Wednesday 28 September 2011

သောက်ရေသန့် ရောင်းချခြင်းဖြင့် ဒေါ်လာ သန်းကြွယ်သူဌေးဖြစ်နိုင်

သောက်ရေအတွက် ငွေကြေးသုံးစွဲမှုသည် သက္ကရာဇ် ၂၀၃၅ အရောက်တွင် အမေရိကန် ဒေါ်လာ ဘလီယံ ၈၀၀ ရှိမည်ဖြစ်ကြောင်း၊ အာရှတွင် လူဦးရေ ပေါက်ကွဲမှုနှင့်အတူ စီးပွားရေး တိုးတက်လာမှုကြောင့် ကမ္ဘာ့ရေ သုံးစွဲမှု၏ တ၀က်မှာ အာရှတွင် ရှိမည် ဖြစ်ကြောင်း ဖင်လန် ဓါတုကုမ္ပဏီ၏ အကြီးအကဲ Kemira က ပြောဆိုလိုက်သည်။
အချို့သော ကျွမ်းကျင်သူများမှ သက္ကရာဇ် ၂၀၂၀ အရောက်တွင် ရေအတွက် ကုန်ကျမည့်ငွေမှာ အမေရိကန် ဒေါ်လာ ၁ ထရီလီယံရှိမည် ဖြစ်ကြောင်း ဟောကိန်းထုတ် ပြောဆိုနေကြသည်။
“ရေဈေးကွက်က တနေ့ထက် တနေ့ ကြီးထွား လာနေတယ်၊ လက်ရှိအချိန်မှာ ရေသန့် အတွက် တကမ္ဘာလုံး တနှစ်သုံးစွဲငွေမှာ ဒေါ်လာ ၅၀၀ ဘီလီယံ ရှိတယ်၊ တောင်အမေရိကနှင့် အာရှက ရေသန့် လိုအပ်မှု ကြီးထွားလာနေတဲ့ နေရာတွေဖြစ်တယ် ဟု Kemira မှ ပြောဆိုခဲ့သည်။ အခုအချိန်တွင် Kemira ၏ ဓာတုကုမ္ပဏီသည် ၇၅ ရာခိုင်နှုန်းသောအမြတ်ငွေမှာ ရေသန့်စင်ခြင်းမှ ရရှိခဲ့သည်။ လွန်ခဲ့သော နှစ်ဝင်ငွေမှာ ၂ ဒသမ၂ ဘီလီယံရှိသည်။ပင်လယ် ဆားငန်ရေးကို ရေချိုရေသန့် ဖန်တီးထုတ်လုပ်သော စက်ရုံ၊ ဆော်ဒီအာရေးဗီးယား Kemira မှ လက်တင် အမေရိကနှင့် အာရှသည် စီးပွားရေး တဟုန်ထိုး တိုးတက်လာမှု၊ ရာသီဥတု ပြောင်းလဲမှုဒဏ်၊ စွမ်းအင် အခက်အခဲနှင့် ရေသုံးစွဲရေး
မူဝါဒကြောင့် ရေသန့် ရောင်းချရေးအတွက် ကြီးမားသော အခွင့်အလမ်းအဖြစ် ရှုမြင်သည်။ “အဓိက ပြဿနာက ရေ အရည်အသွေး မကောင်းခြင်းနှင့် ရေတည်ရှိမှု နေရာ မှားနေ တာကြောင့် ဖြစ်တယ်၊ လူနှင့် စက်မှုလုပ်ငန်း အတွက် ရေ အသုံးပြုနိုင်မှုက ၁ ရာခိုင်နှုန်းပဲ ရှိတယ်၊ ရေသန့် ရရှိရေးအတွက် ပြင်ဆင်မှု မရှိဘူးဆိုရင် ၂၀၃၀ အရောက်မှာ လိုအပ်ချက်နှင့် ဖြည့်စွက်မှုက ၄၀ ရာခိုင်နှုန်း အထိ ကွာဟသွားနိုင်တယ်” ဟု Kemira မှ ပြောဆိုခဲ့သည်။
ယခုခေတ်၏ ကြီးမားသော ပြဿနာကြီး နှစ်ခုမှာ စွမ်းအင်နှင့် ရေပင်ဖြစ်ကြောင်း၊ လုံလောက်မှု အတွက် ဤကဏ္ဍ နှစ်ခုကို ပေါင်းစပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ စက်မှုလုပ်ငန်းများ၌ ရေနှင့် စွမ်းအင်မှာ အမြဲပင် ဆက်စပ်နေကြာင်း၊ စွန့်ပစ်ရေမှ တဆင့် သောက်သုံးရေ ပြုလုပ်နိုင်ကြောင်း၊ စွန့်ပစ်ရေကို အဆင့်ဆင့် ခွဲထုတ်ကာ ဇီဝစွမ်းအင်အဖြစ် အသုံးပြုနိုင်ကြောင်း တင်ပြခဲ့သည်။ သောက်ရေသန့် ဈေးချိုသာစွာနှင့် ရရှိရေး တခုတည်းသော နည်းလမ်းမှာ စွန့်ပစ်ရေကို ပြန်လည် သန့်စင်ခြင်းပင်ဖြစ်ကြောင်း၊ ဆားငန်ရေမှ ရေချို ပြုလုပ်ခြင်းထက် ကုန်ကျစရိတ် ပိုမို သက်သာကြောင်း ထောက်ပြခဲ့သည်။
ရေနံ ရောင်းချခြင်းဖြင့် ချမ်းသာ ကြွယ်ဝလာသော ဆော်ဒီအာရေဗီးယားနိုင်ငံသည် သူ၏ အနာဂတ် ရေဖူလုံမှု အတွက် ကမ္ဘာပေါ်တွင် ရင်းနှီးမြုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံဖြစ်လာသည်။ ဆော်ဒီအာရေဘီးယား နိုင်ငံသည် ရေနံ တင်ပို့မှုမှ ရရှိသည့် ငွေ အမြောက်အများကို ရေငန်မှ ရေချို သန့်စင်ရေးတွင် အသုံးပြု နေရသည်။ ဆော်ဒီအာရေဗီးယား၏ တဦးချင်း ရေသုံးစွဲမှုမှာ လူဦးရေ တိုးပွားလာခြင်းနှင့် အတူ စက်မှု လုပ်ငန်းများကြောင့် ကမ္ဘာ့တဦးချင်း ရေသုံးစွဲမှု၏ နှစ်စဉ်နှစ်ဆ တိုးလျက်ရှိသည်။ ဆော်ဒီအာရေဗီးယား နိုင်ငံသည် လာမည့် ဆယ်စုနှစ်အတွင်း ရေနှင့် စွမ်းအင် ရရှိရေးအတွက် အမေရိကန် ဒေါ်လာ (၁၃၃) ဘီလီယံ ရင်းနှီး မြုပ်နှံမည် ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်