Friday 16 September 2011

နည်းပညာလောက အရေးပါခဲ့သော Lady များ

ခေတ်ဟောင်း၊ ခေတ်နှောင်းကနေ ခုကာလအထိ ကျွန်တော်တို့ မကြားဘူးတဲ့ မမတွေရဲ့ အမည်တွေကို တွေ့လိုက်သိလိုက်ရတယ်။ ဒီ မမ တွေ နည်းပညာ လောကအတွက် ဘာတွေ စွမ်းဆောင် အောင်မြင်ခဲ့ကြသလဲ ကြည့်လိုက်ရင် စိတ်ဝင်စားစရာတွေပဲ။
အမျိုးသမီးတွေဟာ အိုင်တီလောကမှာ သူ့နေရာနဲ့သူ အရေး ပါခဲ့ကြတာ မငြင်းနိုင်ပါဘူး။ သူတို့ကို ဘာကြောင့် အမွှန်းတင်ကြရတာလဲ။

The Ladies of ENIAC
Kay McNulty, Marlyn Wescoff, Fran Bilas, Ruth Lichterman ဆိုတဲ့ အမျိုးလေးယောက်နဲ့ ပုံထဲမှာ မပါတဲ့ Adele Goldstein နဲ့ Betty Snyder ဆိုသူတွေဟာ ပထမဦးဆုံး "computors" လို့ခေါ်တဲ့ ENIAC မှာ စတင်အလုပ်လုပ်ခဲ့သူတွေ ဖြစ်တယ်။
ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှာရှိတဲ့ Moore အင်ဂျင်နီယာကျောင်းမှာ သူတို့ ဒီကွန်ပျူတာနဲ့ အလုပ်လုပ်ခဲ့ကြတယ်။ သူတို့ လုပ်ငန်းကိုခေါင်းစဉ် အနေနဲ့ "computer" လို့ပေးခဲ့ကြတယ်။ ပစ်ခတ်မှုစာရင်း၊ ဗုံးကြဲတဲ့ လမ်းကြောင်းတွေကို ဒီအမျိုးသမီးတွေက ကွန်ပျူတာနဲ့အတူ တွက်ချက်ပေးခဲ့ကြတယ်။
သူတို့တွက်ချက်မှု အခြေခံစက်ကတော့ ENIAC ကွန်ပျူတာပေါ့။ ဒီအမျိုးသမီး ၅ ယောက်လောက်ဟာ ENIAC ကွန်ပျူတာရဲ့ switch ပေါင်း ၃ဝဝဝ နဲ့ တန် ၈ဝ လောက် ရှိတဲ့ ဟာ့ဒ်ဝဲတွေကို သူတို့လက်တွေနဲ့ ကိုင်တွယ်စီမံခဲ့ကြရတာ ဖြစ်ပါတယ်။
ENIAC ခေတ်ရောက်လာတော့ ယခင် "computors" လို့ခေါ် တဲ့စက်တွေ သိပ်အသုံးမဝင်တော့ဘူး။ Adele Goldstine နဲ့ Betty Jennings တို့နှစ်ယောက်က ENIAC မှာ ပရိုဂရမ်ကို store လုပ်ရတဲ့ တာဝန်ကိုယူရတယ်။
Goldstein ကတော့ ENIAC ရဲ့ မူလ technical menual ကိုရေးတဲ့သူဖြစ်ပါတယ်။ သူတို့ကြိုးပမ်းမှုကြောင့် ပထမဦးဆုံး ဆော့ဖ်ဝဲ application တွေနဲ့ ပထမဦးဆုံး programming classes တွေပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ENIAC မှာ လုပ်ခဲ့တဲ့အမျိုးသမီးတွေကို ၁၉၉၇ ခုနှစ်မှာ WITI Hall of Fame ဆိုတဲ့ဘွဲ့တွေကို ပေးအပ်ချီးမြင့် ဂုဏ်ပြုခဲ့တယ်။

