖြစ်ပါတယ်။ လုပ်ငန်းခွင် တစ်ခုမှာ အမျိုးသားတစ်ဦးက ယှဉ်ပြိုင်မှု၊ စိန်ခေါ်မှုတွေနဲ့  အလုပ်လုပ်နေရင် အကောင်းမြင်စိတ်နဲ့  ရှုမြင်ပြီး အဲဒါကို အမျိုးသမီး တစ်ဦးက ပြုမူရင်တော့ အနှုတ်လက္ခဏာ ဆောင်တဲ့ အမြင်တစ်မျိုးနဲ့  သတ်မှတ် ခံရပါတယ်။
တကယ်တော့ စိတ်ပညာ သဘောအရ Queen Bee Behaviour ဆိုသော တင်းမာတဲ့၊ ဘုကလန့် နိုင်တဲ့၊ အထက်စီးကနေ မတူမတန် ဘ၀င်မြင့်တတ်တဲ့ အမူအကျင့်တွေဟာ ကျား/မ လိင် ခွဲခြား ဆက်ဆံခြင်းကို ငြင်းဆန် တုံ့ ပြန်တိုက်ခိုက်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ သုတေသန ပြုသူများဟာ အမျိုးသမီး ရဲအရာရှိ ၆၃ဦးကို မေးခွန်းများ မေးမြန်းခဲ့ကြပါတယ်။ အဲဒီ မေးခွန်းတွေကို ဖြေဆိုထားတဲ့ အဖြေတွေကို ခွဲခြမ်း စိတ်ဖြာလိုက်တဲ့အခါမှာ လုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို ကျား/မ အဆင့်အတန်း ခွဲခြား ဆက်ဆံ ခံရတယ်လို့  ဖြေဆိုကြတဲ့ အမျိုးသမီး ရဲအရာရှိတွေနဲ့  ကျား/မ လိင်ကွဲပြားမှုဟာ လုပ်ငန်းခွင်မှာ ဘာပြဿနာမှ မရှိပါဘူးလို့  ဖြေဆိုခဲ့တဲ့ အမျိုးသမီးတွေ အုပ်စု ၂စုမှာ လိင်ခွဲခြားမှု ရှိတယ်လို့  ဖြေခဲ့တဲ့ အမျိုးသမီးများမှာ Queen Bee Behaviour ရှိကြောင်း တွေ့ ခဲ့ရပါတယ်တဲ့။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်