Thursday 29 September 2011

ဒလက်မဲ့ ပန်ကာ

ဒီပန်ကာကို ဒလက်မဲ့ ပန်ကာ ( Bladeless Fan ) လို့ပဲ ခေါ်ကြပါတယ်။ တကယ်ကို ဟိုးအရင်က ပန်ကာတွေလို ဒလက်ကြီး တဝှီးဝှီး ဆိုတာမျိုး မပါတော့ပါဘူး။ ဘာဒလက်မှ မပါဘဲနဲ့ကို ပန်ကာအဝိုင်းဆီမှ လေရပါတယ်။ ဒီလို ပန်ကာ အဝိုင်းဆီကို လေရောက်လာအောင် အောက်ခြေမှ လေမှုတ်ပန့် ကနေပြီးတော့ လေတွေကို အောက်ကနေ စုပ်ပြီးတော့ အပေါ်ကို မှုတ်ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။ အခု ဆိုရင် မြန်မာနိုင်ငံကို ဝင်ရောက်နေလို့ ဝယ်လို့ ရနေပြီဆိုတာ ကျွန်တော့်ဆီကို ဝင်လာတဲ့ မေးလ်တစ်စောင်ကနေပြီးတော့ သိရပါတယ်။
ထုတ်လုပ်တာကတော့ တရုတ်နိုင်ငံက ဖြစ်ပြီးတော့ တန်ဖိုး မြန်မာငွေ ၄ သောင်းခွဲ ကျပ် လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ တရုတ် ပစ္စည်း ဆိုတဲ့ အတိုင်း စောစောဝယ်ထားတာ အရည်အသွေး ကောင်းကောင်းကို ရပါလိမ့်မယ်။ နောက် လူသုံးများလာပြီ ဆိုရင် သိတော်မူကြတဲ့ အတိုင်း ဖြစ်ကုန်တော့မှာပါ။ တရုတ်ပစ္စည်းတွေ အကြောင်းကို ကျွန်တော် “ တရုတ်ပစ္စည်းတွေက အရည်အသွေး ကောင်းလို့လား ” ဆိုပြီးတော့ ရေးနေတာ ကြာပါပြီ။ ပြီးလည်း ပြီးခါနီးပါပြီ။ ဆက်မရေးဖြစ်ဘဲ ရပ်ထားတာပါ။
ဘာလို့လဲ ဆိုတော့ တရုတ်ပစ္စည်းတွေနဲ့ လုပ်စားနေကြတဲ့ ဆွေမျိုးပေါက်ဖော်တွေကို အားနာလို့ မတင်ဖြစ်တာပါ။ အခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သိပ်မကြာခင် အချိန်မှာ ကျွန်တော် တရုတ်ပစ္စည်းတွေ မြန်မာနိုင်ငံကို ဝင်ပုံ ဝင်နည်း အကြောင်းကို ဗဟုသုတ အနေနဲ့ ရေးပေးပါ့မယ်။
အခုတော့ ဒလက်မဲ့ပန်ကာတွေကို ဗဟုသုတ အဖြစ် ကြည့်လိုက်ကြရအောင်ဗျာ။
ဒီလို ဘာမှ မပါတဲ့ အဝိုင်းကနေပြီးတော့ လေထွက်တာဗျ



ဒီလို အသည်းပုံလေးတွေလည်း လာပါလိမ့်ဦးမယ်။


ပန်းသီးကို စွဲမက်တဲ့ သူတွေ အတွက်


ရိုးရိုးပန်ကာ နဲ့ ဒလက်မဲ့ ပန်ကာရဲ့ လေထွက်ပုံတွေပါ။

သူရဲ့ လေထွက်ပုံ


လေပန့်အောက်ခြေမှ အပေါ်သို့ လေသွားပုံကို အပူလှိုင်းနဲ့ ရိုက်ထားသောပုံ


ဒီလိုဆိုတော့ ကလေးတွေ အန္တရာယ် မရှိတော့ဘူးပေါ့

 @ ကိုဇော်
http://www.zaw357.net

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်