Jean E. Sammet
ကမ္ဘာ့ပထမဦးဆုံး Computer Science (1968, Stanford) မှာ Ph.D. ဘွဲ့ရသူဆိုပြီး အမျိုးသမီး တစ်ယောက်ကို ညွှန်းပြကြတယ်။ တကယ်တော့ Sammet ဟာ ၁၉၄၈ ခုနှစ်က Mount Holyoke ကောလိပ်ကနေ B.A. ဘွဲ့ကို သင်္ချာဘာသာရပ်နဲ့ ရခဲ့သူပါ။ သူ့ M.A. (သင်္ချာ) ဘွဲ့ကိုလည်း Urbana-Champaign က အီလီနွိုက်တက္ကသိုလ်ကနေ ၁၉၄၉ ခုနှစ်မှာရခဲ့တယ်။
သူမ တတ်ကျွမ်းထားတဲ့ သင်္ချာပညာနဲ့ ကွန်ပျူတာကို တကယ်အသုံးချနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ IBM ကုမ္ပဏီမှာ ကွန်ပျူတာ language အတွက် ပထမဦးဆုံး စတင်အလုပ်လုပ်ခဲ့တယ်။ သူရေးဆွဲတဲ့ FORMAC ပရိုဂရမ် language ဟာ သင်္ချာဆိုင်ရာ formulas တွေအတွက် ကျယ်ပြန့်စွာ အသုံးပြု လာတဲ့ ကွန်ပျူတာ language ဖြစ်လာတယ်။
IBM မှာ ၂၇ နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ COBOL ကိုဖွဲ့စည်းတော့ ကော်မတီ အဖွဲ့ဝင်ဖြစ်လာတယ်။ ACM ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအဖြစ် ၁၉၇၄ ကနေ ၁၉၇၆ အထိ တာဝန် ထမ်းဆောင်ခဲ့တယ်။ ၁၉၉၄ မှာ ACM Fellow အဖွဲ့ဝင်ဖြစ်ခဲ့တယ်။ Lovelace Award ဆုကို ၁၉၈၉ ခုနှစ်မှာ အခြားအမျိုးသမီး တစ်ယောက်နဲ့အတူ ပူးတွဲရရှိခဲ့တယ်။


