Wednesday 21 September 2011

အလေးချိန် ပေါင် ၂၅၀ ခန့် ရှိသော ဧရာမ ငါးခူကြီး အီတလီတွင် ဖမ်းမိ

အီတလီနိုင်ငံ ပိုမြစ်အတွင်းမှ ဖမ်းမိသော ဧရာမ ငါးခူကြီး
အရှည် ၂.၄၆ မီတာ (၈ ပေကျော်) ရှိပြီး အလေးချိန် ၁၁၃ ကီလိုဂရမ် (ပေါင် ၂၅၀ ခန့်) ရှိသော အလွန်ကြီးမားသည့် ဧရာမ ငါးခူကြီးတစ်ကောင်ကို အီတလီနိုင်ငံမြောက်ပိုင်း မန်တိုဗာမြို့တော် အနီး ပိုမြစ် အတွင်းမှ ဖမ်းယူရရှိသည်ဟု  Xinhua က ဖော်ပြထားသည်။
ထို ငါးခူကြီးမှာ ဥရောပတိုက်တွင် ဖမ်းမိသမျှ ငါးခူမျိုးတွင် အကြီးမားဆုံး ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ရှိသော ငါးခူမျိုးစိတ်များတွင် အကြီးမားဆုံး မျိုးစိတ် ထဲတွင်ပါဝင်သည်။ ထိုငါးခူကြီးကို ရေထဲသို့ ဘေးကင်းစွာ ပြန်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်