Monday 26 September 2011

ကမ္ဘာ့ အရှည်ဆုံးကြောင်

 Mymains Stewart Gilligan (Stewie လို့အတိုကောက်ခေါ်တဲ့) ကြောင့်ကြီးဟာ သူနာမည်နှင့် လိုက်အောင်ကို အလျှားရှည်လို့ ကမ္ဘာ့အရှည်ဆုံးကြောင်အဖြစ် ဂင်းနစ်မှတ်တမ်း ၂၀၁၂ မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။  အသက် ၅ နှစ်ရှိပြီဖြစ်တဲ့ အဆိုပါကြောင်ကြီးဟာ ၂၈.၅ လက်မ (၁၂၃ စင်တီမီတာ) ရှည်လျှားပါသတဲ့။
          သူ့သခင် ရောဘင် ဟန်ဒရစ်ဆန် ပြေပြချက်အရတော့ “ဒီကြောင်ကြီးကို စမွေးတုံးက ပုံမှန် ကြောင်တစ်ကောင်အရွယ်ပါဘဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်ကြီးပြီးရှည်လာသလဲဆိုတာကိုတော့ မသိပါဘူး” လို့ ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့ကြီးကို ပြောပြသွားပါတယ် အောက်က YouTube မှာတော့ ဒီကြောင်ကြီး ဘယ်လောက်ရှည်သလဲဆိုတာကိုသာ ကြည့်ကြပါတော့။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်