Frances Allen

အယ်လင်ဟာ B.Sc. ဘွဲ့ကို သင်္ချာဘာသာရပ်နဲ့ ၁၉၅၄ နှစ်မှာ New York State College for Teachers ကျောင်းကနေ ရခဲ့တယ်။ M. Sc. ဘွဲ့ (သင်္ချာ) ကိုတော့ ၁၉၅ရ ခုနှစ်မှာ University of Machigan ကနေ ရခဲ့တယ်။
ကွန်ပျူတာ (compilers, code optimization, parallelization) နယ်ပယ်တွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်။ IEEE အဖွဲ့ဝင်ဖြစ်ပြီး ACM နဲ့ ကွန်ပျူတာ သမိုင်းပြတိုက်တွေရဲ့ အဖွဲ့ဝင်လည်း ဖြစ်တယ်။ အယ်လင်ဟာ IBM မှာလည်း တက်ကြွစွာ လုပ်ကိုင်ခဲ့တယ်။
ဒါကြောင့် ၁၉၈၉ ခုနှစ်မှာ IBM အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်။ IBM မှာ သူ ၄၅ နှစ် လောက်လုပ်ခဲ့ပေမယ့် NSA အတွက်လည်း ပရိုဂရမ်းမင်း language နဲ့ security code တွေကို ရေးပေးခဲ့သေးတယ်။
သူမဟာ ၁၉၉ရ ခုနှစ်မှာ WITI ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့၊ ၂ဝဝ၂ ခုနှစ်မှာ Augusta Ada Lovelace ဆုတွေကိုရရှိခဲ့တယ်။ အမျိုးသမီးတွေထဲမှာ Turing Award (ကွန်ပျူတာနိုဗယ်ဆု) ကို ၂ဝဝ၆ ခုနှစ်အတွက် ပထမဦးဆုံး ရရှိခဲ့သူလည်း ဖြစ်တယ်။
Betty Holberton
 ပြင်သစ် မိဘနှစ်ပါးက မွေးတယ်။ ပန်ဆဲလ်ဗေးနီးယား တက္ကသိုလ်မှာ ကျောင်းလာတက်တယ်။ ပထမဦးဆုံး ကျောင်းတက်တဲ့နေ့မှာပဲ သူမရဲ့ သင်္ချာပါမောက္ခက သူမကို သင်္ချာဘွဲ့အတွက် အချိန်လာမဖြုန်းနဲ့၊ အိမ်မှာပဲနေပြီးတော့ ကလေးထိန်းလို့ အပြောခံခဲ့ရတယ်။
ဘက်တီဟာ သတင်းစာ သင်တန်းတက်တယ်။ နောက်တော့ သူမကို Moore အင်ဂျင်နီယာကျောင်းက ငှားတယ်။ ဒီကျောင်း ဟာ ပထမဦးဆုံး ENIAC ကွန်ပျူတာကိုသုံးတဲ့ ကျောင်းဖြစ်တယ်။
ပါမောက္ခ အကြံပြုချက် မှားသွားတယ်။ သူမဟာ Programming သုတေသနဌာနရဲ့ အကြီးအကဲ ဖြစ်လာတယ်။ ၁၉၅၉ ခုနှစ်မှာ David Taylor Model Basin လို့ခေါ်တဲ့ သင်္ချာသုတေသနဌာနကို သွားပြီး ကူညီတယ်။ UNIVAC ကွန်ပျူတာ ဖြစ်မြောက်ရေးအတွက် အထောက်အကူတွေ ပေးခဲ့တယ်။
ပထမဦးဆုံး ပရိုဂရမ်မင်းမျိုးဆက် (SORT/MERGE) ကို ရေးခဲ့တယ်။ အမေရိကန်မှာ ၁၉၅ဝ လောက်က ပထမဦးဆုံး စာရင်းဇယားတွေကိုပြုစုတဲ့ ပရိုဂရမ်ဖြစ်လာတယ်။ ဘက်တီဟာ John Mauchly နဲ့တွဲပြီး BINAC ပရိုဂရမ်ကို ရေးတယ်။ အစောပိုင်းပရိုဂရမ် language တွေ ဖြစ်တဲ့ COBOL နဲ့ FORTRAN တွေအတွက်လည်း Grace Hopper နဲ့တွဲပြီး ရေးခဲ့တယ်။
သူမဟာ command တွေကို တီထွင်ခဲ့ရုံမက numeric keypad ကိုလည်း တီထွင်ခဲ့တယ်။ ဘက်တီဟာ ENIAC ကိုတီထွင်ခဲ့တဲ့ မူလပရိုဂရမ်မာ ၆ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ် တယ်။ ၁၉၉၇ ခုနှစ်မှာ Augusta Ada Lovelace ဆုကို ရရှိခဲ့တယ်။

