Tuesday, 6 September 2011

ချန်ပီယံလိဂ် လူစာရင်းတွင် ဟားဂရေ့ဗ်ကို ချန်လှပ်ခဲ့ရန် မန်ချက်စတာ စီးတီး ဆုံးဖြတ်


မန်ချက်စတာ စီးတီး အသင်းသည် ၎င်းတို့၏ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် အတွက် တင်သွင်း အဆိုပြုခဲ့သည့် ကစားသမား စာရင်းတွင် အိုဝင် ဟားဂရေ့ဗ်အား ချန်လှပ်ခဲ့ကြောင်း သိရှိရသည်။

စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီသည် အသက်(၃၀)အရွယ် ကွင်းလယ်လူအား အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံး ပိတ်ရက်တွင် စာချုပ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ မန်စီနီက ဒဏ်ရာ ပြဿနာ ဟောင်းများ ရှိနေသော ဟားဂရေ့ဗ်သည် ကြံ့ခိုင်မှု အသားပေး လေ့ကျင့်ခန်းများ အတွက် သီတင်း (၅)ပတ်မှ (၆)ပတ်မျှထိ အချိန်ပေး လုပ်ဆောင် ရဦးမည်ဟု ယုံကြည်နေသည်။ စီးတီးအနေနှင့် ချန်ပီယံလိဂ်ပွဲဝင် လူစာရင်းတွင် အသင်းမှ အပယ်ခံ ဘယ်နောက်ခံလူ ၀ိန်းဘရစ်ဂ်ျကို ထည့်သွင်းခဲ့ပြီး အကယ်ဒမီထွက် လူငယ် အချို့ကိုလည်း ဥရောပပွဲဝင် အသင်းအတွက် ရွေးချယ်ခဲ့သည်။
ဟားဂရေ့ဗ်က စီးတီး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကန့်ကွက်မှုမျိုးမူ မပြုလုပ်ခဲ့ချေ။ “လောလောဆယ် ပုံမှန် ခြေစွမ်းမျိုးနဲ့ ပြန်ကစားနိုင်ဖို့ အရေးကြီးပါတယ်။ ခုအခြေအနေ အရ ကျွန်တော်က အကောင်းဆုံး အနေအထား မရှိသေးပါဘူး” ဟု ဟားဂရေ့ဗ်က အသင်းပိုင် ၀က်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။ ဟားဂရေ့ဗ်သည် စီးတီး၏ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နှင့် အတူ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်သည် အထိ ဥရောပ အတွေ့အကြုံ ကောင်းများ ပိုင်ဆိုင်ထား သော်လည်း ၎င်း၏ ကြံ့ခိုင်မှု အခြေအနေကို မန်စီနီက မယုံမရဲ ဖြစ်နေခြင်းကြောင့် ယခုလို လူစာရင်းမှ ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်