Tuesday, 6 September 2011

မလေးရှားကမြွေမိစ္ဆာနတ်ဘုရား ဆိုပါလား

ဒဏ္ဍာရီတွေအရဆိုယင်တော့ သူမဟာ မိုင်ပေါင်း ၅၀၀၀ ကျော်ဝေးတဲ့ ဂရိနိုင်ငံမှ ဖြစ်ရပေမယ့် မလေးရှား
နိုင်ငံ၊ ပါဟန်းပြည်နယ်က ဒေသခံတွေကတော့ သူတို့ ဟာ ဒဏ္ဍာရီဆန်တဲ့ ပုံပြင်တွေထဲက မီဒူဆာ မြွေတစ်
ပိုင်းလူတစ်ပိုင်း နတ်ဘုရားလို သတ္တ၀ါတစ်ကာင်ကို တွေ့ ရှိဖမ်းမိခဲ့ ရတယ်လို့ ဆိုပါတယ်...
လူဦးခေါင်းနှင့် မြွေခန္ဓာကိုယ်ရှိတဲ့ ထူးခြားဆန်းကြယ်လှတဲ့ သတ္တ၀ါကို မလေးရှားဒေသခံတိုင်းရင်းသားတွေ
ကဖမ်းမိခဲ့ ကြတယ်လို့ သတင်းများကဆိုခဲ့ ပါတယ်...
လူပြောများနေတဲ့ ဇတ်လမ်းအရ ထိုတိုင်းရင်းသားတွေဟာ ထိုသတ္တ၀ါအဆန်းကို အထီး၊ အမ နှစ်ကောင်စ လုံးတွေ့ ခဲ့ ကြတာဖြစ်ပေမယ့်  အမ ကိုပဲဖမ်းမိခဲ့ တာလို့ ဆိုပါတယ်...
ထိုဖမ်းမိခဲ့ တဲ့ သတ္တ၀ါက သူမကို တောတောင်တွေထဲကိုပြန်လွှတ်ပေးဖို့ တောင်းပန်ခဲ့ တယ်လို့ လည်းမျက်
မြင်သက်သေများကဆိုခဲ့ ကြသလို တစ်ချို့ ကလည်း ထိုအမ သတ္တ၀ါဟာ သူ့ ရဲ့ ကြင်ဖော် အထီး အားသူ
ကိုလာရောက်ကယ်တင်ရန် ခေါ်ဆိုဖို့ ကြိုးစားခဲ့ တယ်လို့ ဆိုကြပါသေးတယ်...

ဂရိဒဏ္ဍာရီအရ ဂေါ်ဒွန်လို့ ခေါ်တဲ့ အဆိုပါ မြွေတစ်ပိုင်းလူတစ် ပိုင်းသတ္တ၀ါတွေဟာဆံပင်များရှိတဲ့ဦးခေါင်းနှင့် မြွေခန္ဓာကိုယ်
ပါဝင်တဲ့ ထူးခြားသည့့်စွမ်းအင်သတ္တိတွေရှိတဲ့ အမျိုးသမီးအဖြစ်
ရည်ညွှန်းသရုပ်ဖော်ထားခဲ့ ကြပြီး သူတို့ ရဲ့ မျက်လုံးတွေနှင့် အ
ကြည့်ချင်းဆုံမိ၊ကြည့် မိသူများ ကျောက်တုံးအသွင်သို့ ကူးပြောင်းသွားကြရတယ်လို့ ဆိုပါတယ်...ယခုမလေးရှားနိုင်ငံ၊ ပါဟန်း ပြည်နယ်မှာ ပြသထားတဲ့ သတ္တ၀ါ
ကတော့ စပါးကြီးမြွေကိုယ်လုံးနဲ့ လူဦးခေါင်းသဏ္ဍာန်ပါဝင်ပြီးသေးငယ်တဲ့ လက်တစ်စုံလည်း ပါရှိပါတယ်...
အခုလို အလွန်တစ်ရာထူးဆန်းတဲ့ သတ္တ၀ါရဲ့ သတင်းဟာ အလျင်အမြန်ပဲပျံ့ နှံ့ သွားခဲ့ ပြီး လူတွေဟာ ထိုတိ
ရိစ္ဆာန် ကိုကြည့် ရဖို့ ဝင်ကြေးငွေခပ်များများပေးနေရပါပြီ...
စိတ်မကောင်းစရာကတော့ ထိုသတ္တ၀ါဟာ အသေဖြစ်နေတာမို့ တွေ့ ရှိသူတွေပြောသလို မြွေမိစ္ဆာအမှန်
တစ်ကယ် ဟုတ်မဟုတ်ဆိုတာကတော့ သက်သေထူလို့ မရနိုင်ပါဘူး...

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်