Monday 5 September 2011

အတောင်ပံပါတဲ့ကြောင်ကလေး


ကြောင်အများစုဟာ အသက် ၉ ခုမြောက်မှာ မျိုးရိုးဗီဇပြောင်းလဲ လေ့ရှိတယ်လို့ဆိုပါတယ် ။ အဲဒီလိုထဲမှာမှ ဒီကြောင်လေးဟာ တောင်ပံတစ်စုံ ပါတယ်ဆိုရင် သင်အံ့သြသွားပါသလား ။ ဒီကြောင်လေးမှာ အစပိုင်းကတော့ နောက်ကျောဖက်မှာ အစို့ပုံစံလေးတွေ စထွက်လာပြီး နောက်ပိုင်းမှာတော့ တောင်ပံပုံစံအဖြစ် ကူးပြောင်းသွားတာ ဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ Sichuan စီရင်စုမှာ ဖြစ်ပါတယ် ။
ကြောင်လေးရဲ့ပိုင်ရှင် Feng ကတော့ သူ့ရဲ့ကြောင်လေးဟာ လွန်ခဲ့တဲ့ မိတ်လိုက်တဲ့ရာသီမှာ စိတ်ဖိစီးမှု အလွန်များပြီးနောက် ယခုလို အတောင်ပံတွေ ထွက်လာခဲ့ တယ်လို့ဆိုပါတယ် ။သူကဆက်ပြောပါတယ်။
" ကျနော့ရဲ့ကြောင်လေး Tom ဟာ သူရဲ့ မိတ်လိုက်ဖက် ကြောင်မလေးရဲ့ ဒုက္ခပေး ရန်ရှာမှုကို အမြဲတမ်းခံနေရတဲ့အတွက် ယခုလို စိတ်ဖိစီးမှုတွေ ကြုံပြီး အတောင် ပံတွေ ထွက်လာရခြင်းဖြစ်ပါတယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ် ။ အစပိုင်းကတော့ အဖုပုံစံလေးနဲ့ တိုးထွက်လာပြီး အလွန်လျှင်မြန်စွာ ကြီးထွားလာပါတယ် တစ်လလောက်ကြာပြီးတဲ့အခါမှာ တောင်ပံတစ်စုံ ဖြစ်သွားပါတယ်လို့ သူကဆက်ပြောပါတယ် ။ ကြောင်မအများစုရဲ့ ကိုယ်အပူရှိန်တွေက သူ့ကို ဒုက္ခပေးသလိုဖြစ်ပြီး တောင်ပံတွေထွက်လာပါတယ် ။ Genetic ကျွမ်းကျင်သူတွေကတော့ ဒါဟာ သူ့ရဲ့ ဘ၀အရည်အသွေးကိုတော့ ထိခိုက်စေမှု မရှိပါဘူး ပူလွန်းတဲ့ရာသီမှာ အန္တရာယ်မရှိတဲ့ ကြီးထွားဖွံ့ဖြိုးမှုတစ်ခု ဖြစ်တယ်လို့ဆိုပါတယ် ။ ပိုင်ရှင်ကဆက်ပြောပါသေးတယ် ။ သူ့ရဲ့ကြောင်ဟာ တစ္ဆေတစ်ကောင် မဟုတ်ပါဘူး အဲဒီအတောင်ပံမှာ အရိုးတွေပါရှိပြီး သူ့ကို ကြောင်နတ်သား ပုံစံ ဖြစ်စေတာပါလို့ ဆိုပါတယ်.

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်