Sister Mary Kenneth Keller
 Barbara Liskov ဟာ ကွန်ပျူတာသိပ္ဋံဘွဲ့မှာ ပထမဦးဆုံး Ph.D ဘွဲ့ရသူဆိုပေမယ့် အမှန်တကယ် သူမထက်စောပြီး ကွန်ပျူတာမှာ Ph.D ရခဲ့သူကတော့ စစ္စတာမေရီ ဖြစ်တယ်။ Wisconsin တက္ကသိုလ်ကနေ မေရီဟာ ၁၉၆၅ ခုနှစ်မှာဘွဲ့ရတော့ Dartmouth ကိုသွားပြီးတော့ ကွန်ပျူတာ language (BASIC) သွားသင်ရတယ်။ အဲဒီရာထူးက မူလ ယောက်ျားတွေပဲ စိုးမိုးထားတယ်။
စစ္စတာမေရီဟာ DePaul တက္ကသိုလ်ကနေ BS ဘွဲ့ကို သင်္ချာဘာသာ ရပ်နဲ့ရတယ်။ MS ဘွဲ့ကို သင်္ချာနဲ့ ရူပဗေဒ ဘာသာရပ်တွေနဲ့ ထပ်ရတယ်။ ဒါကြောင့် အမျိုးသမီးဖြစ်ပေမယ့် ကွန်ပျူတာသိပ္ပံနဲ့ မဖြစ်မနေ ပတ်သက်လာရတော့တယ်။
''ကျွန်မတို့မှာ information တွေ ကအရမ်းကို ဖောင်းပွလာပြီ၊ အဲဒီ information တွေကို ကျွန်မတို့ အကျိုးရှိအောင် မသုံးနိုင်ရင် အလကားဖြစ်သွားလိမ့်မယ်'' လို့ သူမပြောခဲ့တဲ့ စကားတစ်ခွန်းကို ပြန်ညွှန်းချင်ပါတယ်။
သူမဟာ AI ဘာသာရပ်ကို အထူး စိတ်ဝင်စားတယ်။ သူမထူထောင်ခဲ့တဲ့ Clarke ကောလိပ်ရဲ့ ကွန်ပျူတာဌာနမှာ နှစ်ပေါင်း ၂ဝ လောက် တာဝန်ထမ်းဆောင်ခဲ့တယ်။

Erna Schneider Hoover
 ဟူးဗားဟာ Ph.D ဘွဲ့ကို ဒဿနိကဗေဒ၊ သင်္ချာအထူးပြု ဘာသာရပ်တွေနဲ့ ယေးလ်တက္ကသိုလ်က ရရှိခဲ့တယ်။ ၁၉၅၄ ခုနှစ်မှာ နယူးဂျာဆီက Bell Laboratories မှာ သုတေသီအနေနဲ့အလုပ် ဝင်လုပ်တယ်။
Bell မှာ အလုပ်လုပ်နေတုန်း ကွန်ပျူတာနဲ့ တယ်လီဖုန်း တွေကို အဖွင့်အပိတ်လုပ်တဲ့စနစ်ကို တီထွင်ခဲ့တယ်။ ကွန်ပျူတာနဲ့ အဝင်ဖုန်းတွေကို စောင့်ကြည့်တဲ့ စနစ်ဖြစ်ပါတယ်။ ကွန်ပျူတာဟာ call rate တွေကို အလိုအလျောက် ထိန်းပေးပါတယ်။ ဒါကြောင့် overloading မဖြစ်နိုင်တော့ပါဘူး။ သူမရဲ့စနစ်ကို ယနေ့တိုင် သုံးစွဲနေကြရပါသေးတယ်။
ဒီလို စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူမရဲ့ဆော့ဖ်ဝဲကို ပထမဦးဆုံးမူပိုင်ခွင့်ထုတ်ပေးပြီး ဂုဏ်ပြုခဲ့တယ်။ Bell ကုမ္ပဏီကြီးမှာလည်း ပထမဦးဆုံး အမျိုးသမီး ကြီးကြပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရတယ်။

