ဝီလီယံဘရက်ဒလေဘန်စတင် အတွက်တော့ မလိုလားမနှစ်မြို့ ဖွယ် မှတ်တမ်းမှတ်ရာရှိနေခဲ့ ရပေပြီ....
အသက် ၄၇ နှစ်ရှိ အမျိုးသားအဖို့ အလာဘားမားပြည်နယ်၊ မိုဘိုင်းလ်အရပ်မက်ထရို အကျဉ်းထောင်သို့ 
လွန်ခဲ့ သည့် နှစ်ပေါင်း ၃၀ အတွင်း အနည်းဆုံး ၉၉ ကြိမ်ရောက်ရှိခဲ့ ရပြီးဖြစ်နေခဲ့ ပါတယ်...
ထိုအကြိမ်အရေအတွက်ဟာ မှတ်တမ်းမှတ်ရာများထိမ်းသိမ်းထားခဲ့ သည့် ကာလတစ်လျှောက်လုံး အများ
ဆုံးပဲဖြစ်ပါတယ်...
ထိုကဲ့ သို့ ထောင်ထဲသို့ ရောက်ရှိခဲ့ ရသည့် ပြစ်မှုများရဲ့ လေးပုံသုံးပုံ ကတော့ အရက်မူးပြီးရမ်းကားမှုများနှင့်
အရက်မူးပြီး မဖွယ်မရာပြုမူ၊ ပြသမှု တို့ ပဲဖြစ်တယ်လို့ မှတ်တမ်းမှတ်ရာများအရသိရှိရပါတယ်...
ဘန်စတင်ရဲ့ မကြာသေးခင်ကမှကျူးလွန်ခဲ့ တဲ့ ပြစ်မှုကတော့ တတိယအဆင့် အိမ်တွင်းမိသားစုအား အ
ကြမ်းဖက်ထိုးကြိတ်ရိုက်နှက်မှုနှင့် တာဝန်အရ ဖမ်းဆီးချူပ်နှောင်မှုအား ဟန့် တားနှောင့် ယှက်မှုတို့ ဖြစ်
တယ်လို့ တရားရုံးဆိုင်ရာအွန်လိုင်းမှတ်တမ်းများအရဆိုပါတယ်...
လွန်ခဲ့ သည့် နှစ်၊ ဖေဖော်ဝါရီလက ၎င်း၏ ၉၇ ကြိမ်မြောက်အဖမ်းခံထောင်ချခံရပြီးနောက်မှာ The Press-
Register က ဘန်စတင် ကိုတွေ့ ဆုံမေးမြန်းခဲ့ ပါတယ်....
၎င်းအနေနဲ့ ထိုမျှလောက်သောအကြိမ် ( ၉၇ ကြိမ် ) အထိ ထောင်ကျခံခဲ့ ရပါသလားဟု သတင်းထောက်က
မေးမြန်းခဲ့ ရာမှာ ဘန်စတင် က အဲဒီထက်တောင်များနိုင်ပါသေးတယ် လို့ ဖြေကြားခဲ့ ပါတယ်...
၎င်း၏အကြောင်းကို Press- Register တွင် သတင်းဆောင်းပါးအဖြစ်ဖော်ပြပါရှိခဲ့ ပြီးနောက် နှစ်ပါတ်အကြာ
မှာ တော့ သူဟာ အဖမ်းခံခဲ့ ရပြီးထောင်ထဲကိုရောက်ရှိခဲ့ ရပြန်ပါတယ်...
No comments:
Post a Comment