Friday 23 September 2011

ကမ္ဘာပေါ်ရှိ အရွယ်အစားအကြီးမားဆုံး အရောင်မဲ့စိန် (ရောင်းဈေး - $ 16,000,000)


၂၀၀၇ နိုင်ဝင်ဘာ ၁၄ ရက်နေ့က Sotheby လေလံပွဲမှာ ၈၄.၃၇ ကာရတ်ရှိတဲ့ ကြီးမားတဲ့စိန်ကြီးဟာ ဒေါ်လာ ၁၆ ၀၀၀ ၀၀၀ နဲ့ ရောင်းချခဲ့ပါတယ် ။ ၂၀၀၈ ခုနှစ် မေလ ၂၈ ရက်နေ့မှာတော့ ကမ္ဘာ့အကြီးမားဆုံး အရောင်မဲ့စိန်ကြီးဟာ ၁၀၁.၂၇ ကာရတ် အလေးချိန်ရှိပြီး ဟောင်ကောင်မှ Christie လေလံပွဲမှာ လွန်လဲ့တဲ့ အနှစ်၂၀ လောက်ကတည်းက ရောင်းချဖို့အတွက် ပြသခဲ့ပါတယ် ။ ဒီစိန်ကြီးအတွက် ပထမဆုံးပေးခဲ့တဲ့ ဈေးကတော့ ဒေါ်လာ ၆ မီလီယံ ဖြစ်ပါတယ် ။ ၇၂ ကာရတ်ရှိတဲ့ အဖြူရောင်စိန်ကြီးကိုလည်း လန်ဒန်မှာ ပြသထားပါတယ် ။
အပြည်ပြည်ဆိုင်ရာ ရောင်းဈေး အနေနဲ့ Sotheby လေလံပွဲမှာ 8,000,000 - $ 10,000,000 ကြားရှိပါတယ် ။ Southern African Kingdom ပိုင်နက် Lesotho မှာ ၄၇၈ ကာရတ်ရှိတဲ့ စိန်ကြီးကို တွေ့ရှိခဲ့ပါတယ် ။ လန်ဒန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gem Diamond Mining မှ ကျောက်မျက်ကျွမ်းကျင်သူတွေဟာ Letsen မိုင်းမှာ အလုပ်လုပ်နေစဉ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။
ဗြိတိန်မိုင်းအလုပ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ ကုမ္ပဏီမှရှာဖွေတွေ့ရှိခဲ့တဲ့ စိန်ကြီးကတော့ ကမ္ဘာ့အကြီးမား ဆုံးစာရင်းမှာ နံပါတ် ၂၀ ချိတ်ခဲ့ပါတယ် ။
ဒီအတုံးအခဲတွေဟာ အဖိုးအရမ်းတန်ပြီး စိန်တုံးတွေကို ဖြတ်တောက်ပြီးတဲ့အခါမှာတောင်မှ ၁၀၀ နဲ့ ၁၅၀ ကာရတ်လောက်ရှိပါတယ် ။ သူ့ရဲ့ အရွယ်အစားနဲ့ အရည်အသွေးတွေအရ ဒဏ္ဍာရီဆန်လွန်းလှပြီး Kohinoor ပုံပြင်ထဲမှာဆို အဲလီဇဘတ်ဘုရင်မကြီး နံပါတ် ၂ က သူ့ရဲ့ သရဖူမှာ ၀တ်ဆင်ခဲ့ပါတယ် ။ အဲဒီရှာဖွေတွေ့ရှိ ချက်လေးတစ်ခု ဟာ ၁၂ မီလီယံ ဒေါ်လာကုန်ကျခဲ့ပါတယ် ။ မကြာခင်မှာပဲ ကျောက်တုံးတွေဟာ ကြီးမားတဲ့စိန်တွေအဖြစ်နဲ့ ဖြတ်တောက်ပြီးတဲ့အခါမှာ ဈေးနှုန်းအမျိုးမျိုးနဲ့ ပျံသန်းရောက်ရှိလာပါတော့မယ် ။
@ သက်တန့်ချို


No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်