Karen Sparck Jones
ဂျုံးစ်ဟာ ကင်းဘရစ်ခ်ျကွန်ပျူတာဌာနမှာ ၁၉၇၄ ကနေ ၂ဝဝ၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ သူမဟာ NLP (natural language processing) နဲ့ information retrieval လုပ်ငန်း တွေကို လုပ်ဆောင်ခဲ့သူဖြစ်တယ်။ သူမလုပ်ငန်းတွေထဲမှာ အထင်ရှားဆုံးက IDF (inverse document frequency) ဖြစ်ပြီး information retrieval ကိုပြန်ပြီး တွက်ဆတဲ့လုပ်ငန်း ဖြစ်ပါတယ်။
ယနေ့တိုင် search engine တွေမှာ သူမရဲ့နည်းစနစ်တွေကို အသုံးပြုနေရပါသေးတယ်။ ၂ဝဝ၂ ခုနှစ်မှာ သူမအနားယူတယ်။ ကွန်ပျူတာပါမောက္ခ ရာထူးကနေ အနားယူခဲ့တာဖြစ်ပါတယ်။ ဗြိတိန်ကွန်ပျူတာ အသင်းကြီးကပေးတဲ့ Lovelace Medal ကို ပထမဦးဆုံးအမျိုးသမီး တစ်ယောက်နေနဲ့ လက်ခံရရှိခဲ့ပါတယ်။

Sophie Wilson
ဗြိတိန်ကွန်ပျူတာ သိပ္ပံပညာရှင်ဖြစ်ပြီး ၁၉၇ဝ နှောင်းပိုင်း လောက်ကပေါ်ထွက်ခဲ့တဲ့ Acorn Microcomputer ကို ဒီဇိုင်းထုတ်ခဲ့ သူအဖြစ်ထင်ရှားတယ်။ Acom ကွန်ပျူတာကို နောက်ပိုင်း Acorn System 1 လို့ခေါ်ကြတယ်။ System တွေနဲ့တကွရောင်းချခဲ့ရတဲ့ ကွန်ပျူတာဖြစ်ပါတယ်။
ဆိုဖီဟာ ဒီနေရာမှာတင် ရောင့်ရဲမနေပါဘူး။ ၁၉၈၁ ခုနှစ်မှာ Acorn Proton ကွန်ပျူတာတွေထဲမှာ Acorn Atom မှာသုံးတဲ့ BASIC ပရိုဂရမ်းမင်း language ကို ပြန်ရေးပြီး ထည့်ပေးခဲ့ပါတယ်။ Proton ဆိုတာက အခြားကွန်ပျူတာတစ်မျိုး ကို ထပ်ထုတ်ထားတာဖြစ်တယ်။ Acorn ကွန်ပျူတာတွေထင်ရှား လာပြီး BBC ကတောင်ဆက်သွယ်လာတယ်။
၁၉၈၃ ခုနှစ်မှာ ဆိုဖီဟာ RISC ပရိုဆက်ဆာတွေမှာ ပထမဦးဆုံး instruction တွေထည့် ပေးဖို့ ကြံဆောင်ခဲ့တယ်။ ဒါနဲ့ Acorn RISC Machine ဆိုပြီး ကွန် ပျူတာတွေထွက်လာတယ်။ ARM ဆိုပြီး လူသိများတယ်။ ဆိုဖီဟာ Acorn Replay ဆိုတဲ့ကွန်ပျူတာကိုလည်း ဒီဇိုင်းထုတ်ခဲ့တယ်။
ဒီကွန်ပျူတာမှာ ဗီဒီယို architecture တွေပါလာပြီ။ ဗီဒီယိုကြည့်နိုင် ဖို့ OS ကိုထည့်ပေးသလို frame rate အမြင့်ဆုံးရအောင်လည်း လုပ်ပေးနိုင်ခဲ့ပါတယ်။

Carla Meninsky
ကာလာကို ဂိမ်းဒီဇိုင်နာအနေနဲ့ ၁၉၈ဝ လောက်ကတည်းက Atarti 2600 console ကနေ ငှားရမ်းခဲ့ပါတယ်။ Atari ကုမ္ပဏီမှာ ဝင်အလုပ်လုပ်တဲ့ အမျိုးသမီးအင်ဂျင်နီယာ နှစ်ယောက်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ Carol Shaw လို့ခေါ်ပါတယ်။
Atari မှာ အလုပ်လုပ်နေစဉ် ကာလာ ဝင်ပြီးလုပ်ကိုင်ခဲ့ရတဲ့ ဂိမ်းတွေကတော့ Indy 500 (1977), Star Raiders (1979) တွေဖြစ်ပြီး၊ ၁၉၈ဝ မှာထုတ်တဲ့ Dodge 'Em ဂိမ်းနဲ့ ဆုရခဲ့တယ်။ ဒီဂိမ်းက ကားမောင်း ပြိုင်တဲ့ဂိမ်းပါ။
Call of Duty လို့ခေါ်တဲ့ ကားမောင်းပြိုင်ပွဲဂိမ်းဟာ ဂိမ်းသမိုင်းမှာအစော ဆုံးနဲ့ ဂိမ်းလောက ဖွံ့ဖြိုးအောင် အထောက်အပံ့အပေးနိုင်ဆုံးလို့ ဆိုရမယ်။ Warlord ဂိမ်းကိုလည်း လူအများ ကြီးကစားနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ ခုတော့ မူပိုင်ခွင့်ဆိုင်ရာရှေ့နေ လုပ်နေတယ်။

Roberta Williams
သူမရဲ့ နာမည်အကြီးဆုံးဂိမ်းကတော့ King's Quest ဗီဒီယို ဂိမ်းဖြစ်ပါတယ်။ ဂိမ်းခေတ်ဦးမှာ လူတိုင်းစိတ်ဝင်စားအောင် စွဲဆောင်နိုင်စွမ်းရှိခဲ့ပါတယ်။ ရိုဘာတာဟာ ခင်ပွန်းသည်ဖြစ်သူ Ken နဲ့ အတူ ဂရပ်ဖစ် စွန့်စားမှုဂိမ်းပေါင်း ၈ဝ/၉ဝ လောက်ရေးခဲ့တယ်။ Phantasmagoria ဂိမ်းကတော့ သူမအကြိုက်ဆုံးလို့ ဆိုတယ်။
ရိုဘာတာ ဂိမ်းကို စတင်စိတ်ဝင်စားတာ သူ့ခင်ပွန်းကြောင့်လို့ ဆိုနိုင်တယ်။ သူမကို Don Woods ဂိမ်းနဲ့စတင်မိတ်ဆက်ပေးခဲ့တာပါ။ ဂရပ်ဖစ်ပိုင်းဆိုင်ရာ ပိုကောင်း အောင်လုပ်နိုင်ရင်ဆိုတဲ့အတွေးမျိုး တွေရခဲ့တယ်။
ဒါကြောင့် စွန့်စားခန်းကိုအခြေခံတဲ့ Mystery House ဂိမ်းကို သူမကိုယ်တိုင်ဒီဇိုင်းဆွဲပြီးရေးခဲ့တယ်။ ဒီဂိမ်းကို အွန်လိုင်းဂိမ်းအနေနဲ့ ကစားလို့ ရအောင် စီစဉ်ပေးလိုက်လို့ ပိုပြီး နာမည်ကျော်သွားရတယ်။

Carol Shaw
 ပထမဦးဆုံး အမျိုးသမီးဗီဒီယိုဂိမ်း ဒီဇိုင်နာတစ်ယောက်အနေနဲ့ ဂုဏ်ပြုရလိမ့်မယ်။ Carla နဲ့ Atari မှာ တွဲလုပ်ဖူးတယ်။ နောက် ပိုင်း Activision ကိုပြောင်းသွားတယ်။ အဲဒီမှာ နာမည်ကျော် River Raid ဂိမ်းကိုရေးခဲ့တယ်။ တကယ့်တန်းဝင်ဂိမ်းတစ်ခု ဖြစ်သွားတယ်။ အပစ်အခတ်ဂိမ်း RR ကိုတော့ ၁၉၈၂ မှာထုတ်ခဲ့တယ်။
ရှောက ၁၉၇၉ ခုနှစ်မှာ 3-D Tic Tac Toe ဂိမ်းနဲ့ မိတ်ဆက်ပေးခဲ့တယ်။ Super Breakout (1978), Happy Trails (1984) တွေကို သူမပဲရေးခဲ့တယ်။ ရှောဟာ Polo နဲ့ Atari Basic Reference Manual တွေကိုရေးခဲ့တယ်ဆိုတာ လူသိနည်းတယ်။

Radia Perlman
 အင်တာနက်ရဲ့ မိခင်လို့ ပြောရမယ့်သူပါ။ ပါးလ်မင်းဟာ ဆော့ဖ်ဝဲ ဒီဇိုင်နာ၊ network အင်ဂျင်နီယာ တစ်ယောက် ဖြစ်ပါတယ်။ Spanning-tree ဆက်သွယ်ရေး protocol ကြောင့် ထင်ရှားပါတယ်။
သူမတီထွင်ခဲ့တဲ့ spanning-tree ဟာ Digital Equipment Corp အတွက်လုပ်ခဲ့တာပါ။ သင်္ချာဆိုင်ရာဘွဲ့နဲ့ မာစတာဘွဲ့ကို ရခဲ့တယ်။ Ph.D ဘွဲ့ကို ကွန်ပျူတာသိပ္ဋံနဲ့ MIT ကနေရခဲ့တယ်။ Spinning-tree ဟာ Ethernet local area network အတွက်အခြေခံကျတဲ့ bridge တစ်ခုဖြစ်ပါတယ်။
ပါးလ်မင်းဟာ အခြား network ဒီဇိုင်း၊ link-state protocols ဘက်တွေမှာလည်း ထင်ရှားတဲ့သူ ဖြစ်တယ်။ သူမဟာ ကလေးတွေကို ပရိုဂရမ်းမင်းသင်ပေးဖို့အတွက် TORTIS ပရိုဂရမ် ကို တီထွင်ရေးသားခဲ့သူလည်းဖြစ်တယ်။
ပညာရေးဆိုင်ရာ ပရိုဂရမ် language တစ်ခုဖြစ်တဲ့ LOGO ကိုလည်းရေးခဲ့တယ်။ လက်ရှိ Intel မှာလုပ်နေတယ်။ Sun မှာလုပ်ကတည်းက သူမတီထွင် မှုအတွက် မူပိုင်ခွင့်အမှတ်တံဆိပ် ၅ဝ လောက်တင်ခဲ့တယ်။ Network ဆိုင်ရာ သင်ခန်းစာ (text book) တစ်အုပ်ကိုလည်း ရေးခဲ့တယ်။

Jean Bartik
ENIAC ကွန်ပျူတာကြီးတွေခေတ်က မထင်မရှားနဲ့ အမျိုးသမီး အုပ်စုထဲမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ Northwest Missouri ဆရာအတတ်သင် ကောလိပ်ကနေ သင်္ချာအဓိကနဲ့ ဘွဲ့ရခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာ ပင်ဆဲလ်ဗေးနီးယားမှာရှိတဲ့ Aberdeen Proving Ground စစ်လက်နက်ပစ္စည်းတပ်မှာ လုပ်ကိုင်ဖို့ ငှားရမ်းခြင်းခံရတယ်။
အဲဒီမှာ ENIAC ရဲ့ ပထမဦးဆုံး ပရိုဂရမ်မာ Kay McNulty နဲ့တွေ့တယ်။ သူမ ENIAC မှာဆက်လုပ်ရင်း ကွန်ပျူတာပရိုဂရမ်တွေကို ထိန်းသိမ်းရသူဖြစ်လာတယ်။ BINAC နဲ့ UNIVAC I ကွန်ပျူတာ နှစ်မျိုးစလုံးနဲ့ အလုပ်လုပ်တယ်။ နောက်ပိုင်း Auerback Publisher မှာ အယ်ဒီတာ ဖြစ်လာတယ်။

Grace Hopper
ရေတပ်ဗိုလ်ချုပ်ကြီး အဆင့်လောက်ရှိတယ်။ ဗိုလ်ချုပ်ကြီး ဟော့ပါ ဖြစ်တယ်။ ပထမဦးဆုံး အမျိုးသမီး ပရိုဂရမ်မာ ဖြစ်ရုံသာမက၊ ယေးလ်တက္ကသိုလ်က သင်္ချာ Ph.D ဘွဲ့ရခဲ့သူလည်းဖြစ်တယ်။ အမေရိကန်ရေတပ်မှာ ပထမဦးဆုံး အမျိုးသမီးဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်လာသူလို့ ပြောရမယ်။
၁၉၅၂ ခုနှစ်မှာ ပထမဦးဆုံး ကွန်ပျူတာ complier ကိုတီထွင်ခဲ့တယ်။ COBOL (Common Business-Oriented Language) ကို bug ကင်းအောင်ကြိုးစားခဲ့သူ တွေထဲမှာပါတယ်။ FLOW-MATIC language ကို UNIVAC I နဲ့ UNIVAC II ကွန်ပျူတာတွေအတွက် ဖန်တီးခဲ့သူလည်းဖြစ်တယ်။ ''ခွင့်တောင်းရတာထက် ခွင့်လွှတ်ဖို့ပြောရတာ ပိုလွယ်တယ်'' ဆိုတာ သူပြောခဲ့တာပေါ့။

Ada Lovalace
 Lovelace မြို့စားကတော်၊ ကဗျာဆရာ လော့ဒ် ဘိုင်ရွန်ရဲ့ တရားဝင်သမီးဖြစ်သူ Ada ကို သင်္ချာပညာရှင်တစ်ယောက်ဖြစ်ပေမယ့် လူသိနည်းတယ်။ သူမကို ''အနားပြိုင်စတုဂံမင်းသမီး'' လို့ပဲ လူသိများကြတယ်။ Ada က သင်္ချာနဲ့ သိပ္ပံကို အဲဒီခေတ်ကစာပေတွေထက်ပိုပြီးတော့ စိတ်ဝင် စားခဲ့တယ်။
၁၈၄၃ ခုနှစ်မှာ Luigi Menabrea ရေးတဲ့ အတ္ထုပ္ပတ္တိထဲက Charles Babbage တီထွင် ထားတဲ့ Analytical Engine (ပထမဦးဆုံးကွန်ပျူတာ) အကြောင်း ဘာသာပြန်ခဲ့တယ်။ စက်တစ်လုံး ဟာ algorithm နည်းကျကျ အလုပ်လုပ်နိုင်တယ်လို့ မှတ်ချက်ရေးခဲ့တယ်။ ဒါကြောင့်သူမကို ပထမဦးဆုံး ကွန်ပျူတာ ပရိုဂရမ်မာလို့ ခေါ်နိုင်တယ်။
Babbage ရဲ့ Analytical Engine မှာ Bernoulli ကိန်းတွေ ဘယ်လိုအလုပ်လုပ် တယ်ဆိုတာ သူမရေးခဲ့တယ်။ လက်တွေ့လည်း သရုပ်ပြနိုင်ခဲ့တယ်။ သူမဟာ Babbage တစ်ယောက် တွက်ချက်ရေးစက် (Analytical Engine) ကိုတည်ဆောက်ရာမှာ အားပေးထောက်ပံ့ခဲ့တယ်။
သူမကို ဂုဏ်ပြုပြီးတော့ D.O.D လို့ခေါ်ကြတယ်။ ၁၉၈ဝ ခုနှစ်က သူမ အမည် Ada ကို ဂုဏ်ပြုပြီး စစ်တပ်သုံး ကွန်ပျူတာ language ကို Ada လို့ခေါ်ခဲ့တယ်။

@ mailsfromfriends

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်